iMyanmarHouse.com - Best Property Website for Myanmar
×

ဘယ္အရာမဆို တန္ရင္ေဆး၊ လြန္ရင္ေဘး ဆိုတဲ့ ဆို႐ိုးစကားအတိုင္းပါပဲ ေရဓာတ္ခန္းေျခာက္ျခင္း၊ ေရဓာတ္လုံလုံေလာက္ေလာက္မရရွိလွ်င္ ခႏၶာကိုယ္အတြက္ ဆိုးက်ိဳးေတြျဖစ္ေပၚႏိုင္သလို၊ ေရဓာတ္အလြန္အကၽြံေသာက္သုံးလွ်င္လဲ ခႏၶာကိုယ္အတြက္ မလိုလားအပ္တဲ့ ဆိုးက်ိဳးေတြျဖစ္ေပၚလာႏိုင္ပါတယ္။

ေရဓာတ္အလြန္အကၽြံေသာက္သုံးျခင္းအားျဖင့္ အားကစားသမားမ်ား ဒါမွမဟုတ္ ေက်ာက္ကပ္ျပႆနာရွိသူေတြအဖို႔ အႏ ၱရာယ္ျဖစ္ေစႏိုင္ပါတယ္။

ခႏၶာကိုယ္အတြက္ လုံေလာက္တဲ့ေရဓာတ္ပမာဏဟာခႏၶာကိုယ္အပူခ်ိန္ကို ထိန္းညွိေပးရန္၊ ဝမ္းခ်ဳပ္ျခင္းကို ကာကြယ္ေပးရန္၊ ကိုယ္တြင္းအညစ္အေၾကးမ်ားရွင္းလင္းရန္ စတဲ့ အေျခခံက်တဲ့ လုပ္ေဆာင္ခ်က္ေတာ္ေတာ္မ်ားမ်ားကို လုပ္ေဆာင္ေပးႏိုင္ပါတယ္။ ဒါေပမဲ့ အလြန္အကၽြံ ေသာက္သုံးရင္ေတာ့ ဆိုးက်ိဳးေတြျဖစ္ေပၚႏိုင္ပါတယ္။

ေရဓာတ္အလြန္အကၽြံေသာက္သုံးသူဟာ ခႏၶာကုိယ္ထဲတြင္ ေရဓာတ္ႏွင့္ ဆိုဒီယမ္ (ဆားဓာတ္) ထိန္းညွိမႈမ်ားကို အေႏွာင့္အယွက္ျဖစ္ေစပါတယ္။ ဒီျဖစ္စဥ္မ်ားေၾကာင့္ တစ္ရွဴးမ်ားႏွင့္ ကိုယ္တြင္းအဂၤါတြင္ လိုအပ္တာထက္ အရည္ပမာဏပိုၿပီးဖုံးလႊမ္းတတ္ပါတယ္။

ေရဓာတ္အလြန္အကၽြံေသာက္သုံးမႈေၾကာင့္ ခႏၶာကိုယ္ရဲ႕ ေသြးထဲမွာရွိတဲ့ ဆိုဒီယမ္အဆင့္ကို ေလ်ာ့နည္းလာေစပါတယ္။ အဆိုပါ ဆိုဒီယမ္ဟာ Electrolyte ျဖစ္တာေၾကာင့္ ခႏၶာကိုယ္ရဲ႕ ဆဲလ္တစ္ဝႈိက္မွာရွိတဲ့ ေရဓာတ္ကို ထိန္းညွိဖို႔အတြက္ အကူအညီေပးပါတယ္။

Electrolytes အေရအတြက္မ်ားစြာ ေလ်ာ့နည္းသြားလွ်င္ ခႏၶာကိုယ္အတြက္ အႏ​ၱရယ္ကိုျဖစ္ေစႏိုင္ပါတယ္။ ေရဓာတ္လြန္ကၽြံမႈေၾကာင့္ ေသးဆုံးသူရွားပါတယ္လို႔ ဆိုရေပမဲ့ က်န္မာေရးအရ ဂ႐ုစိုက္သင့္ပါတယ္။

ေရဓာတ္မ်ားႀကီးေၾကာင့္ ဆဲလ္ေတြ ပြျခင္း၊ ေဖာင္းျခင္းကိုျဖစ္ေပၚႏိုင္ၿပီး ဦးေႏွာက္ႏွင့္ဦးေခါင္းေပၚတြင္ ႀကီးမားတဲ့ဖိအားေတြျဖစ္ေပၚႏိုင္ပါတယ္။

သင့္ေျခေထာက္ေတြကို သြယ္လ်ေစဖို႔ မအိပ္ခင္ ၃မိနစ္ျပဳလုပ္ေပးရမယ့္ ေလ့က်င့္ခန္း

ေရဓာတ္ခန္းေျခာက္လွ်င္ ခႏၶာကိုယ္္ထဲမွာရိွတဲ့ ဆိုဒီယမ္နဲ႔ ပိုတက္စီယမ္ ဆားဓာတ္မ်ား ဆုံး႐ႈံးသြားၿပီး စိတ္႐ႈပ္ေထြးမႈမ်ားျဖစ္ေပၚတတ္ျခင္း၊ ယားယံျခင္း၊ ေခါင္းကိုက္ျခင္း၊ တက္ျခင္း၊ ေခ်ာင္းဆိုးျခင္း၊ ဝမ္းခ်ဳပ္ျခင္းစတဲ့ ေရာဂါမ်ိဳးေတြျဖစ္ေပၚႏိုင္ပါတယ္။

ေလ့လာမႈမ်ားအရ ထမင္းစားခ်ိန္တြင္ ေရေအးေသာက္သုံးျခင္းကို မျပဳလုပ္သင့္ပါဘူး။ ထမင္းစားခ်ိန္မွာ ေရေႏြးျဖဴ၊ ေရးေႏြးၾကမ္းကို ပူပူကိုသာေသာက္သုံးသင့္ပါတယ္။

ထမင္းစားခ်ိန္ ေရခဲေရ၊ ေရေအး ေသာက္သုံးျခင္းေၾကာင့္ ဟင္းထဲမွာပါဝင္တဲ့ အဆီအႏွစ္ေတြဟာေရခဲေရ၊ ေရေအးႏွင့္ ထိေတြမိတဲ့အခါ အူလမ္းေၾကာင္းတြင္ ရြံေစးအႏွစ္မ်ားကဲသို႔ ပ်စ္ခဲသြားၿပီး အစာေကာင္းမြန္စြာမေျခဖ်က္ႏိုင္ေတာ့ဘဲ အူကင္ဆာကို ျဖစ္ေပၚႏိုင္ပါတယ္။

Credit: Lifestyle_Myanmar
 ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ဘယ်အရာမဆို တန်ရင်ဆေး၊ လွန်ရင်ဘေး ဆိုတဲ့ ဆိုရိုးစကားအတိုင်းပါပဲ ရေဓာတ်ခန်းခြောက်ခြင်း၊ ရေဓာတ်လုံလုံလောက်လောက်မရရှိလျှင် ခန္ဓာကိုယ်အတွက် ဆိုးကျိုးတွေဖြစ်ပေါ်နိုင်သလို၊ ရေဓာတ်အလွန်အကျွံသောက်သုံးလျှင်လဲ ခန္ဓာကိုယ်အတွက် မလိုလားအပ်တဲ့ ဆိုးကျိုးတွေဖြစ်ပေါ်လာနိုင်ပါတယ်။

ရေဓာတ်အလွန်အကျွံသောက်သုံးခြင်းအားဖြင့် အားကစားသမားများ ဒါမှမဟုတ် ကျောက်ကပ်ပြဿနာရှိသူတွေအဖို့ အန ္တရာယ်ဖြစ်စေနိုင်ပါတယ်။

ခန္ဓာကိုယ်အတွက် လုံလောက်တဲ့ရေဓာတ်ပမာဏဟာခန္ဓာကိုယ်အပူချိန်ကို ထိန်းညှိပေးရန်၊ ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးရန်၊ ကိုယ်တွင်းအညစ်အကြေးများရှင်းလင်းရန် စတဲ့ အခြေခံကျတဲ့ လုပ်ဆောင်ချက်တော်တော်များများကို လုပ်ဆောင်ပေးနိုင်ပါတယ်။ ဒါပေမဲ့ အလွန်အကျွံ သောက်သုံးရင်တော့ ဆိုးကျိုးတွေဖြစ်ပေါ်နိုင်ပါတယ်။

ရေဓာတ်အလွန်အကျွံသောက်သုံးသူဟာ ခန္ဓာကိုယ်ထဲတွင် ရေဓာတ်နှင့် ဆိုဒီယမ် (ဆားဓာတ်) ထိန်းညှိမှုများကို အနှောင့်အယှက်ဖြစ်စေပါတယ်။ ဒီဖြစ်စဉ်များကြောင့် တစ်ရှူးများနှင့် ကိုယ်တွင်းအင်္ဂါတွင် လိုအပ်တာထက် အရည်ပမာဏပိုပြီးဖုံးလွှမ်းတတ်ပါတယ်။

ရေဓာတ်အလွန်အကျွံသောက်သုံးမှုကြောင့် ခန္ဓာကိုယ်ရဲ့ သွေးထဲမှာရှိတဲ့ ဆိုဒီယမ်အဆင့်ကို လျော့နည်းလာစေပါတယ်။ အဆိုပါ ဆိုဒီယမ်ဟာ Electrolyte ဖြစ်တာကြောင့် ခန္ဓာကိုယ်ရဲ့ ဆဲလ်တစ်ဝှိုက်မှာရှိတဲ့ ရေဓာတ်ကို ထိန်းညှိဖို့အတွက် အကူအညီပေးပါတယ်။

Electrolytes အရေအတွက်များစွာ လျော့နည်းသွားလျှင် ခန္ဓာကိုယ်အတွက် အန္တရယ်ကိုဖြစ်စေနိုင်ပါတယ်။ ရေဓာတ်လွန်ကျွံမှုကြောင့် သေးဆုံးသူရှားပါတယ်လို့ ဆိုရပေမဲ့ ကျန်မာရေးအရ ဂရုစိုက်သင့်ပါတယ်။

ရေဓာတ်များကြီးကြောင့် ဆဲလ်တွေ ပွခြင်း၊ ဖောင်းခြင်းကိုဖြစ်ပေါ်နိုင်ပြီး ဦးနှောက်နှင့်ဦးခေါင်းပေါ်တွင် ကြီးမားတဲ့ဖိအားတွေဖြစ်ပေါ်နိုင်ပါတယ်။

သင့်ခြေထောက်တွေကို သွယ်လျစေဖို့ မအိပ်ခင် ၃မိနစ်ပြုလုပ်ပေးရမယ့် လေ့ကျင့်ခန်း

ရေဓာတ်ခန်းခြောက်လျှင် ခန္ဓာကိုယ်ထဲမှာရှိတဲ့ ဆိုဒီယမ်နဲ့ ပိုတက်စီယမ် ဆားဓာတ်များ ဆုံးရှုံးသွားပြီး စိတ်ရှုပ်ထွေးမှုများဖြစ်ပေါ်တတ်ခြင်း၊ ယားယံခြင်း၊ ခေါင်းကိုက်ခြင်း၊ တက်ခြင်း၊ ချောင်းဆိုးခြင်း၊ ဝမ်းချုပ်ခြင်းစတဲ့ ရောဂါမျိုးတွေဖြစ်ပေါ်နိုင်ပါတယ်။

လေ့လာမှုများအရ ထမင်းစားချိန်တွင် ရေအေးသောက်သုံးခြင်းကို မပြုလုပ်သင့်ပါဘူး။ ထမင်းစားချိန်မှာ ရေနွေးဖြူ၊ ရေးနွေးကြမ်းကို ပူပူကိုသာသောက်သုံးသင့်ပါတယ်။

ထမင်းစားချိန် ရေခဲရေ၊ ရေအေး သောက်သုံးခြင်းကြောင့် ဟင်းထဲမှာပါဝင်တဲ့ အဆီအနှစ်တွေဟာရေခဲရေ၊ ရေအေးနှင့် ထိတွေမိတဲ့အခါ အူလမ်းကြောင်းတွင် ရွံစေးအနှစ်များကဲသို့ ပျစ်ခဲသွားပြီး အစာကောင်းမွန်စွာမခြေဖျက်နိုင်တော့ဘဲ အူကင်ဆာကို ဖြစ်ပေါ်နိုင်ပါတယ်။

Credit: Lifestyle_Myanmar

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top