iMyanmarHouse.com - Best Property Website for Myanmar
×

သူက သိမ္ေမြ႔တဲ့အနမ္းကို သေဘာက်တာလား၊ စူးစူး႐ွ႐ွအၾကင္နာေပးခ်င္တာလား

အနမ္းဆိုတာ အခ်စ္ရဲ႕အေရးႀကီးဆံုးအစိတ္အပိုင္းတစ္ခုပါ။ ကိုယ့္ရဲ႕အနမ္းကို ကိုယ့္ခ်စ္သူ၊ အိမ္ေထာင္ဖက္က အၿမဲတမ္းတစြဲလန္းေနမယ္ဆိုရင္ေတာ့ သင္တို႕ရဲ႕အခ်စ္က ေတာ္ေတာ္ခိုင္ၿမဲေနပါၿပီ။ ဒါဆိုရင္ ကိုယ့္အနမ္းကို သူ႔ဘက္က တမ္းတမ္းစြဲျဖစ္သြားေအာင္ ဘယ္လိုလုပ္ရမလဲ ? ဒီအတြက္ အၾကံဉာဏ္ေကာင္းေလးေတြ မွ်ေဝပါ့မယ္။

၁။ ခံတြင္းနံ႕

ခံတြင္းန႔ံဆိုးေနရင္ နမ္းဖုိ႔မေျပာနဲ႔ စကားေတာင္ေျပာလို႔ရမွာမဟုတ္ပါဘူး။ တစ္ဖက္လူကိုလည္း အားနာစရာေကာင္းသလို ဘယ္လိုမွ သက္ေတာင့္သက္သာမျဖစ္တဲ့ အေျခအေနပါ။ ဒါေၾကာင့္ ခံတြင္းနံ႔ လန္းဆန္းေမႊးပ်ံ႕ေနဖို႕က အဓိကက်ပါတယ္။ အနမ္းခ်ိဳခ်ိဳေပးေတာ့မယ္ဆို ခံတြင္းနံ႔ေလးေကာင္းေအာင္၊ ႏွစ္လိုဖြယ္ရွိေအာင္ အရင္ဆံုး ျပင္ဆင္ထားဖို႕လုိအပ္ပါတယ္။

၂။ အေပးအယူ

ကိုယ္နမ္းမွာက ကိုယ္ခ်စ္ရတဲ့သူကိုပါ။ သူ႔အႀကိဳက္ အလိုက္သိဖုိ႔လည္း လိုပါတယ္။ သူက သိမ္ေမြ႔တဲ့အနမ္းကို သေဘာက်တာလား၊ စူးစူး႐ွ႐ွအၾကင္နာေပးခ်င္တာလားဆိုတာ ေသေသခ်ာခ်ာသိဖို႔က သင့္တာ၀န္ပါ။ သင့္အနမ္းက သူနဲ႔စည္းခ်က္ညီမွ သင့္ကိုစြဲလန္းမွာေပါ့။

၃။ ကိုယ္ကအရင္စ

အၾကင္နာေပးဖုိ႔ မိန္းကေလးက အရင္စလည္း ရွက္စရာမဟုတ္ပါဘူး။ ကိုယ္ကလည္းနမ္းခ်င္တယ္၊ သူအရင္လႈပ္႐ွားလာဖို႔ ေစာင့္ေနရင္ေတာ့ အခ်ိန္ကုန္ၿပီး အလုပ္မျဖစ္႐ံုပဲ႐ွိပါလိမ့္မယ္။

၄။ လက္ရဲ႕အထိအေတြ႔

နမ္းတယ္ဆိုတာ ႏႈတ္ခမ္းနဲ႕ပါ။ ဒါေပမဲ့ အနမ္းကိုပိုလွပေစတာကေတာ့ သင့္ရဲ႕လက္ကေလးေတြပါပဲ။ သူ႔ရဲ႕ လည္ပင္း၊ ပါးျပင္နဲ႕ နားရြက္ေလးေတြကို ညင္သာစြာထိေတြ႕ေပးပါ။ ရွက္ေနလို႕ေတာ့မရဘူးေနာ္။

၅။ အားလံုးကိုနမ္း

နမ္းတယ္ဆိုတာနဲ႕ ႏႈတ္ခမ္းခ်င္းအၾကင္နာေပးရံုကေတာ့ စြဲမက္စရာသိပ္မေကာင္းလွပါဘူး။ လည္တိုင္၊ နဖူး၊ ပါးျပင္ေလးေတြနဲ႕ နားသယ္စပ္ေလးေတြကို ျမတ္ျမတ္ႏိုးႏိုးနမ္းဖို႕လည္း မေမ့ပါနဲ႕။

Credit : Duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
သူက သိမ်မွေ့တဲ့အနမ်းကို သဘောကျတာလား၊ စူးစူးရှရှအကြင်နာပေးချင်တာလား

အနမ်းဆိုတာ အချစ်ရဲ့အရေးကြီးဆုံးအစိတ်အပိုင်းတစ်ခုပါ။ ကိုယ့်ရဲ့အနမ်းကို ကိုယ့်ချစ်သူ၊ အိမ်ထောင်ဖက်က အမြဲတမ်းတစွဲလန်းနေမယ်ဆိုရင်တော့ သင်တို့ရဲ့အချစ်က တော်တော်ခိုင်မြဲနေပါပြီ။ ဒါဆိုရင် ကိုယ့်အနမ်းကို သူ့ဘက်က တမ်းတမ်းစွဲဖြစ်သွားအောင် ဘယ်လိုလုပ်ရမလဲ ? ဒီအတွက် အကြံဉာဏ်ကောင်းလေးတွေ မျှဝေပါ့မယ်။

၁။ ခံတွင်းနံ့

ခံတွင်းနံ့ဆိုးနေရင် နမ်းဖို့မပြောနဲ့ စကားတောင်ပြောလို့ရမှာမဟုတ်ပါဘူး။ တစ်ဖက်လူကိုလည်း အားနာစရာကောင်းသလို ဘယ်လိုမှ သက်တောင့်သက်သာမဖြစ်တဲ့ အခြေအနေပါ။ ဒါကြောင့် ခံတွင်းနံ့ လန်းဆန်းမွှေးပျံ့နေဖို့က အဓိကကျပါတယ်။ အနမ်းချိုချိုပေးတော့မယ်ဆို ခံတွင်းနံ့လေးကောင်းအောင်၊ နှစ်လိုဖွယ်ရှိအောင် အရင်ဆုံး ပြင်ဆင်ထားဖို့လိုအပ်ပါတယ်။

၂။ အပေးအယူ

ကိုယ်နမ်းမှာက ကိုယ်ချစ်ရတဲ့သူကိုပါ။ သူ့အကြိုက် အလိုက်သိဖို့လည်း လိုပါတယ်။ သူက သိမ်မွေ့တဲ့အနမ်းကို သဘောကျတာလား၊ စူးစူးရှရှအကြင်နာပေးချင်တာလားဆိုတာ သေသေချာချာသိဖို့က သင့်တာဝန်ပါ။ သင့်အနမ်းက သူနဲ့စည်းချက်ညီမှ သင့်ကိုစွဲလန်းမှာပေါ့။

၃။ ကိုယ်ကအရင်စ

အကြင်နာပေးဖို့ မိန်းကလေးက အရင်စလည်း ရှက်စရာမဟုတ်ပါဘူး။ ကိုယ်ကလည်းနမ်းချင်တယ်၊ သူအရင်လှုပ်ရှားလာဖို့ စောင့်နေရင်တော့ အချိန်ကုန်ပြီး အလုပ်မဖြစ်ရုံပဲရှိပါလိမ့်မယ်။

၄။ လက်ရဲ့အထိအတွေ့

နမ်းတယ်ဆိုတာ နှုတ်ခမ်းနဲ့ပါ။ ဒါပေမဲ့ အနမ်းကိုပိုလှပစေတာကတော့ သင့်ရဲ့လက်ကလေးတွေပါပဲ။ သူ့ရဲ့ လည်ပင်း၊ ပါးပြင်နဲ့ နားရွက်လေးတွေကို ညင်သာစွာထိတွေ့ပေးပါ။ ရှက်နေလို့တော့မရဘူးနော်။

၅။ အားလုံးကိုနမ်း

နမ်းတယ်ဆိုတာနဲ့ နှုတ်ခမ်းချင်းအကြင်နာပေးရုံကတော့ စွဲမက်စရာသိပ်မကောင်းလှပါဘူး။ လည်တိုင်၊ နဖူး၊ ပါးပြင်လေးတွေနဲ့ နားသယ်စပ်လေးတွေကို မြတ်မြတ်နိုးနိုးနမ်းဖို့လည်း မမေ့ပါနဲ့။

Credit : Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top