iMyanmarHouse.com - Best Property Website for Myanmar
×

ကိုယ္ခ်စ္ရသူႏွင့္ ႏႈတ္ခမ္းခ်င္း နမ္းရတာေလာက္ လူကို ႏွလံုးေတြ တဒက္ဒက္ခုန္၊ ေသြးေတြ တပြက္ပြက္ဆူကာ ခႏၶာကိုယ္ ေသြးလွည့္ပတ္မႈ ေကာင္းေစသည့္ ေလ့က်င့္ခန္းမ်ဳိး ရွိလိမ့္မည္ မထင္။ ႏႈတ္ခမ္းခ်င္း နမ္း႐ႈပ္ျခင္းဟာ ခ်စ္သူႏွစ္ဦးၾကား ပိုမိုရင္းႏွီး ေႏြးေထြးကာ သံေယာဇဥ္ တိုးေစသလို၊ ႏွစ္ဦးလံုး က်န္းမာေရးကိုလည္း ပိုေကာင္းေစႏုိင္ျပန္၏။

၁။ လူကို ေနလို႔ေကာင္းေစေသာ ဟိုမုန္းေတြ ထြက္သည္။

ေလဖရတ္တီ ေကာလိပ္၏ ေလ့လာမႈ စစ္တမ္းတစ္ရပ္က ႏႈတ္ခမ္းခ်င္း နမ္း႐ႈပ္ေသာ ခ်စ္သူစံုတြဲမ်ားကို ေလ့လာ သုေတသနျပဳၾကည့္ရာ ထိုသူမ်ားတြင္ လူကို ေနလို႔ေကာင္းေစေသာ ဟိုမုန္းသံုးမ်ဳိး ထြက္ေၾကာင္း ေတြ႔ရသည္။

၁။ ေအာက္စီတိုစင္ (လူကို တည္ၿငိမ္ ေအးခ်မ္းေစေသာ ဓာတုပစၥည္း)

၂။ အန္ဒိုဖင္း (လူကို စိတ္ၾကည္ေမြ႔ေစေသာ ဓာတုပစၥည္း)

၃။ ဒိုပါမင္ (သံေယာဇဥ္ကို တိုးေစေသာ ဓာတုပစၥည္း)

ႏႈတ္ခမ္းခ်င္း နမ္း႐ႈပ္ျခင္းေၾကာင့္ ဦးေႏွာက္ထဲကေန ဒိုပါမင္ ထြက္သည္။ ဒိုပါမင္သည္ လူကို ေပ်ာ္ရႊင္ေစသလို ခ်စ္သူ ႏွစ္ဦးၾကားလည္း သံေယာဇဥ္ ခိုင္ၾကည္ေစသည္။ ေကာင္းက်ဳိးက ထိုမွ်ႏွင့္ မရပ္ေသး။ လူကို စိတ္ဖိစီးမႈနည္းကာ သက္ေသာင့္သက္သာ ရွိေစေသာ ေအာက္စီတိုစင္လည္း ထြက္ေသးသည္။ ေအာက္စီတိုစင္သည္ ယံုၾကည္မႈကိုလည္း ျမႇင့္တင္ေပးႏုိင္စြမ္း ရွိ၏။ မၾကာမၾကာ ခ်စ္ၾကည္စြာ နမ္း႐ႈပ္ေသာ စံုတြဲတို႔သည္ လက္တြဲ ပိုၿမဲၾကေၾကာင္းလည္း ေလ့လာမႈ စစ္တမ္းမ်ားက သက္ေသခံေနသည္။

၂။ ကယ္လိုရီ ပိုမို ေလာင္ကၽြမ္းေစသည္။

ခ်စ္သူနဲ႔ တစ္မိနစ္ ႏႈတ္ခမ္းခ်င္း နမ္း႐ႈပ္လွ်င္ (၂) ကယ္လိုရီမွ (၆) ကယ္လိုရီေလာက္ထိ ေလာင္ကၽြမ္းသည္။ ေျပးစက္ေပၚမွာ တစ္မိနစ္ ေျပးလွ်င္ (၁၁) ကယ္လိုရီ ေလာင္ကၽြမ္းသည္။ စာဖတ္သူ ဘာလုပ္မည္နည္း။ ေျပးစက္ေပၚမွာ (၁၀) မိနစ္ ေျပးမည္လား။ ခ်စ္သူနဲ႔ မိနစ္ (၂၀) နမ္း႐ႈပ္မည္လား။ နမ္း႐ႈပ္ျခင္းသည္ သာမန္ ေအးေအးလူလူ ေနခ်ိန္ မွာထက္ ခႏၶာကိုယ္ ဇီ၀စနစ္ လည္ပတ္မႈကိုလည္း ႏွစ္ဆေလာက္ ပိုျမန္ေစသျဖင့္ ကယ္လိုရီ ေလာင္ကၽြမ္းအားလည္း ႏွစ္ဆေလာက္ ပိုေကာင္းေစရာ အ၀လြန္မႈကိုပါ ေလွ်ာ့ခ်ေပးႏုိင္စြမ္း ရွိသည္။

၃။ ခုခံအား စနစ္ ပိုေကာင္းေစသည္။

Medical Hypotheses  ဂ်ာနယ္တြင္ ထည့္သြင္း ေဖာ္ျပထားေသာ ေလ့လာမႈ စစ္တမ္းအရ နမ္း႐ႈပ္ျခင္းသည္ ခႏၶာကိုယ္ခုခံအား စနစ္ကို ပိုေကာင္းေစသည္ဟု ဆိုထားသည္။ ႏႈတ္ခမ္းခ်င္း နမ္း႐ႈပ္သည့္အခါ တစ္ေယာက္ထံမွ ပိုးမႊားမ်ား တစ္ေယာက္ဆီသို႔ ေရာက္ရွိသြားသည္ျဖစ္ရာ အေပၚယံအားျဖင့္ ၾကည့္လွ်င္ ေရာဂါကူးစက္ႏိုင္သည္ဟု ယူဆဖြယ္ရွိသည္။ သို႔ေသာ္ တကယ္တမ္းတြင္ကား ခႏၶာကိုယ္ခုခံအား စနစ္သည္ ေရာဂါပိုးမ်ား ဒဏ္ ခုခံႏုိင္ရန္အတြက္ မႀကံဳဖူးေသးေသာ ေရာဂါပိုးသစ္မ်ားနဲ႔ အၿမဲထိတြ႔ေနဖို႔ လိုသည္။ ပမာဏမမ်ားလြန္းေသာ ေရာဂါပိုးသစ္တို႔ကို ခႏၶာကိုယ္ခုခံအား စနစ္က သုတ္သင္လိုက္ႏုိင္သည့္အခါ ထိုပိုးမ်ဳိးကို မည္သို႔ တိုက္ဖ်က္ရမည္ဆိုတာ ခႏၶာကိုယ္ခုခံအား စနစ္က ႀကိဳတင္ စစ္ေရးေလ့က်င့္ၿပီးသား ျဖစ္သြားသည္။ တကယ္တမ္း ရန္သူ ေရာဂါပိုးက အလံုးအရင္း တိုက္လာလွ်င္ ခႏၶာကိုယ္ခုခံအား စနစ္က ၿဖံဳလိမ့္မည္ မဟုတ္။

၄။ မ်က္ႏွာေလး ပိုႏုပ်ဳိေစသည္။

ခႏၶာကိုယ္ ႂကြက္သားေတြ က်န္းမာသန္စြမ္း ႏုပ်ဳိေနေအာင္ ပံုသြင္းႏုိင္သည့္ နည္းလမ္းမ်ားစြာ ရွိသည္။ မ်က္ႏွာ ႂကြက္သားေတြ ႏုပ်ဳိ က်န္းမာေနေအာင္ ပံုသြင္းႏုိင္သည့္ နည္းလမ္းလည္း မ်ားစြာရွိသည္။ ထို႔အထဲတြင္ နမ္း႐ႈပ္ျခင္းလည္း ပါ၀င္သည္။ နမ္း႐ႈပ္သည့္အခါ မ်က္ႏွာႂကြက္သား (၃၀) ေလာက္ထိ အလုပ္လုပ္ရသည္ ျဖစ္ရာထို ႂကြက္သားမ်ားအား ေလ့က်င့္ခန္းလုပ္ေပးရာ ေရာက္သြားသျဖင့္ မ်က္ႏွာေလး တင္းတင္းရင္းရင္း ေဖာင္းေဖာင္းျပည့္ျပည့္ ျဖစ္ေနမည္။ မ်က္ႏွာ ႂကြက္သားေတြ တင္းရင္းဖို႔ အလွျပင္ဆိုင္သြားၿပီး ပိုက္ဆံ ကုန္ခံေနစရာ မလို။ မိမိ၏ အနီးဆံုးလူကိုသာ အကူအညီေတာင္းပါေလ။

၅။ ခံတြင္း က်န္းမာေရးလည္းေကာင္း ေစသည္။

နမ္း႐ႈပ္ျခင္းက သြားပိုးစားျခင္းလည္း ကာကြယ္ေပးသည္။ နမ္း႐ႈပ္စဥ္ ထြက္လာေသာ တံေတြးတို႔သည္ သြားပိုးစားေစသည့္ ဘက္တီးရီးယားမ်ား သြားေပၚႏွင့္ ခံတြင္းထဲတြင္ မရွင္ႏိုင္ေအာင္ သတ္ျဖတ္ သုတ္သင္လိမ့္ဦးမည္။ မ်ားမ်ားနမ္း႐ႈပ္ပါက သြားတိုက္ၿပီးသားပင္ ျဖစ္သြားလိမ့္ဦးမည္။ ခံတြင္း က်န္းမာေရးအတြက္ စိတ္ခ်ရ၏။

၆။ ႏွလံုးလည္း က်န္းမာေစသည္။

နမ္း႐ႈပ္ျခင္းေၾကာင့္ အဒရီနလင္ ဟိုမုန္းလည္းထြက္ရာ ထိုဟိုမုန္းသည္ ေသြးေၾကာမ်ားကို က်ယ္ေစႏုိင္စြမ္း ရွိ၏။ ေသြးေၾကာမ်ား က်ယ္သြားသျဖင့္ ေသြးစီးဆင္းမႈ ေကာင္းမြန္ကာ ေသြးဖိအားကို က်ဆင္းေစသျဖင့္ ေသြးတိုးေရာဂါ ကာကြယ္ေပးႏုိင္သည္။ ေသြးလွည့္ပတ္မႈ ေကာင္းမြန္ျခင္းသည္ ႏွလံုးကိုပါ သက္ေသာင့္သက္သာ အလုပ္လုပ္ႏိုင္ေအာင္ ဖန္တီးေပးရာေရာက္သျဖင့္ ႏွလံုးလည္း က်န္းက်န္းမာမာနဲ႔ ႏွစ္ၾကာၾကာ အလုပ္လုပ္ႏုိင္လိမ့္မည္။ ေျပးျခင္း၊ စက္ဘီးစီးျခင္းတို႔ေၾကာင့္ ႏွလံုးက်န္းမာေရး ပိုေကာင္းမြန္ေစသည့္ နည္းတူ နမ္း႐ႈပ္ျခင္းကလည္း အက်ဳိးျပဳသည္။

Credit : messenger
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ကိုယ်ချစ်ရသူနှင့် နှုတ်ခမ်းချင်း နမ်းရတာလောက် လူကို နှလုံးတွေ တဒက်ဒက်ခုန်၊ သွေးတွေ တပွက်ပွက်ဆူကာ ခန္ဓာကိုယ် သွေးလှည့်ပတ်မှု ကောင်းစေသည့် လေ့ကျင့်ခန်းမျိုး ရှိလိမ့်မည် မထင်။ နှုတ်ခမ်းချင်း နမ်းရှုပ်ခြင်းဟာ ချစ်သူနှစ်ဦးကြား ပိုမိုရင်းနှီး နွေးထွေးကာ သံယောဇဉ် တိုးစေသလို၊ နှစ်ဦးလုံး ကျန်းမာရေးကိုလည်း ပိုကောင်းစေနိုင်ပြန်၏။

၁။ လူကို နေလို့ကောင်းစေသော ဟိုမုန်းတွေ ထွက်သည်။

လေဖရတ်တီ ကောလိပ်၏ လေ့လာမှု စစ်တမ်းတစ်ရပ်က နှုတ်ခမ်းချင်း နမ်းရှုပ်သော ချစ်သူစုံတွဲများကို လေ့လာ သုတေသနပြုကြည့်ရာ ထိုသူများတွင် လူကို နေလို့ကောင်းစေသော ဟိုမုန်းသုံးမျိုး ထွက်ကြောင်း တွေ့ရသည်။

၁။ အောက်စီတိုစင် (လူကို တည်ငြိမ် အေးချမ်းစေသော ဓာတုပစ္စည်း)

၂။ အန်ဒိုဖင်း (လူကို စိတ်ကြည်မွေ့စေသော ဓာတုပစ္စည်း)

၃။ ဒိုပါမင် (သံယောဇဉ်ကို တိုးစေသော ဓာတုပစ္စည်း)

နှုတ်ခမ်းချင်း နမ်းရှုပ်ခြင်းကြောင့် ဦးနှောက်ထဲကနေ ဒိုပါမင် ထွက်သည်။ ဒိုပါမင်သည် လူကို ပျော်ရွှင်စေသလို ချစ်သူ နှစ်ဦးကြားလည်း သံယောဇဉ် ခိုင်ကြည်စေသည်။ ကောင်းကျိုးက ထိုမျှနှင့် မရပ်သေး။ လူကို စိတ်ဖိစီးမှုနည်းကာ သက်သောင့်သက်သာ ရှိစေသော အောက်စီတိုစင်လည်း ထွက်သေးသည်။ အောက်စီတိုစင်သည် ယုံကြည်မှုကိုလည်း မြှင့်တင်ပေးနိုင်စွမ်း ရှိ၏။ မကြာမကြာ ချစ်ကြည်စွာ နမ်းရှုပ်သော စုံတွဲတို့သည် လက်တွဲ ပိုမြဲကြကြောင်းလည်း လေ့လာမှု စစ်တမ်းများက သက်သေခံနေသည်။

၂။ ကယ်လိုရီ ပိုမို လောင်ကျွမ်းစေသည်။

ချစ်သူနဲ့ တစ်မိနစ် နှုတ်ခမ်းချင်း နမ်းရှုပ်လျှင် (၂) ကယ်လိုရီမှ (၆) ကယ်လိုရီလောက်ထိ လောင်ကျွမ်းသည်။ ပြေးစက်ပေါ်မှာ တစ်မိနစ် ပြေးလျှင် (၁၁) ကယ်လိုရီ လောင်ကျွမ်းသည်။ စာဖတ်သူ ဘာလုပ်မည်နည်း။ ပြေးစက်ပေါ်မှာ (၁၀) မိနစ် ပြေးမည်လား။ ချစ်သူနဲ့ မိနစ် (၂၀) နမ်းရှုပ်မည်လား။ နမ်းရှုပ်ခြင်းသည် သာမန် အေးအေးလူလူ နေချိန် မှာထက် ခန္ဓာကိုယ် ဇီဝစနစ် လည်ပတ်မှုကိုလည်း နှစ်ဆလောက် ပိုမြန်စေသဖြင့် ကယ်လိုရီ လောင်ကျွမ်းအားလည်း နှစ်ဆလောက် ပိုကောင်းစေရာ အဝလွန်မှုကိုပါ လျှော့ချပေးနိုင်စွမ်း ရှိသည်။

၃။ ခုခံအား စနစ် ပိုကောင်းစေသည်။

Medical Hypotheses  ဂျာနယ်တွင် ထည့်သွင်း ဖော်ပြထားသော လေ့လာမှု စစ်တမ်းအရ နမ်းရှုပ်ခြင်းသည် ခန္ဓာကိုယ်ခုခံအား စနစ်ကို ပိုကောင်းစေသည်ဟု ဆိုထားသည်။ နှုတ်ခမ်းချင်း နမ်းရှုပ်သည့်အခါ တစ်ယောက်ထံမှ ပိုးမွှားများ တစ်ယောက်ဆီသို့ ရောက်ရှိသွားသည်ဖြစ်ရာ အပေါ်ယံအားဖြင့် ကြည့်လျှင် ရောဂါကူးစက်နိုင်သည်ဟု ယူဆဖွယ်ရှိသည်။ သို့သော် တကယ်တမ်းတွင်ကား ခန္ဓာကိုယ်ခုခံအား စနစ်သည် ရောဂါပိုးများ ဒဏ် ခုခံနိုင်ရန်အတွက် မကြုံဖူးသေးသော ရောဂါပိုးသစ်များနဲ့ အမြဲထိတွ့နေဖို့ လိုသည်။ ပမာဏမများလွန်းသော ရောဂါပိုးသစ်တို့ကို ခန္ဓာကိုယ်ခုခံအား စနစ်က သုတ်သင်လိုက်နိုင်သည့်အခါ ထိုပိုးမျိုးကို မည်သို့ တိုက်ဖျက်ရမည်ဆိုတာ ခန္ဓာကိုယ်ခုခံအား စနစ်က ကြိုတင် စစ်ရေးလေ့ကျင့်ပြီးသား ဖြစ်သွားသည်။ တကယ်တမ်း ရန်သူ ရောဂါပိုးက အလုံးအရင်း တိုက်လာလျှင် ခန္ဓာကိုယ်ခုခံအား စနစ်က ဖြုံလိမ့်မည် မဟုတ်။

၄။ မျက်နှာလေး ပိုနုပျိုစေသည်။

ခန္ဓာကိုယ် ကြွက်သားတွေ ကျန်းမာသန်စွမ်း နုပျိုနေအောင် ပုံသွင်းနိုင်သည့် နည်းလမ်းများစွာ ရှိသည်။ မျက်နှာ ကြွက်သားတွေ နုပျို ကျန်းမာနေအောင် ပုံသွင်းနိုင်သည့် နည်းလမ်းလည်း များစွာရှိသည်။ ထို့အထဲတွင် နမ်းရှုပ်ခြင်းလည်း ပါဝင်သည်။ နမ်းရှုပ်သည့်အခါ မျက်နှာကြွက်သား (၃၀) လောက်ထိ အလုပ်လုပ်ရသည် ဖြစ်ရာထို ကြွက်သားများအား လေ့ကျင့်ခန်းလုပ်ပေးရာ ရောက်သွားသဖြင့် မျက်နှာလေး တင်းတင်းရင်းရင်း ဖောင်းဖောင်းပြည့်ပြည့် ဖြစ်နေမည်။ မျက်နှာ ကြွက်သားတွေ တင်းရင်းဖို့ အလှပြင်ဆိုင်သွားပြီး ပိုက်ဆံ ကုန်ခံနေစရာ မလို။ မိမိ၏ အနီးဆုံးလူကိုသာ အကူအညီတောင်းပါလေ။

၅။ ခံတွင်း ကျန်းမာရေးလည်းကောင်း စေသည်။

နမ်းရှုပ်ခြင်းက သွားပိုးစားခြင်းလည်း ကာကွယ်ပေးသည်။ နမ်းရှုပ်စဉ် ထွက်လာသော တံတွေးတို့သည် သွားပိုးစားစေသည့် ဘက်တီးရီးယားများ သွားပေါ်နှင့် ခံတွင်းထဲတွင် မရှင်နိုင်အောင် သတ်ဖြတ် သုတ်သင်လိမ့်ဦးမည်။ များများနမ်းရှုပ်ပါက သွားတိုက်ပြီးသားပင် ဖြစ်သွားလိမ့်ဦးမည်။ ခံတွင်း ကျန်းမာရေးအတွက် စိတ်ချရ၏။

၆။ နှလုံးလည်း ကျန်းမာစေသည်။

နမ်းရှုပ်ခြင်းကြောင့် အဒရီနလင် ဟိုမုန်းလည်းထွက်ရာ ထိုဟိုမုန်းသည် သွေးကြောများကို ကျယ်စေနိုင်စွမ်း ရှိ၏။ သွေးကြောများ ကျယ်သွားသဖြင့် သွေးစီးဆင်းမှု ကောင်းမွန်ကာ သွေးဖိအားကို ကျဆင်းစေသဖြင့် သွေးတိုးရောဂါ ကာကွယ်ပေးနိုင်သည်။ သွေးလှည့်ပတ်မှု ကောင်းမွန်ခြင်းသည် နှလုံးကိုပါ သက်သောင့်သက်သာ အလုပ်လုပ်နိုင်အောင် ဖန်တီးပေးရာရောက်သဖြင့် နှလုံးလည်း ကျန်းကျန်းမာမာနဲ့ နှစ်ကြာကြာ အလုပ်လုပ်နိုင်လိမ့်မည်။ ပြေးခြင်း၊ စက်ဘီးစီးခြင်းတို့ကြောင့် နှလုံးကျန်းမာရေး ပိုကောင်းမွန်စေသည့် နည်းတူ နမ်းရှုပ်ခြင်းကလည်း အကျိုးပြုသည်။

Credit : messenger

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top