iMyanmarHouse.com - Best Property Website for Myanmar
×
➡သောကြာ သားသမီး များသည် သတိုးသား ဖြစ်စေ၊ သတိုးသမီး ဖြစ်စေ အရာရာကို လိုက်လျော့၍ လူအများစု၏ လေးစားမှုကို ခံနိုင်အောင် ကြိုးစားစိတ် ရှိသည်။
➡တရားသဖြင့် ပြောဆို လုပ်ကိုင်မည် ၊ပြောလျှင် လူတိုင်း နာခံတတ်သည်။ သူများကို မတရား မလုပ်တတ်ပါ၊ သူများက မတရား လုပ်လျှင်လည်း လက်မခံတတ်ပါ၊ အကဲလွန်သော စေတနာဖြင့် တစ်ခါတစ်ရံ စိတ်ညစ်ရသလို အဆုံးတွင် မည်မျှ အခြေအနေ ဆိုးဝါးသော်လည်း အပြင်ပန်း၌ ဣနြေ္ဒမပျက် နေတတ်သည်။
➡သောကြာတွေက တော်ရုံ ကိစ္စနှင့်လည်း စိတ်မညစ်တတ်၊ စိတ်မပျက်တတ်ပါ၊ ဒုက္ခ အမျိုးမျိုးကို ခံနိုင်သော်လည်း စိတ်ဆင်းရဲမှု ဒဏ်နှင့် နားပူနားဆာ ဒဏ်ကို မခံနိုင်ပါ။
➡ သောကြာတွေက တည်တည်ကြည်ကြည် နေမည်၊ လူကြီးဆန်မည်၊ ဒုက္ခကို သုခဖြစ်အောင် ဆောင်ရွက်မည်။
➡ သောကြာသားသမီး အများစုဟာ တစ်ယောက်ဆို တစ်ယောက်ပဲ သူ့တို့စိတ်ထဲမှာ စွဲမြဲပြီး ချစ်တတ်ကြပါတယ်။
 ➡ ပီးတော့ သူ့ချစ်သူအပေါ်မှာ အပြင်ပန်းက ဂရုမစိုက်သလို ဖြစ်ချင်ဖြစ်ပါလိမ့်မယ်။
➡ ဒါပေမယ့် သူ့တို့ စိတ်ထဲမှာတော့အမြဲတမ်း တွေးပြီး ပူပန်နေတတ်ပါတယ်။
➡ အများစုဟာ ဝမ်းနည်းတတ်တဲ့စိတ်ကို အပြင်ကို ထုတ်ပြလေ့ မရှိပဲ စိတ်ထဲကပဲ ကျိတ်ပြီး ဝမ်းနည်းလေ့ ရှိတယ်။
➡ သူ့တို့ဟာ ဖြစ်လာသမျှ အရာရာကို ရင်ဆိုင်ရဲသလို ဖြစ်မလာသေးတဲ့ အရာတွေကိုလဲ ကြိုပြီး စဉ်းစားတတ်လေ့ ရှိတယ်။
 ➡ သူတို့တွေဟာ အပြင်ပန်း ကြည့်ရင် မာနကြီးတယ် ထင်လောက်ပါတယ်။
➡ စကားလည်း အင်မတန် ပြောကြတယ် ။ပြောစရာလူ မရှိတောင် စိတ်ထဲက စိတ်ကူးယဉ်ပြိး ပြောနေတတ်တယ်။ အပြင်စကား အထဲယူ လာတတ်သလို အတွင်းစကားကို အပြင်လည်း ပြောတတ်ကြတယ်။
➡ ပွင့်ပွင့်လင်းလင်း အရှိကို အရှိအတိုင်း ပြောတတ်တယ်။ မလိမ်တတ်ကြဘူ။
➡ ဒါပေမယ့် သူ့တို့စိတ်ဟာ အမျိုးမျိုးပါပဲ ပေါင်းကြည့်မှသာ သိတာပါ။
➡ သူ့တို့ဟာ စိတ်ကူးယဉ်ခြင်းကို မက်မောပြီး တခါတလေ တစ်ယောက်ထဲပဲ အေးအေးဆေးဆေး နေထိုင်ချင်သူလေးတွေပါပဲ။
 ➡ သူ့တို့ဟာ စိတ်ရှုပ်ရမယ့် အရာတွေကို သိပ်မတွေးချင် သူများလည်း ဖြစ်တယ်။
➡ ကောင်းမွန်တဲ့ အချက်ကတော့ သူ့တို့ဟာ မိဘအပေါ်မှာ အရမ်းချစ်သလို ကိုယ့်ချစ်သူ အပေါ်မှာလည်း အရမ်း ချစ်တတ်ကြတာပါ။
သောကြာ သားသမီးများ ကိုယ်စိတ်နှစ်ဖြာ ချမ်းမြေ့ပါစေ။
Credit : ဗေဒင် နှင့် လက္ခဏာ
 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top