iMyanmarHouse.com - Best Property Website for Myanmar
×

ပဲပုပ္ေတြကေန ထုတ္ယူၿပီး ျပဳလုပ္ထားတဲ့ ပဲႏို႔ဟာ ေသာက္လို႔ေကာင္းတဲ့ ႏြားႏို႔အစားထိုး ေသာက္စရာတစ္မ်ိဳးပါ။ ပင္ပန္းႏြမ္းနယ္ေနခ်ိန္ ပဲႏုိ႔ေအးေအးေလး ေသာက္လိုက္ရရင္ ခ်ိဳခ်ိဳစိမ့္စိမ့္ေလးနဲ႔ ရင္ထဲမွာ ေအးျမသြားတာပါ။ ပဲႏို႔ဟာ အရသာတစ္ခုတည္း ေကာင္းမြန္တာမဟုတ္ပါဘူး။ ပဲႏို႔မွာ သက္ႀကီး႐ြယ္အိုေတြနဲ႔ လူငယ္လူ႐ြယ္ေတြအတြက္ က်န္းမာေရးအက်ိဳးေက်းဇူးေတြ အမ်ားႀကီးပါဝင္ပါတယ္။ အထူးသျဖင့္ သက္ႀကီးပိုင္းေတြကို ပဲႏို႔ပံုမွန္ တိုက္ေကြ်းသင့္ပါတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ ...

၁။ ႏွလံုးကို ပိုမိုက်န္းမာေစတယ္

ပဲႏို႔ထဲမွာ ႀကီးထြားဖြံ႕ၿဖိဳးေရးအတြက္ မ႐ွိမျဖစ္လိုအပ္တဲ့ ပ႐ိုတိန္းဓာတ္ ၾကြယ္ဝစြာပါဝင္ပါတယ္။ ပ႐ိုတိန္းေတြကို က်န္းမာေရး ခ်ိဳ႕ယြင္းမႈ လကၡဏာ အမ်ားအျပားကို ကာကြယ္ေပးႏိုင္တဲ့ အမိုင္ႏိုအက္ဆစ္ေတြနဲ႔ ဖြဲ႕စည္းထားပါတယ္။ ပဲႏို႔ပ႐ိုတိန္းထဲမွာ ပါဝင္တဲ့ အမိုင္ႏိုအက္ဆစ္နဲ႔ isoflavones ေတြကေတာ့ LDL ကိုလက္စ္ထေရာေတြ ေလ်ာ့က်ေစဖို႔လည္း အကူအညီေပးႏိုင္ပါတယ္။

တျခားေလ့လာမႈေတြက ေဖာ္ျပေနတာကေတာ့ ပဲႏို႔ေသာက္သံုးျခင္းဟာ သက္ႀကီး႐ြယ္အို အမ်ိဳးသားေတြမွာ ေတြ႕ရတတ္တဲ့ အရည္ၾကည္ကိုလက္စ္ထေရာကို ေလ်ာ့က်ေစပါတယ္။ Type 2 ဆီးခ်ိဳ ေရာဂါသည္ေတြမွာဆိုရင္ ပဲႏို႔ေသာက္သံုးျခင္းက ေသြးဖိအားပံုမွန္ုျဖစ္ျခင္းနဲ႔ ဆက္ႏြယ္ေနပါတယ္။ ဒါေၾကာင့္ ပဲႏို႔ေသာက္သံုးျခင္းဟာ ႏွလံုးက်န္းမာေရးကို ႀကီးမားစြာ အေထာက္အကူ ျပဳေစႏိုင္ပါတယ္။

၂။ ေသြးဆံုးျခင္းနဲ႔ ဆက္ႏြယ္တဲ့ က်န္းမာေရးျပႆနာေတြကို ေလ်ာ့နည္းေစတယ္

ပဲႏို႔ေသာက္သံုးျခင္းဟာ အမ်ိဳးသမီးမ်ား ေသြးဆံုးကိုင္ျခင္းနဲ႔ ဆက္ႏြယ္ေနတဲ့ က်န္းမာေရးျပႆနာေတြကို ေလ်ာ့နည္းေစႏိုင္ပါတယ္။ သုေတသနေတြအရေတာ့ ပဲႏို႔ထဲမွာပါဝင္တဲ့ isoflavones ဓာတ္ေတြဟာ ေသြးဆံုးကိုင္ၿပီးသား အမ်ိဳးသမီးေတြရဲ႕ estrogen (လိင္စိတ္ေဟာ္မုန္း) ကို ကူညီထိန္းသိမ္း ေပးႏိုင္ပါတယ္။

ဒါေၾကာင့္ ေသြးဆံုးၿပီးသား အမ်ိဳးသမီးေတြ ပဲႏို႔ေသာက္ေပးမယ္ဆိုရင္ estrogen ေဟာ္မုန္းကင္းမဲ့မႈေၾကာင့္ ျဖစ္တတ္တဲ့ စိတ္အတက္အက်ျမန္ျခင္းကိုလည္း တားဆီးေပးႏိုင္ပါေသးတယ္။ ပဲႏို႔ထဲမွာပါဝင္တဲ့ antioxidant ေတြကလည္း အမ်ိဳးသမီးေတြရဲ႕ နာတာ႐ွည္ေရာဂါ လကၡဏာေတြကို ကာကြယ္တားဆီးေပးႏိုင္ပါတယ္။

၃။ အ႐ိုးပြေရာဂါကို သက္သာေစႏိုင္တယ္

သက္ႀကီး႐ြယ္အို အမ်ိဳးသားေတြနဲ႔ ေသြးဆံုးကိုင္ၿပီး အမ်ိဳးသမီးေတြမွာ အျဖစ္မ်ားတဲ့ ေရာဂါတစ္ခုကေတာ့ အ႐ိုးပြေရာဂါပါပဲ။ အ႐ိုးပြလာျခင္း၊ အ႐ိုးက်ိဳးလြယ္ျခင္းနဲ႔ ကယ္လ္ဆီယမ္ ေလ်ာ့ပါးျခင္းစတဲ့ လကၡဏာေတြဟာ သက္ႀကီး႐ြယ္အို အမ်ိဳးသား၊ အမ်ိဳးသမီးေတြမွာ ေဖာ္ျပတတ္ၿပီး သတိမထားရင္ အသက္အႏၱရာယ္ကိုပါ ခ်ိန္းေျခာက္ႏိုင္ပါတယ္။

သုေတသနအရေတာ့ အသား၊ ငါးေတြမွာပါဝင္တဲ့ ပ႐ိုတိန္းဟာ ဆီးတြင္းကယ္လ္ဆီယမ္ ပမာဏကို ျမင့္မားလာေစႏိုင္ေပမဲ့ ပဲႏို႔ကေတာ့ အဲဒီလိုမျဖစ္ပါဘူးတဲ့။ ပဲႏို႔ထဲက ပ႐ုိတိန္းထဲမွာ လူ႔ခႏၶာကိုယ္ကို အႏၱရာယ္မျဖစ္ေစႏိုင္တဲ့ ကယ္လ္ဆီယမ္ေတြသာ ပါဝင္တဲ့အတြက္ သက္ႀကီး႐ြယ္အိုမ်ား ေသာက္သံုးေပးရန္ သင့္ေတာ္ပါတယ္။

၄။ ကင္ဆာကာကြယ္ႏိုင္တယ္

သုေတသနတစ္ခုအရေတာ့ ပဲႏို႔ေသာက္သံုးျခင္းဟာ အရည္ၾကည္ estrogen လိင္စိတ္ေဟာ္မုန္း ပမာဏကို ေလွ်ာ့ခ်ေပးတဲ့အတြက္ ရင္သားကင္ဆာအႏၱရာယ္ကိုလည္း ေလ်ာ့က်ေစပါတယ္။ ရင္သားကင္ဆာေရာဂါက အမ်ိဳးသမီးေတြၾကားမွာ အျဖစ္အမ်ားဆံုး ကင္ဆာေရာဂါျဖစ္ၿပီး Estrogen လိင္စိတ္ေဟာ္မုန္းေတြဟာ ဒီကင္ဆာေရာဂါနဲ႔ ဆက္စပ္ေနပါတယ္။

ေသြးဆံုးကိုင္ၿပီးတဲ့ အမ်ိဳးသမီးေတြဟာ ရင္သားကင္ဆာျဖစ္ႏိုင္ေျခ အလြန္မ်ားတဲ့အတြက္ ပဲႏို႔ကို ပံုမွန္ေသာက္ေပးသင့္ပါတယ္။ ေနာက္ၿပီး ေလ့လာမႈတစ္ခုအရဆိုရင္ ပဲႏို႔ပံုမွန္ေသာက္တဲ့ အမ်ိဳးသားေတြမွာ ဆီးႀကိတ္ကင္ဆာ ျဖစ္ႏိုင္ေျခ အလြန္နည္းတယ္ ဆုိတာပါပဲ။

၅။ အဝလြန္ေရာဂါကို ထိန္းခ်ဳပ္ေပးတယ္

ပဲႏို႔ေသာက္သံုးေပးျခင္းဟာ လႈပ္႐ွားမႈနည္းျခင္းေၾကာင့္ျဖစ္တဲ့ အဝလြန္ေရာဂါကိုလည္း ထိန္းခ်ဳပ္ေပးႏိုင္ပါတယ္။ ဒါတင္မက ေသးပါဘူး။ ပဲႏို႔ေသာက္ေပးျခင္းအားျဖင့္ အဝလြန္ေနသူေတြမွာ ႐ွိတတ္တဲ့ ဗိုက္ပူျခင္း၊ ခါးတုတ္ျခင္းတုိ႔လို ေလ်ာ့နည္းေစႏိုင္ပါတယ္။ ပဲႏို႔ရဲ႕ ေဟာ္မုန္းေတြအေပၚ အက်ိဳးသက္ေရာက္ႏိုင္စြမ္းက ဇီဝကမၼလုပ္ေဆာင္မႈေတြကို ေျပာင္းလဲေစႏိုင္ၿပီး LDL ကိုလက္စ္ထေရာ ကိုလည္း က်ဆင္းေစႏိုင္တဲ့အတြက္ ပဲႏို႔ေသာက္ျခင္းဟာ ဝိတ္က်ေစႏိုင္တယ္လို႔လည္း ဆိုရမွာပါ။

ွSource: Organicfacts

Credit : Duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ပဲပုပ်တွေကနေ ထုတ်ယူပြီး ပြုလုပ်ထားတဲ့ ပဲနို့ဟာ သောက်လို့ကောင်းတဲ့ နွားနို့အစားထိုး သောက်စရာတစ်မျိုးပါ။ ပင်ပန်းနွမ်းနယ်နေချိန် ပဲနို့အေးအေးလေး သောက်လိုက်ရရင် ချိုချိုစိမ့်စိမ့်လေးနဲ့ ရင်ထဲမှာ အေးမြသွားတာပါ။ ပဲနို့ဟာ အရသာတစ်ခုတည်း ကောင်းမွန်တာမဟုတ်ပါဘူး။ ပဲနို့မှာ သက်ကြီးရွယ်အိုတွေနဲ့ လူငယ်လူရွယ်တွေအတွက် ကျန်းမာရေးအကျိုးကျေးဇူးတွေ အများကြီးပါဝင်ပါတယ်။ အထူးသဖြင့် သက်ကြီးပိုင်းတွေကို ပဲနို့ပုံမှန် တိုက်ကျွေးသင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ...

၁။ နှလုံးကို ပိုမိုကျန်းမာစေတယ်

ပဲနို့ထဲမှာ ကြီးထွားဖွံ့ဖြိုးရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ ပရိုတိန်းဓာတ် ကြွယ်ဝစွာပါဝင်ပါတယ်။ ပရိုတိန်းတွေကို ကျန်းမာရေး ချို့ယွင်းမှု လက္ခဏာ အများအပြားကို ကာကွယ်ပေးနိုင်တဲ့ အမိုင်နိုအက်ဆစ်တွေနဲ့ ဖွဲ့စည်းထားပါတယ်။ ပဲနို့ပရိုတိန်းထဲမှာ ပါဝင်တဲ့ အမိုင်နိုအက်ဆစ်နဲ့ isoflavones တွေကတော့ LDL ကိုလက်စ်ထရောတွေ လျော့ကျစေဖို့လည်း အကူအညီပေးနိုင်ပါတယ်။

တခြားလေ့လာမှုတွေက ဖော်ပြနေတာကတော့ ပဲနို့သောက်သုံးခြင်းဟာ သက်ကြီးရွယ်အို အမျိုးသားတွေမှာ တွေ့ရတတ်တဲ့ အရည်ကြည်ကိုလက်စ်ထရောကို လျော့ကျစေပါတယ်။ Type 2 ဆီးချို ရောဂါသည်တွေမှာဆိုရင် ပဲနို့သောက်သုံးခြင်းက သွေးဖိအားပုံမှန်ုဖြစ်ခြင်းနဲ့ ဆက်နွယ်နေပါတယ်။ ဒါကြောင့် ပဲနို့သောက်သုံးခြင်းဟာ နှလုံးကျန်းမာရေးကို ကြီးမားစွာ အထောက်အကူ ပြုစေနိုင်ပါတယ်။

၂။ သွေးဆုံးခြင်းနဲ့ ဆက်နွယ်တဲ့ ကျန်းမာရေးပြဿနာတွေကို လျော့နည်းစေတယ်

ပဲနို့သောက်သုံးခြင်းဟာ အမျိုးသမီးများ သွေးဆုံးကိုင်ခြင်းနဲ့ ဆက်နွယ်နေတဲ့ ကျန်းမာရေးပြဿနာတွေကို လျော့နည်းစေနိုင်ပါတယ်။ သုတေသနတွေအရတော့ ပဲနို့ထဲမှာပါဝင်တဲ့ isoflavones ဓာတ်တွေဟာ သွေးဆုံးကိုင်ပြီးသား အမျိုးသမီးတွေရဲ့ estrogen (လိင်စိတ်ဟော်မုန်း) ကို ကူညီထိန်းသိမ်း ပေးနိုင်ပါတယ်။

ဒါကြောင့် သွေးဆုံးပြီးသား အမျိုးသမီးတွေ ပဲနို့သောက်ပေးမယ်ဆိုရင် estrogen ဟော်မုန်းကင်းမဲ့မှုကြောင့် ဖြစ်တတ်တဲ့ စိတ်အတက်အကျမြန်ခြင်းကိုလည်း တားဆီးပေးနိုင်ပါသေးတယ်။ ပဲနို့ထဲမှာပါဝင်တဲ့ antioxidant တွေကလည်း အမျိုးသမီးတွေရဲ့ နာတာရှည်ရောဂါ လက္ခဏာတွေကို ကာကွယ်တားဆီးပေးနိုင်ပါတယ်။

၃။ အရိုးပွရောဂါကို သက်သာစေနိုင်တယ်

သက်ကြီးရွယ်အို အမျိုးသားတွေနဲ့ သွေးဆုံးကိုင်ပြီး အမျိုးသမီးတွေမှာ အဖြစ်များတဲ့ ရောဂါတစ်ခုကတော့ အရိုးပွရောဂါပါပဲ။ အရိုးပွလာခြင်း၊ အရိုးကျိုးလွယ်ခြင်းနဲ့ ကယ်လ်ဆီယမ် လျော့ပါးခြင်းစတဲ့ လက္ခဏာတွေဟာ သက်ကြီးရွယ်အို အမျိုးသား၊ အမျိုးသမီးတွေမှာ ဖော်ပြတတ်ပြီး သတိမထားရင် အသက်အန္တရာယ်ကိုပါ ချိန်းခြောက်နိုင်ပါတယ်။

သုတေသနအရတော့ အသား၊ ငါးတွေမှာပါဝင်တဲ့ ပရိုတိန်းဟာ ဆီးတွင်းကယ်လ်ဆီယမ် ပမာဏကို မြင့်မားလာစေနိုင်ပေမဲ့ ပဲနို့ကတော့ အဲဒီလိုမဖြစ်ပါဘူးတဲ့။ ပဲနို့ထဲက ပရိုတိန်းထဲမှာ လူ့ခန္ဓာကိုယ်ကို အန္တရာယ်မဖြစ်စေနိုင်တဲ့ ကယ်လ်ဆီယမ်တွေသာ ပါဝင်တဲ့အတွက် သက်ကြီးရွယ်အိုများ သောက်သုံးပေးရန် သင့်တော်ပါတယ်။

၄။ ကင်ဆာကာကွယ်နိုင်တယ်

သုတေသနတစ်ခုအရတော့ ပဲနို့သောက်သုံးခြင်းဟာ အရည်ကြည် estrogen လိင်စိတ်ဟော်မုန်း ပမာဏကို လျှော့ချပေးတဲ့အတွက် ရင်သားကင်ဆာအန္တရာယ်ကိုလည်း လျော့ကျစေပါတယ်။ ရင်သားကင်ဆာရောဂါက အမျိုးသမီးတွေကြားမှာ အဖြစ်အများဆုံး ကင်ဆာရောဂါဖြစ်ပြီး Estrogen လိင်စိတ်ဟော်မုန်းတွေဟာ ဒီကင်ဆာရောဂါနဲ့ ဆက်စပ်နေပါတယ်။

သွေးဆုံးကိုင်ပြီးတဲ့ အမျိုးသမီးတွေဟာ ရင်သားကင်ဆာဖြစ်နိုင်ခြေ အလွန်များတဲ့အတွက် ပဲနို့ကို ပုံမှန်သောက်ပေးသင့်ပါတယ်။ နောက်ပြီး လေ့လာမှုတစ်ခုအရဆိုရင် ပဲနို့ပုံမှန်သောက်တဲ့ အမျိုးသားတွေမှာ ဆီးကြိတ်ကင်ဆာ ဖြစ်နိုင်ခြေ အလွန်နည်းတယ် ဆိုတာပါပဲ။

၅။ အဝလွန်ရောဂါကို ထိန်းချုပ်ပေးတယ်

ပဲနို့သောက်သုံးပေးခြင်းဟာ လှုပ်ရှားမှုနည်းခြင်းကြောင့်ဖြစ်တဲ့ အဝလွန်ရောဂါကိုလည်း ထိန်းချုပ်ပေးနိုင်ပါတယ်။ ဒါတင်မက သေးပါဘူး။ ပဲနို့သောက်ပေးခြင်းအားဖြင့် အဝလွန်နေသူတွေမှာ ရှိတတ်တဲ့ ဗိုက်ပူခြင်း၊ ခါးတုတ်ခြင်းတို့လို လျော့နည်းစေနိုင်ပါတယ်။ ပဲနို့ရဲ့ ဟော်မုန်းတွေအပေါ် အကျိုးသက်ရောက်နိုင်စွမ်းက ဇီဝကမ္မလုပ်ဆောင်မှုတွေကို ပြောင်းလဲစေနိုင်ပြီး LDL ကိုလက်စ်ထရော ကိုလည်း ကျဆင်းစေနိုင်တဲ့အတွက် ပဲနို့သောက်ခြင်းဟာ ဝိတ်ကျစေနိုင်တယ်လို့လည်း ဆိုရမှာပါ။

ှSource: Organicfacts

Credit : Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top