iMyanmarHouse.com - Best Property Website for Myanmar
×

သင့္အေနနဲ႕ ဗိုက္ဆာရင္ စိတ္တိုလာတာမ်ိဳးကို ခံစားဖူးပါသလား။တခ်ိဳ႕လူေတြဟာ အစာစားခ်ိန္လြန္သြားတဲ့အထိ စားဖို႕အခြင့္မသာေသးရင္၊ဗိုက္ဆာေနရင္ အလိုလိုေဒါသေတြထြက္၊ စိတ္တိုလာတတ္ၾကပါတယ္။

ဒါဟာ လူအေတာ္မ်ားမ်ား ၾကံဳဖူးတဲ့ အေျခအေနျဖစ္ပါတယ္။ဒါဟာ ကြၽန္ေတာ္တို႕ရဲ့ ေရွးဘိုးေဘးဘီဘင္ အစဥ္အဆက္က လက္ဆင့္ကမ္းသယ္ေဆာင္ ဆင္းသက္လာတဲ့ ဗီဇပဲ ျဖစ္ပါတယ္။သင္စဥ္းစားၾကည့္ပါ။

ဆာေလာင္မြတ္သိပ္ေနတဲ့ သက္ရွိတေကာင္ေကာင္ဟာ သူ႕ေရွ႕မွာရွိတဲ့ အစာကို ေဒါသတၾကီးလုမစားဘဲ သူမ်ားစားသြားတာကို ဒီအတိုင္းထိုင္ၾကည့္ေနမယ္ဆိုရင္ အဆိုပါ သက္ရွိမ်ိဳးစိတ္ဟာ မ်ားမၾကာခင္မွာပဲ မ်ိဳးသုဥ္းေပ်ာက္ကြယ္သြားမွာ ျဖစ္ပါတယ္။ဒါေပမယ့္ ဘာေၾကာင့္ ဒီလိုျဖစ္ရတာလဲ။ဘာလို႕ လူတိုင္းမျဖစ္ဘဲ လူတခ်ိဳ႕ကပဲ ဒါမ်ိဳးျဖစ္ရတာလဲ။ဒီျပႆနာရဲ့ အေျဖက ကြၽန္ေတာ္တို႕ခႏၶာကိုယ္မွာ အစာလိုအပ္လာတဲ့အခါ ျဖစ္ေပၚလာတဲ့ ေျပာင္းလဲမႈေတြေပၚ မူတည္လို႕ ေနပါတယ္။

ဘာလို႕ ဗိုက္ဆာ ရင္ စိတ္တိုတတ္တာလဲ။

 ဒီျဖစ္စဥ္ရဲ့ အဓိက အေၾကာင္းရင္းဟာ ဦးေႏွာက္တြင္းမွာ ရွိတဲ့သၾကားဓာတ္ ပမာဏအေပၚ မူတည္လို႕ေနျပီး သူ႕ကို ေသြးတြင္းသၾကားဓာတ္ပမာဏက တဖန္ျပန္လည္ ထိန္းခ်ဳပ္ထားပါတယ္။ ၾကမ္းၾကမ္းတမ္းတမ္းအမူအရာေတြ၊ေဒါသစိတ္ေတြကို သင့္ရဲ့ သၾကားဓာတ္ပမာဏက ကူညီထိန္းခ်ဳပ္ေပးပါတယ္။ေဒါသထြက္စရာ တခုနဲ႕ ၾကံဳလာတဲ့အခါ စိတ္တည္တည္ျငိမ္ျငိမ္ထားျပီး သည္းခံဖို႕ စြမ္းအင္ေတြအမ်ားၾကီး အသုံးျပဳရမွာျဖစ္ျပီး ဒီစြမ္းအင္ေတြကို သင္စားတဲ့ အစာေတြကရတဲ့ သၾကားဓာတ္က ေပးစြမ္းပါတယ္။ ဒီေတာ့ သင့္ခႏၶာကိုယ္အတြင္းမွာ သၾကားဓာတ္ျမင့္မားစြာ ရွိေနတယ္ဆိုရင္ ကိုယ့္ကိုယ္ကို ထိန္းခ်ဳပ္ႏိုင္စြမ္း ပိုမ်ားေစပါတယ္။ဒါတင္မကေသးပါဘူး၊ သင့္ခႏၶာကိုယ္ထဲမွာ သၾကားဓာတ္လံုလံုေလာက္ေလာက္ မရွိဖူးဆိုရင္ ဒီလိုအပ္ခ်က္ကို ျဖည့္ဖို႕အတြက္ တျခားေသာ ေဟာ္မုန္းေတြထက္ရွိလို႕ လာမွာျဖစ္ျပီး adrenaline ဟာ အဆိုပါ ေဟာ္မုန္းေတြထဲက တခုျဖစ္ပါတယ္။adrenaline ဟာဆိုရင္ သင့္ခႏၶာကိုယ္အေနနဲ႕ အေရးေပၚအႏၲရာယ္တခုခု ေတြ႕ၾကံဳရခ်ိန္မွာ အသုံးခ်ရတဲ့ ေဟာ္မုန္းျဖစ္ျပီး ၾကမ္းတမ္းတဲ့ အမူအရာေတြကို ျဖစ္ေပၚေစပါတယ္။

ဒါတင္မကေသးပါဘူး၊ ဒီကိစၥမွာ မ်ိဳးဗီဇဆိုင္ရာ လႊမ္းမိုးမႈေတြလည္း ပါဝင္ပါေသးတယ္။ အလြယ္ေျပာရမယ္ဆိုရင္ ကြၽန္ေတာ္တို႕ ဗိုက္ဆာတဲ့အခါ ခႏၶာကိုယ္ထဲမွာရွိတဲ့ မ်ိဳးဗီဇဆိုင္ရာထိန္းခ်ဳပ္ပစၥည္း (gene) ကေန neuropeptide Y ဆိုတဲ့ သဘာဝဓာတ္ပစၥည္းတမ်ိဳးကို ဦးေႏွာက္ထဲသို႕ လႊတ္ထုတ္လိုက္ျပီး ဒီ neuropeptide Y ဟာ အာသာငမ္းငမ္း အစာစားခ်င္စိတ္ကို ျဖစ္ေစပါတယ္။ဒါ့အျပင္ စိတ္ပိုင္းဆိုင္ရာလႊမ္းမိုးမႈေတြကလည္း ဗိုက္ဆာတဲ့အခါ စိတ္တိုေဒါသထြက္တဲ့ အေနအထားကို ျဖစ္ေစျပန္ပါတယ္။ဥပမာ သင္စိတ္တိုေဒါသထြက္ေနတာကို ဝုန္းဝုန္းဒိုင္းဒိုင္းေဖာ္ျပတာ မေဖာ္ျပတာကေတာ့ ပတ္ဝန္းက်င္၊ဓေလ့ထုံးတမ္းရဲ့ လႊမ္းမိုးမႈနဲ႕ သက္ဆိုင္ပါတယ္။

အထက္ပါ ေဖာ္ျပခဲ့တဲ့ ေနာက္ခံအေၾကာင္းရင္းေတြဟာ တဦးနဲ႕တဦး ဘယ္နည္းနဲ႕မွ မတူညီႏိုင္တာမို႕ ဗိုက္ဆာတဲ့အခါ ဘယ္ေလာက္အတိုင္းအတာထိ စိတ္ဆိုး ေဒါသထြက္မလဲ ဆိုတာကလည္း ကြာျခားပါလိမ့္မယ္။

ဗိုက္ဆာရင္ စိတ္တိုေဒါသထြက္တာကို ဘယ္လိုရင္ဆိုင္ေျဖရွင္းရမလဲ။

အလြယ္ဆုံး အရွင္းဆုံးနည္းကေတာ့ သင္အရမ္းၾကီး ဗိုက္ဆာမလာခင္ ဦးေအာင္စားလိုက္တာပဲ ျဖစ္ပါတယ္။သင့္ေခါင္းထဲေပၚလာမယ့္ ပထမဆုံးအေတြးက ေခ်ာကလက္ ဒါမွမဟုတ္ သေရစာ အခ်ိဳမုန္႕တခုခု ျဖစ္ေကာင္းျဖစ္ပါလိမ့္မယ္။ဒါေပမယ့္ သူတို႕ေတြကရမယ့္ ဂလူးကို့စ္သၾကားဓာတ္ဟာ ယာယီသာ ခံမွာျဖစ္ျပီး မေကာင္းတဲ့ သၾကားဓာတ္ေတြအျဖစ္လည္း ဦးတည္ေစပါတယ္။   ေနာက္ဆုံးမွာေတာ့ သင့္အေနနဲ႕ ပိုျပီးေဒါသထြက္လာတာပဲ အဖတ္တင္မွာ ျဖစ္ပါတယ္။

ဒါ့အျပင္ ဗိုက္ဆာတာနဲ႕ အစာစားလိုက္တဲ့နည္းဟာ တခ်ိဳ႕ေတြအတြက္ အဆင္မေျပပါဖူး (ဥပမာ လုပ္ငန္းခြင္ထဲ ေရာက္ေနသူေတြ၊ဥပုသ္ေစာင့္သူေတြ ဒါမွမဟုတ္ ဆရာဝန္က အစာမစားဖို႕ ညႊန္ၾကားထားသူေတြမွာေပါ့)။ဒါေၾကာင့္ အလုပ္ခ်ိန္ၾကာျမင့္တဲ့ အလုပ္ေတြလုပ္တာ၊ဥပုသ္ေစာင့္တာအစရွိတဲ့ ၾကာရွည္အစာမစားရတဲ့ ကိစၥေတြကို သင့္ဆရာဝန္က ခြင့္ျပဳမွ လုပ္သင့္ပါတယ္။

သိထားသင့္တဲ့ အခ်က္တခ်က္က သင့္ခႏၶာကိုယ္ရဲ့ ဂလူးကို႕စ္ပမာဏတည္ျငိမ္မႈရွိေအာင္ ေဟာ္မုန္းေတြက အခ်ိန္အတိုင္းအတာတခုထိ ထိန္းေပးထားႏိုင္ပါတယ္။ဒါ့ေၾကာင့္ သင့္အေနနဲ႕ ဗိုက္အေတာ္ဆာလာတဲ့အခါ စားစရာျပင္ဆင္ ဒါမွမဟုတ္ ဝယ္ယူစားေသာက္ဖို႕ အခ်ိန္တခု ရေစပါတယ္။တကယ္လို႕ သင္ဟာ အလုပ္မ်ားသူတေယာက္ဆိုရင္ အစာစားခ်ိန္ကို သတ္သတ္မွတ္မွတ္ ထားတာမ်ိဳး ဒါမွမဟုတ္ အစာကို ၾကိဳတင္ျပင္ဆင္ထားတာမ်ိဳးကို လုပ္ႏိုင္ပါတယ္။ဒါတင္မကေသးပါဘူး။အာဟာရဓာတ္ ႂကြယ္ဝစြာ ပါဝင္တဲ့ သဘာဝအစားအေသာက္ေတြက သင့္ကိုပိုျပီး အဆာခံေစတယ္ဆိုတာလည္း မေမ့ပါနဲ႕။

ေခ်ဖ်က္ဖို႕ခက္တဲ့ အစာအစာေတြ (ဥပမာ အမွ်င္ဓာတ္ ပါဝင္တဲ့ အစားအစာေတြ)ကေတာ့ အေကာင္းဆုံး အစာအုပ္စုပဲ ျဖစ္ပါတယ္။တကယ္လို႕သင့္အေနနဲ႕ ဝိတ္လည္းခ်ေနတယ္၊ ဗိုက္လည္း ဆာတယ္ဆိုရင္ ပ႐ိုတင္းဓာတ္ေတြက သင့္အတြက္ အေကာင္းဆုံးျဖစ္မွာပါ။သစ္သီးေတြဟာ သၾကားဓာတ္ပါဝင္တဲ့အျပင္ ခႏၶာကိုယ္ကလည္း လ်င္ျမန္စြာေခ်ဖ်က္ပစ္ႏိုင္တာေၾကာင့္ လိုအပ္တဲ့ေနရာကို ျမန္ျမန္ဆန္ဆန္ ေရာက္သြားေစႏိုင္ပါတယ္။တကယ္လို႕ သင္ဟာဗိုက္ဆာလို႕ စိတ္ကလည္း တိုလာျပီ ၊ထမင္းစားဖို႕ကလည္း အခ်ိန္နည္းနည္း လိုေနေသးတယ္ဆိုရင္ သစ္သီးေတြဟာ အေကာင္းဆုံး ေရြးခ်ယ္မႈ ျဖစ္လာမွာပါ။

Credit : Mizzima
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
သင့်အနေနဲ့ ဗိုက်ဆာရင် စိတ်တိုလာတာမျိုးကို ခံစားဖူးပါသလား။တချို့လူတွေဟာ အစာစားချိန်လွန်သွားတဲ့အထိ စားဖို့အခွင့်မသာသေးရင်၊ဗိုက်ဆာနေရင် အလိုလိုဒေါသတွေထွက်၊ စိတ်တိုလာတတ်ကြပါတယ်။

ဒါဟာ လူအတော်များများ ကြုံဖူးတဲ့ အခြေအနေဖြစ်ပါတယ်။ဒါဟာ ကျွန်တော်တို့ရဲ့ ရှေးဘိုးဘေးဘီဘင် အစဉ်အဆက်က လက်ဆင့်ကမ်းသယ်ဆောင် ဆင်းသက်လာတဲ့ ဗီဇပဲ ဖြစ်ပါတယ်။သင်စဉ်းစားကြည့်ပါ။

ဆာလောင်မွတ်သိပ်နေတဲ့ သက်ရှိတကောင်ကောင်ဟာ သူ့ရှေ့မှာရှိတဲ့ အစာကို ဒေါသတကြီးလုမစားဘဲ သူများစားသွားတာကို ဒီအတိုင်းထိုင်ကြည့်နေမယ်ဆိုရင် အဆိုပါ သက်ရှိမျိုးစိတ်ဟာ များမကြာခင်မှာပဲ မျိုးသုဉ်းပျောက်ကွယ်သွားမှာ ဖြစ်ပါတယ်။ဒါပေမယ့် ဘာကြောင့် ဒီလိုဖြစ်ရတာလဲ။ဘာလို့ လူတိုင်းမဖြစ်ဘဲ လူတချို့ကပဲ ဒါမျိုးဖြစ်ရတာလဲ။ဒီပြဿနာရဲ့ အဖြေက ကျွန်တော်တို့ခန္ဓာကိုယ်မှာ အစာလိုအပ်လာတဲ့အခါ ဖြစ်ပေါ်လာတဲ့ ပြောင်းလဲမှုတွေပေါ် မူတည်လို့ နေပါတယ်။

ဘာလို့ ဗိုက်ဆာ ရင် စိတ်တိုတတ်တာလဲ။

 ဒီဖြစ်စဉ်ရဲ့ အဓိက အကြောင်းရင်းဟာ ဦးနှောက်တွင်းမှာ ရှိတဲ့သကြားဓာတ် ပမာဏအပေါ် မူတည်လို့နေပြီး သူ့ကို သွေးတွင်းသကြားဓာတ်ပမာဏက တဖန်ပြန်လည် ထိန်းချုပ်ထားပါတယ်။ ကြမ်းကြမ်းတမ်းတမ်းအမူအရာတွေ၊ဒေါသစိတ်တွေကို သင့်ရဲ့ သကြားဓာတ်ပမာဏက ကူညီထိန်းချုပ်ပေးပါတယ်။ဒေါသထွက်စရာ တခုနဲ့ ကြုံလာတဲ့အခါ စိတ်တည်တည်ငြိမ်ငြိမ်ထားပြီး သည်းခံဖို့ စွမ်းအင်တွေအများကြီး အသုံးပြုရမှာဖြစ်ပြီး ဒီစွမ်းအင်တွေကို သင်စားတဲ့ အစာတွေကရတဲ့ သကြားဓာတ်က ပေးစွမ်းပါတယ်။ ဒီတော့ သင့်ခန္ဓာကိုယ်အတွင်းမှာ သကြားဓာတ်မြင့်မားစွာ ရှိနေတယ်ဆိုရင် ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်စွမ်း ပိုများစေပါတယ်။ဒါတင်မကသေးပါဘူး၊ သင့်ခန္ဓာကိုယ်ထဲမှာ သကြားဓာတ်လုံလုံလောက်လောက် မရှိဖူးဆိုရင် ဒီလိုအပ်ချက်ကို ဖြည့်ဖို့အတွက် တခြားသော ဟော်မုန်းတွေထက်ရှိလို့ လာမှာဖြစ်ပြီး adrenaline ဟာ အဆိုပါ ဟော်မုန်းတွေထဲက တခုဖြစ်ပါတယ်။adrenaline ဟာဆိုရင် သင့်ခန္ဓာကိုယ်အနေနဲ့ အရေးပေါ်အန္တရာယ်တခုခု တွေ့ကြုံရချိန်မှာ အသုံးချရတဲ့ ဟော်မုန်းဖြစ်ပြီး ကြမ်းတမ်းတဲ့ အမူအရာတွေကို ဖြစ်ပေါ်စေပါတယ်။

ဒါတင်မကသေးပါဘူး၊ ဒီကိစ္စမှာ မျိုးဗီဇဆိုင်ရာ လွှမ်းမိုးမှုတွေလည်း ပါဝင်ပါသေးတယ်။ အလွယ်ပြောရမယ်ဆိုရင် ကျွန်တော်တို့ ဗိုက်ဆာတဲ့အခါ ခန္ဓာကိုယ်ထဲမှာရှိတဲ့ မျိုးဗီဇဆိုင်ရာထိန်းချုပ်ပစ္စည်း (gene) ကနေ neuropeptide Y ဆိုတဲ့ သဘာဝဓာတ်ပစ္စည်းတမျိုးကို ဦးနှောက်ထဲသို့ လွှတ်ထုတ်လိုက်ပြီး ဒီ neuropeptide Y ဟာ အာသာငမ်းငမ်း အစာစားချင်စိတ်ကို ဖြစ်စေပါတယ်။ဒါ့အပြင် စိတ်ပိုင်းဆိုင်ရာလွှမ်းမိုးမှုတွေကလည်း ဗိုက်ဆာတဲ့အခါ စိတ်တိုဒေါသထွက်တဲ့ အနေအထားကို ဖြစ်စေပြန်ပါတယ်။ဥပမာ သင်စိတ်တိုဒေါသထွက်နေတာကို ဝုန်းဝုန်းဒိုင်းဒိုင်းဖော်ပြတာ မဖော်ပြတာကတော့ ပတ်ဝန်းကျင်၊ဓလေ့ထုံးတမ်းရဲ့ လွှမ်းမိုးမှုနဲ့ သက်ဆိုင်ပါတယ်။

အထက်ပါ ဖော်ပြခဲ့တဲ့ နောက်ခံအကြောင်းရင်းတွေဟာ တဦးနဲ့တဦး ဘယ်နည်းနဲ့မှ မတူညီနိုင်တာမို့ ဗိုက်ဆာတဲ့အခါ ဘယ်လောက်အတိုင်းအတာထိ စိတ်ဆိုး ဒေါသထွက်မလဲ ဆိုတာကလည်း ကွာခြားပါလိမ့်မယ်။

ဗိုက်ဆာရင် စိတ်တိုဒေါသထွက်တာကို ဘယ်လိုရင်ဆိုင်ဖြေရှင်းရမလဲ။

အလွယ်ဆုံး အရှင်းဆုံးနည်းကတော့ သင်အရမ်းကြီး ဗိုက်ဆာမလာခင် ဦးအောင်စားလိုက်တာပဲ ဖြစ်ပါတယ်။သင့်ခေါင်းထဲပေါ်လာမယ့် ပထမဆုံးအတွေးက ချောကလက် ဒါမှမဟုတ် သရေစာ အချိုမုန့်တခုခု ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ဒါပေမယ့် သူတို့တွေကရမယ့် ဂလူးကို့စ်သကြားဓာတ်ဟာ ယာယီသာ ခံမှာဖြစ်ပြီး မကောင်းတဲ့ သကြားဓာတ်တွေအဖြစ်လည်း ဦးတည်စေပါတယ်။   နောက်ဆုံးမှာတော့ သင့်အနေနဲ့ ပိုပြီးဒေါသထွက်လာတာပဲ အဖတ်တင်မှာ ဖြစ်ပါတယ်။

ဒါ့အပြင် ဗိုက်ဆာတာနဲ့ အစာစားလိုက်တဲ့နည်းဟာ တချို့တွေအတွက် အဆင်မပြေပါဖူး (ဥပမာ လုပ်ငန်းခွင်ထဲ ရောက်နေသူတွေ၊ဥပုသ်စောင့်သူတွေ ဒါမှမဟုတ် ဆရာဝန်က အစာမစားဖို့ ညွှန်ကြားထားသူတွေမှာပေါ့)။ဒါကြောင့် အလုပ်ချိန်ကြာမြင့်တဲ့ အလုပ်တွေလုပ်တာ၊ဥပုသ်စောင့်တာအစရှိတဲ့ ကြာရှည်အစာမစားရတဲ့ ကိစ္စတွေကို သင့်ဆရာဝန်က ခွင့်ပြုမှ လုပ်သင့်ပါတယ်။

သိထားသင့်တဲ့ အချက်တချက်က သင့်ခန္ဓာကိုယ်ရဲ့ ဂလူးကို့စ်ပမာဏတည်ငြိမ်မှုရှိအောင် ဟော်မုန်းတွေက အချိန်အတိုင်းအတာတခုထိ ထိန်းပေးထားနိုင်ပါတယ်။ဒါ့ကြောင့် သင့်အနေနဲ့ ဗိုက်အတော်ဆာလာတဲ့အခါ စားစရာပြင်ဆင် ဒါမှမဟုတ် ဝယ်ယူစားသောက်ဖို့ အချိန်တခု ရစေပါတယ်။တကယ်လို့ သင်ဟာ အလုပ်များသူတယောက်ဆိုရင် အစာစားချိန်ကို သတ်သတ်မှတ်မှတ် ထားတာမျိုး ဒါမှမဟုတ် အစာကို ကြိုတင်ပြင်ဆင်ထားတာမျိုးကို လုပ်နိုင်ပါတယ်။ဒါတင်မကသေးပါဘူး။အာဟာရဓာတ် ကြွယ်ဝစွာ ပါဝင်တဲ့ သဘာဝအစားအသောက်တွေက သင့်ကိုပိုပြီး အဆာခံစေတယ်ဆိုတာလည်း မမေ့ပါနဲ့။

ချေဖျက်ဖို့ခက်တဲ့ အစာအစာတွေ (ဥပမာ အမျှင်ဓာတ် ပါဝင်တဲ့ အစားအစာတွေ)ကတော့ အကောင်းဆုံး အစာအုပ်စုပဲ ဖြစ်ပါတယ်။တကယ်လို့သင့်အနေနဲ့ ဝိတ်လည်းချနေတယ်၊ ဗိုက်လည်း ဆာတယ်ဆိုရင် ပရိုတင်းဓာတ်တွေက သင့်အတွက် အကောင်းဆုံးဖြစ်မှာပါ။သစ်သီးတွေဟာ သကြားဓာတ်ပါဝင်တဲ့အပြင် ခန္ဓာကိုယ်ကလည်း လျင်မြန်စွာချေဖျက်ပစ်နိုင်တာကြောင့် လိုအပ်တဲ့နေရာကို မြန်မြန်ဆန်ဆန် ရောက်သွားစေနိုင်ပါတယ်။တကယ်လို့ သင်ဟာဗိုက်ဆာလို့ စိတ်ကလည်း တိုလာပြီ ၊ထမင်းစားဖို့ကလည်း အချိန်နည်းနည်း လိုနေသေးတယ်ဆိုရင် သစ်သီးတွေဟာ အကောင်းဆုံး ရွေးချယ်မှု ဖြစ်လာမှာပါ။

Credit : Mizzima

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top