iMyanmarHouse.com - Best Property Website for Myanmar
×

ဖရဲသီးဟာ ရာသီေပၚ အသီးအႏွံျဖစ္ၿပီး ျမန္မာျပည္သူျပည္သားေတြ အမ်ားဆံုး စားသံုးၾကတဲ့ သြားရည္စာတစ္မ်ိဳး ျဖစ္ပါတယ္။ မာတ္တြိန္းကေတာင္ ဖရဲသီးကို စားတဲ့သူဟာ နတ္သားေတြ ဘာစားတယ္ ဆိုတာ သိလာလိမ့္မယ္ဆိုၿပီး ဖရဲသီးဂုဏ္ကို ခ်ီးေျမာက္ခဲ့ပါတယ္။ ဖရဲသီးဟာ နတ္သားေတြ စားသံုးတဲ့သစ္သီးျဖစ္႐ံုမက နတ္သမီးေလးျဖစ္ေအာင္ပါ ဘယ္လို စားသံုးသင့္တယ္ဆိုတဲ့အေၾကာင္းကုိ တင္ဆက္စရာ သစ္သီးအလွအျဖစ္ ေဖာ္ျပလိုက္ရပါတယ္။

 မွတ္ဉာဏ္ေကာင္းေစတယ္

ျမင္းခြာရြက္မွ မွတ္ဉာဏ္ေကာင္းတာ မဟုတ္ဘူးေနာ္။ ဖရဲသီးဟာလည္း လူကို မွတ္ဉာဏ္ေကာင္း ေစတယ္။ ဖရဲသီးအေစ့ကို အခြံခြာၿပီး ေလး၊ ငါးလံုးေလာက္ မနက္ ဘာမွမစားရေသးခင္ စားေပးပါ။ ေက်ာင္းသူ ေက်ာင္းသားေတြ စားသံုးေပးသင့္ပါတယ္။ မွတ္ဉာဏ္ေကာင္းေစပါတယ္။ ဖရဲသီးအေစ့မွာ ပ႐ိုတင္း၊ အက္မီႏိုအက္ဆစ္၊ ဗီတာမင္ဘီ၊ သံဓာတ္၊ ဇင့္ဓာတ္နဲ႔ တျခားဓာတ္ေတြ ပါဝင္ပါတယ္။ ဒါ့အျပင္ ညဘက္အိပ္မေပ်ာ္ျခင္း၊ လြယ္ကူစြာ အိပ္မရျခင္း၊ ခဏ ခဏ သတိေမ့ေလ်ာ့ျခင္းမ်ားအတြက္ ဖရဲသီးဟာ အေကာင္းဆံုး မွတ္ဉာဏ္တိုးေဆးပဲ ျဖစ္ပါတယ္။

ဝမ္းခ်ဳပ္တာကာကြယ္

ဖရဲသီးကို ေန႔လယ္စာနဲ႔ ညစာစားၿပီးအခ်ိန္ စားသံုးေပးရင္ ဝမ္းခ်ဳပ္ျခင္းမွ ကာကြယ္ ေပးပါတယ္။ ဖ်ားေနရင္ ဖရဲသီးကို ဒီအတိုင္းေသာ္လည္းေကာင္း၊ အရည္ေသာ္ လည္းေကာင္း ေသာက္သံုးေပးပါ။ ေခ်ာင္းေျခာက္္ဆိုးေနရင္ ဆားခပ္ၿပီး ေသာက္ေပးပါ။

ေခါင္းကိုက္၊ ေက်ာက္ကပ္

ေခါင္းကိုက္ေနရင္ ဖရဲသီးေဖ်ာ္ရည္ကို မနက္ပိုင္း ဘာမွမစားရေသးခင္ ေသာက္ေပးပါ။ သၾကားတစ္ဇြန္း (လက္ဖက္ရည္ဇြန္း) နဲ႔ ခပ္ၿပီး ေသာက္ေပးပါ။ ဖရဲသီးကို အရည္ပဲျဖစ္ျဖစ္၊ ဒီအတိုင္းပဲျဖစ္ျဖစ္ စားသံုးေပးပါက ေက်ာက္ကပ္ကို သန္႔စင္ေစပါတယ္။ ဂ်ိဳးေတြက်ေစ ပါတယ္။ ကြမ္းစားလို႔ ေက်ာက္ကပ္မွာ ထံုးေတြတည္ေနတာေတြ က်ေစပါတယ္။

ေသြးတိုးအတြက္

ေသြးတိုးသမားေတြအတြက္ ဖရဲသီးအေစ့ကို ေဖ်ာ္ရည္လုပ္ၿပီး ေသာက္ေပးရပါမယ္။ ဖရဲသီးအေစ့ကို ေနလွန္းၿပီး တစ္ရက္ထားပါ။ ၿပီးရင္ လက္ဖက္ရည္ဇြန္း (၂)ဇြန္းစာ အေစ့ေတြကိုယူၿပီး ေရေႏြးနဲ႔ တစ္နာရီေလာက္ ျပဳတ္ေပးပါ။ သံုးပံုတစ္ပံုက်န္မွ အရည္နဲ႔စစ္ၿပီး အဲဒီ့အရည္ကို မနက္တိုင္း ဘာအစာမွ မစားရေသးခင္ ေသာက္သံုးေပး ရပါမယ္။ က်န္တဲ့ ေန႔ခင္းဘက္အခ်ိန္ေတြ ေသာက္ရင္လည္း ရပါတယ္။ မနက္ပိုင္း ဘာအစာမွ မစားရေသးခင္ ေသာက္တာဟာ အေကာင္းဆံုး အက်ိဳးသက္ေရာက္မႈ ရွိေစပါတယ္။

ဖရဲသီး Diet လုပ္နည္း

ဖရဲသီးဟာ ဝိတ္က်ေစတဲ့ သစ္သီးတစ္မ်ိဳး ျဖစ္ပါတယ္။ ဖရဲသီးတစ္ခြက္မွာ ကယ္လိုရီ ၄၆ ရွိပါတယ္။ ဖရဲသီးေဖ်ာ္ရည္ကို မ်ားမ်ားေသာက္ၿပီး ေရမ်ားမ်ားေသာက္ေပးရင္ သိသိသာသာ ဝိတ္က်လာေစပါတယ္။ တျခား ေဘးထြက္ဆိုးက်ိဳးမ်ား မရွိတဲ့အတြက္ စိတ္ခ်လက္ခ် စားသံုးႏိုင္ပါတယ္။ ဖရဲသီးကို ဘယ္ေလာက္စားသံုးေပးရမလဲဆိုေတာ့ ကိုယ္ဘယ္ေလာက္ ဝိတ္ျမန္ျမန္ခ်ခ်င္တယ္ဆိုတဲ့အေပၚမွာ မူတည္ပါတယ္။ သာမန္အား ျဖင့္ေတာ့ ကယ္လိုရီ ၁၅၀ စားသံုးေပးရမွာ ျဖစ္ပါတယ္။ ဖရဲသီးကို မနက္စာ မစားခင္ အခ်ိန္၊ ေန႔လယ္စာမစားခင္ တစ္ခြက္နဲ႔ ညေနစာမစားခင္ တစ္ခြက္ ေသာက္ေပးပါ။ သြားရည္စာအျဖစ္လည္း စားသံုးေပးပါ။ ဖရဲသီးထဲမွာပါတဲ့ သၾကားဓာတ္ဟာ ေဘးဘယာမျဖစ္ေစပါဘူး။

အေကာင္းဆံုး Toner

ဖရဲသီးဟာ သဘာဝအေကာင္းဆံုး Toner တစ္ခုပဲျဖစ္ပါတယ္။ ဖရဲသီးအရည္ကို ပ်ားရည္နဲ႔ေရာၿပီး ေျခာက္ေသြ႕တဲ့ အသားအေရပိုင္ရွင္ေတြအတြက္ လိမ္းေပးႏိုင္ပါတယ္။ အဆီျပန္တဲ့အသားအေရအတြက္ ဖရဲသီးအရည္နဲ႔တင္ လိမ္းေပးႏုိင္ပါတယ္။ သဘာဝ Toner ျဖစ္ၿပီး မ်က္ႏွာအေရျပားအတြက္လည္း လိမ္းေပးႏုိင္ပါေသးတယ္။ လိမ္းမည္္ ဆိုပါက အရင္ဆံုး ပိတ္ျဖဴသန္႔တစ္စအေပၚ ဖရဲသီးအရည္ဆြတ္ၿပီး မ်က္ႏွာကို လိမ္းေပးပါ။ လည္ပင္းေနရာေတြကိုပါ လိမ္းေပးရမွာ ျဖစ္ပါတယ္။ အသားအေရကို တင္းရင္းေစတယ္။ စိုျပည္ေစပါတယ္။ ဗီတာမင္စီ၊ ဗီတာမင္ေအတို႔ ပါဝင္တဲ့အတြက္ အသားအေရကို ေတာက္ပရႊန္းလဲ့ေစပါတယ္။ အေရျပားေပၚက ပ်က္စီးေနတဲ့ဆဲလ္ေတြကို ျပဳျပင္ေပးၿပီး အသစ္ျပန္လည္ ျဖည့္ဆည္းေပးပါတယ္။

ဖရဲသီးနဲ႔ မ်က္ႏွာေပါင္းတင္မယ္

ဖရဲသီးကို ညႇစ္ၿပီး အဖတ္ကို မ်က္ႏွာနဲ႔ လည္ပင္းေနရာေတြကို လိမ္းေပးပါ။ ၁၅ မိနစ္ေလာက္ထားၿပီး မ်က္ႏွာကို ျပန္ေဆးေပးပါ။ ဒါက ႐ိုး႐ိုးနည္းျဖစ္ပါတယ္။ မ်က္ႏွာမွာ ေနေလာင္ဒဏ္ေတြ၊ ေနပူထဲ ခဏ ခဏသြားရတဲ့ မ်က္ႏွာမည္းညစ္ေနတဲ့သူဆိုရင္ေတာ့ ဖရဲသီးနဲ႔ သခြားသီးကို အခ်ိဳးက်ညႇစ္ၿပီး အဖတ္နဲ႔လိမ္းေပးရမွာ ျဖစ္ပါတယ္။ မိနစ္ ၂၀ ေလာက္ထားၿပီးမွ ေရနဲ႔ျပန္ေဆးေပးပါ။ သာမန္အသားအေရအတြက္ ဖရဲသီး ေပါင္းတင္ နည္းဟာ အေရျပားကို ႏူးညံ့ရႊန္းစိုလာေစၿပီး ေနေလာင္ဒဏ္ အသားအေရမ်ားအတြက္ မည္းညစ္ေနတာေတြ ေပ်ာက္ကင္းၿပီး ရွင္းသန္႔လာေစပါတယ္။

ေႏြဦးအစားအစာ

ပူအိုက္တဲ့ရာသီမွာ စားသံုးသင့္တဲ့ အသီးတစ္မ်ိဳးပါပဲ။ ဘာျဖစ္လို႔လဲဆိုေတာ့ ဖရဲသီးမွာ ေရဓာတ္အမ်ားႀကီး ပါပါတယ္။ ၉၂ ရာခိုင္ႏႈန္း ပါဝင္ပါတယ္။ ေရကိုဒီအတိုင္းႀကီး ေသာက္တာထက္ ဖရဲသီးကို စားေပးတာဟာ အရသာလည္းရွိ၊ ေရငတ္လည္းေျပပါတယ္။ ကိုယ္အတြင္းရွိ အဆိပ္ျဖစ္ေစမယ့္ အရာေတြကို ရွင္းေပးပါတယ္။

ပုရိသတို႔စားသံုးသင့္တဲ့ ဖရဲသီး

ဖရဲသီးဟာ ေယာက္်ားကာမအားတိုးေစတယ္လို႔ သိပၸံပညာရွင္မ်ားစြာက သက္ေသထူႏိုင္ခဲ့ ၾကပါတယ္။ ေယာက္်ားအေယာက္ ၅၀ ကို ေလ့လာဆန္းစစ္တဲ့အခါမွာ ကာမအား သိသိသာသာ တိုးလာေၾကာင္း ေတြ႕ရွိရပါတယ္။ ဖရဲသီးမွာ Citrulline ဓာတ္ေတြ အမ်ားႀကီးရွိပါတယ္။ ေလ့လာေတြ႕ရွိခ်က္မ်ားအရ လံုေလာက္တဲ့ Crtrulline ရရွိရန္ ဖရဲသီးေျခာက္စိတ္ (သို႔) ခုႏွစ္စိတ္ကို ေန႔စဥ္စားသံုးေပးရန္ လိုအပ္ေၾကာင္း သိရွိရပါတယ္။

Credit : 8 Days Journal
 ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ဖရဲသီးဟာ ရာသီပေါ် အသီးအနှံဖြစ်ပြီး မြန်မာပြည်သူပြည်သားတွေ အများဆုံး စားသုံးကြတဲ့ သွားရည်စာတစ်မျိုး ဖြစ်ပါတယ်။ မာတ်တွိန်းကတောင် ဖရဲသီးကို စားတဲ့သူဟာ နတ်သားတွေ ဘာစားတယ် ဆိုတာ သိလာလိမ့်မယ်ဆိုပြီး ဖရဲသီးဂုဏ်ကို ချီးမြောက်ခဲ့ပါတယ်။ ဖရဲသီးဟာ နတ်သားတွေ စားသုံးတဲ့သစ်သီးဖြစ်ရုံမက နတ်သမီးလေးဖြစ်အောင်ပါ ဘယ်လို စားသုံးသင့်တယ်ဆိုတဲ့အကြောင်းကို တင်ဆက်စရာ သစ်သီးအလှအဖြစ် ဖော်ပြလိုက်ရပါတယ်။

 မှတ်ဉာဏ်ကောင်းစေတယ်

မြင်းခွာရွက်မှ မှတ်ဉာဏ်ကောင်းတာ မဟုတ်ဘူးနော်။ ဖရဲသီးဟာလည်း လူကို မှတ်ဉာဏ်ကောင်း စေတယ်။ ဖရဲသီးအစေ့ကို အခွံခွာပြီး လေး၊ ငါးလုံးလောက် မနက် ဘာမှမစားရသေးခင် စားပေးပါ။ ကျောင်းသူ ကျောင်းသားတွေ စားသုံးပေးသင့်ပါတယ်။ မှတ်ဉာဏ်ကောင်းစေပါတယ်။ ဖရဲသီးအစေ့မှာ ပရိုတင်း၊ အက်မီနိုအက်ဆစ်၊ ဗီတာမင်ဘီ၊ သံဓာတ်၊ ဇင့်ဓာတ်နဲ့ တခြားဓာတ်တွေ ပါဝင်ပါတယ်။ ဒါ့အပြင် ညဘက်အိပ်မပျော်ခြင်း၊ လွယ်ကူစွာ အိပ်မရခြင်း၊ ခဏ ခဏ သတိမေ့လျော့ခြင်းများအတွက် ဖရဲသီးဟာ အကောင်းဆုံး မှတ်ဉာဏ်တိုးဆေးပဲ ဖြစ်ပါတယ်။

ဝမ်းချုပ်တာကာကွယ်

ဖရဲသီးကို နေ့လယ်စာနဲ့ ညစာစားပြီးအချိန် စားသုံးပေးရင် ဝမ်းချုပ်ခြင်းမှ ကာကွယ် ပေးပါတယ်။ ဖျားနေရင် ဖရဲသီးကို ဒီအတိုင်းသော်လည်းကောင်း၊ အရည်သော် လည်းကောင်း သောက်သုံးပေးပါ။ ချောင်းခြောက်ဆိုးနေရင် ဆားခပ်ပြီး သောက်ပေးပါ။

ခေါင်းကိုက်၊ ကျောက်ကပ်

ခေါင်းကိုက်နေရင် ဖရဲသီးဖျော်ရည်ကို မနက်ပိုင်း ဘာမှမစားရသေးခင် သောက်ပေးပါ။ သကြားတစ်ဇွန်း (လက်ဖက်ရည်ဇွန်း) နဲ့ ခပ်ပြီး သောက်ပေးပါ။ ဖရဲသီးကို အရည်ပဲဖြစ်ဖြစ်၊ ဒီအတိုင်းပဲဖြစ်ဖြစ် စားသုံးပေးပါက ကျောက်ကပ်ကို သန့်စင်စေပါတယ်။ ဂျိုးတွေကျစေ ပါတယ်။ ကွမ်းစားလို့ ကျောက်ကပ်မှာ ထုံးတွေတည်နေတာတွေ ကျစေပါတယ်။

သွေးတိုးအတွက်

သွေးတိုးသမားတွေအတွက် ဖရဲသီးအစေ့ကို ဖျော်ရည်လုပ်ပြီး သောက်ပေးရပါမယ်။ ဖရဲသီးအစေ့ကို နေလှန်းပြီး တစ်ရက်ထားပါ။ ပြီးရင် လက်ဖက်ရည်ဇွန်း (၂)ဇွန်းစာ အစေ့တွေကိုယူပြီး ရေနွေးနဲ့ တစ်နာရီလောက် ပြုတ်ပေးပါ။ သုံးပုံတစ်ပုံကျန်မှ အရည်နဲ့စစ်ပြီး အဲဒီ့အရည်ကို မနက်တိုင်း ဘာအစာမှ မစားရသေးခင် သောက်သုံးပေး ရပါမယ်။ ကျန်တဲ့ နေ့ခင်းဘက်အချိန်တွေ သောက်ရင်လည်း ရပါတယ်။ မနက်ပိုင်း ဘာအစာမှ မစားရသေးခင် သောက်တာဟာ အကောင်းဆုံး အကျိုးသက်ရောက်မှု ရှိစေပါတယ်။

ဖရဲသီး Diet လုပ်နည်း

ဖရဲသီးဟာ ဝိတ်ကျစေတဲ့ သစ်သီးတစ်မျိုး ဖြစ်ပါတယ်။ ဖရဲသီးတစ်ခွက်မှာ ကယ်လိုရီ ၄၆ ရှိပါတယ်။ ဖရဲသီးဖျော်ရည်ကို များများသောက်ပြီး ရေများများသောက်ပေးရင် သိသိသာသာ ဝိတ်ကျလာစေပါတယ်။ တခြား ဘေးထွက်ဆိုးကျိုးများ မရှိတဲ့အတွက် စိတ်ချလက်ချ စားသုံးနိုင်ပါတယ်။ ဖရဲသီးကို ဘယ်လောက်စားသုံးပေးရမလဲဆိုတော့ ကိုယ်ဘယ်လောက် ဝိတ်မြန်မြန်ချချင်တယ်ဆိုတဲ့အပေါ်မှာ မူတည်ပါတယ်။ သာမန်အား ဖြင့်တော့ ကယ်လိုရီ ၁၅၀ စားသုံးပေးရမှာ ဖြစ်ပါတယ်။ ဖရဲသီးကို မနက်စာ မစားခင် အချိန်၊ နေ့လယ်စာမစားခင် တစ်ခွက်နဲ့ ညနေစာမစားခင် တစ်ခွက် သောက်ပေးပါ။ သွားရည်စာအဖြစ်လည်း စားသုံးပေးပါ။ ဖရဲသီးထဲမှာပါတဲ့ သကြားဓာတ်ဟာ ဘေးဘယာမဖြစ်စေပါဘူး။

အကောင်းဆုံး Toner

ဖရဲသီးဟာ သဘာဝအကောင်းဆုံး Toner တစ်ခုပဲဖြစ်ပါတယ်။ ဖရဲသီးအရည်ကို ပျားရည်နဲ့ရောပြီး ခြောက်သွေ့တဲ့ အသားအရေပိုင်ရှင်တွေအတွက် လိမ်းပေးနိုင်ပါတယ်။ အဆီပြန်တဲ့အသားအရေအတွက် ဖရဲသီးအရည်နဲ့တင် လိမ်းပေးနိုင်ပါတယ်။ သဘာဝ Toner ဖြစ်ပြီး မျက်နှာအရေပြားအတွက်လည်း လိမ်းပေးနိုင်ပါသေးတယ်။ လိမ်းမည် ဆိုပါက အရင်ဆုံး ပိတ်ဖြူသန့်တစ်စအပေါ် ဖရဲသီးအရည်ဆွတ်ပြီး မျက်နှာကို လိမ်းပေးပါ။ လည်ပင်းနေရာတွေကိုပါ လိမ်းပေးရမှာ ဖြစ်ပါတယ်။ အသားအရေကို တင်းရင်းစေတယ်။ စိုပြည်စေပါတယ်။ ဗီတာမင်စီ၊ ဗီတာမင်အေတို့ ပါဝင်တဲ့အတွက် အသားအရေကို တောက်ပရွှန်းလဲ့စေပါတယ်။ အရေပြားပေါ်က ပျက်စီးနေတဲ့ဆဲလ်တွေကို ပြုပြင်ပေးပြီး အသစ်ပြန်လည် ဖြည့်ဆည်းပေးပါတယ်။

ဖရဲသီးနဲ့ မျက်နှာပေါင်းတင်မယ်

ဖရဲသီးကို ညှစ်ပြီး အဖတ်ကို မျက်နှာနဲ့ လည်ပင်းနေရာတွေကို လိမ်းပေးပါ။ ၁၅ မိနစ်လောက်ထားပြီး မျက်နှာကို ပြန်ဆေးပေးပါ။ ဒါက ရိုးရိုးနည်းဖြစ်ပါတယ်။ မျက်နှာမှာ နေလောင်ဒဏ်တွေ၊ နေပူထဲ ခဏ ခဏသွားရတဲ့ မျက်နှာမည်းညစ်နေတဲ့သူဆိုရင်တော့ ဖရဲသီးနဲ့ သခွားသီးကို အချိုးကျညှစ်ပြီး အဖတ်နဲ့လိမ်းပေးရမှာ ဖြစ်ပါတယ်။ မိနစ် ၂၀ လောက်ထားပြီးမှ ရေနဲ့ပြန်ဆေးပေးပါ။ သာမန်အသားအရေအတွက် ဖရဲသီး ပေါင်းတင် နည်းဟာ အရေပြားကို နူးညံ့ရွှန်းစိုလာစေပြီး နေလောင်ဒဏ် အသားအရေများအတွက် မည်းညစ်နေတာတွေ ပျောက်ကင်းပြီး ရှင်းသန့်လာစေပါတယ်။

နွေဦးအစားအစာ

ပူအိုက်တဲ့ရာသီမှာ စားသုံးသင့်တဲ့ အသီးတစ်မျိုးပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ဖရဲသီးမှာ ရေဓာတ်အများကြီး ပါပါတယ်။ ၉၂ ရာခိုင်နှုန်း ပါဝင်ပါတယ်။ ရေကိုဒီအတိုင်းကြီး သောက်တာထက် ဖရဲသီးကို စားပေးတာဟာ အရသာလည်းရှိ၊ ရေငတ်လည်းပြေပါတယ်။ ကိုယ်အတွင်းရှိ အဆိပ်ဖြစ်စေမယ့် အရာတွေကို ရှင်းပေးပါတယ်။

ပုရိသတို့စားသုံးသင့်တဲ့ ဖရဲသီး

ဖရဲသီးဟာ ယောက်ျားကာမအားတိုးစေတယ်လို့ သိပ္ပံပညာရှင်များစွာက သက်သေထူနိုင်ခဲ့ ကြပါတယ်။ ယောက်ျားအယောက် ၅၀ ကို လေ့လာဆန်းစစ်တဲ့အခါမှာ ကာမအား သိသိသာသာ တိုးလာကြောင်း တွေ့ရှိရပါတယ်။ ဖရဲသီးမှာ Citrulline ဓာတ်တွေ အများကြီးရှိပါတယ်။ လေ့လာတွေ့ရှိချက်များအရ လုံလောက်တဲ့ Crtrulline ရရှိရန် ဖရဲသီးခြောက်စိတ် (သို့) ခုနှစ်စိတ်ကို နေ့စဉ်စားသုံးပေးရန် လိုအပ်ကြောင်း သိရှိရပါတယ်။

Credit : 8 Days Journal

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top