iMyanmarHouse.com - Best Property Website for Myanmar
×

ဆံသားေတြပါးလႊာ၊ ကၽြတ္ထြက္ကုန္တာကို ျမင္ေတြ႕ရတယ္ဆိုတာဟာ အင္မတန္ေခါင္းခဲစရာအလုပ္တစ္ခုပါ။ က်န္းမာေရးႏွင့္မညီညြတ္သည့္ လူေနမူဘ၀မ်ား၊ အာဟာရဓာတ္ခ်ိဳ႕တဲ့မႈမ်ား၊ ဓာတ္မတည့္မႈမ်ား၊ ေဟာ္မုန္းအေျပာင္းအလဲျဖစ္မႈမ်ား၊ ဆံေကသာေသခ်ာဂရုမစိုက္မႈမ်ား စသည့္ ျပႆနာေပါင္းစံုတို႕ေႀကာင့္ ဆံပင္ကၽြတ္လာရျခင္းျဖစ္ပါတယ္။ ဒါေႀကာင့္ ဆံပင္ကၽြတ္တာကို မီးဖိုေခ်ာင္က အသံုးအေဆာင္ပစၥည္းမ်ားကို အသံုးျပဳၿပီး ရပ္တန္႕ႏိုင္ရံုသာမက ဆံေကသာနဂိုမူလအတိုင္း ျပန္လည္ေကာင္းမြန္လာေစႏိုင္မယ့္ နည္းလမ္းေလးေတြလည္း ရွိပါေသးတယ္။

၁။ ရွားေစာင္းလက္ပတ္

ရွားေစာင္းလက္ပတ္အႏွစ္ ၂ ဇြန္းစာကို ေသခ်ာေမႊေပးကာ ဦးေရၿပားကိုလက္ေခ်ာင္းေလးမ်ားျဖင့္ ငါးမိနစ္ႀကာ ေသခ်ာႏွိပ္နယ္ေပးၿပီးေနာက္ ေနာက္ထပ္ ၂၅ မိနစ္ခန္႕ထားရွိေပးပါ။ ၿပီးလွ်င္ေတာ့ ေရေႏြးေႏြးေလးျဖင့္ ေဆးေႀကာေပးႏုိင္ပါတယ္။

၂။ ႀကက္ဥမ်ား

ပန္းကန္ထဲတြင္ ႀကက္ဥတစ္လံုးကို သံလြင္ဆီတစ္ဇြန္းျဖင့္ေရာစပ္ၿပီး ေသေသခ်ာခ်ာေမႊေပးပါ။ ဆံပင္ႏွင့္ဦးေရျပားကိုလိမ္းျခယ္ၿပီး အရင္းမွအဖ်ားအထိ ဂရုစိုက္ေပးႏုိင္မွာျဖစ္ပါတယ္။ ဦးေရျပားႏွင့္ဆံေကသာ ႏွံ႕သြားၿပီဆိုပါက ဆံပင္ကို shower cap ျဖင့္ မိနစ္ ၂၀ ခန္႕ထားဖံုးၿပီးသည့္အခါ ေခါင္းေလွ်ာ္ရည္ႏွင့္ေရေအးကို အဓိကအသံုးျပဳၿပီး ေဆးေႀကာပစ္ႏိုင္ပါတယ္။ (တစ္ပတ္လွ်င္ႏွစ္ႀကိမ္ခန္႕)

၃။ ေထာပတ္သီး

ေထာပတ္သီးႏွင့္ငွက္ေပ်ာသီးကို ပ်စ္ႏွစ္ေနသည္အထိ ဖိေခ်ေပးပါ။ ရရွိလာတဲ့အေရာအား ဆံပင္ႏွင့္ဦးေရျပားကို အရင္းမွအျမစ္အထိလိမ္းျခယ္ေပးပါ။ ႏွံ႕သြားၿပီဆိုလွ်င္ shower cap ဖံုးၿပီး နာရီ၀က္မွတစ္နာရီအထိ ထားရွိေပးပါ။ ၿပီးသြားၿပီဆိုလွ်င္ ေခါင္းေလွ်ာ္ရည္ႏွင့္ေရေအးကို အသံုးျပဳကာ ေဆးေႀကာသန္႕စင္ပစ္ႏို္င္ပါတယ္။ (တစ္ပတ္လွ်င္တစ္ႀကိမ္)

၄။ ဒန္းရြက္မ်ား

လတ္ဆတ္သည့္ဒန္းရြက္မ်ားကို ေရျဖင့္ႀကိတ္ေျခကာ ဆံေကသာႏွင့္ဦးေရျပားကို အရင္းမွအဖ်ားအထိ ေသခ်ာလိမ္းျခယ္ေပးပါ။ ႏွံ႕စပ္သြားၿပီဆိုပါက shower cap ကိုအသံုးျပဳၿပီး ၃ နာရီခန္႕ထားေပးပါ။ ၿပီးလွ်င္ေတာ့ ေခါင္းေလွ်ာ္ရည္ႏွင့္ေရေအးျဖင့္ ေသခ်ာေဆးေႀကာေပးႏိုင္ပါတယ္။ (တစ္လလွ်င္တစ္ႀကိမ္)

၅။ အုန္းဆီ

အုန္းဆီကို ပန္းကန္ထဲတြင္ထည့္ၿပီး အနည္းငယ္ေႏြးလာသည္အထိ စကၠန္႕အနည္းငယ္မွ် အပူေပးပါ။ လက္ေခ်ာင္းေလးမ်ားျဖင့္ ဦးေရၿပားထဲသို႕ ၁၀ မိနစ္ခန္႕ႏွိပ္နယ္ေပးၿပီးေနာက္ လက္က်န္ဆီအပိုကို ဆံပင္တြင္လိမ္းေပးၿပီး ေနာက္ထပ္နာရီ၀က္ခန္႕ထားေပးပါ။ တစ္ညတာထားအိပ္ေပးၿပီး မနက္ပိုင္းတြင္ေခါင္းေလွ်ာ္ပစ္ႏိုင္ပါတယ္။ (တစ္ပတ္လွ်င္ ႏွစ္ႀကိမ္မွသံုးႀကိမ္)

၆။ ေရေႏြးႀကမ္း

အေအးခံထားသည့္ေရေႏြးႀကမ္းကို ဆံပင္တစ္ေလွ်ာက္ေလာင္းခ်ေပးေနစဥ္တစ္ေလွ်ာက္ ဦးေရျပားကိုႏွိပ္နယ္ေပးပါ။ ေရေႏြးႀကမ္း ဆံပင္တြင္ေသခ်ာစိုရႊဲေနၿပီဆိုပါက တစ္နာရီခန္႕ထားေပးကာ ႀကက္သီးေႏြးထရံုေရေႏြးျဖင့္ ေခါင္းကိုသန္႕စင္ေပးႏိုင္ပါတယ္။ (တစ္ပတ္လွ်င္ ၁ ႀကိမ္မွ ၂ ႀကိမ္)

၇။ ႀကက္သြန္နီအရည္

ႀကက္သြန္နီကိုအခြံခြာၿပီး အစိတ္ေသးေလးမ်ားလွီးေပးပါ။ ေသေသခ်ာခ်ာႀကိတ္ေျခၿပီး အ၀တ္ကိုအသံုးျပဳကာ အရည္ညွစ္ထုတ္ပစ္ပါ။ ႀကက္သြန္နီအရည္ကို ဦးေရျပားအတြင္း ၅ မိနစ္ႀကာ ႏွိပ္နယ္ေပးကာ ေနာက္ထပ္ ၁၀ မိနစ္ခန္႕ထားရွိေပးပါ။ ၿပီးသြားလွ်င္ေတာ့ ထံုးစံအတိုင္းေခါင္းေလွ်ာ္ေပးႏိုင္ပါတယ္။ (တစ္ပတ္ကို ႏွစ္ႀကိမ္မွ သံုးႀကိမ္)

Credit : MyStyle
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ဆံသားတွေပါးလွှာ၊ ကျွတ်ထွက်ကုန်တာကို မြင်တွေ့ရတယ်ဆိုတာဟာ အင်မတန်ခေါင်းခဲစရာအလုပ်တစ်ခုပါ။ ကျန်းမာရေးနှင့်မညီညွတ်သည့် လူနေမူဘဝများ၊ အာဟာရဓာတ်ချို့တဲ့မှုများ၊ ဓာတ်မတည့်မှုများ၊ ဟော်မုန်းအပြောင်းအလဲဖြစ်မှုများ၊ ဆံကေသာသေချာဂရုမစိုက်မှုများ စသည့် ပြဿနာပေါင်းစုံတို့ကြောင့် ဆံပင်ကျွတ်လာရခြင်းဖြစ်ပါတယ်။ ဒါကြောင့် ဆံပင်ကျွတ်တာကို မီးဖိုချောင်က အသုံးအဆောင်ပစ္စည်းများကို အသုံးပြုပြီး ရပ်တန့်နိုင်ရုံသာမက ဆံကေသာနဂိုမူလအတိုင်း ပြန်လည်ကောင်းမွန်လာစေနိုင်မယ့် နည်းလမ်းလေးတွေလည်း ရှိပါသေးတယ်။

၁။ ရှားစောင်းလက်ပတ်

ရှားစောင်းလက်ပတ်အနှစ် ၂ ဇွန်းစာကို သေချာမွှေပေးကာ ဦးရေပြားကိုလက်ချောင်းလေးများဖြင့် ငါးမိနစ်ကြာ သေချာနှိပ်နယ်ပေးပြီးနောက် နောက်ထပ် ၂၅ မိနစ်ခန့်ထားရှိပေးပါ။ ပြီးလျှင်တော့ ရေနွေးနွေးလေးဖြင့် ဆေးကြောပေးနိုင်ပါတယ်။

၂။ ကြက်ဥများ

ပန်းကန်ထဲတွင် ကြက်ဥတစ်လုံးကို သံလွင်ဆီတစ်ဇွန်းဖြင့်ရောစပ်ပြီး သေသေချာချာမွှေပေးပါ။ ဆံပင်နှင့်ဦးရေပြားကိုလိမ်းခြယ်ပြီး အရင်းမှအဖျားအထိ ဂရုစိုက်ပေးနိုင်မှာဖြစ်ပါတယ်။ ဦးရေပြားနှင့်ဆံကေသာ နှံ့သွားပြီဆိုပါက ဆံပင်ကို shower cap ဖြင့် မိနစ် ၂၀ ခန့်ထားဖုံးပြီးသည့်အခါ ခေါင်းလျှော်ရည်နှင့်ရေအေးကို အဓိကအသုံးပြုပြီး ဆေးကြောပစ်နိုင်ပါတယ်။ (တစ်ပတ်လျှင်နှစ်ကြိမ်ခန့်)

၃။ ထောပတ်သီး

ထောပတ်သီးနှင့်ငှက်ပျောသီးကို ပျစ်နှစ်နေသည်အထိ ဖိချေပေးပါ။ ရရှိလာတဲ့အရောအား ဆံပင်နှင့်ဦးရေပြားကို အရင်းမှအမြစ်အထိလိမ်းခြယ်ပေးပါ။ နှံ့သွားပြီဆိုလျှင် shower cap ဖုံးပြီး နာရီဝက်မှတစ်နာရီအထိ ထားရှိပေးပါ။ ပြီးသွားပြီဆိုလျှင် ခေါင်းလျှော်ရည်နှင့်ရေအေးကို အသုံးပြုကာ ဆေးကြောသန့်စင်ပစ်နိုင်ပါတယ်။ (တစ်ပတ်လျှင်တစ်ကြိမ်)

၄။ ဒန်းရွက်များ

လတ်ဆတ်သည့်ဒန်းရွက်များကို ရေဖြင့်ကြိတ်ခြေကာ ဆံကေသာနှင့်ဦးရေပြားကို အရင်းမှအဖျားအထိ သေချာလိမ်းခြယ်ပေးပါ။ နှံ့စပ်သွားပြီဆိုပါက shower cap ကိုအသုံးပြုပြီး ၃ နာရီခန့်ထားပေးပါ။ ပြီးလျှင်တော့ ခေါင်းလျှော်ရည်နှင့်ရေအေးဖြင့် သေချာဆေးကြောပေးနိုင်ပါတယ်။ (တစ်လလျှင်တစ်ကြိမ်)

၅။ အုန်းဆီ

အုန်းဆီကို ပန်းကန်ထဲတွင်ထည့်ပြီး အနည်းငယ်နွေးလာသည်အထိ စက္ကန့်အနည်းငယ်မျှ အပူပေးပါ။ လက်ချောင်းလေးများဖြင့် ဦးရေပြားထဲသို့ ၁၀ မိနစ်ခန့်နှိပ်နယ်ပေးပြီးနောက် လက်ကျန်ဆီအပိုကို ဆံပင်တွင်လိမ်းပေးပြီး နောက်ထပ်နာရီဝက်ခန့်ထားပေးပါ။ တစ်ညတာထားအိပ်ပေးပြီး မနက်ပိုင်းတွင်ခေါင်းလျှော်ပစ်နိုင်ပါတယ်။ (တစ်ပတ်လျှင် နှစ်ကြိမ်မှသုံးကြိမ်)

၆။ ရေနွေးကြမ်း

အအေးခံထားသည့်ရေနွေးကြမ်းကို ဆံပင်တစ်လျှောက်လောင်းချပေးနေစဉ်တစ်လျှောက် ဦးရေပြားကိုနှိပ်နယ်ပေးပါ။ ရေနွေးကြမ်း ဆံပင်တွင်သေချာစိုရွှဲနေပြီဆိုပါက တစ်နာရီခန့်ထားပေးကာ ကြက်သီးနွေးထရုံရေနွေးဖြင့် ခေါင်းကိုသန့်စင်ပေးနိုင်ပါတယ်။ (တစ်ပတ်လျှင် ၁ ကြိမ်မှ ၂ ကြိမ်)

၇။ ကြက်သွန်နီအရည်

ကြက်သွန်နီကိုအခွံခွာပြီး အစိတ်သေးလေးများလှီးပေးပါ။ သေသေချာချာကြိတ်ခြေပြီး အဝတ်ကိုအသုံးပြုကာ အရည်ညှစ်ထုတ်ပစ်ပါ။ ကြက်သွန်နီအရည်ကို ဦးရေပြားအတွင်း ၅ မိနစ်ကြာ နှိပ်နယ်ပေးကာ နောက်ထပ် ၁၀ မိနစ်ခန့်ထားရှိပေးပါ။ ပြီးသွားလျှင်တော့ ထုံးစံအတိုင်းခေါင်းလျှော်ပေးနိုင်ပါတယ်။ (တစ်ပတ်ကို နှစ်ကြိမ်မှ သုံးကြိမ်)

Credit : MyStyle

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top