ဒါက သူငယ္ခ်င္းေတြကို အရမ္းခ်စ္တတ္သူတုိင္း ၾကံဳရတဲ့ကိစၥ။ အခ်ိန္အၾကာႀကီးထိ FA ဘဝနဲ႔ ေနလာတယ္။ သူငယ္ခ်င္းေတြနဲ႔ပဲ အတူတူ႐ွိေနတယ္။ တကယ္ခ်စ္တဲ့လူလည္း ရလာေရာ အဲ့ဒီတစ္ေယာက္ကို သူငယ္ခ်င္းေတြက သေဘာမက်ၾကဘူး။ ကိုယ့္ခ်စ္သူကလည္း သူ႔ကို မႏွစ္ၿမိဳ႕မွန္းသိသြားေတာ့ သူငယ္ခ်င္းေတြကိုလည္း အျမင္မၾကည္ျဖစ္လာတယ္။ ခ်စ္သူနဲ႔ သူငယ္ခ်င္းေတြၾကားမွာ ၾကားညပ္ၿပီး ေနရခက္တဲ့ကိစၥကို ဘယ္လိုေျပလည္ေအာင္ လုပ္ၾကမလဲ။
၁။ သူငယ္ခ်င္းေတြကို ေက်းဇူးတင္
ေဘာ္ဒါအစစ္ဆုိတာ ေကာင္းလည္းအတူ ဆိုးလည္းအတူပဲ။ အတူတူဆိုးရင္သာ ဆုိးမယ္။ ကိုယ္တစ္ေယာက္တည္းကြက္ၿပီး ဆုိးေနရင္ေတာ့ လက္ခံၾကတာမဟုတ္ဘူး။ ကိုယ့္ခ်စ္သူမွာ သူတုိ႔သေဘာမက်စရာ တစ္ခုခုရွိေနလို႔ ကန္႔ကြက္တာ ျဖစ္ပါလိမ့္မယ္။ ကိုယ့္ကို ဂ႐ုစိုက္လို႔သာ ေျပာၾကတာေပါ့။ အဲ့ဒီအတြက္ သူငယ္ခ်င္းေတြကို ေက်းဇူးတင္လိုက္ပါ။
၂။ နားေထာင္ၾကည့္ပါဦး
ဘာျဖစ္လို႔ သေဘာမက်ရတာလဲဆုိတဲ့ အေၾကာင္းျပခ်က္ေတာ့ သူတုိ႔မွာ ႐ွိမွာ ေသခ်ာတယ္။ အဲ့တာ ဘာလဲဆုိတာ အရင္နားေထာင္ၾကည့္ပါဦး။ က်ိဳးေၾကာင္းခိုင္လံုရဲ႕လားဆုိတာ သိရေအာင္လုပ္ရမယ္။
၃။ အူတုိလို႔
အရမ္းရင္းႏွီးတဲ့ သူငယ္ခ်င္းေလးက ကိုယ့္ကို အျမင္မၾကည္တာ အူတုိလို႔ပါ။ ကိုယ္က ရည္းစားမ႐ွိဘဲ အခ်ိန္ၾကာၾကာေနခဲ့ေတာ့ သူ႔ကို အခ်ိန္ေပး ဂ႐ုစိုက္ႏိုင္တယ္ေလ။ အခု ရည္းစားရသြားေတာ့ အရင္လိုမ်ိဳး သူ႔ကို ဂ႐ုမစိုက္ႏိုင္ေတာ့တဲ့အခါ အူတိုၿပီးေတာ့လည္း ကိုယ့္ခ်စ္သူကို အျမင္မၾကည္ျဖစ္တတ္ပါတယ္။
၄။ ျပန္ဂ႐ုစိုက္ေပးလိုက္ပါဦး
သူငယ္ခ်င္းေတြကို ပလစ္ထားတာ ၊ ေလွ်ာ္ထားတာ မ်ားေနၿပီလားလို႔ ျပန္စဥ္းစားၾကည့္ဦး။ ကိုယ့္ဘက္က ပ်က္ကြက္တာေတြအတြက္ အခ်ိန္ျပန္ေပးသင့္တယ္ေလ။ ရည္းစားရမွ သူငယ္ခ်င္းေတြကို ေခါက္ပစ္လိုက္တာကေတာ့ တကယ့္သူငယ္ခ်င္းအစစ္မဟုတ္လုိ႔ဘဲ။
၅။ အၾကံေတာင္းပါ
" ဟုတ္ၿပီ... နင္တုိ႔ကို ငါနားလည္တယ္။ ဒါေပမဲ့ ငါ သူ႔ကိုလည္းခ်စ္တယ္။ အဆင္ေျပေအာင္ ဘယ္လိုလုပ္ရမလဲဆုိတာ ငါ့ကိုေျပာျပပါ" လို႔ သူတုိ႔ကို ေျပာၾကည့္ပါ။ ေျပရာေျပေၾကာင္းလည္း ျဖစ္သြားတာေပါ့။ အဲ့လိုသာ ေျပာလိုက္ရင္ သူငယ္ခ်င္းေတြက အားတက္သေရာ ကူညီၾကေလာက္ပါရဲ႕။
Credit : Duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ဒါက သူငယ်ချင်းတွေကို အရမ်းချစ်တတ်သူတိုင်း ကြုံရတဲ့ကိစ္စ။ အချိန်အကြာကြီးထိ FA ဘဝနဲ့ နေလာတယ်။ သူငယ်ချင်းတွေနဲ့ပဲ အတူတူရှိနေတယ်။ တကယ်ချစ်တဲ့လူလည်း ရလာရော အဲ့ဒီတစ်ယောက်ကို သူငယ်ချင်းတွေက သဘောမကျကြဘူး။ ကိုယ့်ချစ်သူကလည်း သူ့ကို မနှစ်မြို့မှန်းသိသွားတော့ သူငယ်ချင်းတွေကိုလည်း အမြင်မကြည်ဖြစ်လာတယ်။ ချစ်သူနဲ့ သူငယ်ချင်းတွေကြားမှာ ကြားညပ်ပြီး နေရခက်တဲ့ကိစ္စကို ဘယ်လိုပြေလည်အောင် လုပ်ကြမလဲ။
၁။ သူငယ်ချင်းတွေကို ကျေးဇူးတင်
ဘော်ဒါအစစ်ဆိုတာ ကောင်းလည်းအတူ ဆိုးလည်းအတူပဲ။ အတူတူဆိုးရင်သာ ဆိုးမယ်။ ကိုယ်တစ်ယောက်တည်းကွက်ပြီး ဆိုးနေရင်တော့ လက်ခံကြတာမဟုတ်ဘူး။ ကိုယ့်ချစ်သူမှာ သူတို့သဘောမကျစရာ တစ်ခုခုရှိနေလို့ ကန့်ကွက်တာ ဖြစ်ပါလိမ့်မယ်။ ကိုယ့်ကို ဂရုစိုက်လို့သာ ပြောကြတာပေါ့။ အဲ့ဒီအတွက် သူငယ်ချင်းတွေကို ကျေးဇူးတင်လိုက်ပါ။
၂။ နားထောင်ကြည့်ပါဦး
ဘာဖြစ်လို့ သဘောမကျရတာလဲဆိုတဲ့ အကြောင်းပြချက်တော့ သူတို့မှာ ရှိမှာ သေချာတယ်။ အဲ့တာ ဘာလဲဆိုတာ အရင်နားထောင်ကြည့်ပါဦး။ ကျိုးကြောင်းခိုင်လုံရဲ့လားဆိုတာ သိရအောင်လုပ်ရမယ်။
၃။ အူတိုလို့
အရမ်းရင်းနှီးတဲ့ သူငယ်ချင်းလေးက ကိုယ့်ကို အမြင်မကြည်တာ အူတိုလို့ပါ။ ကိုယ်က ရည်းစားမရှိဘဲ အချိန်ကြာကြာနေခဲ့တော့ သူ့ကို အချိန်ပေး ဂရုစိုက်နိုင်တယ်လေ။ အခု ရည်းစားရသွားတော့ အရင်လိုမျိုး သူ့ကို ဂရုမစိုက်နိုင်တော့တဲ့အခါ အူတိုပြီးတော့လည်း ကိုယ့်ချစ်သူကို အမြင်မကြည်ဖြစ်တတ်ပါတယ်။
၄။ ပြန်ဂရုစိုက်ပေးလိုက်ပါဦး
သူငယ်ချင်းတွေကို ပလစ်ထားတာ ၊ လျှော်ထားတာ များနေပြီလားလို့ ပြန်စဉ်းစားကြည့်ဦး။ ကိုယ့်ဘက်က ပျက်ကွက်တာတွေအတွက် အချိန်ပြန်ပေးသင့်တယ်လေ။ ရည်းစားရမှ သူငယ်ချင်းတွေကို ခေါက်ပစ်လိုက်တာကတော့ တကယ့်သူငယ်ချင်းအစစ်မဟုတ်လို့ဘဲ။
၅။ အကြံတောင်းပါ
" ဟုတ်ပြီ... နင်တို့ကို ငါနားလည်တယ်။ ဒါပေမဲ့ ငါ သူ့ကိုလည်းချစ်တယ်။ အဆင်ပြေအောင် ဘယ်လိုလုပ်ရမလဲဆိုတာ ငါ့ကိုပြောပြပါ" လို့ သူတို့ကို ပြောကြည့်ပါ။ ပြေရာပြေကြောင်းလည်း ဖြစ်သွားတာပေါ့။ အဲ့လိုသာ ပြောလိုက်ရင် သူငယ်ချင်းတွေက အားတက်သရော ကူညီကြလောက်ပါရဲ့။
Credit : Duwun
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
ကိုယ့္ခ်စ္သူကို သူငယ္ခ်င္းေတြက သေဘာမက်ဘူးဆိုရင္
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။