iMyanmarHouse.com - Best Property Website for Myanmar
×
ပြုလုပ်ပုံမှာ
သဘာဝ ကပေးသော နနွင်း ကို အီရန်၊ အီတလီ၊ ဆွဇ်ဇာလန်၊ ဂရိ၊ တာကီ၊ အိန္ဒိယတွင် စိုက်ပျိုးထွက် ရှိသည်။ နနွင်းကို မောပန်းခြင်း၊ ကိုယ်စိတ်ပင်ပန်းခြင်း၊ နာကျင်ကိုက် ခဲမှုစသည်ဝေဒနာများ လျော့နည်းစေ ရန် အသုံးပြုသည်။ နနွင်းတွင် အင်တီ အောက်ဆီးဒင့် ဗီတာမင် ဘီ (၂)တို့ပါဝင်သည်။ ယင်းတို့ကို ဆေးဝါး အဖြစ်လည်းကောင်း၊ဆိုးဆေး အဖြစ် လည်းကောင်းအသုံးပြုကြသည်။
နနွင်းကို ရှေးလွန်လေပြီးသော ခေတ် ကတည်းက အစာမကြေဖြစ်လျှင် လက်ဖက်ရည် အဖြစ်လည်းကောင်း၊ ခန္ဓာကိုယ်ရှိ ဆဲလ်များ ပြန်လည်သန် စွမ်းပြီး အသားအရေလှပစေရန်
အတွက် လည်းကောင်း အသုံးပြုကြ သည်။
နနွင်း က အသားအရေ ကို တင်း ရင်းစိုပြည်စေပြီး ချောမွတ်ခြင်း အစက် အပြောက်များထွက်ခြင်းအတွက် အထောက်အကူဖြစ်စေသည်။ သို့ဖြစ်၍
(၁) နနွင်းကို သံပရာရည်နှင့်ရောပြီး မျက်နှာနှင့် ခန္ဓာကိုယ် အသားအရေ ဆေးကြောရာတွင် ထိထိမိမိအကျိုး ဖြစ်စေသည်။
(၂) နောက်တစ်နည်းမှာ နနွင်းနှင့် နို့ကိုရော၍ အရေပြားတွင် လိမ်းပေး ပြီး ဝင်းလဲ့သောအသားအရေကို ရရှိ နိုင်သည်။
ပြုလုပ်ပုံမှာ
နနွင်းမှုန့် ဇွန်းကြီးနှင့် (၁)ဇွန်းကို နို့ဇွန်း(၃)ဇွန်းရောပြီး ပြစ် အောင်လုပ်၍ လိမ်းပေးပါ။ အသား ပေါ်တွင် မိနစ်(၂၀)ခန့် ထားပြီးနောက် ရေဆေးပါ။ အနောက်နိုင်ငံ Spa အတော်များများတွင် နနွင်း ကို နှိပ် နယ်ရာ၌အသုံးပြုသည်ဟု သိရသည်။
Credit : Health Updates Journal
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top