iMyanmarHouse.com - Best Property Website for Myanmar
×

ဆားသည္ အိမ္တိုင္းအိမ္တိုင္းရွိ မီးဖိုေခ်ာင္တြင္ မရွိမျဖစ္အမ်ိဳးအမယ္တစ္ခုျဖစ္ပါတယ္။ ထိုကဲ့သုိ႕ အခ်ိန္ျပည့္ေတြ႕ျမင္ေနရတဲ့ ဆားက ဆံေကသာနဲ႕ အသားအေရ ျပန္လည္ေကာင္းမြန္လာေစရန္၊ ကာကြယ္မႈေပးႏုိင္ျခင္းတို႕မွာ အကူအညီျဖစ္ႏုိင္တယ္ဆိုတာကိုေရာ သင္သိပါသလား။

အလွအပဆိုင္ရာကိစၥမ်ားကို ျပဳလုပ္တဲ့အခါ ဆားကိုထည့္သြင္းအသံုးျပဳျခင္းက အလြန္ေကာင္းတဲ့အႀကံဥာဏ္ျဖစ္ပါတယ္။ ထုိအထဲမွာမွ ေခါင္းေလွ်ာ္တဲအခါ ေခါင္းေလွ်ာ္ရည္အတြင္း ဆားကိုထည့္သြင္းျခင္းက ဆံေကသာျပႆနာမ်ားကို ေျဖရွင္းႏုိင္တယ္ဆိုတာကို သိရွိၿပီး လုိက္လံၿပဳလုပ္ႏုိင္ေစဖုိ႕ ေဖာ္ျပေပးလုိက္ရပါတယ္။

၁။ ဆံပင္ရွည္လ်ားရာတြင္ အေထာက္အကူျပဳျခင္း

ပင္လယ္ဆားသည္ ဆံပင္ရွည္လ်ားမႈကို သဘာ၀အတိုင္း အကူအညီေပးႏုိင္ေသာေႀကာင့္ ဆံပင္ကၽြတ္ျခင္းျပႆနာေႀကာင့္ ေခါင္းစားေနရသူမ်ား ပင္လယ္ဆားကိုအသံုးျပဳရန္ တိုက္တြန္းလိုပါတယ္။ ယခင္ျပဳလုပ္ေနက်အတိုင္း ေခါင္းေလွ်ာ္ၿပီး လက္ဖက္ရည္ဇြန္းတစ္ဇြန္းခန္႕ပင္လယ္ဆားကိုယူ၍ ဦးေရျပားအေပၚ ဆယ္မိနစ္ခန္႕ႏွိပ္နယ္ေပးၿပီး ေနာက္ထပ္ေခါင္းေလွ်ာ္ေပးပါ။ တစ္ပတ္လွ်င္ ႏွစ္ႀကိမ္မွန္မွန္လုပ္ေပးပါက တစ္လအတြင္း ရလဒ္ေကာင္းမ်ားကို ျမင္ေတြ႕ႏုိင္ပါတယ္။

၂။ ေဗာက္ျပႆနာမ်ားကို ေျဖရွင္းေပးႏုိင္ျခင္း

ေဗာက္မ်ားသည္ ေသြးလည္ပတ္မႈမမွန္ျခင္းမွတဆင့္ ဦးေရျပားအေပၚတြင္ ေပၚေပါက္လာသည့္ အေရျပားဆဲလ္ေသအဖတ္မ်ားျဖစ္ပါတယ္။ ဆံပင္ကို အေႀကာင္းအမ်ားအျပားခြဲၿပီး ဦးေရျပားအေပၚသို႕ ဆားအနည္းငယ္ကိုျဖဴးေပးပါ။ ၁၀ မိနစ္မွ ၁၅ မိနစ္ခန္႕ လက္အစိုျဖင့္ ဦးေရျပားအေပၚႏွိပ္နယ္ၿပီးလွ်င္ ပံုမွန္အတိုင္းေရေဆးခ်ပါ။ ထုိသုိ႕ျပဳလုပ္ျခင္းျဖင့္ ဦးေရၿပားကို ကာကြယ္ႏုိင္ၿပီး ေဗာက္မ်ားျဖစ္ေပၚမႈမွ တားဆီးႏုိင္မွာျဖစ္ပါတယ္။

၃။ ဆံပင္ႏွင့္ဦးေရျပား အဆီျပန္မႈကို ဖယ္ရွားေပးျခင္း

အဆီခဲမ်ားအလြန္အကၽြံထြက္ျခင္းေႀကာင့္ ျဖစ္ေပၚလာရသည့္ ဦးေရၿပားႏွင့္ ဆံေကသာအဆီျပန္မႈအား ဆားကိုအသံုးၿပဳၿပီး ေျဖရွင္းႏုိင္ပါတယ္။ ေခါင္းေလွ်ာ္ရည္အတြင္းသို႕ လက္ဖက္ရည္ဇြန္းႏွစ္ဇြန္းရွိ ဆားကိုထည့္ေမႊကာ ေခါင္းေလွ်ာ္ေပးပါ။ စလုပ္ခါစမွပဲ ဆံပင္အတြင္းသိသာထင္ရွားသည့္ေျပာင္းလဲမႈကို ေတြ႕ျမင္ႏုိင္ကာ ဆံပင္သည္လည္း ပိုမိုက်န္းမာလာၿပီး အဆီျပန္မႈလည္း နည္းပါးသြားမွာျဖစ္ပါတယ္။

Credit : Mystylemyanmar
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ဆားသည် အိမ်တိုင်းအိမ်တိုင်းရှိ မီးဖိုချောင်တွင် မရှိမဖြစ်အမျိုးအမယ်တစ်ခုဖြစ်ပါတယ်။ ထိုကဲ့သို့ အချိန်ပြည့်တွေ့မြင်နေရတဲ့ ဆားက ဆံကေသာနဲ့ အသားအရေ ပြန်လည်ကောင်းမွန်လာစေရန်၊ ကာကွယ်မှုပေးနိုင်ခြင်းတို့မှာ အကူအညီဖြစ်နိုင်တယ်ဆိုတာကိုရော သင်သိပါသလား။

အလှအပဆိုင်ရာကိစ္စများကို ပြုလုပ်တဲ့အခါ ဆားကိုထည့်သွင်းအသုံးပြုခြင်းက အလွန်ကောင်းတဲ့အကြံဉာဏ်ဖြစ်ပါတယ်။ ထိုအထဲမှာမှ ခေါင်းလျှော်တဲအခါ ခေါင်းလျှော်ရည်အတွင်း ဆားကိုထည့်သွင်းခြင်းက ဆံကေသာပြဿနာများကို ဖြေရှင်းနိုင်တယ်ဆိုတာကို သိရှိပြီး လိုက်လံပြုလုပ်နိုင်စေဖို့ ဖော်ပြပေးလိုက်ရပါတယ်။

၁။ ဆံပင်ရှည်လျားရာတွင် အထောက်အကူပြုခြင်း

ပင်လယ်ဆားသည် ဆံပင်ရှည်လျားမှုကို သဘာဝအတိုင်း အကူအညီပေးနိုင်သောကြောင့် ဆံပင်ကျွတ်ခြင်းပြဿနာကြောင့် ခေါင်းစားနေရသူများ ပင်လယ်ဆားကိုအသုံးပြုရန် တိုက်တွန်းလိုပါတယ်။ ယခင်ပြုလုပ်နေကျအတိုင်း ခေါင်းလျှော်ပြီး လက်ဖက်ရည်ဇွန်းတစ်ဇွန်းခန့်ပင်လယ်ဆားကိုယူ၍ ဦးရေပြားအပေါ် ဆယ်မိနစ်ခန့်နှိပ်နယ်ပေးပြီး နောက်ထပ်ခေါင်းလျှော်ပေးပါ။ တစ်ပတ်လျှင် နှစ်ကြိမ်မှန်မှန်လုပ်ပေးပါက တစ်လအတွင်း ရလဒ်ကောင်းများကို မြင်တွေ့နိုင်ပါတယ်။

၂။ ဗောက်ပြဿနာများကို ဖြေရှင်းပေးနိုင်ခြင်း

ဗောက်များသည် သွေးလည်ပတ်မှုမမှန်ခြင်းမှတဆင့် ဦးရေပြားအပေါ်တွင် ပေါ်ပေါက်လာသည့် အရေပြားဆဲလ်သေအဖတ်များဖြစ်ပါတယ်။ ဆံပင်ကို အကြောင်းအများအပြားခွဲပြီး ဦးရေပြားအပေါ်သို့ ဆားအနည်းငယ်ကိုဖြူးပေးပါ။ ၁၀ မိနစ်မှ ၁၅ မိနစ်ခန့် လက်အစိုဖြင့် ဦးရေပြားအပေါ်နှိပ်နယ်ပြီးလျှင် ပုံမှန်အတိုင်းရေဆေးချပါ။ ထိုသို့ပြုလုပ်ခြင်းဖြင့် ဦးရေပြားကို ကာကွယ်နိုင်ပြီး ဗောက်များဖြစ်ပေါ်မှုမှ တားဆီးနိုင်မှာဖြစ်ပါတယ်။

၃။ ဆံပင်နှင့်ဦးရေပြား အဆီပြန်မှုကို ဖယ်ရှားပေးခြင်း

အဆီခဲများအလွန်အကျွံထွက်ခြင်းကြောင့် ဖြစ်ပေါ်လာရသည့် ဦးရေပြားနှင့် ဆံကေသာအဆီပြန်မှုအား ဆားကိုအသုံးပြုပြီး ဖြေရှင်းနိုင်ပါတယ်။ ခေါင်းလျှော်ရည်အတွင်းသို့ လက်ဖက်ရည်ဇွန်းနှစ်ဇွန်းရှိ ဆားကိုထည့်မွှေကာ ခေါင်းလျှော်ပေးပါ။ စလုပ်ခါစမှပဲ ဆံပင်အတွင်းသိသာထင်ရှားသည့်ပြောင်းလဲမှုကို တွေ့မြင်နိုင်ကာ ဆံပင်သည်လည်း ပိုမိုကျန်းမာလာပြီး အဆီပြန်မှုလည်း နည်းပါးသွားမှာဖြစ်ပါတယ်။

Credit : Mystylemyanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top