"အၿမဲတမ္း အေကာင္းဘက္က မၾကည့္တတ္တဲ့လူေတြနဲ႔ ဘယ္လိုဆက္ဆံမလဲ"
၁- ေထာက္ခံ
ဘာမဆို မေကာင္းျမင္ေနတတ္တဲ့လူနဲ႔ ႀကံဳရတဲ့အခါ ပထမဆံုးလုပ္သင့္တာက သူ႔ကို ေထာက္ခံလိုက္ပါ။ သူေျပာတာ နားေထာင္ေပးပါ၊ အကူအညီလိုရင္ ေပးလိုက္ပါ။
၂- ခြာေန
စိတ္ေရာကိုယ္ပါ ေပါင္းမိရင္ သူတို႔လို မေကာင္းျမင္သမား ျဖစ္သြားၿပီး အရာရာကို မေကာင္း လိုက္ျမင္ေနတတ္ပါတယ္။ မသိကက်ိဳးကြ်ံျပဳတာမ်ိဳးေတာ့ မလုပ္ပါနဲ႔။ စကားေျပာပါ၊ ဒါေပမဲ့ စိတ္ထဲကေတာ့ မပါပါေစနဲ႔။ ခြာျပီးေပါင္းပါ။ ကိုယ္နွစ္သက္တာ၊ ကိုယ္ေမွ်ာ္လင့္တာေတြကို သူတို႔နဲ႔ မေဆြးေႏြးပါနဲ႔။
၃- စကားလမ္းေၾကာင္းေျပာင္း
လူတစ္ဦးအေၾကာင္း မေကာင္းေျပာေနတယ္ ဆိုပါစို႔။ "ေအး နင္ဘယ္လို ေျဖရွင္းမလဲ" ဆိုတဲ့ ေမးခြန္းမ်ိဳးကို ေမးျပီး စကားလမ္းေၾကာင္း ေျပာင္းပါ။ အနာဂတ္ကို အဓိကထားျပီး စကားလမ္းေၾကာင္းကို ေျပာင္းသင့္ပါတယ္။
၄- အတိတ္
အေၾကာင္းအရာတစ္ခုကိုပဲ ထပ္ကာထပ္ကာ ေျပာျပီး မေကာင္းျမင္ေနသူေတြလည္း ရွိပါတယ္။ ဒီလိုဆိုရင္လည္း စကားလမ္းေၾကာင္း ေျပာင္းေပးသင့္ပါတယ္။ သူႀကိဳက္တဲ့၊ သူစိတ္ဝင္စားတဲ့ အေၾကာင္းအရာမ်ိဳးကို ေမးျပီး စကားလမ္းေၾကာင္း ေျပာင္းသင့္ပါတယ္။
၅- ေရွာင္ပါ
မေကာင္းျမင္သမားကို သင့္ဘက္က သင္ျပတာမ်ိဳး၊ ေမတၱာထားဖို႔ အေၾကာင္းေျပာတာမ်ိဳးေတြ မလုပ္ပါနဲ႔။ အသံုးမဝင္ဘဲ ေဘးထြက္ဆိုးက်ိဳးေတြ ျဖစ္လာနုိင္ပါတယ္။
၆- စည္းျခား
မေကာင္းျမင္ေနတဲ့လူေၾကာင့္ သင့္စိတ္ေတြ တကယ္မေပ်ာ္မရႊင္ ျဖစ္ရတယ္ဆိုရင္ စည္းျခားလိုက္ပါ။ သူေျပာသမွ် နားေထာင္ေနဖို႔ဆုိတာ တာဝန္မဟုတ္ပါဘူး။ ခပ္ေဝးေဝးသာ ေနပါ။
Photos & Source: wikiHow
Credit : Duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
"အမြဲတမ်း အကောင်းဘက်က မကြည့်တတ်တဲ့လူတွေနဲ့ ဘယ်လိုဆက်ဆံမလဲ"
၁- ထောက်ခံ
ဘာမဆို မကောင်းမြင်နေတတ်တဲ့လူနဲ့ ကြုံရတဲ့အခါ ပထမဆုံးလုပ်သင့်တာက သူ့ကို ထောက်ခံလိုက်ပါ။ သူပြောတာ နားထောင်ပေးပါ၊ အကူအညီလိုရင် ပေးလိုက်ပါ။
၂- ခွာနေ
စိတ်ရောကိုယ်ပါ ပေါင်းမိရင် သူတို့လို မကောင်းမြင်သမား ဖြစ်သွားပြီး အရာရာကို မကောင်း လိုက်မြင်နေတတ်ပါတယ်။ မသိကကျိုးကျွံပြုတာမျိုးတော့ မလုပ်ပါနဲ့။ စကားပြောပါ၊ ဒါပေမဲ့ စိတ်ထဲကတော့ မပါပါစေနဲ့။ ခွာပြီးပေါင်းပါ။ ကိုယ်နှစ်သက်တာ၊ ကိုယ်မျှော်လင့်တာတွေကို သူတို့နဲ့ မဆွေးနွေးပါနဲ့။
၃- စကားလမ်းကြောင်းပြောင်း
လူတစ်ဦးအကြောင်း မကောင်းပြောနေတယ် ဆိုပါစို့။ "အေး နင်ဘယ်လို ဖြေရှင်းမလဲ" ဆိုတဲ့ မေးခွန်းမျိုးကို မေးပြီး စကားလမ်းကြောင်း ပြောင်းပါ။ အနာဂတ်ကို အဓိကထားပြီး စကားလမ်းကြောင်းကို ပြောင်းသင့်ပါတယ်။
၄- အတိတ်
အကြောင်းအရာတစ်ခုကိုပဲ ထပ်ကာထပ်ကာ ပြောပြီး မကောင်းမြင်နေသူတွေလည်း ရှိပါတယ်။ ဒီလိုဆိုရင်လည်း စကားလမ်းကြောင်း ပြောင်းပေးသင့်ပါတယ်။ သူကြိုက်တဲ့၊ သူစိတ်ဝင်စားတဲ့ အကြောင်းအရာမျိုးကို မေးပြီး စကားလမ်းကြောင်း ပြောင်းသင့်ပါတယ်။
၅- ရှောင်ပါ
မကောင်းမြင်သမားကို သင့်ဘက်က သင်ပြတာမျိုး၊ မေတ္တာထားဖို့ အကြောင်းပြောတာမျိုးတွေ မလုပ်ပါနဲ့။ အသုံးမဝင်ဘဲ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်လာနိုင်ပါတယ်။
၆- စည်းခြား
မကောင်းမြင်နေတဲ့လူကြောင့် သင့်စိတ်တွေ တကယ်မပျော်မရွှင် ဖြစ်ရတယ်ဆိုရင် စည်းခြားလိုက်ပါ။ သူပြောသမျှ နားထောင်နေဖို့ဆိုတာ တာဝန်မဟုတ်ပါဘူး။ ခပ်ဝေးဝေးသာ နေပါ။
Photos & Source: wikiHow
Credit : Duwun
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
"အၿမဲတမ္း အေကာင္းဘက္က မၾကည့္တတ္တဲ့လူေတြနဲ႔ ဘယ္လိုဆက္ဆံမလဲ"
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။