iMyanmarHouse.com - Best Property Website for Myanmar
×

အသက္ၾကီးမွ ရလာတဲ့ မိတ္ေဆြသစ္ေတြကို ကိုယ့္ဘက္က သည္းခံစိတ္ရွည္ေပးျပီး ေပါင္းသင္းတာမ်ိဳး မလုပ္ခ်င္ေတာ့ပါဘူး။

၁- အေတြ႔အၾကံဳ

အသက္အရြယ္ ရလာတာနဲ႔အမွ် အေတြ႔အၾကံဳလည္း ရလာပါတယ္။ ဘဝတစ္ေလွ်ာက္ ခက္ခဲတဲ့အခ်ိန္ေတြေရာက္ရင္ ကိုယ့္ဘက္က ရွိမယ့္လူဆိုတာ အနည္းငယ္ပဲ ရွိတာကို သိလာပါတယ္။ အသက္ၾကီးလာတာနဲ႔အမွ် ဒီအနည္းငယ္ေသာ လူေတြေပၚမွာသာ မီွခိုဖို႔ ႀကိဳးစားလာျပီး ကိုယ့္ဘက္ကလည္း ဒီလူေတြကိုေလာက္သာ အခ်ိန္ေပးခ်င္ပါေတာ့တယ္။

၂- စိတ္မရွည္

အသက္ၾကီးလာတာနဲ႔အမွ် မရိုးသားရမွာကို စိတ္မရွည္ေတာ့ပါဘူး။ ငယ္ငယ္တုန္းကေတာ့ စိတ္ရွည္ေပးျပီး သူငယ္ခ်င္းမ်ားမ်ားနဲ႔ ေနထိုင္ခဲ့ေပမဲ့ အသက္ၾကီးလာတဲ့အခါမွာ ဒီလိုစိတ္ရွည္မႈမ်ိဳး မရွိေတာ့ပါဘူး။ ခင္မင္မႈအတိုင္းအတာနဲ႔ ပတ္သက္ျပီး ေပးသေလာက္ပဲ ျပန္ေပးခ်င္ပါေတာ့တယ္။ အသက္ၾကီးမွ ရလာတဲ့ မိတ္ေဆြသစ္ေတြကို ကိုယ့္ဘက္က သည္းခံစိတ္ရွည္ေပးျပီး ေပါင္းသင္းတာမ်ိဳး မလုပ္ခ်င္ေတာ့ပါဘူး။

၃- ေနာက္လူမမီ

သံေယာဇဥ္နက္နက္ရႈိင္းရိႈင္းနဲ႔ တြဲေနတဲ့ သူငယ္ခ်င္းေတြဟာ သင့္အေပၚ အျမဲ ေကာင္းေနတယ္ဆိုတာထက္ ဆိုးတာေတြလည္း ရွိပါတယ္။ ဒါေပမဲ့ ေကာင္းတဲ့အခ်က္ေကာ၊ ဆိုးတဲ့အခ်က္ေကာ သင္နဲ႔တူေနတာ ျဖစ္ပါတယ္။ ဒီလိုတူတယ္ဆိုတာကိုလည္း သိေနၾကျပီး ေနာက္လူေတြဟာ ဒီသိေနတဲ့သံေယာဇဥ္ကို လိုက္မမီေတာ့တာ ျဖစ္ပါတယ္။

၄- အခ်ိန္နည္းလာ

အသက္ၾကီးလာတာနဲ႔အမွ် အလုပ္ရႈပ္လာပါတယ္။ ဒီေတာ့လည္း မိတ္ေဆြသစ္ရဖို႔ အခ်ိန္နည္းလာပါတယ္။

၅- စိတ္မပါေတာ့

လူသစ္ေတြနဲ႔ ေတြ႔ဆံုခ်င္စိတ္ နည္းလာပါတယ္။ ကိုယ္မရင္းနွီးတဲ့ လူေတြနဲ႔ ေျပာရဆိုရမွာမ်ိဳးကို စိတ္ပါမႈ နည္းလာပါတယ္။ အားလပ္ခ်ိန္ေတြမွာ ရင္းနွီးတဲ့ လူေတြေလာက္နဲ႔သာ ပြင့္ပြင့္လင္းလင္း ေျပာဆုိ ေနထိုင္ခ်င္ပါေတာ့တယ္။

၆- ကာကြယ္လာတယ္

အသက္ၾကီးလာတာနဲ႔အမွ် ကိုယ့္ကိုယ္ကိုယ္ ပိုကာကြယ္လာပါတယ္။ ကိုယ့္ရဲ႕ အမွတ္သေကၤတဟာ ပိုပိုထင္ရွားလာျပီး အားနည္းခ်က္ေတြကလည္း ပိုေပၚလြင္လာပါတယ္။ ကိုယ္ဟာ ဘယ္အပိုင္းမွာ အားနည္းတယ္ဆိုတာမ်ိဳးကို အရင္းနွီးဆံုး သူငယ္ခ်င္းေတြကပဲ သိပါတယ္။ ဒီလိုကိုယ္အားနည္းတဲ့ အပိုင္းေတြကို လူေတြၾကားမွာ မေျပာခ်င္တာ၊ မသိေစခ်င္တာနဲ႔ မိတ္ေဆြသစ္ေတြ နည္းလာပါတယ္။

Photos & Source: Lifehack

Credit : Duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
အသက်ကြီးမှ ရလာတဲ့ မိတ်ဆွေသစ်တွေကို ကိုယ့်ဘက်က သည်းခံစိတ်ရှည်ပေးပြီး ပေါင်းသင်းတာမျိုး မလုပ်ချင်တော့ပါဘူး။

၁- အတွေ့အကြုံ

အသက်အရွယ် ရလာတာနဲ့အမျှ အတွေ့အကြုံလည်း ရလာပါတယ်။ ဘဝတစ်လျှောက် ခက်ခဲတဲ့အချိန်တွေရောက်ရင် ကိုယ့်ဘက်က ရှိမယ့်လူဆိုတာ အနည်းငယ်ပဲ ရှိတာကို သိလာပါတယ်။ အသက်ကြီးလာတာနဲ့အမျှ ဒီအနည်းငယ်သော လူတွေပေါ်မှာသာ မှီခိုဖို့ ကြိုးစားလာပြီး ကိုယ့်ဘက်ကလည်း ဒီလူတွေကိုလောက်သာ အချိန်ပေးချင်ပါတော့တယ်။

၂- စိတ်မရှည်

အသက်ကြီးလာတာနဲ့အမျှ မရိုးသားရမှာကို စိတ်မရှည်တော့ပါဘူး။ ငယ်ငယ်တုန်းကတော့ စိတ်ရှည်ပေးပြီး သူငယ်ချင်းများများနဲ့ နေထိုင်ခဲ့ပေမဲ့ အသက်ကြီးလာတဲ့အခါမှာ ဒီလိုစိတ်ရှည်မှုမျိုး မရှိတော့ပါဘူး။ ခင်မင်မှုအတိုင်းအတာနဲ့ ပတ်သက်ပြီး ပေးသလောက်ပဲ ပြန်ပေးချင်ပါတော့တယ်။ အသက်ကြီးမှ ရလာတဲ့ မိတ်ဆွေသစ်တွေကို ကိုယ့်ဘက်က သည်းခံစိတ်ရှည်ပေးပြီး ပေါင်းသင်းတာမျိုး မလုပ်ချင်တော့ပါဘူး။

၃- နောက်လူမမီ

သံယောဇဉ်နက်နက်ရှိုင်းရှိုင်းနဲ့ တွဲနေတဲ့ သူငယ်ချင်းတွေဟာ သင့်အပေါ် အမြဲ ကောင်းနေတယ်ဆိုတာထက် ဆိုးတာတွေလည်း ရှိပါတယ်။ ဒါပေမဲ့ ကောင်းတဲ့အချက်ကော၊ ဆိုးတဲ့အချက်ကော သင်နဲ့တူနေတာ ဖြစ်ပါတယ်။ ဒီလိုတူတယ်ဆိုတာကိုလည်း သိနေကြပြီး နောက်လူတွေဟာ ဒီသိနေတဲ့သံယောဇဉ်ကို လိုက်မမီတော့တာ ဖြစ်ပါတယ်။

၄- အချိန်နည်းလာ

အသက်ကြီးလာတာနဲ့အမျှ အလုပ်ရှုပ်လာပါတယ်။ ဒီတော့လည်း မိတ်ဆွေသစ်ရဖို့ အချိန်နည်းလာပါတယ်။

၅- စိတ်မပါတော့

လူသစ်တွေနဲ့ တွေ့ဆုံချင်စိတ် နည်းလာပါတယ်။ ကိုယ်မရင်းနှီးတဲ့ လူတွေနဲ့ ပြောရဆိုရမှာမျိုးကို စိတ်ပါမှု နည်းလာပါတယ်။ အားလပ်ချိန်တွေမှာ ရင်းနှီးတဲ့ လူတွေလောက်နဲ့သာ ပွင့်ပွင့်လင်းလင်း ပြောဆို နေထိုင်ချင်ပါတော့တယ်။

၆- ကာကွယ်လာတယ်

အသက်ကြီးလာတာနဲ့အမျှ ကိုယ့်ကိုယ်ကိုယ် ပိုကာကွယ်လာပါတယ်။ ကိုယ့်ရဲ့ အမှတ်သင်္ကေတဟာ ပိုပိုထင်ရှားလာပြီး အားနည်းချက်တွေကလည်း ပိုပေါ်လွင်လာပါတယ်။ ကိုယ်ဟာ ဘယ်အပိုင်းမှာ အားနည်းတယ်ဆိုတာမျိုးကို အရင်းနှီးဆုံး သူငယ်ချင်းတွေကပဲ သိပါတယ်။ ဒီလိုကိုယ်အားနည်းတဲ့ အပိုင်းတွေကို လူတွေကြားမှာ မပြောချင်တာ၊ မသိစေချင်တာနဲ့ မိတ်ဆွေသစ်တွေ နည်းလာပါတယ်။

Photos & Source: Lifehack

Credit : Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top