iMyanmarHouse.com - Best Property Website for Myanmar
×
Credit : lyhealthcare
မင်းသားချော လီမင်ဟိုကတော့ F4 ဆိုတဲ့ ဇာတ်ကားနဲ့ မြန်မာမိန်းကလေးပရိသတ်တွေ ကြား ရေပန်းစား လူကြိုက် များခဲ့သူပါ။အာရှရဲ့ Perfect Man ဆိုပြီး တင်စားခံရသူပါ။လက်တလောမှာတော့ ပရိသတ်တွေရဲ့ အချစ် တော် လီမင်ဟို တစ်ယောက် စစ်မှုထမ်းနေပါတယ်။(2017) မေ (၁၂)ရက်နေ့က စပြီး စစ်မှုထမ်းခဲ့ကာ (၂၀၁၉) လောက် ကျမှ တာဝန်ပြီးဆုံးမှာပါ။လီမင်ဟိုကို ချစ်တဲ့ ပရိသတ်တွေအတွက် မင်းသား လီမင်ဟိုရဲ့ အင်တာဗျူး ဟောင်း လေး တစ်ခု အကြောင်းကို ဖော်ပြပေးချင်ပါတယ်။
(၂၀၁၄) ဇူလိုင်(၈)ရက်တုန်းက “Twosome Place” ဆိုတဲ့ event ပွဲမှာ လုပ်ခဲ့တဲ့ အင်တာဗျူး လေးပါ။အဲ့ဒီအင်တာ ဗျူးမှာတော့ လီမင်ဟိုကို သူ့အကြိုက်ဆုံးမင်းသမီးရှိလား၊ဘယ်သူလဲ ဆိုပြီး မေးခဲ့တာပါ။လီမင်ဟိုရဲ့ အနုပညာ သက်တမ်း တစ်လျောက်အတူလက်တွဲအလုပ်လုပ်ခဲ့သူတွေ အများကြီးပါ။လီမင်ဟိုကလည်း သူနဲ့ အတူလက်တွဲ အလုပ်လုပ်ခဲ့ဖူးတဲ့ မင်းသမီးတွေထဲက တစ်ယောက်ကိုပဲ ရွေးချယ်ခဲ့တာပါ။အဲ့ဒီသူကတော့။
Boys Over Flowers (2009)ဇာတ်လမ်းတွဲမှာဆိုရင် မင်းသမီး Gu Hye Sun နဲ့ အတူအတွဲညီညီ သရုပ်ဆောင် ခဲ့ဖူးသလို။
Personal Taste (2010)ဇာတ်ကားမှာလည်း Son Ye Jin နဲ့ အတူတွဲသရုပ်ဆောင်ခဲ့ပါတယ်။
City Hunter (2011) ထဲမှာတော့ Park Min Young နဲ့ အတူတွဲသရုပ်ဆောင်ခဲ့ရာကနေ အပြင်မှာပါ ချစ်သူတွေ ဖြစ်တဲ့ အထိ ပတ်သက်ခဲ့ပေမယ့် (၂၀၁၂)မှာတော့ လမ်းခွဲခဲ့ပါတယ်။
Kim Hee Sun နဲ့လည်း Faith ဆိုတဲ့ သမိုင်းဇာတ်ကားမှာ အတူတွဲသရုပ်ဆောင်ခဲ့ဖူးပါတယ်။Park Shin Hye in Heirs (2014)
Heirs (2014)ဇာတ်ကားမှာလည်း Park Shin Hye နဲ့ အတူသရုပ်ဆောင်ခဲ့ဖူးပါတယ်။ဇာတ်ကားပြီးတဲ့ အထိ ခင်မ င်ရင်းနှီးတဲ့ မိတ်ဆွေတွေ အဖြစ် ဆက်ရှိနေခဲ့ပါတယ်။
ဒီလိုမျိုး သူနဲ့ အတူ အတွဲညီညီလက်တွဲ သရုပ်ဆောင်ခဲ့တဲ့ မင်းသမီးတွေ အများကြီးထဲကမှ အကြိုက်ဆုံးမင်းသမီးကို ရွေးထုတ်ခိုင်းတဲ့ အခါမှာတော့။
ကျွန်တော်နဲ့အတူတွဲသရုပ်ဆောင်ခဲ့ဖူးတဲ့ မင်းသမီးတွေထဲမှာမှာ စိတ်ထဲမှာ ပေါ့ပေါ့ပါးပါး သက်သောင့်သက်သာနဲ့ သ ရုပ်ေ ဆာင်လို့ အဆင်အပြေဆုံးမင်းသမီးကတော့ မင်းသမီး Kim Hee Sun လို့ ဖြေခဲ့ပါတယ်။လီမင်ဟိုက အဲ့ဒီလို ဖြေပေမယ့် တစ်ချို့က ဒီအဖြေကို သိပ်မကြိုက်ကြပါဘူး။
တကယ်ကြိုက်တာ၊နှစ်သက်တာမျိုး မဟုတ်ပဲ ကောလာ ဟလ သတင်းတွေ မထွက်ရအောင် တမင် အိမ်ထောင်သည် Kim Hee Sun ကို ရွေးတာလားဆိုပြီး ထင်ကြေးပေး ခဲ့ကြပါ တယ်
ဒါပေမယ့် မင်းသမီး Kim Hee Sun နဲ့ လီမင်ဟိုတို့ဟာ တကယ်လည်းရင်းနှီးခဲ့ကြတာပါ။
Kim Hee Sun နဲ့ Faith ဇာတ်ကား ရိုက်ကွင်းမှာဆိုရင် တကယ်လည်း ရင်းနှီးခဲ့၊ရိုက်ကွင်းမှာ အတူတူ ဂိမ်းလည်းဆော့ခဲ့တယ်လို့ သိရပါတယ်။
Credit : lyhealthcare
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top