iMyanmarHouse.com - Best Property Website for Myanmar
×

ခ်ိဳျမလန္းဆန္းသည့္အရသာႏွင့္ အလန္းစားနာနတ္သခြားသစ္သီးေဖ်ာ္ရည္သည္ အမ်ိဳးအမယ္ငါးခုထဲသာလိုအပ္ၿပီး ပင္ပန္းခက္ခဲသည့္တေန႕တာကို အစျပဳရန္အတြက္ အေကာင္းဆံုးအကူအညီတစ္ခုပဲျဖစ္ပါတယ္။ အထူးသျဖင့္ ကိုယ္အေလးခ်ိန္ေလ်ာ႕ခ်လိုသူမ်ား၊ ကိုယ္ခႏၶာတြင္းကို သန္႕စင္လိုသူမ်ားအတြက္ အလြန္ေကာင္းမြန္သင့္ေတာ္ပါတယ္။

နာနတ္သီးတစ္လံုးတြင္ ဗီတာမင္စီ antioxidant ၄၀၀ ဂရမ္ေက်ာ္ပါ၀င္ၿပီး အက်ိဳးေက်းဇူးအမ်ားအျပားကို ေပးစြမ္းႏုိင္ပါတယ္။ ထိုမွ်သာမက ယားယံျခင္းကိုေျဖသိမ့္ေပးၿပီး ကိုယ္ခံအားေကာင္းမြန္ေစကာ ဆဲလ္ဖြံ႕ၿဖိဳးမႈကိုတြန္းအားေပးပါေသးတယ္။

ကိုယ္ကာယေလ့က်င့္ခန္းလုပ္ၿပီးေနာက္ ေရဓာတ္ျဖည့္တင္းရန္အတြက္ ရိုးရိုးေရကိုေသာက္သံုးျခင္းထက္ အုန္းေရကိုသံုးစြဲေပးျခင္းက အရသာပိုရွိၿပီး အစာအိမ္အတြက္လည္း အလြန္ေကာင္းမြန္ပါတယ္။

သစ္သီးေဖ်ာ္ရည္မ်ားအတြင္း သံပရိုရည္ကိုထည့္သြင္းေပးျခင္းသည္ အသည္းအလုပ္လုပ္မႈကိုေထာက္ပံ့ရန္အတြက္ အလြယ္ကူဆံုးႏွင့္ အထိေရာက္ဆံုးေသာ နည္းဗ်ဴဟာတစ္ခုပဲျဖစ္ပါတယ္။ အျခားအသီးမ်ားထက္ အခ်ဥ္ဓာတ္ပိုမိုမ်ားျပားသည့္အသီးတစ္မ်ိဳးပဲျဖစ္ပါတယ္။

ေနာက္ဆံုးအေနျဖင့္ သခြားသီးသည္ ေရဓာတ္ျဖည့္တင္းေပးၿပီး အဆိပ္အေတာက္ကိုပ်က္ျပယ္ေစႏိုင္ေသာ အသီးအႏွံတစ္ခုျဖစ္ၿပီး လန္းဆန္းေအးျမသည့္အရသာကို ေပစြမ္းႏိုင္ပါတယ္။

ဒါေႀကာင့္ အထက္ေဖာ္ျပပါ အသီးအႏွံေတြကို ေပါင္းစပ္ျခင္းျဖင့္ ရရွိလာတဲ့သစ္သီးေဖ်ာ္ရည္ကို ေန႕စဥ္မွန္မွန္ေသာက္သံုးကာ ပင္ပန္းခက္ခဲသည့္ ေန႕တာမ်ားကို ကုန္ဆံုးႏုိင္ႀကပါေစ။

ပါ၀င္ပစၥည္းမ်ား

အေနေတာ္အရြယ္ရွိ နာနတ္သီး – ၁ လံုး (အခြံခြာ၊ အူတိုင္ထုတ္၊ အတံုးေလးမ်ားလွီးထားၿပီး)

အလယ္အလတ္သခြားသီး (အခြံခြာၿပီး) – ၁ လံုး

အုန္းေရ သို႕မဟုတ္ ေရ – ၈ ေအာင္စ

သံပရိုရည္၊ သႀကားရည္ – အနည္းငယ္

ျပင္ဆင္ပံုအဆင့္ဆင့္

ပါ၀င္ပစၥည္းအကုန္လံုးကို ေဖ်ာ္စက္ထဲထည့္ကာ လံုး၀ႏူးအိသြားသည္အထိ က်ိတ္ေပးပါ။ အရသာၿမည္းႀကည့္ၿပီး အခ်ိဳထပ္ေပါင္းလိုပါက သႀကားရည္ထပ္ေပါင္းထည့္ေပးပါ။ ထုိ႕ေနာက္ ေရခဲထည့္ထားသည့္ခြက္အတြင္းထည့္ကာ အရသာရွိၿပီး က်န္းမာေရးႏွင့္ညီညြတ္ေသာ သစ္သီးေဖ်ာ္ရည္တစ္ခြက္ကို ေသာက္သံုးႏုိင္မွာျဖစ္ပါတယ္။

Credit : MyFood
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ချိုမြလန်းဆန်းသည့်အရသာနှင့် အလန်းစားနာနတ်သခွားသစ်သီးဖျော်ရည်သည် အမျိုးအမယ်ငါးခုထဲသာလိုအပ်ပြီး ပင်ပန်းခက်ခဲသည့်တနေ့တာကို အစပြုရန်အတွက် အကောင်းဆုံးအကူအညီတစ်ခုပဲဖြစ်ပါတယ်။ အထူးသဖြင့် ကိုယ်အလေးချိန်လျော့ချလိုသူများ၊ ကိုယ်ခန္ဓာတွင်းကို သန့်စင်လိုသူများအတွက် အလွန်ကောင်းမွန်သင့်တော်ပါတယ်။

နာနတ်သီးတစ်လုံးတွင် ဗီတာမင်စီ antioxidant ၄၀၀ ဂရမ်ကျော်ပါဝင်ပြီး အကျိုးကျေးဇူးအများအပြားကို ပေးစွမ်းနိုင်ပါတယ်။ ထိုမျှသာမက ယားယံခြင်းကိုဖြေသိမ့်ပေးပြီး ကိုယ်ခံအားကောင်းမွန်စေကာ ဆဲလ်ဖွံ့ဖြိုးမှုကိုတွန်းအားပေးပါသေးတယ်။

ကိုယ်ကာယလေ့ကျင့်ခန်းလုပ်ပြီးနောက် ရေဓာတ်ဖြည့်တင်းရန်အတွက် ရိုးရိုးရေကိုသောက်သုံးခြင်းထက် အုန်းရေကိုသုံးစွဲပေးခြင်းက အရသာပိုရှိပြီး အစာအိမ်အတွက်လည်း အလွန်ကောင်းမွန်ပါတယ်။

သစ်သီးဖျော်ရည်များအတွင်း သံပရိုရည်ကိုထည့်သွင်းပေးခြင်းသည် အသည်းအလုပ်လုပ်မှုကိုထောက်ပံ့ရန်အတွက် အလွယ်ကူဆုံးနှင့် အထိရောက်ဆုံးသော နည်းဗျူဟာတစ်ခုပဲဖြစ်ပါတယ်။ အခြားအသီးများထက် အချဉ်ဓာတ်ပိုမိုများပြားသည့်အသီးတစ်မျိုးပဲဖြစ်ပါတယ်။

နောက်ဆုံးအနေဖြင့် သခွားသီးသည် ရေဓာတ်ဖြည့်တင်းပေးပြီး အဆိပ်အတောက်ကိုပျက်ပြယ်စေနိုင်သော အသီးအနှံတစ်ခုဖြစ်ပြီး လန်းဆန်းအေးမြသည့်အရသာကို ပေစွမ်းနိုင်ပါတယ်။

ဒါကြောင့် အထက်ဖော်ပြပါ အသီးအနှံတွေကို ပေါင်းစပ်ခြင်းဖြင့် ရရှိလာတဲ့သစ်သီးဖျော်ရည်ကို နေ့စဉ်မှန်မှန်သောက်သုံးကာ ပင်ပန်းခက်ခဲသည့် နေ့တာများကို ကုန်ဆုံးနိုင်ကြပါစေ။

ပါဝင်ပစ္စည်းများ

အနေတော်အရွယ်ရှိ နာနတ်သီး – ၁ လုံး (အခွံခွာ၊ အူတိုင်ထုတ်၊ အတုံးလေးများလှီးထားပြီး)

အလယ်အလတ်သခွားသီး (အခွံခွာပြီး) – ၁ လုံး

အုန်းရေ သို့မဟုတ် ရေ – ၈ အောင်စ

သံပရိုရည်၊ သကြားရည် – အနည်းငယ်

ပြင်ဆင်ပုံအဆင့်ဆင့်

ပါဝင်ပစ္စည်းအကုန်လုံးကို ဖျော်စက်ထဲထည့်ကာ လုံးဝနူးအိသွားသည်အထိ ကျိတ်ပေးပါ။ အရသာမြည်းကြည့်ပြီး အချိုထပ်ပေါင်းလိုပါက သကြားရည်ထပ်ပေါင်းထည့်ပေးပါ။ ထို့နောက် ရေခဲထည့်ထားသည့်ခွက်အတွင်းထည့်ကာ အရသာရှိပြီး ကျန်းမာရေးနှင့်ညီညွတ်သော သစ်သီးဖျော်ရည်တစ်ခွက်ကို သောက်သုံးနိုင်မှာဖြစ်ပါတယ်။

Credit : MyFood

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top