iMyanmarHouse.com - Best Property Website for Myanmar
×

လူတိုင္း လုပ္ငန္းခြင္မွာပင္ပန္းမႈေတြကိုေတြ႕ႀကဳံရတာသဘာဝပါပဲ။အထူးသျဖင့္ ေန႔လည္ ၂နာရီ ဝန္းက်င္မွာ ျဖစ္တတ္ပါတယ္။ ဒါေၾကာင့္ ဒီအခ်ိန္မွာခဏတျဖဳတ္ ေမွးစက္သင့္ပါတယ္။ လုပ္ငန္းခြင္အတြင္းမွာ တစ္ေနကုန္ တက္တက္ႂကြႂကြ အလုုပ္မလုပ္ေနႏိုင္ပါဘူး။ လူေတြ တက္ႂကြမႈရွိတတ္တဲ့ အခ်ိန္ေတြကေတာ့ နံနက္ ၇နာရီႏွင့္ ၈နာရီ၊ နံနက္ ၁၁နာရီႏွင့္ ၁၂နာရီတို႔နဲ႔ ညေန ၆နာရီႏွင့္ ၇နာရီအခ်ိန္မ်ားပဲ ျဖစ္တတ္ၾကပါတယ္။ ဒါေပမဲ့ လည္းလူတစ္ေယာက္နဲ႔ တစ္ေယာက္ေတာ့ မတူညီတတ္ၾကပါဘူး။ အိပ္ခဲ့တဲ့အိပ္ခ်ိန္ ပမာဏ၊ စားခဲ့တဲ့ အစားအစာနဲ႔ ေလ့က်င့္ရတဲ့ပုံစံအတက္အက်လိုက္ သင့္ရဲ႕တက္ႂကြမႈပုံစံဟာလည္းျမင့္လိုက္၊ နိမ့္လိုက္ ျဖစ္ေနမွာပဲ ျဖစ္ပါတယ္။ ခဏတျဖဳတ္ မေမွးစက္ရခ်ိန္တိုင္းမွာဇီဝေဗဒခႏၶာကိုယ္နဲ႔ တိုက္ခိုက္ေနရၿပီး လူကပင္ပန္းေနမွာပါ။ လူအမ်ားစုဟာတစ္ေန႔တာရဲ႕ ေန႔လယ္ပိုင္းအခ်ိန္အတြင္းမွာ ပင္ပန္းႏြမ္းနယ္တတ္ၾကပါတယ္။ ပင္ပန္းႏြမ္းနယ္ျခင္းေၾကာင့္ သက္ေတာင့္သက္သာမျဖစ္ဘဲ ခႏၶာကိုယ္ကစိတ္ေျပလက္ေပ်ာက္ အပန္းေျဖမႈကိုလိုအပ္တတ္ၾကပါတယ္။

ခဏတျဖဳတ္ေမွးစက္ျခင္းသည္ ႐ိုးစင္းပါတယ္။

အမ်ားအားျဖင့္ လူေတြ အားအင္အကုန္ခန္းဆုံးအခ်ိန္ကေန႔လည္ ၁နာရီမွ ၃နာရီအၾကား ျဖစ္ပါတယ္။ ဒီအခ်ိန္ကေန႔လည္စာစားၿပီးခ်ိန္ေလာက္ ျဖစ္ပါတယ္။ ေန႔လည္စာစားၿပီးခဏတျဖဳတ္ ေမွးစက္အနားယူျခင္းကပိုၿပီး ႏိုးၾကားတက္ႂကြေစကာခြန္အားရွိေစပါတယ္။

ေန႔ဘက္မွာ ဘာေၾကာင့္ ခဏတျဖဳတ္အိပ္စက္သင့္သလဲ။

ခဏတျဖဳတ္ ေမွးစက္ျခင္းဟာ စဥ္းစားဉာဏ္ကို ပိုမိုျဖည့္တင္းေပးႏိုင္ၿပီး နံနက္ခင္းအခ်ိန္မွာလို လူဟာလန္းဆန္းတက္ႂကြမႈကိုခံစားရေစပါတယ္။ ခႏၶာကိုယ္ဟာအားအင္ျဖည့္ဖို႔ လိုအပ္လာၿပီဆိုရင္ အားျဖည့္သြင္းဖို႔ လိုအပ္ပါတယ္။ ခဏတျဖဳတ္ မေမွးစက္ရတဲ့အခါမွာ ခႏၶာကိုယ္ဟာအိပ္ခ်င္တဲ့စိတ္နဲ႔ နပန္းလုံး တိုက္ခိုက္ေနရမွာပဲ ျဖစ္ပါတယ္။ အလုပ္ေတြမ်ားၿပီးအလုပ္စားပြဲမွာထိုင္ေနရေပမဲ့ အလြယ္ကူဆုံးအလုပ္ေတြေတာင္ ၿပီးစီးဖို႔အတြက္ ပိုၿပီးအခ်ိန္ၾကာေနပါလိမ့္မယ္။ အနည္းငယ္ စိတ္တို၊ စိတ္မရွည္သလိုခံစားေနရၿပီးအဆင္မေျပတဲ့ အခ်ိန္ကိုရရွိမွာ ျဖစ္ပါတယ္။ မိနစ္၂ဝခန႔္သာေမွးစက္လိုက္ျခင္းျဖစ္ေပမဲ့ ႏိုးလာတဲ့အခ်ိန္တိုင္းမွာ လန္းဆန္းတက္ႂကြမႈကိုရရွိေစႏိုင္မွာပါ။ အခ်ိန္တိုေလးနဲ႔ အလုပ္ေတြ ၿပီးစီးႏိုင္ၿပီးတစ္ေန႔တာရဲ႕ က်န္ရွိေနတဲ့ အခ်ိန္ေတြမွာလည္းပိုမိုေကာင္းမြန္တဲ့ အျမင္ေတြကိုခံစားရေစပါတယ္။ ေမွးစက္ျခင္းဟာအလုပ္ေတြကိုအေကာင္းဆုံး ၿပီးေျမာက္ႏိုင္ေစဖို႔ လုပ္ေဆာင္သင့္တဲ့ reset ခ်တဲ့ ခလုတ္တစ္ခုလိုပဲ ျဖစ္ပါတယ္။ ၁၅ မိနစ္ မိနစ္၂ဝ ခန႔္ ေမွးစက္ျခင္းေၾကာင့္ အံ့ၾသစရာေကာင္းတဲ့ အက်ိဳးေက်းဇူးေတြ ရရွိႏိုင္ပါတယ္။ အခ်ိန္အၾကာႀကီးေမွးစက္ျခင္းကေတာ့ ကိုယ့္ရဲ႕အိပ္ခ်ိန္ပုံစံကိုလုံးဝေျပာင္းလဲသြားေစၿပီးပိုမိုအင္အားကုန္ခန္းသြားေစႏုိင္ပါတယ္။ ဒါေၾကာင့္ မိနစ္၂ဝခန႔္ဆိုလုံေလာက္ပါတယ္။ မိနစ္ ၂ဝေမွးစက္ျခင္းက ကဖင္းဓာတ္ ၂ဝဝမီလီဂရမ္နဲ႔ ပုံမွန္ Espresso ႏွစ္ခြက္ထက္ ပိုေကာင္းတဲ့ စြမ္းအင္ေတြကို ရရွိေစႏုိင္ပါတယ္။

Credit : Htet Htet Tin Zar
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
လူတိုင်း လုပ်ငန်းခွင်မှာပင်ပန်းမှုတွေကိုတွေ့ကြုံရတာသဘာဝပါပဲ။အထူးသဖြင့် နေ့လည် ၂နာရီ ဝန်းကျင်မှာ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ဒီအချိန်မှာခဏတဖြုတ် မှေးစက်သင့်ပါတယ်။ လုပ်ငန်းခွင်အတွင်းမှာ တစ်နေကုန် တက်တက်ကြွကြွ အလုုပ်မလုပ်နေနိုင်ပါဘူး။ လူတွေ တက်ကြွမှုရှိတတ်တဲ့ အချိန်တွေကတော့ နံနက် ၇နာရီနှင့် ၈နာရီ၊ နံနက် ၁၁နာရီနှင့် ၁၂နာရီတို့နဲ့ ညနေ ၆နာရီနှင့် ၇နာရီအချိန်များပဲ ဖြစ်တတ်ကြပါတယ်။ ဒါပေမဲ့ လည်းလူတစ်ယောက်နဲ့ တစ်ယောက်တော့ မတူညီတတ်ကြပါဘူး။ အိပ်ခဲ့တဲ့အိပ်ချိန် ပမာဏ၊ စားခဲ့တဲ့ အစားအစာနဲ့ လေ့ကျင့်ရတဲ့ပုံစံအတက်အကျလိုက် သင့်ရဲ့တက်ကြွမှုပုံစံဟာလည်းမြင့်လိုက်၊ နိမ့်လိုက် ဖြစ်နေမှာပဲ ဖြစ်ပါတယ်။ ခဏတဖြုတ် မမှေးစက်ရချိန်တိုင်းမှာဇီဝဗေဒခန္ဓာကိုယ်နဲ့ တိုက်ခိုက်နေရပြီး လူကပင်ပန်းနေမှာပါ။ လူအများစုဟာတစ်နေ့တာရဲ့ နေ့လယ်ပိုင်းအချိန်အတွင်းမှာ ပင်ပန်းနွမ်းနယ်တတ်ကြပါတယ်။ ပင်ပန်းနွမ်းနယ်ခြင်းကြောင့် သက်တောင့်သက်သာမဖြစ်ဘဲ ခန္ဓာကိုယ်ကစိတ်ပြေလက်ပျောက် အပန်းဖြေမှုကိုလိုအပ်တတ်ကြပါတယ်။

ခဏတဖြုတ်မှေးစက်ခြင်းသည် ရိုးစင်းပါတယ်။

အများအားဖြင့် လူတွေ အားအင်အကုန်ခန်းဆုံးအချိန်ကနေ့လည် ၁နာရီမှ ၃နာရီအကြား ဖြစ်ပါတယ်။ ဒီအချိန်ကနေ့လည်စာစားပြီးချိန်လောက် ဖြစ်ပါတယ်။ နေ့လည်စာစားပြီးခဏတဖြုတ် မှေးစက်အနားယူခြင်းကပိုပြီး နိုးကြားတက်ကြွစေကာခွန်အားရှိစေပါတယ်။

နေ့ဘက်မှာ ဘာကြောင့် ခဏတဖြုတ်အိပ်စက်သင့်သလဲ။

ခဏတဖြုတ် မှေးစက်ခြင်းဟာ စဉ်းစားဉာဏ်ကို ပိုမိုဖြည့်တင်းပေးနိုင်ပြီး နံနက်ခင်းအချိန်မှာလို လူဟာလန်းဆန်းတက်ကြွမှုကိုခံစားရစေပါတယ်။ ခန္ဓာကိုယ်ဟာအားအင်ဖြည့်ဖို့ လိုအပ်လာပြီဆိုရင် အားဖြည့်သွင်းဖို့ လိုအပ်ပါတယ်။ ခဏတဖြုတ် မမှေးစက်ရတဲ့အခါမှာ ခန္ဓာကိုယ်ဟာအိပ်ချင်တဲ့စိတ်နဲ့ နပန်းလုံး တိုက်ခိုက်နေရမှာပဲ ဖြစ်ပါတယ်။ အလုပ်တွေများပြီးအလုပ်စားပွဲမှာထိုင်နေရပေမဲ့ အလွယ်ကူဆုံးအလုပ်တွေတောင် ပြီးစီးဖို့အတွက် ပိုပြီးအချိန်ကြာနေပါလိမ့်မယ်။ အနည်းငယ် စိတ်တို၊ စိတ်မရှည်သလိုခံစားနေရပြီးအဆင်မပြေတဲ့ အချိန်ကိုရရှိမှာ ဖြစ်ပါတယ်။ မိနစ်၂ဝခန့်သာမှေးစက်လိုက်ခြင်းဖြစ်ပေမဲ့ နိုးလာတဲ့အချိန်တိုင်းမှာ လန်းဆန်းတက်ကြွမှုကိုရရှိစေနိုင်မှာပါ။ အချိန်တိုလေးနဲ့ အလုပ်တွေ ပြီးစီးနိုင်ပြီးတစ်နေ့တာရဲ့ ကျန်ရှိနေတဲ့ အချိန်တွေမှာလည်းပိုမိုကောင်းမွန်တဲ့ အမြင်တွေကိုခံစားရစေပါတယ်။ မှေးစက်ခြင်းဟာအလုပ်တွေကိုအကောင်းဆုံး ပြီးမြောက်နိုင်စေဖို့ လုပ်ဆောင်သင့်တဲ့ reset ချတဲ့ ခလုတ်တစ်ခုလိုပဲ ဖြစ်ပါတယ်။ ၁၅ မိနစ် မိနစ်၂ဝ ခန့် မှေးစက်ခြင်းကြောင့် အံ့သြစရာကောင်းတဲ့ အကျိုးကျေးဇူးတွေ ရရှိနိုင်ပါတယ်။ အချိန်အကြာကြီးမှေးစက်ခြင်းကတော့ ကိုယ့်ရဲ့အိပ်ချိန်ပုံစံကိုလုံးဝပြောင်းလဲသွားစေပြီးပိုမိုအင်အားကုန်ခန်းသွားစေနိုင်ပါတယ်။ ဒါကြောင့် မိနစ်၂ဝခန့်ဆိုလုံလောက်ပါတယ်။ မိနစ် ၂ဝမှေးစက်ခြင်းက ကဖင်းဓာတ် ၂ဝဝမီလီဂရမ်နဲ့ ပုံမှန် Espresso နှစ်ခွက်ထက် ပိုကောင်းတဲ့ စွမ်းအင်တွေကို ရရှိစေနိုင်ပါတယ်။

Credit : Htet Htet Tin Zar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top