iMyanmarHouse.com - Best Property Website for Myanmar
×
Source : Metro
Credit : Duwun
စိတ်ကူးနဲ့ လက်တွေ့ဟာ တကယ်တော့ အရမ်းကို ကွဲပြားနေတက်ပါတယ်။
လူလွတ်ဘဝကနေ အိမ်ထောင်သည် ဘဝကို ရောက်ရှိသွားတာနဲ့ အရာရာဟာ ပြောင်းလဲသွားတက်ပါတယ်။ သင့်ကို ဘယ်သူမှ ပြောမပြထားတဲ့ အိမ်ထောင်ရေး အတွေ့အကြုံတွေကို ချက်ခြင်း ရင်ဆိုင်ရတော့တာပါပဲ။
သင့်ကို တော်ရုံအိမ်ထောင်ရှင်တွေ ပြောမပြထားတဲ့ အိမ်ထောင်ရေး အတွေ့အကြုံ (၁၀) ခုရှိပါတယ်။
၁။ အိမ်ထောင်ပရိဘောဂတွေကို ရွှေ့ပြောင်းဝယ်ယူရတဲ့ ဒုက္ခဟာ မသေးပါဘူး။ တစ်ခါတလေ ဆိုဖာတွေ၊ ဗီဒိုတွေက အိမ်တံခါးနဲ့ မဆံ့ပဲ ဖြစ်နေတက်သေးတယ်။
၂။ လက်ထပ်တယ်ဆိုတာ သူ့တစ်ယောက်တည်းကို မဟုတ်ပါဘူး။ သူ့မိသားစုလည်း ပါဝင်ပါတယ်။
၃။ သူ့မိသားစုရဲ့ အသုံးစရိတ်က ကြီးမားပါတယ်။ ဒါကို သင်လည်း ကျခံရတက်တယ်။
၄။ လက်ထပ်ပြီးတာနဲ့ သင် ပိုက်ဆံစုဖို့ဆိုတာ ပုံမှန်ဝင်ငွေနဲ့တော့ သိပ်မဖြစ်နိုင်တော့ပါဘူး။
၅။ ကလေးဘယ်တော့ယူမှာလဲဆိုတဲ့ မေးခွန်းတွေ နေ့တိုင်း အမေးခံရမယ်။
၆။ ကလေးတွေဟာ ဈေးကြီးပါတယ်။ စစ်တမ်းတစ်ခုအရ ကလေးငယ်တစ်ယောက်ကို ငါးနှစ်အထိ ကြီးပြင်းအောင် ပြုစု စောင့်ရှောက်ဖို့အတွက် ပေါင်သုံးသောင်းခွဲလောက် ပျှမ်းမျှ ကုန်ပါတယ်။
၇။ ဘဏ်အကောင့်က သင်တစ်ယောက်တည်းပိုင်တာ မဟုတ်တော့ဘူး။ နှစ်ယောက်ပေါင်း ပိုင်တဲ့ (joint account )  ဖြစ်သွားမှာပါ။
၈။ အရင်က သင်ချစ်ခဲ့တဲ့ သူ့ရဲ့အလေ့အကျင့်ဟောင်း တစ်ချို့က အခုတော့ စိတ်ညစ်စရာ ဖြစ်လာမယ်။ ဥပမာ လက်သည်းကိုက်တာမျိုးပေါ့။
၉။ ကိုယ်ပိုင်အချိန် မရှိတော့ဘူး။ အလုပ်ပြီးတာနဲ့ အိမ်ကိုတန်းမပြန်ရင် ပြဿနာတက်ပြီသာ မှတ်ပေတော့။
၁၀။ အစားအသောက်တွေ ပြဿနာတက်ရမယ့် အချိန်တွေ ရောက်လာပါပြီ။ နေ့တိုင်း ဒါကြီးပဲ စားတော့မှာလား ဆိုတာမျိုး အပြန်အလှန် မေးတက်ကြတော့မှာပါ။
Source : Metro
Credit : Duwun
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top