iMyanmarHouse.com - Best Property Website for Myanmar
×
၁။ ကျောက်တည်ခြင်း
၂။ သွားကိုက်ခြင်း
၃။ ချုပ်ရိုးပြေခြင်း
၎။ သွေးစုနာပေါက်ခြင်း
၅။ နံရိုးကျိုးခြင်း
၇။ မီးလောင်ခြင်း
၈။ ဂေါက်ရောဂါ
Credit : Metro
"ကလေးမွေးတာထက် ပိုနာကျင်ရတဲ့ နာကျင်မှု (၈) မျိုး"
အမျိုးသမီးတွေအတွက် ကလေးမွေးတာထက် ပိုကြောက်ရတဲ့ ရောဂါတွေ ရှိပါတယ်။
ကိုယ်ဝန်ဆောင်ပြီး ကလေးမွေးရတဲ့ အခြေအနေဟာ အမျိုးသမီးတွေအတွက် အသက်န္တရာယ် အနီးကပ်ဆုံး အခြေအနေလို့ အများက သတ်မှတ်ထားကြပါတယ်။ သဘာဝအတိုင်း မွေးဖွားသူတွေအနေနဲ့ နာကျင်မှုကို ပိုပြီး ခံစားကြရတတ်ပါတယ်။
ဒါပေမယ့် ကလေးမွေးတဲ့ နာကျင်မှုထက် ပိုနာကျင်ရတဲ့ ရောဂါ (၇) မျိုးရှိပါတယ်။
၁။ ကျောက်တည်ခြင်း
ဆီးလမ်းကြောင်းမှာ ကျောက်တည်ပြီဆိုရင် ကလေးမွေးတဲ့ နာကျင်မှုထက် ဆယ်ဆလောက် ပိုနာကျင်ရပါတယ်။
၂။ သွားကိုက်ခြင်း
အတော်များများ သွားကိုက်ဖူးကြပါတယ်။ မခံမရပ်နိုင်အောင် ကိုက်လာတဲ့အခါ ကိုယ့်ကိုကိုယ် သတ်သေချင်စိတ်တောင် ပေါက်လာတတ်ကြပါတယ်။
၃။ ချုပ်ရိုးပြေခြင်း
ဒဏ်ရာကို ချုပ်ထားတဲ့ ချုပ်ရိုး ပြေသွားတဲ့အခါ နာကျင်မှုက ကလေးမွေးရတာထက် ပိုပါတယ်။ အထူးသဖြင့် တင်ပါးချုပ်ရိုး ပြေသွားရင် ပိုဆိုးတော့တာပါပဲ။
၄။ သွေးစုနာပေါက်ခြင်း
သွေးစုနာလို့ခေါ်တဲ့ အနာစိမ်းပေါက်ပြီးဆိုရင် ဘယ်သူမှ မခံစားနိုင်ပါဘူး။ တင်ပါးမှာ ပေါက်ပြီးဆိုရင် မျက်ရည်ကျဖို့သာ ပြင်ထားပေတော့လို့ ဆိုရမှာပါ။
၅။ နံရိုးကျိုးခြင်း
အမျိုးသမီးတွေအတွက် နံရိုးကျိုးရတာဟာ ခံစားရခက်လှတဲ့ ဒုက္ခပါ။ ကလေးမွေးဖူးတဲ့ အမျိုးသမီးတွေ အဆိုအရ ကလေးမွေးတာထက် နံရိုးကျိုးတာ ပိုနာတယ်လို့ ဆိုပါတယ်။
၆။ ခေါင်းတခြမ်း ကိုက်ခြင်း
ခေါင်းတခြမ်းကိုက်တဲ့ ဝေဒနာကတော့ လူအနည်းစုသာ ဖြစ်တတ်ကြတာပါ။ ဆေးရုံရောက်လာသူတွေဟာ ကလေးမွေးဖို့ထက် နောက်တစ်ခါ ခေါင်းတခြမ်းကိုက်မှာကို ပိုကြောက်ကြပါတယ်။
၇။ မီးလောင်ခြင်း
အသားအရည်ကို ဆိုးဆိုးရွားရွား မီးလောင်ကျွမ်းသွားစေတာကလည်း ကြောက်စရာ အကောင်းဆုံး ခံစားမှုထဲမှာ ပါဝင်ပါတယ်။ အသားပြန်တက်လာတဲ့ အချိန်တွေမှာလည်း ခံစားရမှု ဝေဒနာဟာ ပြင်းထန်လာတတ်ပါတယ်။
၈။ ဂေါက်ရောဂါ
ဂေါက်ရောဂါလို့ခေါ်တဲ့ အဆစ်မြစ်ယောင်တဲ့ ရောဂါကလည်း ခံစားဖူးသူတွေ ဘယ်တော့မှ ပြန်မရချင်တဲ့ နာကျင်မှု တစ်မျိုးပါ။
Credit : Metro
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top