iMyanmarHouse.com - Best Property Website for Myanmar
×

ကိုယ္အေလးခ်ိန္ေလွ်ာ့ဖိ႔ုနဲ႕ အဲ့ဒီအေလးခ်ိန္မွာပဲ အခ်ိန္အတုိင္းအတာတစ္ခုထိ ထိန္းထားႏုိင္ဖို႔အတြက္ ေနထိုင္မႈစနစ္တခ်ိဳ႕ေျပာင္းလဲဖို႔ လိုအပ္ပါတယ္။ အစားလံုး၀မစားေတာ့တာ၊ ေလ့က်င့္ခန္းအျပင္းအထန္ လုပ္တာေတြက က်န္းမာေရးအတြက္ မေကာင္းႏုိင္ပါဘူး။ ကိုယ္အေလးအခ်ိန္ေလွ်ာ့ဖို႔ သင္အသံုးျပဳတဲ့နည္းလမ္းေတြက ကိုယ္ခႏၶာကိုယ္နဲ႔ ကိုက္ညီဖို႔ လိုအပ္ၿပီး ပုိမုိက်န္းမာတဲ့ ခႏၶာကိုယ္ျဖစ္ေစဖို႔ဆိုတာ မေမ့ပါနဲ႔။

ကိုယ္အေလးခ်ိန္ေလွ်ာ့ဖို႔ ႀကိဳးပမ္းတာက ေရရွည္လုပ္ဖို႔ေတာ့လိုပါတယ္။ မဟုတ္ရင္ ခဏပဲ အဆင္ေျပပါလိမ့္မယ္။ ကုိယ့္ရဲ႕ေန႔စဥ္ေနထုိင္မႈကို မထိခုိက္ေစဘဲ ကိုယ္အေလးခ်ိန္ေလွ်ာ့ခ်ႏုိင္ဖုိ႔ လိုပါတယ္။

အလားတူပဲ ကိုယ္အေလးခ်ိန္ေလွ်ာ့ဖို႔ လုပ္တဲ့ေနရာမွာ အားကစားခန္းမမွာ ျပင္းထန္တဲ့ ေလ့က်င့္ခန္းေတြလုပ္တာမ်ိဳး အစားအေသာက္ကို အလြန္အမင္း ကန္႔သတ္ထိန္းခ်ဳပ္တာမ်ိဳးေတြ လုပ္ဖို႔ မလိုအပ္ပါဘူး။ ခုေျပာမွာကေတာ့ က်န္းမာေရးနဲ႕ ညီညႊတ္တဲ့ ၀ိတ္ခ်နည္း (၄)ခုအေၾကာင္းျဖစ္ပါတယ္။
ေန႔တိုင္းပံုမွန္ေလ့က်င့္ခန္းလုပ္ပါ

တစ္ေန႔ကို ၁၅ -၂၀ မိနစ္ၾကာတဲ့ ပံုမွန္ေလ့က်င့္ခန္းလုပ္ပါ။ ႏွလံုးေသြးေၾကာဆိုင္ရာ ေလ့က်င့္ခန္းနဲ႔ ကိုယ္ခံအားေကာင္းေစတဲ့ ေလ့က်င့္ခန္းေတြကို အလွည့္က်လုပ္ေဆာင္ပါ။
အိပ္ရာကေန မိနစ္ ၂၀ ေလာက္ေစာထၿပီးလုပ္ပါ ဒါမွမဟုတ္ ေန႔လည္ခင္းအခ်ိန္မွာလည္း လုပ္ႏုိင္ပါတယ္။ သင့္အေနနဲ႔ ဘယ္လိုပဲ ေရြးခ်ယ္ပါေစ ေန႔တိုင္းအခ်ိန္မွန္ျဖစ္ဖို႔ေတာ့ လိုပါလိမ့္မယ္။ လက္ေမာင္းေလ့က်င့္ခန္း၊ ထိုင္ထလုပ္တာ၊ အိပ္ထမတင္ စတဲ့ ႐ိုးရွင္းတာေလးေတြကို သင္အိပ္ယာထ ေရမခ်ိဳးခင္မွာ လုပ္ႏုိင္ပါတယ္။ အခ်ိန္ရရင္ အနီးနားက ေလေကာင္းေလးသန္႔ရတဲ့ ပန္းျခံထဲမွာလည္း လုပ္ႏုိင္ပါေသးတယ္။
ဒီလိုေန႔စဥ္ေလ့က်င့္ခန္းလုပ္တာက သင့္ခႏၶာကိုယ္အခ်ိဳးအစားနဲ႔ ကယ္လိုရီေလာင္ကၽြမ္းမႈျဖစ္စဥ္ကို ေျပာင္းလဲေစႏုိင္ပါတယ္။ ကိုယ္လက္ေလ့က်င့္ခန္းလုပ္တာက ႏွလံုး၊ စိတ္နဲ႔ ခႏၶာကိုယ္ကို အလုပ္ေပးထားတဲ့ သေဘာပါပဲ။ မနက္ခင္းေလ့က်င့္ခန္းက သင့္ခႏၶာကုိယ္ရဲ႕ ဇီဝကာမျဖစ္စဥ္ေတြကို အေထာက္အကူျဖစ္ေစၿပီး တေနကုန္လန္းဆန္းတက္ႂကြေစႏုိင္တဲ့ အန္ဒိုဖင္ေဟာ္မုန္းကို ထုတ္လုပ္ေပးႏုိင္ပါတယ္။ ႂကြက္သားေတြ ႀကီးထြားလာၿပီး ဇီဝကမၼၿဖစ္စဥ္ေတြကို တိုးတက္ျမန္ဆန္ေစပါတယ္။ ဒီလိုျမန္ဆန္လာတာနဲ႔အမွ် ကိုယ္စားမယ့္ အစားအေသာက္ေတြကို ခ်င့္ခ်ိန္စရာလည္း သိပ္မလိုေတာ့ပါဘူး။
အက်ိဳးရွိတဲ့အစားအစားကို စားပါ။

ဒါက သင့္ရဲ႕ လက္ကိုင္ေဆာင္ပုဒ္ေတာင္ ျဖစ္သင့္ပါတယ္။ အသီးအရြက္ေတြစားၿပီး ဝေနတဲ့လူရယ္လို႕ သင္ၾကားဖူးမွာမဟုတ္ပါဘူး။ သဘာဝကေပးတဲ့ အက်ိဳးရွိတဲ့အစားပါ။ အေနာက္ႏုိင္ငံေတြမွာရွိတဲ့ လူ ၆၆ ရာခိုင္ႏႈန္းေလာက္က အဝလြန္ေနၾကတဲ့အတြက္ သူတို႔ႏုိင္ငံေတြမွာ တကယ့္အသီးအရြက္ေတြစားဖို႔ေတာင္ လႈံေဆာ္ေနၾကရပါတယ္။ ဒါေၾကာင့္ သင္အစားစားတဲ့အခ်ိန္တိုင္းမွာ ခႏၶာကိုယ္အတြက္ တကယ္အက်ိဳးရွိသလားဆိုတာ သင့္ကိုယ္သင္ေမးပါ။
တစ္နပ္ေလာက္ျဖစ္ျဖစ္ ေလွ်ာ့စားတာမ်ိဳးမလုပ္ပါႏွင့္။

သင္ဘယ္အခ်ိန္ အစာအစားသလဲဆိုတာက သင္ဘာေတြစားသလဲဆိုတာေလာက္ကို အေရးႀကီးပါတယ္။ သင့္ခႏၶာကိုယ္က ေလာင္စာလိုအပ္တာျဖစ္တဲ့အတြက္ သင္တစ္နပ္ေလာက္ေလွ်ာ့ခဲ့ရင္ ဇီဝကမၼၿဖစ္စဥ္ေတြက ေႏွးေကြးသြားပါတယ္။ အခ်ိန္မွန္မွန္စားတာက သင့္ကိုယ္တြင္းသၾကားဓါတ္ကို ညီမွ်ေစၿပီး ႐ုတ္တရက္အားနည္းသြားတာမ်ိဳးကေန ကာကြယ္ႏုိင္ပါတယ္။ အခ်ိဳဓါတ္နည္းတဲ့မနက္စာက ကို္ယ္တြင္းအဆီေလွ်ာ့ခ်မႈကို ကူညီေပးႏုိင္ပါတယ္။
အိပ္ေရးဝဝအိပ္ပါ။

အိပ္စက္ျခင္းက သင့္က်န္းမာေရးအတြက္ အေရးႀကီးတဲ့ အခန္းက႑မွာ ပါဝင္ေနပါတယ္။ ေနာက္အေရးႀကီးတဲ့အရာေတြကေတာ့ က်န္းမာေရးနဲ႔ညီညႊတ္တဲ့အစားအေသာက္စားျခင္း၊ ပံုမွန္ေလ့က်င့္ခန္းလုပ္ျခင္းႏွင့္ အေကာင္းျမင္စိတ္ရွိျခင္းတို႔ပဲ ျဖစ္ပါတယ္။ ဒီေလးခ်က္ကို သင္ေမ့ထားတာက သင့္ကို ကုသေပးေနတဲ့ ဆရာဝန္နာမည္ကို ေမ့ေနသလိုျဖစ္ေနမွာပါ။ ေန႔တိုင္း အခ်ိန္မွန္မွန္အိပ္ပါ။ ၈ နာရီျပည့္ေအာင္ ႀကိဳးစားအိပ္ပါ။ ဒါမွသာ ခႏၶာကိုယ္က သဘာဝအတိုင္းလုပ္ေဆာင္တဲ့ အဆိပ္အေတာက္ ဖယ္ရွားတဲ့ စနစ္ကို ျပည့္ျပည့္ဝဝ ေဆာင္ရြက္ႏုိင္မွာျဖစ္ပါတယ္။

Credit : Mizzima
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ကိုယ်အလေးချိန်လျှော့ဖိ့ုနဲ့ အဲ့ဒီအလေးချိန်မှာပဲ အချိန်အတိုင်းအတာတစ်ခုထိ ထိန်းထားနိုင်ဖို့အတွက် နေထိုင်မှုစနစ်တချို့ပြောင်းလဲဖို့ လိုအပ်ပါတယ်။ အစားလုံးဝမစားတော့တာ၊ လေ့ကျင့်ခန်းအပြင်းအထန် လုပ်တာတွေက ကျန်းမာရေးအတွက် မကောင်းနိုင်ပါဘူး။ ကိုယ်အလေးအချိန်လျှော့ဖို့ သင်အသုံးပြုတဲ့နည်းလမ်းတွေက ကိုယ်ခန္ဓာကိုယ်နဲ့ ကိုက်ညီဖို့ လိုအပ်ပြီး ပိုမိုကျန်းမာတဲ့ ခန္ဓာကိုယ်ဖြစ်စေဖို့ဆိုတာ မမေ့ပါနဲ့။

ကိုယ်အလေးချိန်လျှော့ဖို့ ကြိုးပမ်းတာက ရေရှည်လုပ်ဖို့တော့လိုပါတယ်။ မဟုတ်ရင် ခဏပဲ အဆင်ပြေပါလိမ့်မယ်။ ကိုယ့်ရဲ့နေ့စဉ်နေထိုင်မှုကို မထိခိုက်စေဘဲ ကိုယ်အလေးချိန်လျှော့ချနိုင်ဖို့ လိုပါတယ်။

အလားတူပဲ ကိုယ်အလေးချိန်လျှော့ဖို့ လုပ်တဲ့နေရာမှာ အားကစားခန်းမမှာ ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေလုပ်တာမျိုး အစားအသောက်ကို အလွန်အမင်း ကန့်သတ်ထိန်းချုပ်တာမျိုးတွေ လုပ်ဖို့ မလိုအပ်ပါဘူး။ ခုပြောမှာကတော့ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ ဝိတ်ချနည်း (၄)ခုအကြောင်းဖြစ်ပါတယ်။
နေ့တိုင်းပုံမှန်လေ့ကျင့်ခန်းလုပ်ပါ

တစ်နေ့ကို ၁၅ -၂၀ မိနစ်ကြာတဲ့ ပုံမှန်လေ့ကျင့်ခန်းလုပ်ပါ။ နှလုံးသွေးကြောဆိုင်ရာ လေ့ကျင့်ခန်းနဲ့ ကိုယ်ခံအားကောင်းစေတဲ့ လေ့ကျင့်ခန်းတွေကို အလှည့်ကျလုပ်ဆောင်ပါ။
အိပ်ရာကနေ မိနစ် ၂၀ လောက်စောထပြီးလုပ်ပါ ဒါမှမဟုတ် နေ့လည်ခင်းအချိန်မှာလည်း လုပ်နိုင်ပါတယ်။ သင့်အနေနဲ့ ဘယ်လိုပဲ ရွေးချယ်ပါစေ နေ့တိုင်းအချိန်မှန်ဖြစ်ဖို့တော့ လိုပါလိမ့်မယ်။ လက်မောင်းလေ့ကျင့်ခန်း၊ ထိုင်ထလုပ်တာ၊ အိပ်ထမတင် စတဲ့ ရိုးရှင်းတာလေးတွေကို သင်အိပ်ယာထ ရေမချိုးခင်မှာ လုပ်နိုင်ပါတယ်။ အချိန်ရရင် အနီးနားက လေကောင်းလေးသန့်ရတဲ့ ပန်းခြံထဲမှာလည်း လုပ်နိုင်ပါသေးတယ်။
ဒီလိုနေ့စဉ်လေ့ကျင့်ခန်းလုပ်တာက သင့်ခန္ဓာကိုယ်အချိုးအစားနဲ့ ကယ်လိုရီလောင်ကျွမ်းမှုဖြစ်စဉ်ကို ပြောင်းလဲစေနိုင်ပါတယ်။ ကိုယ်လက်လေ့ကျင့်ခန်းလုပ်တာက နှလုံး၊ စိတ်နဲ့ ခန္ဓာကိုယ်ကို အလုပ်ပေးထားတဲ့ သဘောပါပဲ။ မနက်ခင်းလေ့ကျင့်ခန်းက သင့်ခန္ဓာကိုယ်ရဲ့ ဇီဝကာမဖြစ်စဉ်တွေကို အထောက်အကူဖြစ်စေပြီး တနေကုန်လန်းဆန်းတက်ကြွစေနိုင်တဲ့ အန်ဒိုဖင်ဟော်မုန်းကို ထုတ်လုပ်ပေးနိုင်ပါတယ်။ ကြွက်သားတွေ ကြီးထွားလာပြီး ဇီဝကမ္မဖြစ်စဉ်တွေကို တိုးတက်မြန်ဆန်စေပါတယ်။ ဒီလိုမြန်ဆန်လာတာနဲ့အမျှ ကိုယ်စားမယ့် အစားအသောက်တွေကို ချင့်ချိန်စရာလည်း သိပ်မလိုတော့ပါဘူး။
အကျိုးရှိတဲ့အစားအစားကို စားပါ။

ဒါက သင့်ရဲ့ လက်ကိုင်ဆောင်ပုဒ်တောင် ဖြစ်သင့်ပါတယ်။ အသီးအရွက်တွေစားပြီး ဝနေတဲ့လူရယ်လို့ သင်ကြားဖူးမှာမဟုတ်ပါဘူး။ သဘာဝကပေးတဲ့ အကျိုးရှိတဲ့အစားပါ။ အနောက်နိုင်ငံတွေမှာရှိတဲ့ လူ ၆၆ ရာခိုင်နှုန်းလောက်က အဝလွန်နေကြတဲ့အတွက် သူတို့နိုင်ငံတွေမှာ တကယ့်အသီးအရွက်တွေစားဖို့တောင် လှုံဆော်နေကြရပါတယ်။ ဒါကြောင့် သင်အစားစားတဲ့အချိန်တိုင်းမှာ ခန္ဓာကိုယ်အတွက် တကယ်အကျိုးရှိသလားဆိုတာ သင့်ကိုယ်သင်မေးပါ။
တစ်နပ်လောက်ဖြစ်ဖြစ် လျှော့စားတာမျိုးမလုပ်ပါနှင့်။

သင်ဘယ်အချိန် အစာအစားသလဲဆိုတာက သင်ဘာတွေစားသလဲဆိုတာလောက်ကို အရေးကြီးပါတယ်။ သင့်ခန္ဓာကိုယ်က လောင်စာလိုအပ်တာဖြစ်တဲ့အတွက် သင်တစ်နပ်လောက်လျှော့ခဲ့ရင် ဇီဝကမ္မဖြစ်စဉ်တွေက နှေးကွေးသွားပါတယ်။ အချိန်မှန်မှန်စားတာက သင့်ကိုယ်တွင်းသကြားဓါတ်ကို ညီမျှစေပြီး ရုတ်တရက်အားနည်းသွားတာမျိုးကနေ ကာကွယ်နိုင်ပါတယ်။ အချိုဓါတ်နည်းတဲ့မနက်စာက ကိုယ်တွင်းအဆီလျှော့ချမှုကို ကူညီပေးနိုင်ပါတယ်။
အိပ်ရေးဝဝအိပ်ပါ။

အိပ်စက်ခြင်းက သင့်ကျန်းမာရေးအတွက် အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေပါတယ်။ နောက်အရေးကြီးတဲ့အရာတွေကတော့ ကျန်းမာရေးနဲ့ညီညွှတ်တဲ့အစားအသောက်စားခြင်း၊ ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်းနှင့် အကောင်းမြင်စိတ်ရှိခြင်းတို့ပဲ ဖြစ်ပါတယ်။ ဒီလေးချက်ကို သင်မေ့ထားတာက သင့်ကို ကုသပေးနေတဲ့ ဆရာဝန်နာမည်ကို မေ့နေသလိုဖြစ်နေမှာပါ။ နေ့တိုင်း အချိန်မှန်မှန်အိပ်ပါ။ ၈ နာရီပြည့်အောင် ကြိုးစားအိပ်ပါ။ ဒါမှသာ ခန္ဓာကိုယ်က သဘာဝအတိုင်းလုပ်ဆောင်တဲ့ အဆိပ်အတောက် ဖယ်ရှားတဲ့ စနစ်ကို ပြည့်ပြည့်ဝဝ ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။

Credit : Mizzima

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top