ေယာက္်ားေလးပဲ ျဖစ္ျဖစ္၊ မိန္းကေလးပဲ ျဖစ္ျဖစ္ ခ်စ္သူက သစၥာေဖာက္ ထားသြားတယ္ ဆိုတာ ဘာပဲေျပာေျပာ ဒါက အေျခအေန တစ္ရပ္အေပၚ အ႐ႈံးေပးလိုက္ရျခင္း တစ္မ်ိဳးပဲေပါ့။
ဘယ္ေလာက္ပဲ စိတ္ဓာတ္ ခိုင္မာေနပါေစ၊ ဘယ္ေလာက္ပဲ စိတ္ေတြ မာေက်ာေနပါေစ အနည္းနဲ႔အမ်ားေတာ့ ထိခိုက္ ခံစားၾကရတာပါပဲ။ လုပ္ရက္ေလျခင္းလို႔ ေတြးၿပီး တစ္ေျမ႕ေျမ႕နဲ႔ ေလာင္ၿမိဳက္ေနမယ္။
ေနာက္ေက်ာကို ဓားနဲ႔ထိုးသြားတဲ့ အျဖစ္အပ်က္ေၾကာင့္ ေတြးမိတိုင္း နာက်င္ေနမယ္။ အေၾကာင္း တိုက္ဆိုင္မႈေတြ ႐ွိလာတိုင္း နာၾကည္းမႈ တစ္ဝက္၊ လြမ္းဆြတ္မႈ တစ္ဝက္နဲ႔ မေကာင္းတဲ့ အတိတ္ကို ခဏခဏ ျပန္တူးေဖာ္ ေနမိတတ္တယ္။
အဆိုးဆံုးကေတာ့ သတိမရေတာ့ဘူးလို႔ အႀကိမ္ႀကိမ္ ႏွလံုးသြင္းထားရင္း တားမရ ဆီးမရ သတိရေနေသးတဲ့ ကိုယ့္ကိုယ္ကိုယ္ အျပစ္ေတြျမင္လာတာပါပဲ။
တကယ္တမ္းက်ေတာ့ လူေျပာမ်ားေနသလို အသည္း ကြဲတာက ဘဝပ်က္ မသြားဘူး ဆုိေပမယ့္ ကိုယ့္ဘက္ကေလးနက္မႈ အေနအထားကို မူတည္ျပီး စိတ္ကေတာ့ အတိုင္းအတာ တစ္ခုအထိ ပ်က္စီးသြားရတာပါပဲ။ ေနာက္ထပ္ ထပ္ခ်စ္ဖို႔ကို မဝံ့ရဲေတာ့ဘူး။
တစ္ခါတစ္ေလ ကိုယ့္ကိုယ္ကိုယ္ေတာင္ သတိမထားမိဘဲ မသိစိတ္ထဲမွာ ကိုယ့္ကိုယ္ကိုယ္ ယံုၾကည္မႈေတြပ်က္ျပားေနတတ္တယ္။
ဒီေနရာမွာ စာေရးသူ တစ္ခုေျပာခ်င္တာက ၾကံဳလာတဲ့ အေျခအေန တစ္ရပ္ကို ဒူးေထာက္ အညံ့မခံဘဲ ရဲရဲရင့္ရင့္ လက္ခံ ရင္ဆိုင္ပစ္လိုက္ဖို႔ပါပဲ။
ပ်က္ေနတဲ့ စိတ္ကို ျပန္ျပဳျပင္ဖို႔ မႀကိဳးစားဘဲ အပ်က္အတိုင္း ထားမယ္ဆိုရင္ ဘယ္ေတာ့မွ ျပန္ေကာင္းလာဖို႔ မ႐ွိပါဘူး။
အျခား ႐ႈေထာင့္တစ္ခုကေန အေသအခ်ာ စဥ္းစားၾကည့္မယ္ ဆိုရင္ အခ်စ္႐ွိလို႔ အမုန္း႐ွိေနသလို၊ ဆံုဆည္းခဲ့လို႔လည္း ခြဲခြာျခင္းနဲ႔ ၾကံဳရတာပါ။
ေကာင္းေသာ ခြဲခြာျခင္းနဲ႔ မေကာင္းေသာ ခြဲခြာျခင္းဆိုတဲ့ ခြဲခြာျခင္းႏွစ္မိ်ဳးမွာ ကိုယ့္ကို သစၥာေဖာက္ၿပီး ခြဲခြာသြားတာကို ေကာင္းေသာ ခြဲခြာျခင္းပဲလို႔ စာေရးသူကေတာ့ သတ္မွတ္ လိုက္ခ်င္တယ္။
ဘာလို႔လဲဆိုေတာ့ သစၥာမ႐ွိတဲ့ လူတစ္ေယာက္ကို တစ္သက္လံုး အနားမွာ ထားၿပီး စိုးရိမ္ေၾကာင့္ၾက ေနရမယ့္အစား သူ႔အက်င့္၊ သူ႔စ႐ိုက္၊ သူ႔အဆင့္အတန္းနဲ႔ တန္တဲ့လမ္းကို သူ႔ဟာသူ ေစာေစာစီးစီး ေရြးေလွ်ာက္သြားတာ ကိုယ့္အတြက္ ကံေကာင္းျခင္း တစ္မ်ိဳးပဲေပါ့။ တူရာေတြပဲ စုစည္းတတ္တာ ေလာကသဘာဝပါ။
သစၥာမ႐ွိတဲ့သူဟာ သစၥာမ႐ွိတဲ့ သူခ်င္းပဲေတြ႔ဆံု ေပါင္းဖက္ႏိုင္တာ ဓမၼတာပါ။ ဒီ သေဘာတရားကို လက္ခံနားလည္ ႏိုင္ခဲ့မယ္ဆိုရင္ အသည္းကြဲျခင္းေၾကာင့္ ရေနတဲ့ ေဝဒနာေတြ၊ ပူေလာင္ေသာကေတြ၊ အမုန္းတရားေတြကို အေတာ္အသင့္ေတာ့ ေျပေလ်ာ့သြားေစႏိုင္မွာပါ။
တစ္ခု သိထားရမွာက ကိုယ့္အေနနဲ႔ သစၥာမ႐ွိတဲ့သူကို မွားခ်စ္မိလို္႔ တစ္ခါ႐ွံုးခဲ့ရၿပီးၿပီ။ ဒီအ႐ွံုးကေန ရလာတဲ့ေနာက္ဆက္တြဲ အက်ိဳးဆက္ေတြၾကား ကိုယ့္ကိုယ္က္ိုယ္ ပိတ္ေလွာင္ၿပီး ဒဏ္ခတ္ေနမယ္ဆိုရင္ အခါခါ အ႐ွံုးေပးေနရသလို ျဖစ္ေနပါလိမ့္မယ္။
ဒါေၾကာင့္ မသိတဲ့ အမွားတစ္ခုေၾကာင့္ တစ္ခါပဲ အ႐ႈံးေပးပါ။ ဝမ္းနည္းေၾကကြဲမႈေတြကို အဆမတန္ ထမ္းပိုးထားၿပီး ထပ္ခါထပ္ခါ အ႐ႈံးမေပးမိပါေစနဲ႔လို႔ အေလးအနက္ တိုက္တြန္း လိုက္ပါရေစ…
💓💓💓💓💓💓💓💓
Credit : မေနာျဖဴ
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ယောက်ျားလေးပဲ ဖြစ်ဖြစ်၊ မိန်းကလေးပဲ ဖြစ်ဖြစ် ချစ်သူက သစ္စာဖောက် ထားသွားတယ် ဆိုတာ ဘာပဲပြောပြော ဒါက အခြေအနေ တစ်ရပ်အပေါ် အရှုံးပေးလိုက်ရခြင်း တစ်မျိုးပဲပေါ့။
ဘယ်လောက်ပဲ စိတ်ဓာတ် ခိုင်မာနေပါစေ၊ ဘယ်လောက်ပဲ စိတ်တွေ မာကျောနေပါစေ အနည်းနဲ့အများတော့ ထိခိုက် ခံစားကြရတာပါပဲ။ လုပ်ရက်လေခြင်းလို့ တွေးပြီး တစ်မြေ့မြေ့နဲ့ လောင်မြိုက်နေမယ်။
နောက်ကျောကို ဓားနဲ့ထိုးသွားတဲ့ အဖြစ်အပျက်ကြောင့် တွေးမိတိုင်း နာကျင်နေမယ်။ အကြောင်း တိုက်ဆိုင်မှုတွေ ရှိလာတိုင်း နာကြည်းမှု တစ်ဝက်၊ လွမ်းဆွတ်မှု တစ်ဝက်နဲ့ မကောင်းတဲ့ အတိတ်ကို ခဏခဏ ပြန်တူးဖော် နေမိတတ်တယ်။
အဆိုးဆုံးကတော့ သတိမရတော့ဘူးလို့ အကြိမ်ကြိမ် နှလုံးသွင်းထားရင်း တားမရ ဆီးမရ သတိရနေသေးတဲ့ ကိုယ့်ကိုယ်ကိုယ် အပြစ်တွေမြင်လာတာပါပဲ။
တကယ်တမ်းကျတော့ လူပြောများနေသလို အသည်း ကွဲတာက ဘဝပျက် မသွားဘူး ဆိုပေမယ့် ကိုယ့်ဘက်ကလေးနက်မှု အနေအထားကို မူတည်ပြီး စိတ်ကတော့ အတိုင်းအတာ တစ်ခုအထိ ပျက်စီးသွားရတာပါပဲ။ နောက်ထပ် ထပ်ချစ်ဖို့ကို မဝံ့ရဲတော့ဘူး။
တစ်ခါတစ်လေ ကိုယ့်ကိုယ်ကိုယ်တောင် သတိမထားမိဘဲ မသိစိတ်ထဲမှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေပျက်ပြားနေတတ်တယ်။
ဒီနေရာမှာ စာရေးသူ တစ်ခုပြောချင်တာက ကြုံလာတဲ့ အခြေအနေ တစ်ရပ်ကို ဒူးထောက် အညံ့မခံဘဲ ရဲရဲရင့်ရင့် လက်ခံ ရင်ဆိုင်ပစ်လိုက်ဖို့ပါပဲ။
ပျက်နေတဲ့ စိတ်ကို ပြန်ပြုပြင်ဖို့ မကြိုးစားဘဲ အပျက်အတိုင်း ထားမယ်ဆိုရင် ဘယ်တော့မှ ပြန်ကောင်းလာဖို့ မရှိပါဘူး။
အခြား ရှုထောင့်တစ်ခုကနေ အသေအချာ စဉ်းစားကြည့်မယ် ဆိုရင် အချစ်ရှိလို့ အမုန်းရှိနေသလို၊ ဆုံဆည်းခဲ့လို့လည်း ခွဲခွာခြင်းနဲ့ ကြုံရတာပါ။
ကောင်းသော ခွဲခွာခြင်းနဲ့ မကောင်းသော ခွဲခွာခြင်းဆိုတဲ့ ခွဲခွာခြင်းနှစ်မျိုးမှာ ကိုယ့်ကို သစ္စာဖောက်ပြီး ခွဲခွာသွားတာကို ကောင်းသော ခွဲခွာခြင်းပဲလို့ စာရေးသူကတော့ သတ်မှတ် လိုက်ချင်တယ်။
ဘာလို့လဲဆိုတော့ သစ္စာမရှိတဲ့ လူတစ်ယောက်ကို တစ်သက်လုံး အနားမှာ ထားပြီး စိုးရိမ်ကြောင့်ကြ နေရမယ့်အစား သူ့အကျင့်၊ သူ့စရိုက်၊ သူ့အဆင့်အတန်းနဲ့ တန်တဲ့လမ်းကို သူ့ဟာသူ စောစောစီးစီး ရွေးလျှောက်သွားတာ ကိုယ့်အတွက် ကံကောင်းခြင်း တစ်မျိုးပဲပေါ့။ တူရာတွေပဲ စုစည်းတတ်တာ လောကသဘာဝပါ။
သစ္စာမရှိတဲ့သူဟာ သစ္စာမရှိတဲ့ သူချင်းပဲတွေ့ဆုံ ပေါင်းဖက်နိုင်တာ ဓမ္မတာပါ။ ဒီ သဘောတရားကို လက်ခံနားလည် နိုင်ခဲ့မယ်ဆိုရင် အသည်းကွဲခြင်းကြောင့် ရနေတဲ့ ဝေဒနာတွေ၊ ပူလောင်သောကတွေ၊ အမုန်းတရားတွေကို အတော်အသင့်တော့ ပြေလျော့သွားစေနိုင်မှာပါ။
တစ်ခု သိထားရမှာက ကိုယ့်အနေနဲ့ သစ္စာမရှိတဲ့သူကို မှားချစ်မိလို့် တစ်ခါရှုံးခဲ့ရပြီးပြီ။ ဒီအရှုံးကနေ ရလာတဲ့နောက်ဆက်တွဲ အကျိုးဆက်တွေကြား ကိုယ့်ကိုယ်ကိုယ် ပိတ်လှောင်ပြီး ဒဏ်ခတ်နေမယ်ဆိုရင် အခါခါ အရှုံးပေးနေရသလို ဖြစ်နေပါလိမ့်မယ်။
ဒါကြောင့် မသိတဲ့ အမှားတစ်ခုကြောင့် တစ်ခါပဲ အရှုံးပေးပါ။ ဝမ်းနည်းကြေကွဲမှုတွေကို အဆမတန် ထမ်းပိုးထားပြီး ထပ်ခါထပ်ခါ အရှုံးမပေးမိပါစေနဲ့လို့ အလေးအနက် တိုက်တွန်း လိုက်ပါရစေ…
💓💓💓💓💓💓💓💓
Credit : မနောဖြူ
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အခ်စ္ေၾကာင့္ အခါခါ မ႐ႈံးပါေစနဲ႔
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။