iMyanmarHouse.com - Best Property Website for Myanmar
×

ေဆာင္းရာသီကိုေရာက္လာသည္ႏွင့္အမွ် လူအမ်ားစုသည္ မိမိတို႕ရဲ႕တံေတာင္ဆစ္မ်ား ေျခာက္ေသြ႕ႀကမ္းတမ္းလာမွာကို အင္မတန္စိုးရိမ္လာႀကရပါတယ္။ အျဖစ္မ်ားေလ့ရွိရံုသာမက စိတ္ညစ္စရာေကာင္းေစႏိုင္ေသာ ျပႆနာတစ္ခုဆိုလည္းမမွားပါဘူး။ ေျခာက္ေသြ႕မႈကအလြန္ျပင္းထန္လာၿပီဆိုလွ်င္ေတာ့ ယားယံမႈကိုေတာင္ျဖစ္လာေစႏိုင္ပါတယ္။

မႀကာခဏလက္အေကြးအဆန္႕လုပ္ျခင္း၊ ေရထဲတြင္အခ်ိန္အႀကာႀကီးေနျခင္း၊ ဓာတုပစၥည္းအေျမာက္အျမားပါ၀င္ေသာ အလုကုန္ပစၥည္းမ်ား အသံုးျပဳျခင္း၊ ေရပူခ်ိဳးျခင္း၊ ေနေလာင္ခံရျခင္း စသည့္ အေျခအေနမ်ားေႀကာင့္ ဆိုးရြားလာသည့္တံေတာင္ဆစ္ကို နဂိုမူလအတိုင္းျပန္လည္ေခ်ာေမြ႕ညီညာမႈရွိေအာင္ လုပ္ေဆာင္ႏိုင္ေစရန္ နည္းလမ္းေလးအခ်ိဳ႕ကိုျပန္လည္ေ၀မွ်လိုက္ရပါတယ္။

၁။ ေခ်းခၽြတ္ျခင္း

ေရခ်ိဳးေနစဥ္အတြင္း အ၀တ္ႀကမ္းတစ္ထည္၊ သပြတ္၊ ေခ်းခၽြတ္လက္အိတ္ သို႕မဟုတ္ ေရျမဳပ္ေက်ာက္တို႕ကို အသံုးျပဳၿပီး ႀကမ္းတမ္းေနေသာအသားအေရကို ပြတ္တိုက္ေပးႏိုင္ပါတယ္။ ေခၽြးခၽြတ္ၿပီးေနာက္မွာ ေရေအးျဖင့္ေဆးေႀကာသန္႕စင္ကာ ေျခာက္ေအာင္သုတ္ေပးၿပီးေနာက္ အစိုဓာတ္ထိန္းသိမ္းႏိုင္ရန္အတြက္ သံလြင္ဆီ သို႕မဟုတ္္ လိုးရွင္းလူးေပးႏိုင္ပါတယ္။

၂။ ေရနံဂ်ယ္လီ

အိပ္ရာသို႕မ၀င္ခင္ တံေတာင္ဆစ္ကို ေရေႏြးေႏြးျဖင့္ေသခ်ာသန္႕စင္၍ ေျခာက္ေအာင္သုတ္ၿပီးသည့္ေနာက္ ေရနံဂ်ယ္လီကိုထူထူလိမ္းေပးပါ။ ၿပီးလွ်င္ဆြဲဆန္႕ႏိုင္သည့္ လက္ပတ္ျဖင့္တံေတာင္ဆစ္ကိုဖံုး၍ အိပ္ရာသို႕၀င္ႏိုင္ပါတယ္။ မနက္ေရာက္သည့္အခါ ေရေႏြးေႏြးျဖင့္ေဆးေႀကာသန္႕စင္ေပးႏုိင္ပါတယ္။

၃။ အုန္းဆီ

အုန္းဆီအနည္းငယ္ကို မိုက္ခရိုေ၀့အတြင္းထဲထည့္ၿပီး အတန္ငယ္အပူေပးၿပီး တံေတာင္ဆစ္အႏွံ႕ပြတ္ေပးပါ။ အသားထဲသို႕စိမ့္၀င္ႏိုင္ရန္အတြက္ ျဖည္းျဖည္းခ်င္းႏွိပ္နယ္ေပးပါ။ ေရခ်ိဳးၿပီးႏွင့္ အိပ္ရာသို႕မ၀င္ခင္အခ်ိန္မ်ားတြင္ လုပ္ေပးႏိုင္ပါတယ္။

၄။ သံလြင္ဆီႏွင့္သႀကားအညိဳေရာင္

ေလးပံုပံုတစ္ပံုပမာဏ အညိဳေရာင္သႀကားႏွင့္ သံလြင္ဆီတို႕ကို ပ်စ္သည္အထိေရာေမႊ၍ တံေတာင္ဆစ္ေပၚတြင္ အ၀ိုင္းသ႑ာန္အတုိင္းျဖည္းညင္းစြာ ပြတ္ေပးၿပီး ၁၀ မိနစ္ခန္႕အႀကာမွာ ႀကက္သီးေႏြးထရံုေရေႏြးေႏြးျဖင့္ ေလာင္းခ်ေပးႏိုင္ပါတယ္။

၅။ ရွားေစာင္းလက္ပတ္

ရွားေစာင္းလက္ပတ္အႏွစ္ကို တံေတာင္ဆစ္တြင္လိမ္းေပး၍ မိနစ္ႏွစ္ဆယ္ခန္႕ထားရွိၿပီးေနာက္ ေရေႏြးျဖင့္ေဆးခ်ႏိုင္ပါတယ္။ ရက္သတၱပတ္အနည္းငယ္ေလာက္ ေန႕စဥ္ကို တစ္ႀကိမ္မွႏွစ္ႀကိမ္ မွန္မွန္လုပ္ေပးပါ။

၆။ ပ်ားရည္

သဘာ၀ပ်ားရည္စစ္စစ္ကို မိနစ္ႏွစ္ဆယ္မွ် တံေတာင္ဆစ္အေပၚထားရွိ၍ ေရေႏြးျဖင့္သန္႕စင္ေပးႏိုင္ပါတယ္။ ေျခာက္ေသြ႕ႀကမ္းတမ္းေသာ တံေတာင္ဆစ္မ်ားကို ျမန္ျမန္ေပ်ာက္ကင္းေစရန္အတြက္ ေန႕စဥ္ႏွစ္ႀကိမ္လုပ္ေဆာင္ေပးပါ။

၇။ အုတ္ဂ်ံဳမႈန္႕

အုတ္ဂ်ံဳမႈန္႕ကို ခ်ိဳးမည့္ေရေႏြးေႏြးထဲတြင္ ေရာစပ္ၿပီး ခႏၶာကိုယ္ႏွင့္တံေတာင္ဆစ္ကို ၁၀ မိနစ္ႀကာ စိမ္ေပးပါ။ ၿပီးေနာက္ ခႏၶာကိုယ္ကို သန္႕ရွင္းသည့္ေရျဖင့္ သန္႕စင္ကာ တဘက္ျဖင့္ေျခာက္ေအာင္သုတ္ေပးၿပီး အသားအေရထိန္းခရင္ခမ္ကို လိမ္းေပးပါ။ တေန႕လွ်င္တစ္ႀကိမ္ ေန႕စဥ္မွန္မွန္လုပ္ေပးရမွာျဖစ္ပါတယ္။

၈။ ငွက္ေပ်ာခြံ

ငွက္ေပ်ာခြံ၏အတြင္းဖက္ကို ၁၀ မိနစ္မွ ၁၅ မိနစ္ခန္႕ အ၀ိုင္းပံုစံအတိုင္း တံေတာင္ဆစ္တြင္ပြတ္တိုက္ေပးၿပီး အသားထဲစိမ့္၀င္သြားႏိုင္ရန္အတြက္ အနည္းဆံုး မိနစ္ ၂၀ ခန္႕ထားရွိၿပီး ေရေအးျဖင့္ေဆးခ်ႏို္င္ပါတယ္။

Credit : MyStyle
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ဆောင်းရာသီကိုရောက်လာသည်နှင့်အမျှ လူအများစုသည် မိမိတို့ရဲ့တံတောင်ဆစ်များ ခြောက်သွေ့ကြမ်းတမ်းလာမှာကို အင်မတန်စိုးရိမ်လာကြရပါတယ်။ အဖြစ်များလေ့ရှိရုံသာမက စိတ်ညစ်စရာကောင်းစေနိုင်သော ပြဿနာတစ်ခုဆိုလည်းမမှားပါဘူး။ ခြောက်သွေ့မှုကအလွန်ပြင်းထန်လာပြီဆိုလျှင်တော့ ယားယံမှုကိုတောင်ဖြစ်လာစေနိုင်ပါတယ်။

မကြာခဏလက်အကွေးအဆန့်လုပ်ခြင်း၊ ရေထဲတွင်အချိန်အကြာကြီးနေခြင်း၊ ဓာတုပစ္စည်းအမြောက်အမြားပါဝင်သော အလုကုန်ပစ္စည်းများ အသုံးပြုခြင်း၊ ရေပူချိုးခြင်း၊ နေလောင်ခံရခြင်း စသည့် အခြေအနေများကြောင့် ဆိုးရွားလာသည့်တံတောင်ဆစ်ကို နဂိုမူလအတိုင်းပြန်လည်ချောမွေ့ညီညာမှုရှိအောင် လုပ်ဆောင်နိုင်စေရန် နည်းလမ်းလေးအချို့ကိုပြန်လည်ဝေမျှလိုက်ရပါတယ်။

၁။ ချေးချွတ်ခြင်း

ရေချိုးနေစဉ်အတွင်း အဝတ်ကြမ်းတစ်ထည်၊ သပွတ်၊ ချေးချွတ်လက်အိတ် သို့မဟုတ် ရေမြုပ်ကျောက်တို့ကို အသုံးပြုပြီး ကြမ်းတမ်းနေသောအသားအရေကို ပွတ်တိုက်ပေးနိုင်ပါတယ်။ ချွေးချွတ်ပြီးနောက်မှာ ရေအေးဖြင့်ဆေးကြောသန့်စင်ကာ ခြောက်အောင်သုတ်ပေးပြီးနောက် အစိုဓာတ်ထိန်းသိမ်းနိုင်ရန်အတွက် သံလွင်ဆီ သို့မဟုတ် လိုးရှင်းလူးပေးနိုင်ပါတယ်။

၂။ ရေနံဂျယ်လီ

အိပ်ရာသို့မဝင်ခင် တံတောင်ဆစ်ကို ရေနွေးနွေးဖြင့်သေချာသန့်စင်၍ ခြောက်အောင်သုတ်ပြီးသည့်နောက် ရေနံဂျယ်လီကိုထူထူလိမ်းပေးပါ။ ပြီးလျှင်ဆွဲဆန့်နိုင်သည့် လက်ပတ်ဖြင့်တံတောင်ဆစ်ကိုဖုံး၍ အိပ်ရာသို့ဝင်နိုင်ပါတယ်။ မနက်ရောက်သည့်အခါ ရေနွေးနွေးဖြင့်ဆေးကြောသန့်စင်ပေးနိုင်ပါတယ်။

၃။ အုန်းဆီ

အုန်းဆီအနည်းငယ်ကို မိုက်ခရိုဝေ့အတွင်းထဲထည့်ပြီး အတန်ငယ်အပူပေးပြီး တံတောင်ဆစ်အနှံ့ပွတ်ပေးပါ။ အသားထဲသို့စိမ့်ဝင်နိုင်ရန်အတွက် ဖြည်းဖြည်းချင်းနှိပ်နယ်ပေးပါ။ ရေချိုးပြီးနှင့် အိပ်ရာသို့မဝင်ခင်အချိန်များတွင် လုပ်ပေးနိုင်ပါတယ်။

၄။ သံလွင်ဆီနှင့်သကြားအညိုရောင်

လေးပုံပုံတစ်ပုံပမာဏ အညိုရောင်သကြားနှင့် သံလွင်ဆီတို့ကို ပျစ်သည်အထိရောမွှေ၍ တံတောင်ဆစ်ပေါ်တွင် အဝိုင်းသဏ္ဍာန်အတိုင်းဖြည်းညင်းစွာ ပွတ်ပေးပြီး ၁၀ မိနစ်ခန့်အကြာမှာ ကြက်သီးနွေးထရုံရေနွေးနွေးဖြင့် လောင်းချပေးနိုင်ပါတယ်။

၅။ ရှားစောင်းလက်ပတ်

ရှားစောင်းလက်ပတ်အနှစ်ကို တံတောင်ဆစ်တွင်လိမ်းပေး၍ မိနစ်နှစ်ဆယ်ခန့်ထားရှိပြီးနောက် ရေနွေးဖြင့်ဆေးချနိုင်ပါတယ်။ ရက်သတ္တပတ်အနည်းငယ်လောက် နေ့စဉ်ကို တစ်ကြိမ်မှနှစ်ကြိမ် မှန်မှန်လုပ်ပေးပါ။

၆။ ပျားရည်

သဘာဝပျားရည်စစ်စစ်ကို မိနစ်နှစ်ဆယ်မျှ တံတောင်ဆစ်အပေါ်ထားရှိ၍ ရေနွေးဖြင့်သန့်စင်ပေးနိုင်ပါတယ်။ ခြောက်သွေ့ကြမ်းတမ်းသော တံတောင်ဆစ်များကို မြန်မြန်ပျောက်ကင်းစေရန်အတွက် နေ့စဉ်နှစ်ကြိမ်လုပ်ဆောင်ပေးပါ။

၇။ အုတ်ဂျုံမှုန့်

အုတ်ဂျုံမှုန့်ကို ချိုးမည့်ရေနွေးနွေးထဲတွင် ရောစပ်ပြီး ခန္ဓာကိုယ်နှင့်တံတောင်ဆစ်ကို ၁၀ မိနစ်ကြာ စိမ်ပေးပါ။ ပြီးနောက် ခန္ဓာကိုယ်ကို သန့်ရှင်းသည့်ရေဖြင့် သန့်စင်ကာ တဘက်ဖြင့်ခြောက်အောင်သုတ်ပေးပြီး အသားအရေထိန်းခရင်ခမ်ကို လိမ်းပေးပါ။ တနေ့လျှင်တစ်ကြိမ် နေ့စဉ်မှန်မှန်လုပ်ပေးရမှာဖြစ်ပါတယ်။

၈။ ငှက်ပျောခွံ

ငှက်ပျောခွံ၏အတွင်းဖက်ကို ၁၀ မိနစ်မှ ၁၅ မိနစ်ခန့် အဝိုင်းပုံစံအတိုင်း တံတောင်ဆစ်တွင်ပွတ်တိုက်ပေးပြီး အသားထဲစိမ့်ဝင်သွားနိုင်ရန်အတွက် အနည်းဆုံး မိနစ် ၂၀ ခန့်ထားရှိပြီး ရေအေးဖြင့်ဆေးချနိုင်ပါတယ်။

Credit : MyStyle

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top