iMyanmarHouse.com - Best Property Website for Myanmar
×

အိမ္ေထာင္ေရးခိုင္ျမဲဖို႕ဆိုတာ အဖက္ဖက္က အေၾကာင္းမ်ိဳးစံုရဲ႕ ျပည့္စံုမႈလိုအပ္ပါတယ္။ဒါေပမယ့္ နားလည္မႈရွိဖို႕ဆိုတာ ေငြနဲ႕ ဝယ္လို႕မရပါဘူး။ဒါေၾကာင့္ သာယာေပ်ာ္ရႊင္တဲ့ အိမ္ေထာင္ျဖစ္ဖို႕ ဘယ္လိုနည္းလမ္းးတခ်ိဳ႕ လုပ္ေဆာင္သင့္လဲ ေဖာ္ျပေပးလိုက္ပါတယ္။

ေခတ္ရဲ႕ သေဘာအရ လင္မယားႏွစ္ေယာက္လံုး ေငြရွာရပါတယ္။ေယာက်္ားပင္ပမ္းသလို မိန္းမလဲ ပင္ပမ္းတတ္ပါတယ္။ဒါေၾကာင့္ တခါတေလ အႏွိပ္ခန္းသြားတာ အေၾကာအခ်ဥ္ေျဖေလ်ာ့တဲ့အခါ လင္မယားႏွစ္ေယာက္လံုးသြားသင့္ျပီး ထပ္တူ ဇိမ္ခံသင့္ပါတယ္။

တခ်ိဳ႕ေသာ အရာေတြနဲ႕ စိတ္ခံစားမႈကို ျပခ်င္ရင္ စာေရးျပီး လင္မယားခ်င္းေပးပါ။ဖုန္းထဲက စာတိုပို႕တာထက္ ႏွစ္ဦးလံုးရင္ထဲ ပိုမိုေရာက္ရွိေစျပီး ပိုခိုင္တဲ့ ခ်စ္ျခင္းကို ရရွိမွာျဖစ္ပါတယ္။

အားလပ္ရက္မွာ ဟင္းအတူခ်က္စားပါ။မီးဖိုေခ်ာင္အတူဝင္ပါ။ေယာက်္ားအလုပ္ မိန္းမအလုပ္မခြဲသင့္ပါဘူး။

တခါတေလ ညဘက္ေတြ လမ္းအတူေလ်ာက္ပါ။မနက္လို မဟုတ္ပဲ ညရဲ႕ အရသာကို ႏွစ္ဦးခံစားပါ။ေႏြးေထြးတဲ့ ၾကင္နာမႈပံုစံေပးပါ။

လစာထုတ္ရက္ ေကတီဗီသြားတဲ့အခါ မိမိရဲ႕ အမ်ိဳးသမီး ကို ေခၚေဆာင္သြားပါ။ေပ်ာ္ရႊင္ဖြယ္ရာ စံုတြဲသီခ်င္းေတြနဲ႕ ကခုန္ပါ။

တခ်ိဳ႕ေသာ ပြဲေတာ္ေတြမွာ လင္မယားႏွစ္ေယာက္ လိုက္ဖက္ညီစြာ ဝတ္စားျပီး ပြဲေတာ္ကို ျဖတ္သန္းမႈလုပ္ပါ။သင္တို႕ရဲ႕ ခ်စ္ျခင္းေမတၱာကို တျခားသူေတြ ဂရုစိုက္မိေအာင္ ျပဳလုပ္ေပးပါ။

တခါတေလ ကေလးဆန္စြာ လင္မယားႏွစ္ေယာက္ ကစားကြင္းေတြသြားပါ။ခ်ားရဟတ္စီးျပီး သူမရဲ႕ အေပြ႕အဖက္နဲ႕ အားကိုးမႈကို ခံယူပါ။

ေန႕သစ္တခုရဲ႕ အစကို ေပ်ာ္ရႊင္ၾကည္ႏူးစြာျဖတ္သန္းပါ။ေကာ္ဖီကို လက္ဆံုေသာက္ပါ။ေနေရာင္ျခည္ကို မ်က္လံုးဆံုၾကည့္ပါ။

တခါတေလ ေတာင္တက္တာ ခက္ခဲတဲ့ ခရီးသြားတာမ်ိဳး လုပ္ပါ။သင့္အေပၚ အျပည့္အဝ အားကိုးမႈကို ခံယူပါ။

သူမရဲ႕ ခႏၶာကိုယ္မွာ သင့္ရဲ႕ အထိအေတြ႕မေရာက္ဖူးတဲ့ ေနရာ မရွိေအာင္ၾကိဳးစားပါ။သူမကိုလဲ တူညီတဲ့ အခ်စ္ျဖစ္ေပၚဖို႕ လံႈ႕ေဆာ္ပါ။

Credit : cantwait2say
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
အိမ်ထောင်ရေးခိုင်မြဲဖို့ဆိုတာ အဖက်ဖက်က အကြောင်းမျိုးစုံရဲ့ ပြည့်စုံမှုလိုအပ်ပါတယ်။ဒါပေမယ့် နားလည်မှုရှိဖို့ဆိုတာ ငွေနဲ့ ဝယ်လို့မရပါဘူး။ဒါကြောင့် သာယာပျော်ရွှင်တဲ့ အိမ်ထောင်ဖြစ်ဖို့ ဘယ်လိုနည်းလမ်းးတချို့ လုပ်ဆောင်သင့်လဲ ဖော်ပြပေးလိုက်ပါတယ်။

ခေတ်ရဲ့ သဘောအရ လင်မယားနှစ်ယောက်လုံး ငွေရှာရပါတယ်။ယောကျ်ားပင်ပမ်းသလို မိန်းမလဲ ပင်ပမ်းတတ်ပါတယ်။ဒါကြောင့် တခါတလေ အနှိပ်ခန်းသွားတာ အကြောအချဉ်ဖြေလျော့တဲ့အခါ လင်မယားနှစ်ယောက်လုံးသွားသင့်ပြီး ထပ်တူ ဇိမ်ခံသင့်ပါတယ်။

တချို့သော အရာတွေနဲ့ စိတ်ခံစားမှုကို ပြချင်ရင် စာရေးပြီး လင်မယားချင်းပေးပါ။ဖုန်းထဲက စာတိုပို့တာထက် နှစ်ဦးလုံးရင်ထဲ ပိုမိုရောက်ရှိစေပြီး ပိုခိုင်တဲ့ ချစ်ခြင်းကို ရရှိမှာဖြစ်ပါတယ်။

အားလပ်ရက်မှာ ဟင်းအတူချက်စားပါ။မီးဖိုချောင်အတူဝင်ပါ။ယောကျ်ားအလုပ် မိန်းမအလုပ်မခွဲသင့်ပါဘူး။

တခါတလေ ညဘက်တွေ လမ်းအတူလျောက်ပါ။မနက်လို မဟုတ်ပဲ ညရဲ့ အရသာကို နှစ်ဦးခံစားပါ။နွေးထွေးတဲ့ ကြင်နာမှုပုံစံပေးပါ။

လစာထုတ်ရက် ကေတီဗီသွားတဲ့အခါ မိမိရဲ့ အမျိုးသမီး ကို ခေါ်ဆောင်သွားပါ။ပျော်ရွှင်ဖွယ်ရာ စုံတွဲသီချင်းတွေနဲ့ ကခုန်ပါ။

တချို့သော ပွဲတော်တွေမှာ လင်မယားနှစ်ယောက် လိုက်ဖက်ညီစွာ ဝတ်စားပြီး ပွဲတော်ကို ဖြတ်သန်းမှုလုပ်ပါ။သင်တို့ရဲ့ ချစ်ခြင်းမေတ္တာကို တခြားသူတွေ ဂရုစိုက်မိအောင် ပြုလုပ်ပေးပါ။

တခါတလေ ကလေးဆန်စွာ လင်မယားနှစ်ယောက် ကစားကွင်းတွေသွားပါ။ချားရဟတ်စီးပြီး သူမရဲ့ အပွေ့အဖက်နဲ့ အားကိုးမှုကို ခံယူပါ။

နေ့သစ်တခုရဲ့ အစကို ပျော်ရွှင်ကြည်နူးစွာဖြတ်သန်းပါ။ကော်ဖီကို လက်ဆုံသောက်ပါ။နေရောင်ခြည်ကို မျက်လုံးဆုံကြည့်ပါ။

တခါတလေ တောင်တက်တာ ခက်ခဲတဲ့ ခရီးသွားတာမျိုး လုပ်ပါ။သင့်အပေါ် အပြည့်အဝ အားကိုးမှုကို ခံယူပါ။

သူမရဲ့ ခန္ဓာကိုယ်မှာ သင့်ရဲ့ အထိအတွေ့မရောက်ဖူးတဲ့ နေရာ မရှိအောင်ကြိုးစားပါ။သူမကိုလဲ တူညီတဲ့ အချစ်ဖြစ်ပေါ်ဖို့ လှုံ့ဆော်ပါ။

Credit : cantwait2say

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top