iMyanmarHouse.com - Best Property Website for Myanmar
×

မ်က္ႏွာ အရည္အျပား လွပ က်န္းမာေစဖို႔ အတြက္ ညအိပ္ရာ ဝင္ခါနီး ဂရုစိုက္ ရမယ့္ နည္းလမ္း ကေတာ့ သန္႔ရွင္းေအာင္ ေဆးေၾကာ ျပီးေတာ့ ဘာမွ မလိမ္းပဲ အိပ္စက္ျခင္း ျဖစ္ ပါတယ္။

ယင္း သို႔ ဘာမွ မလိမ္းပဲ အိပ္စက္ျခင္းက အဆီျပန္ျခင္းကို ခြင့္ျပဳထားေပး ျပီး မ်က္ႏွာက ပ်က္ဆီး သြားတဲ့ ဆဲလ္ေတြကို အလိုအေလ်ာ္က ျပန္လည္ ျပဳျပင္ေပး ပါတယ္။ အရည္အျပား က်န္းမာေရး ေကာင္းမြန္ေစတဲ့ အစိမ္းေရာင္ အသီးအရြက္ မ်ားမ်ား စားသံုး သူမ်ားက၊ က်န္းမာေရး ေကာင္းမြန္သူမ်ားက ယင္းဆဲလ္ ပိုမို အားေကာင္းျပီး ညအိပ္ခ်ိန္မွာ ျပန္လည္ ျပဳျပင္ေပးမွု ျမန္ဆန္ ပါတယ္။ ဒါေၾကာင့္မို႔ အနာအဆာ မ်ား၊ ဝက္ျခံမ်ား၊ အဖု မ်ားကို သူ႔အလိုအေလ်ာက္ ကုသ ေပးျပီး အရည္အျပားက သဘာဝ ေဆး ထုတ္ ပါတယ္။

ဒါေၾကာင့္မို႔ အိပ္ရာ ဝင္တဲ့ အခ်ိန္ သနပ္ခါး လိမ္းျခယ္ျခင္း၊ အျခား အဆီ နဲ႔ ခရင္တို႔ လိမ္းျခင္းတို႔က ဓာတ္မတည့္ရင္ အရည္အျပား က်န္းမာေရးကို ပိုလို႔ ေတာင္ ထိခိုက္ေစႏိုင္ ပါေသးတယ္။ အရည္အျပားက အဆီျပန္မွုကို ပိတ္ဆုိ႔ ထားျခင္းေၾကာင့္ ပိုလို႔ေတာင္ ပ်က္ဆီး ေစပါ ေသးတယ္။ အိပ္ရာ ဝင္ခါနီးမွာ အရည္အျပား သန္႔ရွင္းေအာင္ ေဆးေၾကာဖို႔ ေတာ့ လိုပါတယ္။ ဒီအတြက္ မိမိ အသံုးျပဳေနက် ဘယ္လို မ်က္ႏွာသစ္ေဆးနဲ႔ မဆုိ ေဆးေၾကာ သန္႔ရွင္း ႏိုင္ပါတယ္။ ျပီးရင္ေတာ့ အိပ္ႏိုင္ ပါျပီ။

မနက္ အိပ္ရာ ထခ်ိန္မွာ မေန႔ကထက္ လွပ ေနမွာ ျဖစ္ပါတယ္။ ယင္းဟာ အရည္အျပား အလွအပ ဆိုင္ရာ ဆရာဝန္မ်ား ညြန္ၾကား ျပသ ထားတဲ့ နည္းလမ္းေကာင္းေလး ျဖစ္ပါတယ္။
.
Ref: medicfact

Credit : ေအာင္ခမ္း
 ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
မျက်နှာ အရည်အပြား လှပ ကျန်းမာစေဖို့ အတွက် ညအိပ်ရာ ဝင်ခါနီး ဂရုစိုက် ရမယ့် နည်းလမ်း ကတော့ သန့်ရှင်းအောင် ဆေးကြော ပြီးတော့ ဘာမှ မလိမ်းပဲ အိပ်စက်ခြင်း ဖြစ် ပါတယ်။

ယင်း သို့ ဘာမှ မလိမ်းပဲ အိပ်စက်ခြင်းက အဆီပြန်ခြင်းကို ခွင့်ပြုထားပေး ပြီး မျက်နှာက ပျက်ဆီး သွားတဲ့ ဆဲလ်တွေကို အလိုအလျော်က ပြန်လည် ပြုပြင်ပေး ပါတယ်။ အရည်အပြား ကျန်းမာရေး ကောင်းမွန်စေတဲ့ အစိမ်းရောင် အသီးအရွက် များများ စားသုံး သူများက၊ ကျန်းမာရေး ကောင်းမွန်သူများက ယင်းဆဲလ် ပိုမို အားကောင်းပြီး ညအိပ်ချိန်မှာ ပြန်လည် ပြုပြင်ပေးမှု မြန်ဆန် ပါတယ်။ ဒါကြောင့်မို့ အနာအဆာ များ၊ ဝက်ခြံများ၊ အဖု များကို သူ့အလိုအလျောက် ကုသ ပေးပြီး အရည်အပြားက သဘာဝ ဆေး ထုတ် ပါတယ်။

ဒါကြောင့်မို့ အိပ်ရာ ဝင်တဲ့ အချိန် သနပ်ခါး လိမ်းခြယ်ခြင်း၊ အခြား အဆီ နဲ့ ခရင်တို့ လိမ်းခြင်းတို့က ဓာတ်မတည့်ရင် အရည်အပြား ကျန်းမာရေးကို ပိုလို့ တောင် ထိခိုက်စေနိုင် ပါသေးတယ်။ အရည်အပြားက အဆီပြန်မှုကို ပိတ်ဆို့ ထားခြင်းကြောင့် ပိုလို့တောင် ပျက်ဆီး စေပါ သေးတယ်။ အိပ်ရာ ဝင်ခါနီးမှာ အရည်အပြား သန့်ရှင်းအောင် ဆေးကြောဖို့ တော့ လိုပါတယ်။ ဒီအတွက် မိမိ အသုံးပြုနေကျ ဘယ်လို မျက်နှာသစ်ဆေးနဲ့ မဆို ဆေးကြော သန့်ရှင်း နိုင်ပါတယ်။ ပြီးရင်တော့ အိပ်နိုင် ပါပြီ။

မနက် အိပ်ရာ ထချိန်မှာ မနေ့ကထက် လှပ နေမှာ ဖြစ်ပါတယ်။ ယင်းဟာ အရည်အပြား အလှအပ ဆိုင်ရာ ဆရာဝန်များ ညွန်ကြား ပြသ ထားတဲ့ နည်းလမ်းကောင်းလေး ဖြစ်ပါတယ်။
.
Ref: medicfact

Credit : အောင်ခမ်း

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top