iMyanmarHouse.com - Best Property Website for Myanmar
×

တစ္ခါတုန္းက ခဏခဏစကားမ်ားတတ္ၾကတဲ့ လင္မယားႏွစ္ယာက္ရွိတယ္။
 ဒါေပမယ့္စကားမ်ားတဲ့အေခါက္တုိင္း ေယာက်္ားျဖစ္သူက အေလွ်ာ့ေပးတတ္ တယ္။

တစ္ခါမွာတာ့ အမ်ဳိးသမီးက သူ႔ေယာက်္ားကုိ ထူးဆန္းလုိ႔ေမးလာမိတယ္။

"ေယာက်ၤားေရ.. ရန္ျဖစ္တုိင္း ရွင္ဘာလုိ႔ ကၽြန္မကုိ အေလွ်ာ့ေပးတာလဲ။ တစ္ခါတစ္ေလက် ကၽြန္မဘက္က မွားတာလည္းရွိတယ္ေလ"

သူ႔ေယာက်ၤားဒီလုိ ျပန္ေျဖတယ္။ "မင္းက ကုိယ့္မိန္းမ ေလကြ။ဘာပဲေျပာေျပာ ေရွ ႔ဘဝက ေရစက္ႀကဳံလုိ႔ ဒီဘ၀မွာ လင္မယားလာျဖစ္ၾကတာ။ ကုိယ္ေျပာတာ ႏိုင္သြားေတာ့ေရာ ဘာထူးမွာလဲ။ စကားႏုိင္ေပမယ့္ ခ်စ္ျခင္းေမတၱာရႈံးသြားမွာေလ။ ဒီဟာေတာ့ ကုိယ္ အရႈံးမခံႏုိင္ဘူး။ တစ္ေယာက္ကဆူလုိက္ တစ္ေယာက္က ရယ္လုိက္။ တစ္ေယာက္က စိတ္တုိလုိက္ တစ္ေယာက္ေခ်ာ့လုိက္။ တကယ္လုိ႔ လူတစ္ေယာက္က အၿမဲတမ္း အရႈံးေပးေနရတယ္ဆုိ သူ စကားေျပာမကၽြမ္းက်င္လုိ႔မဟုတ္ဘူး။

တဖက္သားကုိ အနာက်င္ဆုံးျဖစ္ေစမဲ့စကားမ်ဳိး ေျပာမထြက္ရက္လုိ႔ေပါ့။
တစ္ေယာက္ေယာက္ေတာ့ အရႈံးေပးမွ ႏွစ္ယာက္လုံး ေပ်ာ္ရႊင္ႏုိင္မွာေလ။ စကားႏုိင္သြားေပမဲ့ ခ်စ္ျခင္းေမတၱာကုိေတာ့ ဆုံးရႈံးသြားရလိမ့္မယ္
ဒီအရာကုိေတာ့ ငါတုိ႔ အရႈံးမခံႏုိင္ပါဘူး" .. တဲ႔။

Credit : ေငြတာရီ
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
တစ်ခါတုန်းက ခဏခဏစကားများတတ်ကြတဲ့ လင်မယားနှစ်ယာက်ရှိတယ်။
 ဒါပေမယ့်စကားများတဲ့အခေါက်တိုင်း ယောကျ်ားဖြစ်သူက အလျှော့ပေးတတ် တယ်။

တစ်ခါမှာတာ့ အမျိုးသမီးက သူ့ယောကျ်ားကို ထူးဆန်းလို့မေးလာမိတယ်။

"ယောင်္ကျားရေ.. ရန်ဖြစ်တိုင်း ရှင်ဘာလို့ ကျွန်မကို အလျှော့ပေးတာလဲ။ တစ်ခါတစ်လေကျ ကျွန်မဘက်က မှားတာလည်းရှိတယ်လေ"

သူ့ယောင်္ကျားဒီလို ပြန်ဖြေတယ်။ "မင်းက ကိုယ့်မိန်းမ လေကွ။ဘာပဲပြောပြော ရှေ့ဘဝက ရေစက်ကြုံလို့ ဒီဘဝမှာ လင်မယားလာဖြစ်ကြတာ။ ကိုယ်ပြောတာ နိုင်သွားတော့ရော ဘာထူးမှာလဲ။ စကားနိုင်ပေမယ့် ချစ်ခြင်းမေတ္တာရှုံးသွားမှာလေ။ ဒီဟာတော့ ကိုယ် အရှုံးမခံနိုင်ဘူး။ တစ်ယောက်ကဆူလိုက် တစ်ယောက်က ရယ်လိုက်။ တစ်ယောက်က စိတ်တိုလိုက် တစ်ယောက်ချော့လိုက်။ တကယ်လို့ လူတစ်ယောက်က အမြဲတမ်း အရှုံးပေးနေရတယ်ဆို သူ စကားပြောမကျွမ်းကျင်လို့မဟုတ်ဘူး။

တဖက်သားကို အနာကျင်ဆုံးဖြစ်စေမဲ့စကားမျိုး ပြောမထွက်ရက်လို့ပေါ့။
တစ်ယောက်ယောက်တော့ အရှုံးပေးမှ နှစ်ယာက်လုံး ပျော်ရွှင်နိုင်မှာလေ။ စကားနိုင်သွားပေမဲ့ ချစ်ခြင်းမေတ္တာကိုတော့ ဆုံးရှုံးသွားရလိမ့်မယ်
ဒီအရာကိုတော့ ငါတို့ အရှုံးမခံနိုင်ပါဘူး" .. တဲ့။

Credit : ငွေတာရီ

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top