ခ်စ္ေတာ့ ခ်စ္တယ္။ ဒါေပမယ့္ တခ်ိဳ႕ေသာ အေျခအေန ေတြမွာ လက္လႊတ္လိုက္တာက ပိုေကာင္းတယ္။
💔 အထီးက်န္လာရင္
ကုိယ္ ခ်စ္ရတဲ့ ခ်စ္သူ ရွိေနပါလ်က္နဲ႔ အထီးက်န္ေနတယ္ ဆိုတာ အဓိပၸါယ္ မရွိပါဘူး။ တစ္ေယာက္တည္း ေနရတာ မ်ားလာတဲ့အခါ ေနသားက် သြားတတ္ၿပီး ရွိေနတဲ့ ခ်စ္သူကိုလည္း မလိုအပ္ေတာ့ဘူး လို႔ ထင္လာပါတယ္။
💔 အသိအမွတ္ျပဳ မခံရရင္
အျပင္ေတြ ဘာေတြ သြားတဲ့အခါ လက္မကိုင္ ျဖစ္တာ သူငယ္ခ်င္း မိတ္ေဆြေတြနဲ႔ ေတြ႕ရင္ ကုိယ့္ကို ခ်စ္သူတစ္ေယာက္ အေနနဲ႔ မိတ္ဆက္ေပးျခင္း မခံရတာေတြဟာ ေဝးကြာျခင္းရဲ႕ အစပါပဲ။
💔 ခန္႔မွန္းရ လြယ္ေနရင္
မိန္းကေလးေတြဟာ သံသယ မ်ားတတ္တယ္ ဆိုတာ သိၿပီးသား ျဖစ္ၾကမွာပါ။
ေရွ႕ကို ႀကိဳျမင္နိုင္စြမ္းလည္း ရွိပါတယ္။ ခန္႕မွန္းနိုင္ ၾကတယ္ေပါ့။ ကုိယ့္ခ်စ္သူ ဘယ္အကြက္ ေရႊ႕ေနတယ္ဆိုတာ မိန္းကေလးတိုင္း သိပါတယ္။ ငါ့ ေကာင္မေလးက ငါ ဘာလုပ္လုပ္ မသိပါဘူးလို႔ ထင္ေနတဲ့ ေယာက္်ားေလးေတြဟာ ငတံုးေတြ ခ်ည္းပါပဲ။ မိန္းကေလးတိုင္း သိပါတယ္။ မေျပာတာဘဲ ရွိတာပါ။
💔 အခ်ိန္ မေပးနိုင္ရင္
ဟိုသြားမယ္ ဆိုလည္း မအားဘူး။ ဒီသြားမယ္ ဆိုလည္း မလိုက္ဘူး ဆိုတာမ်ိဳး ေတြပါ။ ဂိမ္းေဆာ့စရာ ရွိလို႕ ဘယ္သူနဲ႔ ခ်ိန္းထားေသးတယ္။ ဒီည ဘယ္ေဘာလံုးပြဲ လာမွာ ဆိုတာေတြေပါ့။ ေဘာလံုးပြဲက ကုိယ့္ခ်စ္သူထက္ အေရးႀကီးရင္ ေဘာလံုးသာ ဖက္အိပ္လိုက္ပါ။ ပိုက္ဆံ မေပးနိုင္ရင္ မုန္႕ဟင္းခါး မစားပါနဲ႕။ အခ်ိန္မေပးနိုင္ရင္ ရည္းစား မထားပါနဲ႕။ အလွဴေတြမွာ စတုဒီသာ ေကြ်းရင္ မုန္႕ဟင္းခါးလည္း အလကား စားလို႕ရတယ္ ဆိုတဲ့ သူေတြကို တစ္ခုေလာက္ ေမးခ်င္ပါတယ္။ အခ်ိန္ မေပးနိုင္ဘဲ ရည္းစားထားရင္ေကာ ရွင္တို႔ လိုခ်င္တဲ့ မိန္းကေလးမ်ိဳး ရရဲ႕လားလို႕။
💔 တစ္ေယာက္တည္း ရုန္းကန္ရရင္
ခ်စ္သူေတြ ျဖစ္လာရင္ တူႏွစ္ကုိယ္ ဘဝေတာ့ တည္ေထာင္ခ်င္ၾကတာ ခ်ည္းပဲေလ။ မိန္းကေလး ဘက္ကခ်ည္း ရုန္းကန္ ေနရတဲ့အခါ အခ်စ္ မခံရဘူး ထင္သြားနိုင္ပါတယ္။ အဲ့ဒီမွာ ျပသနာ ျဖစ္ေတာ့တာပဲ။
💔 လိမ္ညာမွဳေတြ ရွိလာရင္
သိပ္ ေထြေထြထူးထူး ေျပာစရာ မရွိပါဘူး။ ကုိယ့္ကို လိမ္ရင္ေရာ ႀကိဳက္လား။ ဒါပါပဲ။
💔 ဂရုမစိုက္ နိုင္ရင္
တစ္ေန႕ကို ဖုန္းအခါ ငါးဆယ္ေလာက္ ဆက္ မက္ေဆ့ေတြ ဗုန္းေပါလေအာ ပို႕ေနမွ ဂရုစိုက္တာ မဟုတ္ပါဘူး။ တစ္ေန႕လံုး ေနလို႕မွ စကားေလး တစ္ခြန္း မေျပာျဖစ္ရင္ေတာ့ ကုိယ့္ အေျခအေန ကုိယ္ ႀကိဳေတြးထားပါ။
💔 တစ္ကုိယ္ေကာင္း ဆန္တတ္ရင္
ရွိပါတယ္ အဲ့လို ေယာက္်ားမ်ိဳး။ စီးပြားတြက္ တြက္တဲ့ေနရာမွာ ေယာက္်ားေလးေတြလည္း ပါပါတယ္။ သူ႔ဘက္ပဲ ၾကည့္ေနတဲ့ သူမ်ိဳးဆို မိန္းကေလးေတြက ရြံလာေရာ။
💔 ကုိယ့္ဘက္က ႀကိဳးစားေပမယ့္ ဘာမွ မထူးျခားရင္
ကုိယ္က ဒီေယာက္်ားကို ခ်စ္လို႕ လမ္းမခြဲျဖစ္ေအာင္ ၾကိဳးစားေနေပမယ့္ ဘယ္လိုမွ အဆင္မေျပေတာ့ဘူး ဆိုတာ သိလာရင္ ျပတ္ဖို႕ ေသခ်ာေနပါၿပီ။
💔 ဘဝ အတြက္ သိသာတဲ့ ေျပာင္းလဲမွဳ ရွိလာရင္
ဒါမ်ိဳးလည္း ရွိပါတယ္။ ကုိယ့္ ဘဝအတြက္ အခြင့္အေရး ေကာင္းေတြ အလုပ္အကိုင္ ေကာင္းေတြက ေစာင့္ေနတယ္။ ကုိယ့္ ခ်စ္သူကလည္း ဘာမွ မထူးျခားဘူး (သံုးစား မရဘူးလို႕ ေျပာခ်င္တာပါ။) ဆိုရင္ေတာ့ အဲ့ဒီ မိန္းကေလးဟာ ဘာကို ေရြးသင့္သလဲ ဆိုတာကို ဦးေႏွာက္နဲ႕ ဆံုးျဖတ္ တတ္ပါတယ္။ ဒီေနရာမွာ ႏွလံုးသားကေတာ့ ႐ႈံးသြားတာေပါ့။
💔 ေရရွည္မွာ မေကာင္းတာ ႀကိဳျမင္မိရင္
လူ႕အေၾကာင္း ေပါင္းၾကည့္မွ သိပါတယ္။ အခ်ိန္ ၾကာလာတာနဲ႕ ဒီေယာက္်ားဟာ ဘယ္လို ဆိုတာမ်ိဳး သိသြားရင္ ေဝးေဝးက ေရွာင္သြားပါတယ္။
💔 အမူအက်င့္ ရိုင္းစိုင္းရင္
စကားမ်ားတာနဲ႔ ဆဲဆို ေအာ္ဟစ္တာ လက္ပါတတ္တာ မ်ိဳးေတြကို ဘယ္ မိန္းကေလးမွ မႀကိဳက္ပါဘူး။ ရန္ျဖစ္တာနဲ႔ သင့္ ေကာင္မေလးက သင့္ကို ပါးခ်ည္း လွိမ့္ရိုက္ရင္ေကာ သင္ ၿပံဳးၿပံဳးႀကီး ခံေနမလား ဆိုတာ စဥ္းစားပါ။
ေမြးကတည္းက ပါလာတဲ့ ဦးေႏွာက္ႀကီးက ဘာလုပ္ဖို႕တုန္း။ သံုးေပါ့ ႀကိဳက္သလို။ မိန္းကေလးေတြ ဦးေႏွာက္ သံုးတဲ့ အခ်ိန္က်ရင္ ေယာက္်ားေလးေတြ လိုက္မမီပါဘူး။
အစကေတာ့ ဒီ မိန္းကေလးမွ မရရင္ ေသေတာ့ပါမယ္ ဆိုတဲ့ ရုပ္ေတြနဲ႔ ရလည္း ရၿပီးေရာ အခ်ိဳးေတြ ေျပာင္းကုန္တာကို ေယာက္်ားေလးေတြက သူတို႕ကုိယ္တိုင္ သတိမထားမိပါဘူး။ အဲ့ဒါကို သတိထားမိတဲ့ မိန္းကေလးေတြက ေသခ်ာစဥ္းစား ဆံုးျဖတ္တဲ့ အခ်ိန္က်ေတာ့မွ သူတို႔ ဘာေျပာလဲ သိလား။
” မင္းတို႕ မိန္းမေတြက သစၥာမရွိဘူး ” တဲ့။
သစၥာတရား ဆိုတာ ထိုက္တန္တဲ့ သူဆီမွာပဲ ၿမဲပါတယ္။ မိန္းမ မရွားဘူးလို႕ ေၾကြးေၾကာ္ေနတဲ့ ေယာက္်ားေလးေတြေရာ ရွင္တို႕ လိုခ်င္တဲ့ မိန္းမမ်ိဳး လိုက္ရွာၾကည့္ပါလား။ ႐ူးေတာင္ သြားဦးမယ္။ 🌼
Credit : Her Myanmar
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ချစ်တော့ ချစ်တယ်။ ဒါပေမယ့် တချို့သော အခြေအနေ တွေမှာ လက်လွှတ်လိုက်တာက ပိုကောင်းတယ်။
💔 အထီးကျန်လာရင်
ကိုယ် ချစ်ရတဲ့ ချစ်သူ ရှိနေပါလျက်နဲ့ အထီးကျန်နေတယ် ဆိုတာ အဓိပ္ပါယ် မရှိပါဘူး။ တစ်ယောက်တည်း နေရတာ များလာတဲ့အခါ နေသားကျ သွားတတ်ပြီး ရှိနေတဲ့ ချစ်သူကိုလည်း မလိုအပ်တော့ဘူး လို့ ထင်လာပါတယ်။
💔 အသိအမှတ်ပြု မခံရရင်
အပြင်တွေ ဘာတွေ သွားတဲ့အခါ လက်မကိုင် ဖြစ်တာ သူငယ်ချင်း မိတ်ဆွေတွေနဲ့ တွေ့ရင် ကိုယ့်ကို ချစ်သူတစ်ယောက် အနေနဲ့ မိတ်ဆက်ပေးခြင်း မခံရတာတွေဟာ ဝေးကွာခြင်းရဲ့ အစပါပဲ။
💔 ခန့်မှန်းရ လွယ်နေရင်
မိန်းကလေးတွေဟာ သံသယ များတတ်တယ် ဆိုတာ သိပြီးသား ဖြစ်ကြမှာပါ။
ရှေ့ကို ကြိုမြင်နိုင်စွမ်းလည်း ရှိပါတယ်။ ခန့်မှန်းနိုင် ကြတယ်ပေါ့။ ကိုယ့်ချစ်သူ ဘယ်အကွက် ရွှေ့နေတယ်ဆိုတာ မိန်းကလေးတိုင်း သိပါတယ်။ ငါ့ ကောင်မလေးက ငါ ဘာလုပ်လုပ် မသိပါဘူးလို့ ထင်နေတဲ့ ယောက်ျားလေးတွေဟာ ငတုံးတွေ ချည်းပါပဲ။ မိန်းကလေးတိုင်း သိပါတယ်။ မပြောတာဘဲ ရှိတာပါ။
💔 အချိန် မပေးနိုင်ရင်
ဟိုသွားမယ် ဆိုလည်း မအားဘူး။ ဒီသွားမယ် ဆိုလည်း မလိုက်ဘူး ဆိုတာမျိုး တွေပါ။ ဂိမ်းဆော့စရာ ရှိလို့ ဘယ်သူနဲ့ ချိန်းထားသေးတယ်။ ဒီည ဘယ်ဘောလုံးပွဲ လာမှာ ဆိုတာတွေပေါ့။ ဘောလုံးပွဲက ကိုယ့်ချစ်သူထက် အရေးကြီးရင် ဘောလုံးသာ ဖက်အိပ်လိုက်ပါ။ ပိုက်ဆံ မပေးနိုင်ရင် မုန့်ဟင်းခါး မစားပါနဲ့။ အချိန်မပေးနိုင်ရင် ရည်းစား မထားပါနဲ့။ အလှူတွေမှာ စတုဒီသာ ကျွေးရင် မုန့်ဟင်းခါးလည်း အလကား စားလို့ရတယ် ဆိုတဲ့ သူတွေကို တစ်ခုလောက် မေးချင်ပါတယ်။ အချိန် မပေးနိုင်ဘဲ ရည်းစားထားရင်ကော ရှင်တို့ လိုချင်တဲ့ မိန်းကလေးမျိုး ရရဲ့လားလို့။
💔 တစ်ယောက်တည်း ရုန်းကန်ရရင်
ချစ်သူတွေ ဖြစ်လာရင် တူနှစ်ကိုယ် ဘဝတော့ တည်ထောင်ချင်ကြတာ ချည်းပဲလေ။ မိန်းကလေး ဘက်ကချည်း ရုန်းကန် နေရတဲ့အခါ အချစ် မခံရဘူး ထင်သွားနိုင်ပါတယ်။ အဲ့ဒီမှာ ပြသနာ ဖြစ်တော့တာပဲ။
💔 လိမ်ညာမှုတွေ ရှိလာရင်
သိပ် ထွေထွေထူးထူး ပြောစရာ မရှိပါဘူး။ ကိုယ့်ကို လိမ်ရင်ရော ကြိုက်လား။ ဒါပါပဲ။
💔 ဂရုမစိုက် နိုင်ရင်
တစ်နေ့ကို ဖုန်းအခါ ငါးဆယ်လောက် ဆက် မက်ဆေ့တွေ ဗုန်းပေါလအော ပို့နေမှ ဂရုစိုက်တာ မဟုတ်ပါဘူး။ တစ်နေ့လုံး နေလို့မှ စကားလေး တစ်ခွန်း မပြောဖြစ်ရင်တော့ ကိုယ့် အခြေအနေ ကိုယ် ကြိုတွေးထားပါ။
💔 တစ်ကိုယ်ကောင်း ဆန်တတ်ရင်
ရှိပါတယ် အဲ့လို ယောက်ျားမျိုး။ စီးပွားတွက် တွက်တဲ့နေရာမှာ ယောက်ျားလေးတွေလည်း ပါပါတယ်။ သူ့ဘက်ပဲ ကြည့်နေတဲ့ သူမျိုးဆို မိန်းကလေးတွေက ရွံလာရော။
💔 ကိုယ့်ဘက်က ကြိုးစားပေမယ့် ဘာမှ မထူးခြားရင်
ကိုယ်က ဒီယောက်ျားကို ချစ်လို့ လမ်းမခွဲဖြစ်အောင် ကြိုးစားနေပေမယ့် ဘယ်လိုမှ အဆင်မပြေတော့ဘူး ဆိုတာ သိလာရင် ပြတ်ဖို့ သေချာနေပါပြီ။
💔 ဘဝ အတွက် သိသာတဲ့ ပြောင်းလဲမှု ရှိလာရင်
ဒါမျိုးလည်း ရှိပါတယ်။ ကိုယ့် ဘဝအတွက် အခွင့်အရေး ကောင်းတွေ အလုပ်အကိုင် ကောင်းတွေက စောင့်နေတယ်။ ကိုယ့် ချစ်သူကလည်း ဘာမှ မထူးခြားဘူး (သုံးစား မရဘူးလို့ ပြောချင်တာပါ။) ဆိုရင်တော့ အဲ့ဒီ မိန်းကလေးဟာ ဘာကို ရွေးသင့်သလဲ ဆိုတာကို ဦးနှောက်နဲ့ ဆုံးဖြတ် တတ်ပါတယ်။ ဒီနေရာမှာ နှလုံးသားကတော့ ရှုံးသွားတာပေါ့။
💔 ရေရှည်မှာ မကောင်းတာ ကြိုမြင်မိရင်
လူ့အကြောင်း ပေါင်းကြည့်မှ သိပါတယ်။ အချိန် ကြာလာတာနဲ့ ဒီယောက်ျားဟာ ဘယ်လို ဆိုတာမျိုး သိသွားရင် ဝေးဝေးက ရှောင်သွားပါတယ်။
💔 အမူအကျင့် ရိုင်းစိုင်းရင်
စကားများတာနဲ့ ဆဲဆို အော်ဟစ်တာ လက်ပါတတ်တာ မျိုးတွေကို ဘယ် မိန်းကလေးမှ မကြိုက်ပါဘူး။ ရန်ဖြစ်တာနဲ့ သင့် ကောင်မလေးက သင့်ကို ပါးချည်း လှိမ့်ရိုက်ရင်ကော သင် ပြုံးပြုံးကြီး ခံနေမလား ဆိုတာ စဉ်းစားပါ။
မွေးကတည်းက ပါလာတဲ့ ဦးနှောက်ကြီးက ဘာလုပ်ဖို့တုန်း။ သုံးပေါ့ ကြိုက်သလို။ မိန်းကလေးတွေ ဦးနှောက် သုံးတဲ့ အချိန်ကျရင် ယောက်ျားလေးတွေ လိုက်မမီပါဘူး။
အစကတော့ ဒီ မိန်းကလေးမှ မရရင် သေတော့ပါမယ် ဆိုတဲ့ ရုပ်တွေနဲ့ ရလည်း ရပြီးရော အချိုးတွေ ပြောင်းကုန်တာကို ယောက်ျားလေးတွေက သူတို့ကိုယ်တိုင် သတိမထားမိပါဘူး။ အဲ့ဒါကို သတိထားမိတဲ့ မိန်းကလေးတွေက သေချာစဉ်းစား ဆုံးဖြတ်တဲ့ အချိန်ကျတော့မှ သူတို့ ဘာပြောလဲ သိလား။
” မင်းတို့ မိန်းမတွေက သစ္စာမရှိဘူး ” တဲ့။
သစ္စာတရား ဆိုတာ ထိုက်တန်တဲ့ သူဆီမှာပဲ မြဲပါတယ်။ မိန်းမ မရှားဘူးလို့ ကြွေးကြော်နေတဲ့ ယောက်ျားလေးတွေရော ရှင်တို့ လိုချင်တဲ့ မိန်းမမျိုး လိုက်ရှာကြည့်ပါလား။ ရူးတောင် သွားဦးမယ်။ 🌼
Credit : Her Myanmar
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
Home
»
ခ်စ္ေရးခ်စ္ရာ
»
ဗဟုသုတ
»
လူမႈ႔ဘဝ
»
အေထြေထြ
» မိန္းကေလးေတြ ဘယ္အခ်ိန္မွာ ကိုယ့္ရည္းစားနဲ႔ လမ္းခြဲတတ္ၾကသလဲ
မိန္းကေလးေတြ ဘယ္အခ်ိန္မွာ ကိုယ့္ရည္းစားနဲ႔ လမ္းခြဲတတ္ၾကသလဲ
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။