iMyanmarHouse.com - Best Property Website for Myanmar
×

ခ်စ္သူေတြၾကားထဲမွာ ဒီစကားေတြ ခဏခဏ ေျပာမိေနရင္ မေကာင္းပါဘူး။

သင္ဟာ အိမ္ေထာင္သည္တစ္ဦး၊ ဒါမွမဟုတ္ အခ်ိန္ၾကာေနၿပီျဖစ္တဲ့ ခ်စ္သူဘဝကို ပိုင္ဆိုင္ထားသူ ဆိုရင္ေတာ့ အခုေဖာ္ျပမယ့္ စကားေတြကို မေျပာသင့္ပါဘူး။ တစ္ခ်ိဳ႕ စကားေတြဟာ မေျပာလိုက္တာက အနာဂတ္အတြက္ ပိုၿပီး ေကာင္းပါတယ္။

ဒီစကားမ်ိဳးေတြ ေျပာလိုုက္ၿပီဆိုရင္ သင္တို႔ရဲ႕ အခ်စ္ဇာတ္လမ္း တခန္းရပ္သြားႏုိင္ပါတယ္။

၁။ နင္ ဘယ္ေတာ့မွ ပန္းကန္ေဆးမေပးဘူး။ အၿမဲတမ္း အဲမွာ ထိုင္ေနသိလား

ဒါဟာ ေတာ္ေတာ္ဆိုးပါတယ္။ ကိုယ့္ရဲ႕ ခ်စ္သူ၊ သို႔မဟုတ္ အိမ္ေထာင္ဖက္ကို ေျပာတဲ့အခါ “ဘယ္ေတာ့မွ” ဆိုတဲ့စကားနဲ႔ “အၿမဲတမ္း” ဆိုတဲ့ စကားကို မေျပာမိပါေစနဲ႔။ ဒါဟာ သူတစ္ခါမွ မလုပ္ဖူးဘူးဆိုတဲ့ အဓိပၸါယ္ ရပါတယ္။

၂။ နင္က နင့္အေမအတိုင္းပဲ

ဒါလည္း ဆိုးပါတယ္။ စကားမ်ား ရန္ျဖစ္တဲ့အခါ မိဘေတြကို ထည့္ေျပာလိုက္ရင္ ပိုၿပီး နာက်ည္းတတ္ၾကပါတယ္။

၃။ နင္က သိပ္တတ္ေနတယ္ေပါ့ေလ

ဒါဟာ ေစာ္ကားတာနဲ႔ အတူတူပါပဲ။ ခိုင္ၿမဲတဲ့ အခ်စ္ေရးမွာ အျပန္အလွန္ ေလးစားမႈလည္း မျဖစ္မေန ပါဝင္ရပါတယ္။ ဒီလိုေျပာတာဟာ တဖက္လူကို သာမန္စကားထက္ ႏွစ္ဆမက ပိုၿပီး နာက်င္ေစပါတယ္။

၄။ နင္က ေတာ္ေတာ္ အသံုးမက်တဲ့ ဖခင္ပဲ (ခ်စ္သူပဲ)

တစ္ဖက္လူကို မေက်နပ္တဲ့အခါ အျပစ္ေျပာတာ သိပ္ေတာ့ ဆိုး႐ြားတယ္ မဆိုႏုိင္ပါဘူး။ ဒါေပမယ့္ သူ႔အတြက္ အေရးပါသူေတြအတြက္ အသံုးမက်ဘူးလို႔ ေျပာလိုက္တဲ့အခါ ျပန္ညွိယူလို႔မရေအာင္ ဆုိးသြားႏုိင္ပါတယ္။

၅။ ငါ့ကို မေစာင့္နဲ႔ေတာ့

တဖက္သူရဲ႕ ခံစားခ်က္ကို တိုက္႐ိုက္ထိခိုက္ေစတဲ့ စကားပါ။ အခ်ိန္မရလို႔ ဆိုရင္ေတာင္ နားလည္ေအာင္ ရွင္းျပသင့္ပါတယ္။ ငါ့ကို မေစာင့္နဲ႔ေတာ့ဆိုတဲ့ စကားမ်ိဳးကို ခဏခဏ ၾကားရတဲ့သူဟာ စိတ္ပ်က္လာတက္ပါတယ္။

Source : Huffington

Credit : Duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ချစ်သူတွေကြားထဲမှာ ဒီစကားတွေ ခဏခဏ ပြောမိနေရင် မကောင်းပါဘူး။

သင်ဟာ အိမ်ထောင်သည်တစ်ဦး၊ ဒါမှမဟုတ် အချိန်ကြာနေပြီဖြစ်တဲ့ ချစ်သူဘဝကို ပိုင်ဆိုင်ထားသူ ဆိုရင်တော့ အခုဖော်ပြမယ့် စကားတွေကို မပြောသင့်ပါဘူး။ တစ်ချို့ စကားတွေဟာ မပြောလိုက်တာက အနာဂတ်အတွက် ပိုပြီး ကောင်းပါတယ်။

ဒီစကားမျိုးတွေ ပြောလိုုက်ပြီဆိုရင် သင်တို့ရဲ့ အချစ်ဇာတ်လမ်း တခန်းရပ်သွားနိုင်ပါတယ်။

၁။ နင် ဘယ်တော့မှ ပန်းကန်ဆေးမပေးဘူး။ အမြဲတမ်း အဲမှာ ထိုင်နေသိလား

ဒါဟာ တော်တော်ဆိုးပါတယ်။ ကိုယ့်ရဲ့ ချစ်သူ၊ သို့မဟုတ် အိမ်ထောင်ဖက်ကို ပြောတဲ့အခါ “ဘယ်တော့မှ” ဆိုတဲ့စကားနဲ့ “အမြဲတမ်း” ဆိုတဲ့ စကားကို မပြောမိပါစေနဲ့။ ဒါဟာ သူတစ်ခါမှ မလုပ်ဖူးဘူးဆိုတဲ့ အဓိပ္ပါယ် ရပါတယ်။

၂။ နင်က နင့်အမေအတိုင်းပဲ

ဒါလည်း ဆိုးပါတယ်။ စကားများ ရန်ဖြစ်တဲ့အခါ မိဘတွေကို ထည့်ပြောလိုက်ရင် ပိုပြီး နာကျည်းတတ်ကြပါတယ်။

၃။ နင်က သိပ်တတ်နေတယ်ပေါ့လေ

ဒါဟာ စော်ကားတာနဲ့ အတူတူပါပဲ။ ခိုင်မြဲတဲ့ အချစ်ရေးမှာ အပြန်အလှန် လေးစားမှုလည်း မဖြစ်မနေ ပါဝင်ရပါတယ်။ ဒီလိုပြောတာဟာ တဖက်လူကို သာမန်စကားထက် နှစ်ဆမက ပိုပြီး နာကျင်စေပါတယ်။

၄။ နင်က တော်တော် အသုံးမကျတဲ့ ဖခင်ပဲ (ချစ်သူပဲ)

တစ်ဖက်လူကို မကျေနပ်တဲ့အခါ အပြစ်ပြောတာ သိပ်တော့ ဆိုးရွားတယ် မဆိုနိုင်ပါဘူး။ ဒါပေမယ့် သူ့အတွက် အရေးပါသူတွေအတွက် အသုံးမကျဘူးလို့ ပြောလိုက်တဲ့အခါ ပြန်ညှိယူလို့မရအောင် ဆိုးသွားနိုင်ပါတယ်။

၅။ ငါ့ကို မစောင့်နဲ့တော့

တဖက်သူရဲ့ ခံစားချက်ကို တိုက်ရိုက်ထိခိုက်စေတဲ့ စကားပါ။ အချိန်မရလို့ ဆိုရင်တောင် နားလည်အောင် ရှင်းပြသင့်ပါတယ်။ ငါ့ကို မစောင့်နဲ့တော့ဆိုတဲ့ စကားမျိုးကို ခဏခဏ ကြားရတဲ့သူဟာ စိတ်ပျက်လာတက်ပါတယ်။

Source : Huffington

Credit : Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top