iMyanmarHouse.com - Best Property Website for Myanmar
×

စေတာ္ဘယ္ရီသီးကို လူႀကီးလူငယ္ က်ားမမေရြး ႀကိဳက္ႏွစ္သက္ၾကပါတယ္။ စေတာ္ဘယ္ရီသီးရဲ႕ အေရာင္အဆင္းကလည္း စားသံုးသူေတြကို ဆြဲေဆာင္ႏုိင္သလို၊ အရသာကလည္း ေကာင္းမြန္လွပါတယ္။ စေတာ္ဘယ္ရီသီးက အေအးပိုင္းေဒသေတြကထြက္ရွိတဲ့ အသီးအႏွံတစ္မ်ိဳးပဲ ျဖစ္ပါတယ္။ ဒီလိုအဆင္းအနံ႔ အရသာေကာင္းမြန္တဲ့ စေတာ္ဘယ္ရီးသီးဟာဆုိရင္ က်န္းမာေရးအတြက္လည္း မ်ားစြာေကာင္းက်ိဳး ျပဳတာကို ေတြ႔ရပါတယ္။

(၁) ႏွလံုးအားေကာင္းေစပါတယ္

စေတာ္ဘယ္ရီဟာဆိုရင္ ႏွလံုးက်န္းမာေရး အတြက္ မ်ားစြာေကာင္းက်ိဳးျပဳတဲ့ အာဟာရဓာတ္္မ်ား ပါဝင္ေနပါတယ္။ ဘယ္ရီသီးေတြမွာပါဝင္တဲ့ antioxidants ကေသြးလည္ပတ္မႈကို ေကာင္းမြန္ေစတဲ့အတြက္ ႏွလံုးေရာဂါျဖစ္ပြားျခင္းမွ ကာကြယ္ေပးႏုိင္တယ္လုိ႔ ေဆးပညာရွင္မ်ားက ဆိုပါတယ္။ အထူးသျဖင့္ စေတာ္ဘယ္ရီသီးက ႏွလံုးအားေကာင္းေစတဲ့ အက်ိဳးအာနိသင္မ်ား ပိုမိုပါဝင္ပါတယ္။

(၂) ေသြးတြင္းသၾကားဓာတ္ထိန္းညွိေပးႏုိင္ပါတယ္

တခ်ိဳ႕က စေတာ္ဘယ္ရီသီးရဲ႕ ခ်ိဳတဲ့အရသာေၾကာင့္ ေသြးတြင္းသၾကားဓာတ္ ျမွင့္တက္ေစတယ္လုိ႔ ထင္ၾကပါတယ္။ အမွန္တကယ္ေတာ့ စေတာ္ဘယ္ရီသီးက ေသြးတြင္းသၾကားဓာတ္ကို ထိန္းညွိေပးႏုိင္ ပါတယ္။

(၃) ကင္ဆာေရာဂါကာကြယ္ေပးႏုိင္ပါတယ္

စေတာ္ဘယ္ရီမွာပါဝင္တဲ့ ဗီတာမင္စီဓာတ္နဲ႔ အမွ်င္ဓာတ္က ကင္ဆာဆဲလ္မ်ားကို ဖယ္ရွားေပးႏိုင္တဲ့ အတြက္ေၾကာင့္ ကင္ဆာေရာဂါျဖစ္ပြားျခင္းမွ ကာကြယ္ေပးႏုိင္ပါတယ္။ antioxidants ၾကြယ္ဝစြာ ပါဝင္တဲ့ စေတာ္ဘယ္ရီကို ေန႔စဥ္စားသံုးေပးမယ္ဆိုရင္ အေရျပားကင္ဆာ၊ အဆုတ္ကင္ဆာနဲ႔ ရင္သားကင္ဆာျဖစ္ေစတဲ့ ဆဲလ္မ်ားကို တုိက္ထုတ္ေပးႏုိင္ပါတယ္။

(၄) ဦးေႏွာက္စြမ္းရည္ဖြံ႔ၿဖိဳးေစပါတယ္

ဦးေႏွာက္စြမ္းရည္ျမင့္မားဖို႔ အတြက္ လိုအပ္တဲ့ အာဟာရဓာတ္မ်ားကို စေတာ္ဘယ္ရီသီးမွ ရရွိႏုိင္ပါတယ္။ ပရိုတိန္းဓာတ္ၾကြယ္ဝစြာ ပါဝင္တဲ့အတြက္ေၾကာင့္ ခႏၶာကိုယ္အတြက္ လိုအပ္တဲ့ အာဟာရဓာတ္မ်ားကို ျဖည့္တင္းေပးႏုိင္ပါတယ္။ ဒါအျပင္ အယ္လ္ဇိုင္းမားျဖစ္ပြားျခင္းမွ ကာကြယ္ေပးႏိုင္တဲ့အတြက္ေၾကာင့္ ဦးေႏွာက္စြမ္းရည္ တုိးတက္ေစပါတယ္။

(၅) အဆီပိုမ်ားကို ေလာင္ကၽြမ္းေစပါတယ္

ဗီတာမင္စီဓာတ္ ၾကြယ္ဝစြာ ပါဝင္တဲ့အတြက္ေၾကာင့္ စေတာ္ဘယ္ရီကို ေန႔စဥ္စားသံုးေပးမယ္ဆိုရင္ ခႏၶာကိုယ္တြင္းက မလိုအပ္တဲ့ အဆီပိုမ်ားကို ေလာင္ကၽြမ္းေစပါတယ္။ အမွ်င္ဓာတ္က အစာစားခ်င္စိတ္ကို ထိန္းခ်ဳပ္ေပးႏုိင္တဲ့အတြက္ ဝိတ္ခ်ေနသူေတြအေနနဲ႔ Diet plan ထဲမွာ စေတာ္ဘယ္ရီသီးကို မပါမျဖစ္ ထည့္သြင္းစားသံုးသင့္ပါတယ္။

Credit : myanmaplatform
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
စတော်ဘယ်ရီသီးကို လူကြီးလူငယ် ကျားမမရွေး ကြိုက်နှစ်သက်ကြပါတယ်။ စတော်ဘယ်ရီသီးရဲ့ အရောင်အဆင်းကလည်း စားသုံးသူတွေကို ဆွဲဆောင်နိုင်သလို၊ အရသာကလည်း ကောင်းမွန်လှပါတယ်။ စတော်ဘယ်ရီသီးက အအေးပိုင်းဒေသတွေကထွက်ရှိတဲ့ အသီးအနှံတစ်မျိုးပဲ ဖြစ်ပါတယ်။ ဒီလိုအဆင်းအနံ့ အရသာကောင်းမွန်တဲ့ စတော်ဘယ်ရီးသီးဟာဆိုရင် ကျန်းမာရေးအတွက်လည်း များစွာကောင်းကျိုး ပြုတာကို တွေ့ရပါတယ်။

(၁) နှလုံးအားကောင်းစေပါတယ်

စတော်ဘယ်ရီဟာဆိုရင် နှလုံးကျန်းမာရေး အတွက် များစွာကောင်းကျိုးပြုတဲ့ အာဟာရဓာတ်များ ပါဝင်နေပါတယ်။ ဘယ်ရီသီးတွေမှာပါဝင်တဲ့ antioxidants ကသွေးလည်ပတ်မှုကို ကောင်းမွန်စေတဲ့အတွက် နှလုံးရောဂါဖြစ်ပွားခြင်းမှ ကာကွယ်ပေးနိုင်တယ်လို့ ဆေးပညာရှင်များက ဆိုပါတယ်။ အထူးသဖြင့် စတော်ဘယ်ရီသီးက နှလုံးအားကောင်းစေတဲ့ အကျိုးအာနိသင်များ ပိုမိုပါဝင်ပါတယ်။

(၂) သွေးတွင်းသကြားဓာတ်ထိန်းညှိပေးနိုင်ပါတယ်

တချို့က စတော်ဘယ်ရီသီးရဲ့ ချိုတဲ့အရသာကြောင့် သွေးတွင်းသကြားဓာတ် မြှင့်တက်စေတယ်လို့ ထင်ကြပါတယ်။ အမှန်တကယ်တော့ စတော်ဘယ်ရီသီးက သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင် ပါတယ်။

(၃) ကင်ဆာရောဂါကာကွယ်ပေးနိုင်ပါတယ်

စတော်ဘယ်ရီမှာပါဝင်တဲ့ ဗီတာမင်စီဓာတ်နဲ့ အမျှင်ဓာတ်က ကင်ဆာဆဲလ်များကို ဖယ်ရှားပေးနိုင်တဲ့ အတွက်ကြောင့် ကင်ဆာရောဂါဖြစ်ပွားခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။ antioxidants ကြွယ်ဝစွာ ပါဝင်တဲ့ စတော်ဘယ်ရီကို နေ့စဉ်စားသုံးပေးမယ်ဆိုရင် အရေပြားကင်ဆာ၊ အဆုတ်ကင်ဆာနဲ့ ရင်သားကင်ဆာဖြစ်စေတဲ့ ဆဲလ်များကို တိုက်ထုတ်ပေးနိုင်ပါတယ်။

(၄) ဦးနှောက်စွမ်းရည်ဖွံ့ဖြိုးစေပါတယ်

ဦးနှောက်စွမ်းရည်မြင့်မားဖို့ အတွက် လိုအပ်တဲ့ အာဟာရဓာတ်များကို စတော်ဘယ်ရီသီးမှ ရရှိနိုင်ပါတယ်။ ပရိုတိန်းဓာတ်ကြွယ်ဝစွာ ပါဝင်တဲ့အတွက်ကြောင့် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရဓာတ်များကို ဖြည့်တင်းပေးနိုင်ပါတယ်။ ဒါအပြင် အယ်လ်ဇိုင်းမားဖြစ်ပွားခြင်းမှ ကာကွယ်ပေးနိုင်တဲ့အတွက်ကြောင့် ဦးနှောက်စွမ်းရည် တိုးတက်စေပါတယ်။

(၅) အဆီပိုများကို လောင်ကျွမ်းစေပါတယ်

ဗီတာမင်စီဓာတ် ကြွယ်ဝစွာ ပါဝင်တဲ့အတွက်ကြောင့် စတော်ဘယ်ရီကို နေ့စဉ်စားသုံးပေးမယ်ဆိုရင် ခန္ဓာကိုယ်တွင်းက မလိုအပ်တဲ့ အဆီပိုများကို လောင်ကျွမ်းစေပါတယ်။ အမျှင်ဓာတ်က အစာစားချင်စိတ်ကို ထိန်းချုပ်ပေးနိုင်တဲ့အတွက် ဝိတ်ချနေသူတွေအနေနဲ့ Diet plan ထဲမှာ စတော်ဘယ်ရီသီးကို မပါမဖြစ် ထည့်သွင်းစားသုံးသင့်ပါတယ်။

Credit : myanmaplatform

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top