iMyanmarHouse.com - Best Property Website for Myanmar
×

အခု​ေခတ္​ႀကီးမွာ ရည္​းစား႐ဖို႔လြယ္​ကူသ​ေလာက္​ စိတ္​ထား​ေျဖာင့္မွန္​တဲ့သူကို ရဖို႔က အ​ေတာ္​​ေလးခက္​မယ္​​ေနာ္​။ ခ်စ္​တာတစ္​ခုထဲၾကည့္ၿပီး ​ေရြးမယ့္အစား သူကဘယ္​လိုစိတ္​ထားမ်ိဳး​ေတြ႐ွိသလဲဆိုတာ ​ေလ့လာထားသင့္ပါတယ္​။ လူအမ်ိဳးမ်ိဳး၊ စိတ္အေထြေထြရွိတာေၾကာင့္ ဒီလိုလူေတြနဲ႔ေတြ႕ရင္ ဒီလိုမ်ိဳးေတြ ႀကံဳရတတ္ပါတယ္လို႔…

(၁) ​ေခါင္​းမာတဲ့သူ

ဒီလို​ေခါင္​းမာတဲ့သူ​ေတြဟာ အင္​မတန္​ထိန္​းခ်ဳပ္​ရခက္​တဲ့သူ အမ်ိဳးအစားထဲမွာပါပါတယ္​။ ​သူဟာခ်စ္​စခင္​စမွာသာ ​ေယာင္​းစကားကိုနား​ေထာင္​ႏိုင္​​ေပမဲ့ ၾကာလာတာနဲ႔အမ်​ွ ​သူမွန္​တယ္​လို႔စြဲကိုင္​ထားတဲ့အရာ​ေတြကိုုသာ ​ေနာက္​မဆုတ္​ဘဲ လုပ္​ပါလိမ့္မယ္​။ အဲ့အခါက် ​ေယာင္​းဘက္​က ျပန္​လိုက္​​ေလ်ာရၿပီး ​သူ႔ဘက္​ကမခ်စ္​​ေတာ့ဘူးလို႔ခံစားမိတဲ့အခ်ိန္​က်ရင္​ ဘာကိုမွမငဲ့ကြက္​ပဲ ေယာင္းကို​ေခါင္​းမာမာနဲ႔ ထားခဲ့မယ့္သူမ်ိဳးပါ။

(၂) စိတ္​ဂဏွာမၿငိမ္​သူ

သူက​ေတာ့စိတ္​ထဲ အျမဲ​ေယာက္​ယက္​ခတ္​​ေနသူ​ေပါ့။ ​ေဘးမွာ​ေယာင္​းတစ္​​ေယာက္​လံုး႐ွိတာ​ေတာင္​ အပိုတြဲဖို႔လူက အျမဲလိုအပ္​​ေနသူပါ။ ​သူလက္​ထပ္​မယ့္သူက ​ေယာင္​းျဖစ္​ခ်င္​ျဖစ္​​ေနလိမ့္မယ္​ ဒါ​ေပမဲ့ အျခားတစ္​​ေယာက္​က ဇာတ္​လမ္​းလာစတာနဲ႔ ျပန္​႐ႈပ္​ခ်င္​တဲ့ ျမာ​ေပြခ်င္​သူမ်ိဳးပါ။

(၃) အတၲႀကီးသူ

သူက်ေတာ့ ကိုယ္စိတ္ခ်မ္းသာဖို႔က ပထမေတြးသူမ်ိဳးပါ။ သူစိတ္ေပ်ာ္ခ်ိန္မွာ ေယာင္းကို ဂရုစိုက္ေပးေပမယ့္ သူစိတ္မပါဘူးဆိုတဲ႔ အခ်ိန္က်ရင္ ေယာင္းဘက္က ဘယ္ေလာက္ေျပာေျပာ ဆင္ေျခဆင္လက္ေတြနဲ႕အျမဲျပည့္ေနပါလိမ့္မယ္။ ေယာင္းကိုအားနာပါးနာနဲ႔ေတာင္ ကိုယ့္ခ်စ္သူဟဲ႔ဆိုၿပီး ဂရုစိုက္ေပးမွာမဟုတ္ပါဘူး။ နားလည္ေပးပါဆိုတာက သူ႕အတြက္လက္သံုးစကားျဖစ္ၿပီး လူေရွ႕သူေရွ႕ ေယာင္းလုပ္ရပ္က သူ႕အတြက္ရွက္စရာလို႔ ေတြးမိရင္ေတာ့ အားမနာလ်ွာမက်ိဳး ေျပာမယ့္သူမ်ိဳးပါ။

(၄) ကိုယ္စြမ္းကုိယ္စနည္းသူ

တစ္နည္းအားျဖင့္ စိတ္ဓာတ္က်လြယ္သူေတြေပါ့။ ျပႆနာတစ္ခုခုမ်ားျဖစ္ရင္ မိန္းကေလးက ျပန္အားေပးရမယ္႔သူမ်ိဳးပါ။ ေလာကႀကီးက ခက္ခဲတယ္ဆိုၿပီး ကိုယ္တိုင္ကဘာမွမႀကိဳးစားပဲ ခ်စ္သူေကာင္မေလးက ေထာက္ပံ႔သမ်ွလက္ခံမယ့္လူအမ်ိဳးအစားပါ။

(၅) လူ႔ဂြစာျဖစ္ေနသူ

ဒီလိုလူစားမ်ိဳးေတြက ရည္းစားရနိုင္ေခ်နည္းေပမယ့္ ေရြးခ်ယ္မိမယ့္ေယာင္းတို့သတိႀကီးႀကီးထားရမယ့္ အထဲပါပါတယ္။ လူေတြနဲ႕လိုက္ေလ်ာညီေထြမေနတတ္တာေၾကာင့္ ေယာင္းကအေပါင္းအသင္းေတြၾကားမွာ မ်က္နွာပ်က္ရကိန္းပါ။ သူတို့ေတြက ကိစၥေသးေသးေလးေတြကအစ ကပ္သီးကပ္သပ္နိုင္တာမို႔လို့ အင္မတန္စိတ္ရွည္ပါတယ္ဆိုမွ ေရြးခ်ယ္ပါ။ မဟုတ္ရင္ေတာ့ ေယာင္းအသည္းကြဲဖို႔သာ ႀကိဳတင္ျပင္ဆင္ရပါလိမ့္မယ္။

ကဲ အက္မင္ကေတာ့ သူငယ္ခ်င္းေတြရဲ႕အျဖစ္ေပၚအေျခခံၿပီး ထုတ္ႏႈတ္ထားတာေၾကာင့္ အမ်ိဳးသားအားလံုးကိုေတာ့မဆိုလိုပါဘူးေနာ္။ ဒါေပမဲ႔ တို့ေတြလို မိန္းကေလးေတြက ခ်စ္သူရည္းစားေရြးခ်ယ္ေတာ့မယ္ဆိုရင္ ၿပီးၿပီးေရာ ေခါင္းညိတ္လိုက္တာထက္ ဒီလိုအခ်က္ေတြကို နႈိင္းယွဥ္ၿပီး ေသခ်ာစဥ္းစားၿပီးမွ စစ္မွန္လိုက္ဖက္တဲ႔ဘဝလက္တြဲေဖာ္ကို ရွာေတြ႔ပါေစလို့ အက္မင္ေမ်ွာ္လင့္မိပါတယ္ေနာ္…

Credit : Miko ( For Her Myanmar )
 ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
အခုခေတ်ကြီးမှာ ရည်းစားရဖို့လွယ်ကူသလောက် စိတ်ထားဖြောင့်မှန်တဲ့သူကို ရဖို့က အတော်လေးခက်မယ်နော်။ ချစ်တာတစ်ခုထဲကြည့်ပြီး ရွေးမယ့်အစား သူကဘယ်လိုစိတ်ထားမျိုးတွေရှိသလဲဆိုတာ လေ့လာထားသင့်ပါတယ်။ လူအမျိုးမျိုး၊ စိတ်အထွေထွေရှိတာကြောင့် ဒီလိုလူတွေနဲ့တွေ့ရင် ဒီလိုမျိုးတွေ ကြုံရတတ်ပါတယ်လို့…

(၁) ခေါင်းမာတဲ့သူ

ဒီလိုခေါင်းမာတဲ့သူတွေဟာ အင်မတန်ထိန်းချုပ်ရခက်တဲ့သူ အမျိုးအစားထဲမှာပါပါတယ်။ သူဟာချစ်စခင်စမှာသာ ယောင်းစကားကိုနားထောင်နိုင်ပေမဲ့ ကြာလာတာနဲ့အမျှ သူမှန်တယ်လို့စွဲကိုင်ထားတဲ့အရာတွေကိုုသာ နောက်မဆုတ်ဘဲ လုပ်ပါလိမ့်မယ်။ အဲ့အခါကျ ယောင်းဘက်က ပြန်လိုက်လျောရပြီး သူ့ဘက်ကမချစ်တော့ဘူးလို့ခံစားမိတဲ့အချိန်ကျရင် ဘာကိုမှမငဲ့ကွက်ပဲ ယောင်းကိုခေါင်းမာမာနဲ့ ထားခဲ့မယ့်သူမျိုးပါ။

(၂) စိတ်ဂဏှာမငြိမ်သူ

သူကတော့စိတ်ထဲ အမြဲယောက်ယက်ခတ်နေသူပေါ့။ ဘေးမှာယောင်းတစ်ယောက်လုံးရှိတာတောင် အပိုတွဲဖို့လူက အမြဲလိုအပ်နေသူပါ။ သူလက်ထပ်မယ့်သူက ယောင်းဖြစ်ချင်ဖြစ်နေလိမ့်မယ် ဒါပေမဲ့ အခြားတစ်ယောက်က ဇာတ်လမ်းလာစတာနဲ့ ပြန်ရှုပ်ချင်တဲ့ မြာပွေချင်သူမျိုးပါ။

(၃) အတ္တကြီးသူ

သူကျတော့ ကိုယ်စိတ်ချမ်းသာဖို့က ပထမတွေးသူမျိုးပါ။ သူစိတ်ပျော်ချိန်မှာ ယောင်းကို ဂရုစိုက်ပေးပေမယ့် သူစိတ်မပါဘူးဆိုတဲ့ အချိန်ကျရင် ယောင်းဘက်က ဘယ်လောက်ပြောပြော ဆင်ခြေဆင်လက်တွေနဲ့အမြဲပြည့်နေပါလိမ့်မယ်။ ယောင်းကိုအားနာပါးနာနဲ့တောင် ကိုယ့်ချစ်သူဟဲ့ဆိုပြီး ဂရုစိုက်ပေးမှာမဟုတ်ပါဘူး။ နားလည်ပေးပါဆိုတာက သူ့အတွက်လက်သုံးစကားဖြစ်ပြီး လူရှေ့သူရှေ့ ယောင်းလုပ်ရပ်က သူ့အတွက်ရှက်စရာလို့ တွေးမိရင်တော့ အားမနာလျှာမကျိုး ပြောမယ့်သူမျိုးပါ။

(၄) ကိုယ်စွမ်းကိုယ်စနည်းသူ

တစ်နည်းအားဖြင့် စိတ်ဓာတ်ကျလွယ်သူတွေပေါ့။ ပြဿနာတစ်ခုခုများဖြစ်ရင် မိန်းကလေးက ပြန်အားပေးရမယ့်သူမျိုးပါ။ လောကကြီးက ခက်ခဲတယ်ဆိုပြီး ကိုယ်တိုင်ကဘာမှမကြိုးစားပဲ ချစ်သူကောင်မလေးက ထောက်ပံ့သမျှလက်ခံမယ့်လူအမျိုးအစားပါ။

(၅) လူ့ဂွစာဖြစ်နေသူ

ဒီလိုလူစားမျိုးတွေက ရည်းစားရနိုင်ချေနည်းပေမယ့် ရွေးချယ်မိမယ့်ယောင်းတို့သတိကြီးကြီးထားရမယ့် အထဲပါပါတယ်။ လူတွေနဲ့လိုက်လျောညီထွေမနေတတ်တာကြောင့် ယောင်းကအပေါင်းအသင်းတွေကြားမှာ မျက်နှာပျက်ရကိန်းပါ။ သူတို့တွေက ကိစ္စသေးသေးလေးတွေကအစ ကပ်သီးကပ်သပ်နိုင်တာမို့လို့ အင်မတန်စိတ်ရှည်ပါတယ်ဆိုမှ ရွေးချယ်ပါ။ မဟုတ်ရင်တော့ ယောင်းအသည်းကွဲဖို့သာ ကြိုတင်ပြင်ဆင်ရပါလိမ့်မယ်။

ကဲ အက်မင်ကတော့ သူငယ်ချင်းတွေရဲ့အဖြစ်ပေါ်အခြေခံပြီး ထုတ်နှုတ်ထားတာကြောင့် အမျိုးသားအားလုံးကိုတော့မဆိုလိုပါဘူးနော်။ ဒါပေမဲ့ တို့တွေလို မိန်းကလေးတွေက ချစ်သူရည်းစားရွေးချယ်တော့မယ်ဆိုရင် ပြီးပြီးရော ခေါင်းညိတ်လိုက်တာထက် ဒီလိုအချက်တွေကို နှိုင်းယှဉ်ပြီး သေချာစဉ်းစားပြီးမှ စစ်မှန်လိုက်ဖက်တဲ့ဘဝလက်တွဲဖော်ကို ရှာတွေ့ပါစေလို့ အက်မင်မျှော်လင့်မိပါတယ်နော်…

Credit : Miko ( For Her Myanmar )

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top