iMyanmarHouse.com - Best Property Website for Myanmar
×

အစည္းအေ၀း တစ္ခုတြင္ စိတ္ကူးယဥ္တတ္ျခင္းမွာ လုပ္ေနက် အက်င့္အျဖစ္သည္။ စိတ္ကူးယဥ္ျခင္းသည္ အျပစ္မရိွေသာ လုပ္ရပ္ဟု ထင္စရာ ရိွေသာ္လည္း စိတ္ကူးယဥ္ျခင္းေၾကာင့္ လူတစ္ဦး အ၀လြန္နိုင္ေျခ မ်ားတတ္ေၾကာင္း သိပၸံပညာရွင္မ်ားက ေထာက္ျပလိုက္ျပီ ျဖစ္သည္။

အ၀လြန္သူမ်ားသည္ စိတ္ကူးယဥ္တတ္ျပီး ၄င္းတို႔သည္ ၀လင္သည္ထက္ ပိုစားရန္ ဦးေနွာက္တြင္း လံႈ႔ေဆာ္ခံေနရတတ္ေၾကာင္း သိပၸံပညာရွင္မ်ားက ေျပာဆိုခဲ့သည္။ အ၀လြန္ေနသူမ်ားသည္ စိတ္ကူးယဥ္ေနခိ်န္တြင္ ၀လင္ေအာင္ စားျပီးသည္ မျပီးသည္ကို သတိမရတတ္ဘဲ ဆက္လက္ျပီး စားေလ့ရိွေၾကာင္း ပညာရွင္မ်ားက သတိေပးသည္။

ယင္းျပႆနာကို ေျဖရွင္းရန္အတြက္ ကေလးငယ္မ်ားသည္ ငယ္ရြယ္စဥ္မွစျပီး တရားထိုင္သင့္ေၾကာင္း သုေတသန ပညာရွင္မ်ားက တိုက္တြန္း ေျပာဆိုခဲ့သည္။ သတိေလးမွတ္ျပီး ေနထိုင္မႈေၾကာင့္ စိတ္ကူးယဥ္မႈ နည္းပါးလာျပီး အေတြး ပံုမွန္မဟုတ္ဟု နည္းပါးလာကာ စားေသာက္မႈပံုစံကို သတိထားမိလာတတ္ေၾကာင္း ဗန္ဒါေဘး တကၠသိုလ္မွ ပညာရွင္ ေဒါက္တာ ရိုနယ္ကို၀န္က ေျပာဆိုခဲ့သည္။

သတိမွတ္ျပီး ေနထိုင္ျခင္းေၾကာင့္ စိတ္ကူးယဥ္မႈနွင့္ စိတ္အလိုလိုက္မႈ နည္းပါးသြားတတ္ေၾကာင္း ဗန္ဒါေဗး တကၠသိုလ္၏ ေလ့လာမႈတြင္ ေဖာ္ျပထားသည္။ ပညာရွင္မ်ားသည္ အသက္ (၈ နွစ္မွ ၃၁) နွစ္ၾကား ကေလးငယ္ (၃၈) ဦးကို ေလ့လာခဲ့ျခင္း ျဖစ္သည္။ ယခုေတြ႔ရိွမႈကို Heliyon ဂ်ာနယ္တြင္ ေဖာ္ျပထားသည္။

Credit : Messenger
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
အစည်းအဝေး တစ်ခုတွင် စိတ်ကူးယဉ်တတ်ခြင်းမှာ လုပ်နေကျ အကျင့်အဖြစ်သည်။ စိတ်ကူးယဉ်ခြင်းသည် အပြစ်မရှိသော လုပ်ရပ်ဟု ထင်စရာ ရှိသော်လည်း စိတ်ကူးယဉ်ခြင်းကြောင့် လူတစ်ဦး အဝလွန်နိုင်ခြေ များတတ်ကြောင်း သိပ္ပံပညာရှင်များက ထောက်ပြလိုက်ပြီ ဖြစ်သည်။

အဝလွန်သူများသည် စိတ်ကူးယဉ်တတ်ပြီး ၎င်းတို့သည် ဝလင်သည်ထက် ပိုစားရန် ဦးနှောက်တွင်း လှုံ့ဆော်ခံနေရတတ်ကြောင်း သိပ္ပံပညာရှင်များက ပြောဆိုခဲ့သည်။ အဝလွန်နေသူများသည် စိတ်ကူးယဉ်နေချိန်တွင် ဝလင်အောင် စားပြီးသည် မပြီးသည်ကို သတိမရတတ်ဘဲ ဆက်လက်ပြီး စားလေ့ရှိကြောင်း ပညာရှင်များက သတိပေးသည်။

ယင်းပြဿနာကို ဖြေရှင်းရန်အတွက် ကလေးငယ်များသည် ငယ်ရွယ်စဉ်မှစပြီး တရားထိုင်သင့်ကြောင်း သုတေသန ပညာရှင်များက တိုက်တွန်း ပြောဆိုခဲ့သည်။ သတိလေးမှတ်ပြီး နေထိုင်မှုကြောင့် စိတ်ကူးယဉ်မှု နည်းပါးလာပြီး အတွေး ပုံမှန်မဟုတ်ဟု နည်းပါးလာကာ စားသောက်မှုပုံစံကို သတိထားမိလာတတ်ကြောင်း ဗန်ဒါဘေး တက္ကသိုလ်မှ ပညာရှင် ဒေါက်တာ ရိုနယ်ကိုဝန်က ပြောဆိုခဲ့သည်။

သတိမှတ်ပြီး နေထိုင်ခြင်းကြောင့် စိတ်ကူးယဉ်မှုနှင့် စိတ်အလိုလိုက်မှု နည်းပါးသွားတတ်ကြောင်း ဗန်ဒါဗေး တက္ကသိုလ်၏ လေ့လာမှုတွင် ဖော်ပြထားသည်။ ပညာရှင်များသည် အသက် (၈ နှစ်မှ ၃၁) နှစ်ကြား ကလေးငယ် (၃၈) ဦးကို လေ့လာခဲ့ခြင်း ဖြစ်သည်။ ယခုတွေ့ရှိမှုကို Heliyon ဂျာနယ်တွင် ဖော်ပြထားသည်။

Credit : Messenger

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top