iMyanmarHouse.com - Best Property Website for Myanmar
×

ခါးနာေနပါသလား။ ဘာေတြကျဖစ္ေစတာလဲဆိုတာေကာ သိပါသလား။ ခါးပိုနာေအာင္ဘာေတြက လုပ္ေနတာလဲဆိုတာေကာ သိပါသလား။ ေအာက္ပါေဆာင္းပါးမွာ သင္သိခ်င္တာေတြ ရွိပါတယ္။

အသက္အရြယ္

ခါးနာျခင္းဟာ အသက္ၾကီးတဲ့လူေတြမွာ ပိုအျဖစ္မ်ားပါတယ္။ အသက္အရြယ္ၾကီးရင့္လာတာနဲ႕အမွ် အသက္ၾကီးျခင္းဇီ၀ျဖစ္စဥ္ေတြဟာ ခါးနာျခင္းကို ပိုအားေပးလာပါတယ္။ အသက္၃၀နဲ႔အထက္ရွိေနျပီဆိုရင္ေတာ့ ခါးနာႏိုင္ေျခမ်ားေနပါျပီ။

ကိုယ္လက္လႈပ္ရွားမႈမ်ား

ကိုယ္လက္လႈပ္ရွားမလုပ္ျခင္းက ခါးနာေစပါတယ္။ အသံုးမျပဳတဲ့ ၾကြက္သားေတြဟာ အားနည္းလာျပီး ခႏၶာကိုယ္ကို ေကာင္းေကာင္းမေထာက္ပံ့ႏိုင္ေတာ့ပါဘူး။ အခ်ိန္ေတာ္ေတာ္ၾကာ လႈပ္လႈပ္ရွားရွားမရွိဘဲေနလာရာကေန ခ်က္ခ်င္းၾကီး အလြန္အကြ်န္ ခႏၶာကိုယ္ကို အလုပ္ေပးလိုက္ရင္ ခါးနာသြားႏိုင္ပါတယ္။ ခႏၶာကိုယ္ကို သိပ္အလုပ္မေပးတဲ့ အေပ်ာ့စားေလ့က်င့္ခန္းေတြကိုသာ ျဖည္းျဖည္းသက္သာလုပ္သြားပါ။

အ၀လြန္ျခင္း

ကိုယ္အေလးခ်ိန္မ်ားေနမယ္၊ အ၀လြန္ေနမယ္ဆိုရင္ သင့္ခါးက အေလးခ်ိန္အေျမာက္အမ်ားကို သယ္ေဆာင္ထားရပါတယ္။ ကိုယ္အေလးခ်ိန္မ်ားေနျခင္းက ခါးေပၚမွာသာမက အဆစ္ေတြေပၚမွာလည္း ဖိအားေတြသက္ေရာက္ႏိုင္ပါတယ္။

အလုပ္အကိုင္

ကုန္း၊ကြ၊ဆြဲ၊တင္၊မ၊ခ် စတဲ့ ေက်ာကိုအလုပ္ေပးရတဲ့အလုပ္ေတြ လုပ္ေနမယ္ဆိုရင္ ခါးနာျခင္း၊ ဒဏ္ျဖစ္ျခင္းတို႔ ျဖစ္ေပၚလာႏိုင္ပါတယ္။

ဆန္႔က်င္ဘက္အေနျဖင့္ တစ္ေနကိုယ္ဘာမွလႈပ္လႈပ္ရွားရွားမလုပ္ရဘဲ ထိုင္ခံုေပၚမွာ ေအးေဆးထိုင္လုပ္ရတဲ့ အလုပ္ဆိုလ်င္လည္း ခါးနာႏိုင္ပါေသးတယ္။

အထက္ပါအလုပ္ေတြက သင့္ခါးက်န္းမာေရးအတြက္ မေကာင္းပါဘူး။ ခါးကိုထိခိုက္မႈမရွိဘဲ လႈပ္လႈပ္ရွားရွားလုပ္ေနရမယ့္အလုပ္မ်ိဳးကို ရွာလုပ္သင့္ပါတယ္။ ဒါမွမဟုတ္လည္း အလုပ္အတြင္းမွာ ခဏနားျပီး အေပ်ာ့စားေလ့က်င့္ခန္းေလးေတြ လုပ္ေပးသင့္ပါတယ္။

ေဆးလိပ္ေသာက္ျခင္း

ေဆးလိပ္ေသာက္ျခင္းက ခါးနာျခင္းကို တိုက္ရိုက္ျဖစ္ေစတာေတာ့ မဟုတ္ပါဘူး။ ဒါေပမဲ့လည္း ခါးေအာက္ပိုင္းနာက်င္ျခင္းနဲ႔ စိုင္ရာတစ္အာရံုေၾကာနာက်င္ျခင္းတို႔ ျဖစ္နိုင္ေျခကို   ျမင့္မားေစပါတယ္။ ေဆးလိပ္ေသာက္ျခင္းက ၾကြက္သားႏွင့္အာရံုေၾကာမ်ားကို ထိခိုက္ႏုိင္ပါတယ္။

ခါးမွာဒဏ္ျဖစ္ထားမယ္၊ ခြဲစိတ္ထားမယ္ဆိုရင္လည္း ျပန္လည္ေကာင္းမြန္ျခင္းအတြက္ ေဆးလိပ္ကေကာင္းက်ိဳးေပးမွာမဟုတ္ဘူး။ ျပန္ေကာင္းဖို႔ ကာလာၾကာရွည္သြားပါမယ္။ ဒါေၾကာင့္ ေဆးလိပ္ျဖတ္ျခင္းျဖင့္ မိမိကိုယ္ကို ကုသႏိုင္ပါတယ္။

အျခားေရာဂါမ်ားရွိေနျခင္း

ေရာဂါေတြရွိေနတဲ့လူတစ္ေယာက္ဟာ ေရာဂါကင္းစင္ေနတဲ့လူထက္ေတာ့ ခါးနာႏိုင္ေျခပိုမ်ားမွာပါ။ ထိုေရာဂါေတြမွာ ကင္ဆာလည္း အပါအ၀င္ျဖစ္ပါတယ္။ အခ်ိဳ႕ကင္ဆာေတြဟာ ေက်ာရိုးကိုျပန္႔ႏွံ႕သြားျပီး ခါးနာေစႏိုင္ပါတယ္။

ကိုယ္၀န္ေဆာင္မိခင္မ်ား

ကိုယ္၀န္ေဆာင္ထားရမယ္ဆိုရင္ ခႏၶာကိုယ္ရဲ႕ ကမာၻဆြဲအားဗဟိုခ်က္ ေျပာင္းလဲသြားႏိုင္ပါတယ္။ ဟန္ခ်က္ညီေနေစဖို႔ ကိုယ္ေနကိုယ္ထားေျပာင္းလဲသင့္ပါတယ္။ ကိုယ္ေနကိုယ္ဟန္မမွန္ရင္ ခါးနာလာႏိုင္ပါတယ္။

ကိုယ္၀န္ေဆာင္ေနစဥ္အတြင္းမွာလည္း ကိုယ္အေလးခ်ိန္တက္လာပါလိမ့္မယ္။ ျမင့္တက္လာတဲ့ကိုယ္အေလးခ်ိန္က ေက်ာရိုးမၾကီးမွာ သြားျပီးသက္ေရာက္ပါတယ္။ ကေလးေမြးဖို႔အတြက္ တင္ပဆံုရိုးမွာရွိတဲ့ အရြတ္ေတြကို ခႏၶာကိုယ္က ေလ်ာ့ရဲ႕သြားေအာင္လုပ္လိုက္ပါတယ္။ ဒါေၾကာင့္ ခါးရဲ႕ အေထာက္အပံ့ေတြ ေလ်ာ့က်သြားပါတယ္။

ကိုယ္၀န္ေဆာင္ေနစဥ္အတြင္းမွာ ကိုယ္ေနကိုယ္ဟန္မွန္ေနဖုိ႔နဲ႔ ေလ့က်င့္ခန္းေတြ လုပ္ဖို႔အေရးၾကီးပါတယ္။

ဘာေတြက ခါးနာေစတယ္ဆိုတာ တိတိပပမသိရေသးေသာ္လည္း ဆက္စပ္မႈရွိတဲ့ အရာေတြကိုေတာ့ ေတြ႔ရွိထားပါျပီ။ ခါးနာျခင္းကို ကာကြယ္ႏိုင္ဖို႔အတြက္ အထက္ပါအခ်က္အလက္ေတြကို တစ္ခ်က္ေလာက္ၾကည့္ေပးသင့္ပါတယ္။

Credit : Mizzima
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ခါးနာနေပါသလား။ ဘာတွေကဖြစ်စေတာလဲဆိုတာကော သိပါသလား။ ခါးပိုနာအောင်ဘာတွေက လုပ်နေတာလဲဆိုတာကော သိပါသလား။ အောက်ပါဆောင်းပါးမှာ သင်သိချင်တာတွေ ရှိပါတယ်။

အသက်အရွယ်

ခါးနာခြင်းဟာ အသက်ကြီးတဲ့လူတွေမှာ ပိုအဖြစ်များပါတယ်။ အသက်အရွယ်ကြီးရင့်လာတာနဲ့အမျှ အသက်ကြီးခြင်းဇီဝဖြစ်စဉ်တွေဟာ ခါးနာခြင်းကို ပိုအားပေးလာပါတယ်။ အသက်၃၀နဲ့အထက်ရှိနေပြီဆိုရင်တော့ ခါးနာနိုင်ခြေများနေပါပြီ။

ကိုယ်လက်လှုပ်ရှားမှုများ

ကိုယ်လက်လှုပ်ရှားမလုပ်ခြင်းက ခါးနာစေပါတယ်။ အသုံးမပြုတဲ့ ကြွက်သားတွေဟာ အားနည်းလာပြီး ခန္ဓာကိုယ်ကို ကောင်းကောင်းမထောက်ပံ့နိုင်တော့ပါဘူး။ အချိန်တော်တော်ကြာ လှုပ်လှုပ်ရှားရှားမရှိဘဲနေလာရာကနေ ချက်ချင်းကြီး အလွန်အကျွန် ခန္ဓာကိုယ်ကို အလုပ်ပေးလိုက်ရင် ခါးနာသွားနိုင်ပါတယ်။ ခန္ဓာကိုယ်ကို သိပ်အလုပ်မပေးတဲ့ အပျော့စားလေ့ကျင့်ခန်းတွေကိုသာ ဖြည်းဖြည်းသက်သာလုပ်သွားပါ။

အဝလွန်ခြင်း

ကိုယ်အလေးချိန်များနေမယ်၊ အဝလွန်နေမယ်ဆိုရင် သင့်ခါးက အလေးချိန်အမြောက်အများကို သယ်ဆောင်ထားရပါတယ်။ ကိုယ်အလေးချိန်များနေခြင်းက ခါးပေါ်မှာသာမက အဆစ်တွေပေါ်မှာလည်း ဖိအားတွေသက်ရောက်နိုင်ပါတယ်။

အလုပ်အကိုင်

ကုန်း၊ကွ၊ဆွဲ၊တင်၊မ၊ချ စတဲ့ ကျောကိုအလုပ်ပေးရတဲ့အလုပ်တွေ လုပ်နေမယ်ဆိုရင် ခါးနာခြင်း၊ ဒဏ်ဖြစ်ခြင်းတို့ ဖြစ်ပေါ်လာနိုင်ပါတယ်။

ဆန့်ကျင်ဘက်အနေဖြင့် တစ်နေကိုယ်ဘာမှလှုပ်လှုပ်ရှားရှားမလုပ်ရဘဲ ထိုင်ခုံပေါ်မှာ အေးဆေးထိုင်လုပ်ရတဲ့ အလုပ်ဆိုလျင်လည်း ခါးနာနိုင်ပါသေးတယ်။

အထက်ပါအလုပ်တွေက သင့်ခါးကျန်းမာရေးအတွက် မကောင်းပါဘူး။ ခါးကိုထိခိုက်မှုမရှိဘဲ လှုပ်လှုပ်ရှားရှားလုပ်နေရမယ့်အလုပ်မျိုးကို ရှာလုပ်သင့်ပါတယ်။ ဒါမှမဟုတ်လည်း အလုပ်အတွင်းမှာ ခဏနားပြီး အပျော့စားလေ့ကျင့်ခန်းလေးတွေ လုပ်ပေးသင့်ပါတယ်။

ဆေးလိပ်သောက်ခြင်း

ဆေးလိပ်သောက်ခြင်းက ခါးနာခြင်းကို တိုက်ရိုက်ဖြစ်စေတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့လည်း ခါးအောက်ပိုင်းနာကျင်ခြင်းနဲ့ စိုင်ရာတစ်အာရုံကြောနာကျင်ခြင်းတို့ ဖြစ်နိုင်ခြေကို   မြင့်မားစေပါတယ်။ ဆေးလိပ်သောက်ခြင်းက ကြွက်သားနှင့်အာရုံကြောများကို ထိခိုက်နိုင်ပါတယ်။

ခါးမှာဒဏ်ဖြစ်ထားမယ်၊ ခွဲစိတ်ထားမယ်ဆိုရင်လည်း ပြန်လည်ကောင်းမွန်ခြင်းအတွက် ဆေးလိပ်ကကောင်းကျိုးပေးမှာမဟုတ်ဘူး။ ပြန်ကောင်းဖို့ ကာလာကြာရှည်သွားပါမယ်။ ဒါကြောင့် ဆေးလိပ်ဖြတ်ခြင်းဖြင့် မိမိကိုယ်ကို ကုသနိုင်ပါတယ်။

အခြားရောဂါများရှိနေခြင်း

ရောဂါတွေရှိနေတဲ့လူတစ်ယောက်ဟာ ရောဂါကင်းစင်နေတဲ့လူထက်တော့ ခါးနာနိုင်ခြေပိုများမှာပါ။ ထိုရောဂါတွေမှာ ကင်ဆာလည်း အပါအဝင်ဖြစ်ပါတယ်။ အချို့ကင်ဆာတွေဟာ ကျောရိုးကိုပြန့်နှံ့သွားပြီး ခါးနာစေနိုင်ပါတယ်။

ကိုယ်ဝန်ဆောင်မိခင်များ

ကိုယ်ဝန်ဆောင်ထားရမယ်ဆိုရင် ခန္ဓာကိုယ်ရဲ့ ကမ္ဘာဆွဲအားဗဟိုချက် ပြောင်းလဲသွားနိုင်ပါတယ်။ ဟန်ချက်ညီနေစေဖို့ ကိုယ်နေကိုယ်ထားပြောင်းလဲသင့်ပါတယ်။ ကိုယ်နေကိုယ်ဟန်မမှန်ရင် ခါးနာလာနိုင်ပါတယ်။

ကိုယ်ဝန်ဆောင်နေစဉ်အတွင်းမှာလည်း ကိုယ်အလေးချိန်တက်လာပါလိမ့်မယ်။ မြင့်တက်လာတဲ့ကိုယ်အလေးချိန်က ကျောရိုးမကြီးမှာ သွားပြီးသက်ရောက်ပါတယ်။ ကလေးမွေးဖို့အတွက် တင်ပဆုံရိုးမှာရှိတဲ့ အရွတ်တွေကို ခန္ဓာကိုယ်က လျော့ရဲ့သွားအောင်လုပ်လိုက်ပါတယ်။ ဒါကြောင့် ခါးရဲ့ အထောက်အပံ့တွေ လျော့ကျသွားပါတယ်။

ကိုယ်ဝန်ဆောင်နေစဉ်အတွင်းမှာ ကိုယ်နေကိုယ်ဟန်မှန်နေဖို့နဲ့ လေ့ကျင့်ခန်းတွေ လုပ်ဖို့အရေးကြီးပါတယ်။

ဘာတွေက ခါးနာစေတယ်ဆိုတာ တိတိပပမသိရသေးသော်လည်း ဆက်စပ်မှုရှိတဲ့ အရာတွေကိုတော့ တွေ့ရှိထားပါပြီ။ ခါးနာခြင်းကို ကာကွယ်နိုင်ဖို့အတွက် အထက်ပါအချက်အလက်တွေကို တစ်ချက်လောက်ကြည့်ပေးသင့်ပါတယ်။

Credit : Mizzima

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top