iMyanmarHouse.com - Best Property Website for Myanmar
×

လိေမၼာ္သီးဟာ citrus fruit လို႔ေခၚတဲ့ စစ္ထရစ္အက္ဆစ္ ပါဝင္မႈမ်ားျပားတဲ့ အသီးတစ္လံုးျဖစ္ၿပီး ဗိုက္တာမင္စီၾကြယ္ဝမႈေၾကာင့္ က်န္းမာေရးနဲ႔ အလွအပဆိုင္ရာ အက်ိဳးေက်းဇူးအမ်ားႀကီးကို ေပးစြမ္းႏိုင္တယ္လို႔ နာမည္ႀကီးပါတယ္။ လိေမၼာ္သီးစားရင္ လူေတာ္ေတာ္မ်ားမ်ားက လိေမၼာ္ခြံေတြကို လႊင့္ပစ္ၾကတာမ်ားပါတယ္။ တကယ္ေတာ့ လိေမၼာ္ခြံမွာ ျပန္သံုးတတ္ရင္ အသံုးဝင္တဲ့အခ်က္ေတြ

အမ်ားႀကီး႐ွိပါေသးတယ္။
၁။ ေလထုသန္႔စင္ေစမယ္

လိေမၼာ္ခြံလက္တစ္ဆုပ္ေလာက္ရယ္၊ သစ္ၾကံပိုးေခါက္ရယ္၊ ဖာလာေစ့တို႔ကို ေရမွာေရာျပဳတ္လိုက္ပါ။ ၿပီးရင္ရလာတဲ့ ျပဳတ္ရည္ကို အခန္းထဲမွာထားေပးရင္ အခန္းထဲက မလိုလားအပ္တဲ့ အနံ႔ဆိုးေတြကို ႐ွင္းလင္းေပးၿပီး စိတ္ကိုၾကည္လင္ လန္းဆန္းေစႏိုင္ပါတယ္။ သူ႔ရဲ႕စူး႐ွ႐ွအနံ႔ေလးကို ေနာက္ပိုင္းက်ရင္ အႀကိဳက္ေတြ႕လာလို႔ က်န္တဲ့ air fresher ေတြကိုေတာင္ သံုးခ်င္ေတာ့မွာ မဟုတ္ပါဘူး။
၂။ ျခင္အႏၱရာယ္ ကာကြယ္ႏိုင္တယ္

ျခင္ေတြကိုက္လြန္းလို႔ ျခင္ကိုက္ဖုေတြ ဗလပြနဲ႔ စိတ္ညစ္ေနၿပီလား။ လိေမၼာ္ခြံနည္းနည္း႐ွိရင္ ျပႆနာေျပလည္သြားပါၿပီ။ လိေမၼာ္ခြံကို အရည္ညွစ္ၿပီး လက္ဖ်ံတို႔၊ လက္ေမာင္းတို႔၊ ဒူးတို႔၊ ေျခသလံုးတို႔လို ျခင္ကိုက္ႏိုင္တဲ့ ေနရာေတြမွာ သုတ္လိမ္းထားေပးလိုက္မယ္ဆိုရင္ ျခင္ကိုက္ဖုေတြ သိသိသာသာႀကီး ေလ်ာ့နည္းသြားတာကို ေတြ႕႐ွိရမွာပါ။
၃။ ေဗာက္ေပ်ာက္ေစတယ္

လိေမၼာ္ခြံကိုႀကိတ္ၿပီး ဆံပင္ေပၚမွာေရနဲ႔ေရာလိမ္းေပးလိုက္ပါ။ ၿပီးရင္ ညသိပ္ထားေပးလိုက္ပါ။ မနက္က်ရင္ ေဗာက္ေတြကို ကင္းေဝးေစၿပီး ဆံသားေတြ ႏူးညံ့ေပ်ာ့ေျပာင္းေနတာကို ေတြ႕ျမင္ရမွာပါ။
၄။ အစာေၾကေစတယ္

လိေမၼာ္ခြံကို အေျခာက္လွမ္းၿပီး ပ်ားရည္နဲ႔ယိုထုိးၿပီး ထမင္းစားၿပီးတိုင္း စားေပးမယ္ဆိုရင္ အစာေၾကေစၿပီး ဝမ္းခ်ဳပ္ေရာဂါကို ကာကြယ္ႏိုင္ပါတယ္။ ေလေအာင့္ျခင္း၊ ရင္ဘတ္ေအာင့္ျခင္းနဲ႔ ေအာ့အန္ျခင္းတို႔ကိုလည္း ေလ်ာ့နည္းေစပါတယ္။ ဒါ့အျပင္ အသည္းကိုပံုမွန္ လုပ္ေဆာင္ႏိုင္ေအာင္လည္း ကူညီေပးႏိုင္ပါတယ္။
၅။ ပန္းနာရင္ၾကပ္ေပ်ာက္ေစတယ္

ပန္းနာရင္ၾကပ္သမားေတြ ပန္းနာထေနၿပီဆိုရင္ လိေမၼာ္ခြံကို ေရေႏြးနဲ႔စိမ္ၿပီး ေသာက္ေပးႏိုင္သလို လိေမၼာ္ခြံကို ႐ွဴေပးျခင္းျဖင့္ ပန္းနာေဝဒနာကို သက္သာေစႏိုင္ပါတယ္။ ဒါ့အျပင္ ခြ်ဲသလိပ္ကပ္ျခင္းကိုလည္း တားဆီးေပးႏိုင္ပါတယ္။
၆။ ေသြးတိုးက်ေစတယ္

လိေမၼာ္ခြံေတြက ေသြးလည္ပတ္မႈ ေကာင္းမြန္ေအာင္ ထိန္းညွိေပးတဲ့အတြက္ ေသြးဖိအားကို ေလ်ာ့နည္းေစႏိုင္သလို ႏွလံုးကိုလည္း က်န္းမာေစႏိုင္ပါတယ္။ တ႐ုတ္ျပည္မွာေတာ့ လိေမၼာ္ခြံကို ေသြးတိုးက်ေဆးအျဖစ္ သံုးလာတာ ႏွစ္ေထာင္နဲ႔ခ်ီေနပါၿပီ။
၇။ ေခါင္းကိုက္ေပ်ာက္ေစတယ္

လိေမၼာ္ခြံကို aroma therapy လို႔ေခၚတဲ့ ရနံ႔ကုထံုးအတြက္လည္း သံုးၾကပါတယ္။ လိေမၼာ္ခြံေၾကာင့္ ေခါင္းကိုက္ေရာဂါ၊ စိတ္ပူပင္မႈ လြန္ကဲျခင္းေရာဂါနဲ႔ စိတ္က်ေရာဂါတို႔ကို သက္သာေပ်ာက္ကင္းေစႏိုင္ပါတယ္။

Source: Stylecraze

Credit : Duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
လိမ္မော်သီးဟာ citrus fruit လို့ခေါ်တဲ့ စစ်ထရစ်အက်ဆစ် ပါဝင်မှုများပြားတဲ့ အသီးတစ်လုံးဖြစ်ပြီး ဗိုက်တာမင်စီကြွယ်ဝမှုကြောင့် ကျန်းမာရေးနဲ့ အလှအပဆိုင်ရာ အကျိုးကျေးဇူးအများကြီးကို ပေးစွမ်းနိုင်တယ်လို့ နာမည်ကြီးပါတယ်။ လိမ္မော်သီးစားရင် လူတော်တော်များများက လိမ္မော်ခွံတွေကို လွှင့်ပစ်ကြတာများပါတယ်။ တကယ်တော့ လိမ္မော်ခွံမှာ ပြန်သုံးတတ်ရင် အသုံးဝင်တဲ့အချက်တွေ

အများကြီးရှိပါသေးတယ်။
၁။ လေထုသန့်စင်စေမယ်

လိမ္မော်ခွံလက်တစ်ဆုပ်လောက်ရယ်၊ သစ်ကြံပိုးခေါက်ရယ်၊ ဖာလာစေ့တို့ကို ရေမှာရောပြုတ်လိုက်ပါ။ ပြီးရင်ရလာတဲ့ ပြုတ်ရည်ကို အခန်းထဲမှာထားပေးရင် အခန်းထဲက မလိုလားအပ်တဲ့ အနံ့ဆိုးတွေကို ရှင်းလင်းပေးပြီး စိတ်ကိုကြည်လင် လန်းဆန်းစေနိုင်ပါတယ်။ သူ့ရဲ့စူးရှရှအနံ့လေးကို နောက်ပိုင်းကျရင် အကြိုက်တွေ့လာလို့ ကျန်တဲ့ air fresher တွေကိုတောင် သုံးချင်တော့မှာ မဟုတ်ပါဘူး။
၂။ ခြင်အန္တရာယ် ကာကွယ်နိုင်တယ်

ခြင်တွေကိုက်လွန်းလို့ ခြင်ကိုက်ဖုတွေ ဗလပွနဲ့ စိတ်ညစ်နေပြီလား။ လိမ္မော်ခွံနည်းနည်းရှိရင် ပြဿနာပြေလည်သွားပါပြီ။ လိမ္မော်ခွံကို အရည်ညှစ်ပြီး လက်ဖျံတို့၊ လက်မောင်းတို့၊ ဒူးတို့၊ ခြေသလုံးတို့လို ခြင်ကိုက်နိုင်တဲ့ နေရာတွေမှာ သုတ်လိမ်းထားပေးလိုက်မယ်ဆိုရင် ခြင်ကိုက်ဖုတွေ သိသိသာသာကြီး လျော့နည်းသွားတာကို တွေ့ရှိရမှာပါ။
၃။ ဗောက်ပျောက်စေတယ်

လိမ္မော်ခွံကိုကြိတ်ပြီး ဆံပင်ပေါ်မှာရေနဲ့ရောလိမ်းပေးလိုက်ပါ။ ပြီးရင် ညသိပ်ထားပေးလိုက်ပါ။ မနက်ကျရင် ဗောက်တွေကို ကင်းဝေးစေပြီး ဆံသားတွေ နူးညံ့ပျော့ပြောင်းနေတာကို တွေ့မြင်ရမှာပါ။
၄။ အစာကြေစေတယ်

လိမ္မော်ခွံကို အခြောက်လှမ်းပြီး ပျားရည်နဲ့ယိုထိုးပြီး ထမင်းစားပြီးတိုင်း စားပေးမယ်ဆိုရင် အစာကြေစေပြီး ဝမ်းချုပ်ရောဂါကို ကာကွယ်နိုင်ပါတယ်။ လေအောင့်ခြင်း၊ ရင်ဘတ်အောင့်ခြင်းနဲ့ အော့အန်ခြင်းတို့ကိုလည်း လျော့နည်းစေပါတယ်။ ဒါ့အပြင် အသည်းကိုပုံမှန် လုပ်ဆောင်နိုင်အောင်လည်း ကူညီပေးနိုင်ပါတယ်။
၅။ ပန်းနာရင်ကြပ်ပျောက်စေတယ်

ပန်းနာရင်ကြပ်သမားတွေ ပန်းနာထနေပြီဆိုရင် လိမ္မော်ခွံကို ရေနွေးနဲ့စိမ်ပြီး သောက်ပေးနိုင်သလို လိမ္မော်ခွံကို ရှူပေးခြင်းဖြင့် ပန်းနာဝေဒနာကို သက်သာစေနိုင်ပါတယ်။ ဒါ့အပြင် ချွဲသလိပ်ကပ်ခြင်းကိုလည်း တားဆီးပေးနိုင်ပါတယ်။
၆။ သွေးတိုးကျစေတယ်

လိမ္မော်ခွံတွေက သွေးလည်ပတ်မှု ကောင်းမွန်အောင် ထိန်းညှိပေးတဲ့အတွက် သွေးဖိအားကို လျော့နည်းစေနိုင်သလို နှလုံးကိုလည်း ကျန်းမာစေနိုင်ပါတယ်။ တရုတ်ပြည်မှာတော့ လိမ္မော်ခွံကို သွေးတိုးကျဆေးအဖြစ် သုံးလာတာ နှစ်ထောင်နဲ့ချီနေပါပြီ။
၇။ ခေါင်းကိုက်ပျောက်စေတယ်

လိမ္မော်ခွံကို aroma therapy လို့ခေါ်တဲ့ ရနံ့ကုထုံးအတွက်လည်း သုံးကြပါတယ်။ လိမ္မော်ခွံကြောင့် ခေါင်းကိုက်ရောဂါ၊ စိတ်ပူပင်မှု လွန်ကဲခြင်းရောဂါနဲ့ စိတ်ကျရောဂါတို့ကို သက်သာပျောက်ကင်းစေနိုင်ပါတယ်။

Source: Stylecraze

Credit : Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top