iMyanmarHouse.com - Best Property Website for Myanmar
×

သင့္အသည္းနဲ႔ ေသြးသားသန္႔ရွင္းေစၿပီး ေသြးတိုးနဲ႔ ႏွလံုးေရာဂါကိုလည္း သက္သာေစတဲ့ ဘူးသီးရဲ႕ အာဟာရ အက်ိဳးေက်းဇူးေတြအေၾကာင္း ေျပာျပပါမယ္။ ျမန္မာလူမ်ိဳးေတြဟာ ဘူးသီးကို ဟင္းခါးအျဖစ္ က်ိဳခ်က္ ေသာက္သံုးၾကသလို ဘူးသီးကို ျပဳတ္ၿပီး တို႔စားတာ၊ သုပ္စားတာမ်ိဳးလည္း ရွိပါတယ္။ သို႔ေပမယ့္ မသန္႔ရွင္းတဲ့ ဆီနဲ႔ ေၾကာ္ထားတဲ့ ဘူးသီးေၾကာ္က က်န္းမာေရးအတြက္ အျပည့္အစံုေတာ့ မရႏိုင္ဘူး၊ ဆိုးက်ိဳးတခ်ိဳ႕လည္း ျဖစ္ေစႏိုင္တယ္ဆိုတာေတာ့ ေျပာဖို႔လိုမယ္ မထင္ပါဘူးေနာ္။ ဘူးသီး စားေပးတာေၾကာင့္ က်န္းမာေရးအတြက္ ေကာင္းမြန္ေစတဲ့ အက်ိဳးေက်းဇူးေတြ ရရွိႏိုင္ပါတယ္။

သင့္ အသည္းကို ကာကြယ္ေပးတဲ့ ဘူးသီး

ဘူးသီးမွာ ျပည့္ဝဆီနဲ႔ ကယ္လိုရီပါဝင္မႈ နည္းၿပီး အမွ်င္ဓာတ္၊ ဗီတာမင္စီ၊ ႐ိုင္ဘိုဖေလဗင္၊ ဇင့္ (သြပ္)၊ သိုင္ယာမင္၊ သံဓာတ္နဲ႔ မဂၢနီဆီယမ္တို႔ ပါဝင္မႈမ်ားတာေၾကာင့္ အသည္းကို သန္႔စင္ေစတယ္၊ ျပန္လည္ အားျဖည့္ေပးတယ္၊ ၿပီးေတာ့ အရက္ေၾကာင့္ ထိခိုက္ေစႏိုင္တာေတြကို ကာကြယ္ေပးပါတယ္။

ဆံပင္ျဖဴတာကို ေလ်ာ့က်ေစတဲ့ ဘူးသီး

ဘူးရြက္ကရတဲ့ အရည္ဟာ အသားဝါတာကို သက္သာေစၿပီး ဘူးသီးအရည္ကေတာ့ ဆံပင္ျဖဴတာကို ေလ်ာ့က်ေစပါတယ္။

ႏံုးခ်ည့္ေညာင္းညာမႈ သက္သာေစတဲ့ ဘူးသီး

ဘူးသီး စားေပးျခင္းျဖင့္ သင့္ကိုယ္ခႏၶာ ႏံုးခ်ည့္ေညာင္းညာမႈေတြ ေလ်ာ့က်ေစၿပီး လန္းဆန္းေစပါတယ္။ အထူးသျဖင့္ ပူျပင္းတဲ့ ေန႔ရက္ေတြမွာ လန္းဆန္းေစပါတယ္။

အစာမေၾကတဲ့ ေဝဒနာကို ေလ်ာ့က်ေစတဲ့ ဘူးသီး

ဘူးသီးဟာ အယ္လ္ကာလိုင္း ဂုဏ္သတၱိ ရွိတာေၾကာင့္ အက္စစ္ဓာတ္လြန္ကဲမႈ၊ အစာမေၾကတာနဲ႔ အစာအိမ္ အနာတို႔ကို သက္သာေစပါတယ္။

စိတ္စြဲလြန္ေဝဒနာကို သက္သာေစတဲ့ ဘူးသီး

ဘူးသီးဟာ နာ့ဗ္ေၾကာေတြကို အားေကာင္းေစတဲ့အတြက္ အလုပ္တခုကို အႀကိမ္ႀကိမ္ အထပ္ထပ္ လုပ္တတ္တဲ့ စိတ္စြဲလြန္ေဝဒနာ (OCD) ကို ေလ်ာ့က်ေစပါတယ္လို႔ ေဆးဝါးေဗဒဂ်ာနယ္ရဲ႕ ေလ့လာမႈမွာ ေဖာ္ျပထားပါတယ္။

ကိုယ္အေလးခ်ိန္ကို ေလ်ာ့က်ေစတဲ့ ဘူးသီး

ဘူးသီးမွာ ေရဓာတ္ ၉၆ ရာခိုင္ႏႈန္း ပါဝင္တာေၾကာင့္ ဘူးသီး ၁၀ဝ ဂရမ္စား တဲ့အခါ ၁၂ ကယ္လိုရီပဲ ရရွိပါတယ္။ ဒါေၾကာင့္ ကိုယ္အေလးခ်ိန္ ေလ်ာ့က်ေစတဲ့ အစားအစာအျဖစ္လည္း စားသံုးၾကပါတယ္။

မ်က္စိက်န္းမာေရးကို ေကာင္းမြန္ေစတဲ့ ဘူးသီး

ဘူးသီးမွာ ဘီတာကယ္႐ိုတင္း ပမာဏမ်ားစြာ ပါဝင္တဲ့အတြက္ မ်က္စိအျမင္အာ႐ံုကို ေကာင္းမြန္ေစပါတယ္။ ဘူးသီးဟာ အစာအိမ္ေဝဒနာ၊ အစာအိမ္အူလမ္းေၾကာင္း ပိုးဝင္တာနဲ႔ လိပ္ေခါင္းစတာေတြကိုလည္း သက္သာေစတဲ့အျပင္ ဘူးသီးမွာ ေသြးေတြကို သန္႔စင္ေစတဲ့ အာနိသင္လည္း ပါ၀င္ေနတာေၾကာင့္ ေရာဂါအမ်ားစုကို တြန္းလွန္ေပးႏိုင္ပါတယ္။

ေသြးတြင္းသၾကားဓာတ္ ပမာဏကို ေလ်ာ့က်ေစတဲ့ ဘူးသီး

ဘူးသီးမွာ ပါတဲ့ ပပ္တိုက္နဲ႔ အယ္လ္ကာလြိဳက္ေတြက ေသြးတြင္း သၾကားဓာတ္ ပမာဏကို ေလ်ာ့က်ေစတာေၾကာင့္ ဆီးခ်ိဳေရာဂါရွိသူေတြ အသင့္အတင့္ စားႏိုင္ပါတယ္။

အေထြေထြ က်န္းမာေရးကို ေကာင္းမြန္ေစတဲ့ ဘူးသီး

ဘူးသီးမွာ သိုင္ယာမင္၊ ဗီတာမင္စီ၊ ဇင့္(သြပ္)၊ သံဓာတ္နဲ႔ မဂၢနီဆီယမ္တို႔ မ်ားစြာပါဝင္တဲ့အတြက္ အေထြေထြ က်န္းမာေရးကို ေကာင္းမြန္ေစပါတယ္။

Ref: ျမန္မာ့အစားအစာနဲ႔အာဟာရ

Credit : ဧရာ၀တီ
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
သင့်အသည်းနဲ့ သွေးသားသန့်ရှင်းစေပြီး သွေးတိုးနဲ့ နှလုံးရောဂါကိုလည်း သက်သာစေတဲ့ ဘူးသီးရဲ့ အာဟာရ အကျိုးကျေးဇူးတွေအကြောင်း ပြောပြပါမယ်။ မြန်မာလူမျိုးတွေဟာ ဘူးသီးကို ဟင်းခါးအဖြစ် ကျိုချက် သောက်သုံးကြသလို ဘူးသီးကို ပြုတ်ပြီး တို့စားတာ၊ သုပ်စားတာမျိုးလည်း ရှိပါတယ်။ သို့ပေမယ့် မသန့်ရှင်းတဲ့ ဆီနဲ့ ကြော်ထားတဲ့ ဘူးသီးကြော်က ကျန်းမာရေးအတွက် အပြည့်အစုံတော့ မရနိုင်ဘူး၊ ဆိုးကျိုးတချို့လည်း ဖြစ်စေနိုင်တယ်ဆိုတာတော့ ပြောဖို့လိုမယ် မထင်ပါဘူးနော်။ ဘူးသီး စားပေးတာကြောင့် ကျန်းမာရေးအတွက် ကောင်းမွန်စေတဲ့ အကျိုးကျေးဇူးတွေ ရရှိနိုင်ပါတယ်။

သင့် အသည်းကို ကာကွယ်ပေးတဲ့ ဘူးသီး

ဘူးသီးမှာ ပြည့်ဝဆီနဲ့ ကယ်လိုရီပါဝင်မှု နည်းပြီး အမျှင်ဓာတ်၊ ဗီတာမင်စီ၊ ရိုင်ဘိုဖလေဗင်၊ ဇင့် (သွပ်)၊ သိုင်ယာမင်၊ သံဓာတ်နဲ့ မဂ္ဂနီဆီယမ်တို့ ပါဝင်မှုများတာကြောင့် အသည်းကို သန့်စင်စေတယ်၊ ပြန်လည် အားဖြည့်ပေးတယ်၊ ပြီးတော့ အရက်ကြောင့် ထိခိုက်စေနိုင်တာတွေကို ကာကွယ်ပေးပါတယ်။

ဆံပင်ဖြူတာကို လျော့ကျစေတဲ့ ဘူးသီး

ဘူးရွက်ကရတဲ့ အရည်ဟာ အသားဝါတာကို သက်သာစေပြီး ဘူးသီးအရည်ကတော့ ဆံပင်ဖြူတာကို လျော့ကျစေပါတယ်။

နုံးချည့်ညောင်းညာမှု သက်သာစေတဲ့ ဘူးသီး

ဘူးသီး စားပေးခြင်းဖြင့် သင့်ကိုယ်ခန္ဓာ နုံးချည့်ညောင်းညာမှုတွေ လျော့ကျစေပြီး လန်းဆန်းစေပါတယ်။ အထူးသဖြင့် ပူပြင်းတဲ့ နေ့ရက်တွေမှာ လန်းဆန်းစေပါတယ်။

အစာမကြေတဲ့ ဝေဒနာကို လျော့ကျစေတဲ့ ဘူးသီး

ဘူးသီးဟာ အယ်လ်ကာလိုင်း ဂုဏ်သတ္တိ ရှိတာကြောင့် အက်စစ်ဓာတ်လွန်ကဲမှု၊ အစာမကြေတာနဲ့ အစာအိမ် အနာတို့ကို သက်သာစေပါတယ်။

စိတ်စွဲလွန်ဝေဒနာကို သက်သာစေတဲ့ ဘူးသီး

ဘူးသီးဟာ နာ့ဗ်ကြောတွေကို အားကောင်းစေတဲ့အတွက် အလုပ်တခုကို အကြိမ်ကြိမ် အထပ်ထပ် လုပ်တတ်တဲ့ စိတ်စွဲလွန်ဝေဒနာ (OCD) ကို လျော့ကျစေပါတယ်လို့ ဆေးဝါးဗေဒဂျာနယ်ရဲ့ လေ့လာမှုမှာ ဖော်ပြထားပါတယ်။

ကိုယ်အလေးချိန်ကို လျော့ကျစေတဲ့ ဘူးသီး

ဘူးသီးမှာ ရေဓာတ် ၉၆ ရာခိုင်နှုန်း ပါဝင်တာကြောင့် ဘူးသီး ၁၀ဝ ဂရမ်စား တဲ့အခါ ၁၂ ကယ်လိုရီပဲ ရရှိပါတယ်။ ဒါကြောင့် ကိုယ်အလေးချိန် လျော့ကျစေတဲ့ အစားအစာအဖြစ်လည်း စားသုံးကြပါတယ်။

မျက်စိကျန်းမာရေးကို ကောင်းမွန်စေတဲ့ ဘူးသီး

ဘူးသီးမှာ ဘီတာကယ်ရိုတင်း ပမာဏများစွာ ပါဝင်တဲ့အတွက် မျက်စိအမြင်အာရုံကို ကောင်းမွန်စေပါတယ်။ ဘူးသီးဟာ အစာအိမ်ဝေဒနာ၊ အစာအိမ်အူလမ်းကြောင်း ပိုးဝင်တာနဲ့ လိပ်ခေါင်းစတာတွေကိုလည်း သက်သာစေတဲ့အပြင် ဘူးသီးမှာ သွေးတွေကို သန့်စင်စေတဲ့ အာနိသင်လည်း ပါဝင်နေတာကြောင့် ရောဂါအများစုကို တွန်းလှန်ပေးနိုင်ပါတယ်။

သွေးတွင်းသကြားဓာတ် ပမာဏကို လျော့ကျစေတဲ့ ဘူးသီး

ဘူးသီးမှာ ပါတဲ့ ပပ်တိုက်နဲ့ အယ်လ်ကာလွိုက်တွေက သွေးတွင်း သကြားဓာတ် ပမာဏကို လျော့ကျစေတာကြောင့် ဆီးချိုရောဂါရှိသူတွေ အသင့်အတင့် စားနိုင်ပါတယ်။

အထွေထွေ ကျန်းမာရေးကို ကောင်းမွန်စေတဲ့ ဘူးသီး

ဘူးသီးမှာ သိုင်ယာမင်၊ ဗီတာမင်စီ၊ ဇင့်(သွပ်)၊ သံဓာတ်နဲ့ မဂ္ဂနီဆီယမ်တို့ များစွာပါဝင်တဲ့အတွက် အထွေထွေ ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။

Ref: မြန်မာ့အစားအစာနဲ့အာဟာရ

Credit : ဧရာဝတီ

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top