iMyanmarHouse.com - Best Property Website for Myanmar
×

အမ်ိဳးသမီးတစ္ေယာက္အတြက္ အေရးအၾကီးဆံုးအခ်က္ဟာ ႏုပ်ိဳလွပေနဖို႔ပါပဲ။ အခ်ိန္ေတြကုန္လာတာနဲ႔အမွ် အသက္ေတြၾကီးလာျပီး အသားအရည္ေတြဟာလည္းေလ်ာ့ရဲလာပါတယ္။ အေရးအေၾကာင္းေတြကလည္း စတင္ေပၚေပါက္လာပါတယ္။ ဒါေပမယ့္ မစိုးရိမ္ပါနဲ႔။ ဒီဓာတ္စာေတြက ေနာက္ႏွစ္အနည္းငယ္ေလာက္အထိ ျပန္လည္ႏုပ်ိဳေစဖို႔ အကူအညီေပးႏိုင္မွာပါ။

၁။ ေထာပတ္သီး

ေထာပတ္သီးဟာ က်န္းမာေရးကို အက်ိဳးျပဳရံုသာမက အသားအရည္လွပဖို႔အတြက္လည္း အသံုးျပဳႏိုင္ပါတယ္။ မလိုင္အရသာလိုရွိတဲ့ေထာပတ္သီးမွာ ဗီတာမင္အီးနဲ႔ဘီကြန္ပလက္တို႔ပါ၀င္ျပီး သူတို႔က အသားအရည္ကိုအားျဖည့္ရာမွာ အကူအညီေပးပါတယ္။ ဒါ့အျပင္ အသားအရည္ကို စိုေျပ၀င္းလက္ေစတဲ့ ဖက္တစ္အက္ဆစ္ပါ၀င္ျပီး ေခ်ာေမြ႔ႏူးညံ့ေစႏိုင္ပါတယ္။ ဒါတင္မကေသးပါဘူး။ ဗီတာမင္စီလည္းပါ၀င္ပါေသးတယ္။ ေထာပတ္သီးကို နည္းအမ်ိဳးမ်ိဳးနဲ႔စားသံုးႏိုင္ပါတယ္။ အစိမ္းပဲျဖစ္ျဖစ္ ေဖ်ာ္ရည္လုပ္ေသာက္ျပီးျဖစ္ျဖစ္ အသုပ္ထဲထည့္စားတာပဲျဖစ္ျဖစ္ေပါ့။ ဒါကေတာ့ အသားအရည္ႏုပ်ိဳလွပေနေစဖို႔ စားသင့္တဲ့အသီးတစ္မ်ိဳးပဲျဖစ္ပါတယ္။

၂။ ေဆာ္လမြန္ငါး

ရာစုႏွစ္ေပါင္းမ်ားစြာကတည္းက ေဆာ္လမြန္ငါးဟာ ငယ္ရြယ္ႏုပ်ိဳမႈကို ဆြဲဆန္႔ခ်င္သူေတြအတြက္နဲ႔ အေရးအေၾကာင္းကင္းတဲ့ အသားအရည္ကိုလိုခ်င္သူေတြၾကားမွာ လူသိမ်ားပါတယ္။ ဒီငါးမွာ အိုမီဂါသရီး နဲ႔ ဖက္တီးအက္ဆစ္ပါ၀င္ျပီး အိုမီဂါဟာ အသားအရည္ကို အစိုဓာတ္ထိန္းေပးႏိုင္သလို ခရမ္းလြန္ေရာင္ျခည္ကလည္း ကာကြယ္ေပးႏိုင္ပါတယ္။ ဒါ့အျမင္ ေဆာ္လမြန္ငါးဟာ အရြယ္မတိုင္မီ အိုမင္းရင့္ေရာ္ျခင္းနဲ႔အေရးအေၾကာင္းျဖစ္ျခင္းကို ကာကြယ္ေပးပါတယ္။ ေဆာ္လမြန္ငါးမွာပါ၀င္တဲ့ အိုမီဂါသရီးဟာ အက္စ္ရက္ဇန္သင္းလို႔ေခၚတဲ့ အေရးအေၾကာင္းကိုဆန္႔က်င္ေပးတဲ့ အားျဖည့္ဓာတ္ေတြကို သယ္ေဆာင္ေပးပါတယ္။ ဒီဓာတ္ဟာ ငါးကိုပန္းႏုေရာင္သန္းေနေစျပီး ခရမ္းလြန္ေရာင္ျခည္ေၾကာင့္ျဖစ္တဲ့ အသားအရည္ပ်က္စီးမႈေတြကို ကာကြယ္ေပးပါတယ္။

၃။ ဘလူးဘယ္ရီသီး

ဘလူးဘယ္ရီသီးဟာ က်န္းမာေရးအတြက္ အေကာင္းဆံုးအသီးျဖစ္ျပီး အေရးအေၾကာင္းကိုစိုးရိမ္ေနသူေတြအတြက္ အေကာင္းဆံုးမိတ္ေဆြျဖစ္ပါတယ္။ အန္သိုဆိုင္နင္ဓာတ္ပါ၀င္မႈျမင့္မားတဲ့ ဘလူးဘယ္ရီသီးဟာ ေယာင္းတို႔အသားအရည္ကို ငယ္ရြယ္ႏုပ်ိဳျပီး ၀င္းပေစပါတယ္။ အန္ဇိုင္းေတြဟာလည္း ဖရီးရယ္ဒီကယ္ေတြေျကာင့္ ပ်က္စီးသြားတဲ့ တစ္ရႈးေတြကို ျပန္ေကာင္းေစပါတယ္။ ဒါ့အျပင္အန္သိုဆိုင္နင္ဓာတ္အားျဖည့္ေပးထားတဲ့ ဗီတာမင္္စီနဲ႔အီးလည္းပါ၀င္ပါတယ္။ ေဆာ္လမြန္ငါးလိုပဲ ဘလူးဘယ္ရီသီးဟာ သင့္ေတာ္တဲ့ သဘာ၀ဓာတ္စာျဖစ္ပါတယ္။

၄။ လက္ဖက္စိမ္း

ေလ့လာခ်က္ေတြအရ လက္ဖက္စိမ္းဟာ အေရးအေၾကာင္းေတြကို တုိက္ဖ်က္ရာမွာ အရမ္းေကာင္းတယ္လို႔ သက္ေသျပခဲ့ျပီးပါျပီး လက္ဖက္စိမ္းမွာပါတဲ့ ကြန္ေပါင္းဓာတ္ဟာ အသားအရည္ကို ျပန္လည္ႏုပ်ိဳေစျပီး ခရမ္းလြန္ေရာင္ျခည္ကိုလည္း ကာကြယ္ေပးပါတယ္။ ကိတ္ခ်င္းဓာတ္ေတြေလ်ာ့လာတာကို ရပ္တန္႔ေစဖို႔ လက္ဖက္အိတ္အစား လက္ဖက္ရြက္နဲ႔လုပ္ထားတဲ့ လက္ဖက္ရည္ကို ေသာက္သံုးသင့္ပါတယ္။ ဒါ့အျပင္ လက္ဖက္ရည္ကို ေတာ္ရံုေလာက္ပဲႏွပ္ျပီး ေသာက္သံုးဖို႔ သတိေပးပါရေစ။ အားလံုးသိတဲ့အတိုင္း က်န္းမာေပ်ာ္ရႊင္ဖို႔က အရာရာညီမွ်ေနဖို႔အေရးၾကီးပါတယ္။ ဒီဓာတ္စာေတြနဲ႔ ႏုပ်ိဳလွပေနျကပါေစ။

Credit : Hellosayarwon
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
အမျိုးသမီးတစ်ယောက်အတွက် အရေးအကြီးဆုံးအချက်ဟာ နုပျိုလှပနေဖို့ပါပဲ။ အချိန်တွေကုန်လာတာနဲ့အမျှ အသက်တွေကြီးလာပြီး အသားအရည်တွေဟာလည်းလျော့ရဲလာပါတယ်။ အရေးအကြောင်းတွေကလည်း စတင်ပေါ်ပေါက်လာပါတယ်။ ဒါပေမယ့် မစိုးရိမ်ပါနဲ့။ ဒီဓာတ်စာတွေက နောက်နှစ်အနည်းငယ်လောက်အထိ ပြန်လည်နုပျိုစေဖို့ အကူအညီပေးနိုင်မှာပါ။

၁။ ထောပတ်သီး

ထောပတ်သီးဟာ ကျန်းမာရေးကို အကျိုးပြုရုံသာမက အသားအရည်လှပဖို့အတွက်လည်း အသုံးပြုနိုင်ပါတယ်။ မလိုင်အရသာလိုရှိတဲ့ထောပတ်သီးမှာ ဗီတာမင်အီးနဲ့ဘီကွန်ပလက်တို့ပါဝင်ပြီး သူတို့က အသားအရည်ကိုအားဖြည့်ရာမှာ အကူအညီပေးပါတယ်။ ဒါ့အပြင် အသားအရည်ကို စိုပြေဝင်းလက်စေတဲ့ ဖက်တစ်အက်ဆစ်ပါဝင်ပြီး ချောမွေ့နူးညံ့စေနိုင်ပါတယ်။ ဒါတင်မကသေးပါဘူး။ ဗီတာမင်စီလည်းပါဝင်ပါသေးတယ်။ ထောပတ်သီးကို နည်းအမျိုးမျိုးနဲ့စားသုံးနိုင်ပါတယ်။ အစိမ်းပဲဖြစ်ဖြစ် ဖျော်ရည်လုပ်သောက်ပြီးဖြစ်ဖြစ် အသုပ်ထဲထည့်စားတာပဲဖြစ်ဖြစ်ပေါ့။ ဒါကတော့ အသားအရည်နုပျိုလှပနေစေဖို့ စားသင့်တဲ့အသီးတစ်မျိုးပဲဖြစ်ပါတယ်။

၂။ ဆော်လမွန်ငါး

ရာစုနှစ်ပေါင်းများစွာကတည်းက ဆော်လမွန်ငါးဟာ ငယ်ရွယ်နုပျိုမှုကို ဆွဲဆန့်ချင်သူတွေအတွက်နဲ့ အရေးအကြောင်းကင်းတဲ့ အသားအရည်ကိုလိုချင်သူတွေကြားမှာ လူသိများပါတယ်။ ဒီငါးမှာ အိုမီဂါသရီး နဲ့ ဖက်တီးအက်ဆစ်ပါဝင်ပြီး အိုမီဂါဟာ အသားအရည်ကို အစိုဓာတ်ထိန်းပေးနိုင်သလို ခရမ်းလွန်ရောင်ခြည်ကလည်း ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အမြင် ဆော်လမွန်ငါးဟာ အရွယ်မတိုင်မီ အိုမင်းရင့်ရော်ခြင်းနဲ့အရေးအကြောင်းဖြစ်ခြင်းကို ကာကွယ်ပေးပါတယ်။ ဆော်လမွန်ငါးမှာပါဝင်တဲ့ အိုမီဂါသရီးဟာ အက်စ်ရက်ဇန်သင်းလို့ခေါ်တဲ့ အရေးအကြောင်းကိုဆန့်ကျင်ပေးတဲ့ အားဖြည့်ဓာတ်တွေကို သယ်ဆောင်ပေးပါတယ်။ ဒီဓာတ်ဟာ ငါးကိုပန်းနုရောင်သန်းနေစေပြီး ခရမ်းလွန်ရောင်ခြည်ကြောင့်ဖြစ်တဲ့ အသားအရည်ပျက်စီးမှုတွေကို ကာကွယ်ပေးပါတယ်။

၃။ ဘလူးဘယ်ရီသီး

ဘလူးဘယ်ရီသီးဟာ ကျန်းမာရေးအတွက် အကောင်းဆုံးအသီးဖြစ်ပြီး အရေးအကြောင်းကိုစိုးရိမ်နေသူတွေအတွက် အကောင်းဆုံးမိတ်ဆွေဖြစ်ပါတယ်။ အန်သိုဆိုင်နင်ဓာတ်ပါဝင်မှုမြင့်မားတဲ့ ဘလူးဘယ်ရီသီးဟာ ယောင်းတို့အသားအရည်ကို ငယ်ရွယ်နုပျိုပြီး ဝင်းပစေပါတယ်။ အန်ဇိုင်းတွေဟာလည်း ဖရီးရယ်ဒီကယ်တွေကြောင့် ပျက်စီးသွားတဲ့ တစ်ရှုးတွေကို ပြန်ကောင်းစေပါတယ်။ ဒါ့အပြင်အန်သိုဆိုင်နင်ဓာတ်အားဖြည့်ပေးထားတဲ့ ဗီတာမင်စီနဲ့အီးလည်းပါဝင်ပါတယ်။ ဆော်လမွန်ငါးလိုပဲ ဘလူးဘယ်ရီသီးဟာ သင့်တော်တဲ့ သဘာဝဓာတ်စာဖြစ်ပါတယ်။

၄။ လက်ဖက်စိမ်း

လေ့လာချက်တွေအရ လက်ဖက်စိမ်းဟာ အရေးအကြောင်းတွေကို တိုက်ဖျက်ရာမှာ အရမ်းကောင်းတယ်လို့ သက်သေပြခဲ့ပြီးပါပြီး လက်ဖက်စိမ်းမှာပါတဲ့ ကွန်ပေါင်းဓာတ်ဟာ အသားအရည်ကို ပြန်လည်နုပျိုစေပြီး ခရမ်းလွန်ရောင်ခြည်ကိုလည်း ကာကွယ်ပေးပါတယ်။ ကိတ်ချင်းဓာတ်တွေလျော့လာတာကို ရပ်တန့်စေဖို့ လက်ဖက်အိတ်အစား လက်ဖက်ရွက်နဲ့လုပ်ထားတဲ့ လက်ဖက်ရည်ကို သောက်သုံးသင့်ပါတယ်။ ဒါ့အပြင် လက်ဖက်ရည်ကို တော်ရုံလောက်ပဲနှပ်ပြီး သောက်သုံးဖို့ သတိပေးပါရစေ။ အားလုံးသိတဲ့အတိုင်း ကျန်းမာပျော်ရွှင်ဖို့က အရာရာညီမျှနေဖို့အရေးကြီးပါတယ်။ ဒီဓာတ်စာတွေနဲ့ နုပျိုလှပနေကြပါစေ။

Credit : Hellosayarwon

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top