iMyanmarHouse.com - Best Property Website for Myanmar
×

ကိုယ့္သူငယ္ခ်င္းေတြထဲမွာ စားေျပာရင္ ဘုကန္႔လန္႔တိုက္တတ္တဲ့သူေတြရွိပါသလား။ တခါတေလ အကန္ေလးေတြေျပာတတ္ၿပီး အဲဒီလိုေလး ဘုကန္႔လန္႔တိုက္၊ ကန္႔ကန္႔လန္ေနတာကိုမွ ခင္မင္တဲ့သူေတြ၊ သေဘာက်တဲ့သူေတြရွိပါတယ္ေနာ္။ ဘာလို႔လဲဆိုေတာ့ အဲဒီလို လုကန္႔လန္႔တိုက္တတ္တဲ့သူေတြမွာ အခုေဖာ္ျပမယ့္ အားသာခ်က္ေတြရွိေနလို႔ပါပဲ။

၁။ နားေထာင္ေပးတတ္တယ္

ဘုကန္႔လန္႔တိုက္တတ္တဲ့သူေတြရဲ႕ သေဘာသဘာ၀ကိုက လူတစ္ေယာက္ေျပာတာကို ေကာင္းေကာင္းနားေထာင္ေပးတတ္ပါတယ္။ သူတို႔ဟာ သူတို႔ အေၾကာင္းေျပာတာထက္ တျခားသူေျပာတာကို ပိုၿပီးနားေထာင္ေပးတတ္ၾကပါတယ္။ သူတို႔ဟာ တျခားသူေျပာတာကို နားေထာင္ခ်င္တဲ့စိတ္ေနသေဘာထားရွိၾကပါတယ္။

၂။ သူတို႔မွာ ကိုယ္ခ်င္းစာတရားရွိတယ္

သူတို႔ဟာ လူတစ္ေယာက္ကို အရမ္းစာနာ သနားတတ္ပါတယ္။ သူတို႔ေဘးက အခ်စ္ဆံုးသူေတြကို ထိလို႔ကေတာ့ လံုး၀သည္းမခံတတ္တဲ့သူေတြပါ။

၃။ သူတို႔ဟာ လွ်ိဳ႕၀ွက္တတ္တယ္

ဘုကန္႔လန္႔ေတြဟာ လွ်ိဳ႕၀ွက္တတ္ပါတယ္။ တျခားသူတစ္ေယာက္ သူတို႔ကို ႏွစ္သက္သေဘာက်ေစဖို႔အတြက္ ႀကိဳးပန္းအားထုတ္ေလ့မရွိပါဘူး။ သူတို႔ရဲ႕ အေၾကာင္းကို အားလံုးဖြင့္ေျပာေလ့မရွိတတ္ဘဲ လွ်ိဳ႕၀ွက္တတ္ပါတယ္။

၄။ သူတို႔ဟာ ပညာရွိၾကတယ္

ဘုကန္႔လန္႔ေလးေတြဟာ အေရးႀကီးတဲ့ ဆံုးျဖတ္ခ်က္ေတြကို ေသခ်ာအခ်ိန္ယူၿပီး ဆံုးျဖတ္တတ္ၾကပါတယ္။ စိတ္ရွည္တတ္ၿပီး ပါးပါးနပ္နပ္ရွိၾကပါတယ္။ ဒါကလည္း တျခားသူေတြ သူ႔တို႔ကို သေဘာက်ေစတဲ့ အခ်က္ပါပဲ။

၅။ သူတို႔ဟာ သစၥာရွိတယ္

ဘုကန္႔လန္႔ေတြဟာ သူတို႔မိတ္ေဆြ သူငယ္ခ်င္းေတြအေပၚ သစၥာရွိၾကပါတယ္။ သူတို႔အေၾကာင္းကိုလည္း ဂရုစိုက္ၿပီး သူတို႔မိတ္ေဆြေတြ မသိေစခ်င္တဲ့အရာေတြကိုလည္း လွ်ိဳ႕၀ွက္ေပးတတ္ၾကပါတယ္။ အခုလို မိတ္ေဆြေတြအေပၚ သစၥာရွိတာေၾကာင့္လည္း သူတို႔ကို လူေတြက သေဘာက်ၾကတာပါ။

Credit : MyStyle
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ကိုယ့်သူငယ်ချင်းတွေထဲမှာ စားပြောရင် ဘုကန့်လန့်တိုက်တတ်တဲ့သူတွေရှိပါသလား။ တခါတလေ အကန်လေးတွေပြောတတ်ပြီး အဲဒီလိုလေး ဘုကန့်လန့်တိုက်၊ ကန့်ကန့်လန်နေတာကိုမှ ခင်မင်တဲ့သူတွေ၊ သဘောကျတဲ့သူတွေရှိပါတယ်နော်။ ဘာလို့လဲဆိုတော့ အဲဒီလို လုကန့်လန့်တိုက်တတ်တဲ့သူတွေမှာ အခုဖော်ပြမယ့် အားသာချက်တွေရှိနေလို့ပါပဲ။

၁။ နားထောင်ပေးတတ်တယ်

ဘုကန့်လန့်တိုက်တတ်တဲ့သူတွေရဲ့ သဘောသဘာဝကိုက လူတစ်ယောက်ပြောတာကို ကောင်းကောင်းနားထောင်ပေးတတ်ပါတယ်။ သူတို့ဟာ သူတို့ အကြောင်းပြောတာထက် တခြားသူပြောတာကို ပိုပြီးနားထောင်ပေးတတ်ကြပါတယ်။ သူတို့ဟာ တခြားသူပြောတာကို နားထောင်ချင်တဲ့စိတ်နေသဘောထားရှိကြပါတယ်။

၂။ သူတို့မှာ ကိုယ်ချင်းစာတရားရှိတယ်

သူတို့ဟာ လူတစ်ယောက်ကို အရမ်းစာနာ သနားတတ်ပါတယ်။ သူတို့ဘေးက အချစ်ဆုံးသူတွေကို ထိလို့ကတော့ လုံးဝသည်းမခံတတ်တဲ့သူတွေပါ။

၃။ သူတို့ဟာ လျှို့ဝှက်တတ်တယ်

ဘုကန့်လန့်တွေဟာ လျှို့ဝှက်တတ်ပါတယ်။ တခြားသူတစ်ယောက် သူတို့ကို နှစ်သက်သဘောကျစေဖို့အတွက် ကြိုးပန်းအားထုတ်လေ့မရှိပါဘူး။ သူတို့ရဲ့ အကြောင်းကို အားလုံးဖွင့်ပြောလေ့မရှိတတ်ဘဲ လျှို့ဝှက်တတ်ပါတယ်။

၄။ သူတို့ဟာ ပညာရှိကြတယ်

ဘုကန့်လန့်လေးတွေဟာ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေကို သေချာအချိန်ယူပြီး ဆုံးဖြတ်တတ်ကြပါတယ်။ စိတ်ရှည်တတ်ပြီး ပါးပါးနပ်နပ်ရှိကြပါတယ်။ ဒါကလည်း တခြားသူတွေ သူ့တို့ကို သဘောကျစေတဲ့ အချက်ပါပဲ။

၅။ သူတို့ဟာ သစ္စာရှိတယ်

ဘုကန့်လန့်တွေဟာ သူတို့မိတ်ဆွေ သူငယ်ချင်းတွေအပေါ် သစ္စာရှိကြပါတယ်။ သူတို့အကြောင်းကိုလည်း ဂရုစိုက်ပြီး သူတို့မိတ်ဆွေတွေ မသိစေချင်တဲ့အရာတွေကိုလည်း လျှို့ဝှက်ပေးတတ်ကြပါတယ်။ အခုလို မိတ်ဆွေတွေအပေါ် သစ္စာရှိတာကြောင့်လည်း သူတို့ကို လူတွေက သဘောကျကြတာပါ။

Credit : MyStyle

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top