iMyanmarHouse.com - Best Property Website for Myanmar
×

ေရွးပေ၀သဏီကတည္းက ကမၻာေပၚမွာ လူသားတို႔ အသိခ်င္ဆံုး ေမးခြန္းတခုကို ယေန႔ေခတ္ သုေတသနသမားေတြက ဖြင့္ခ် ေျဖဆိုလိုက္ပါၿပီ။ အဲဒီ ေမးခြန္းကေတာ့ မိန္းမေတြ ေယာက္်ားေတြဆီက ဘာေတြ လိုခ်င္လဲ ဆိုတာပါပဲ။

မီဒီယာ ကုမၸဏီသစ္တခုျဖစ္တဲ့ Broad Lit ဦးစီးၿပီး ျပဳလုပ္တဲ့ သုေတသနျပဳ ေလ့လာမႈ တခုမွာေတာ့ ခ်စ္ျခင္းနဲ႔ ဆက္ႏြယ္ ဆက္စပ္ေနေလ့ရွိတဲ့ ယေန႔ေခတ္ အမ်ိဳးသမီးေရာ၊ အရင္ေရွးေခတ္ အမ်ိဳးသမီးေရာ အေယာက္ ၂၀၀ ေက်ာ္ကို ေတြ႔ဆံုၿပီး စစ္တမ္းေကာက္ယူခဲ့ပါတယ္။

စစ္တမ္းအရ အမ်ိဳးသမီးေတြဟာ သူတို႔ရဲ႕ သမီးရည္းစား၊ ခင္ပြန္း ေယာက္်ားေတြဆီက ရယ္ရႊင္ေပ်ာ္ရႊင္တဲ့ ဟာသဉာဏ္တုိ႔ ရရွိဖို႔ လိုလားပါသတဲ့။ ဒါေၾကာင့္ ေယာက္်ားတေယာက္ဟာ ဟာသဉာဏ္ရွိဖို႔က အေရးအႀကီးဆံုး ျဖစ္ပါတယ္။ TruLoveStories.com မွာ ေဖာ္ျပထားတာကေတာ့ အမ်ိဳးသမီး ၇၅ ရာခိုင္ႏႈန္းဟာ သူတို႔ရဲ႕ ခင္ပြန္း၊ ရည္းစား၊ ခ်စ္သူ ေယာက္်ားက ရယ္ေမာေအာင္ ေျပာဆိုလုပ္ေဆာင္တာက အမ်ိဳးသမီးရဲ႕ ႏွလံုးသားကို ဆုပ္ကိုင္ဖို႔ တကယ့္ေသာ့ခ်က္ပဲ ျဖစ္တယ္လို႔ ဆိုပါတယ္။

ဒါေၾကာင့္ ေယာက္်ားတဦးဟာ ေတာင့္တင္းသန္မာ အားေကာင္းတာေတြ၊ ေငြေၾကး ခ်မ္းသာ ျပည့္စံုတာေတြ ေမ့ထားလိုက္၊ အေရးႀကီးတာက သင္႔မွာ ဟာသဉာဏ္ရွိဖို႔ပဲ လိုပါတယ္။ မိန္းမေတြ ေယာက္်ားေတြဆီက လိုလားတဲ့ ဒုတိယ အခ်က္လည္း အံ့ၾသစရာပါ။ သူတို႔ရဲ႕ ခ်စ္သူရည္းစား၊ ခင္ပြန္း ေယာက္်ားဟာ တျခားအမ်ိဳးသမီးေတြနဲ႔ ပေရာပရည္ လုပ္၊ မ်က္ႏွာမ်ားတာထက္ သူတို႔ကို ေမ့ေလွ်ာ့တာက ပိုၿပီး ခံစားရေစတယ္လို႔ ဆိုပါတယ္။ အမ်ိဳးသမီး ၃၃ ရာခိုင္ႏႈန္းရဲ႕ ဖြင့္ဟေျပာဆိုတာကေတာ့ တျခား မိန္းမေတြနဲ႔ ဘယ္လိုပဲေနေန၊ သူတို႔ေျပာခဲ့တဲ့ စကားေတြ မေမ့ရင္ မိန္းကေလးေတြက ေက်နပ္ၿပီးသားလို႔ ဆိုတယ္။ ဒါေၾကာင့္ ေယာက္်ားတို႔အေနနဲ႔ ကိုယ့္ရဲ႕ လက္တြဲေဖာ္၊ သမီးရည္းစား၊ ဇနီးသည္ ေျပာတဲ့ စကားေတြ၊ သူတို႔နဲ႔ ပတ္သက္တဲ့ အေၾကာင္းအရာ အေသးစိတ္ကစ မွတ္မိေနဖို႔ လိုပါတယ္။

ဒါေၾကာင့္ မိန္းကေလးေတြဟာ ေယာက္်ာေတြဆီက ေမ့ေလ်ာ့တာကို မလိုလား၊ အသိအမွတ္ျပဳ အေလးထားတာကို လိုလားတယ္ဆိုတာ သိႏိုင္ပါတယ္။

ေနာက္ တတိယ တခ်က္ကလည္း အမ်ိဳးသားမ်ား သတိျပဳ ဆင္ျခင္စရာပါ။ ဖိုသီဖတ္သီ ေနထိုင္တတ္သူေတြကို မိန္းမေတြက သေဘာမက်ၾကပါဘူး။ အဲဒီလို လူနဲ႔လည္း သူတို႔ဟာ တြဲသြားတြဲလာ မလုပ္ခ်င္ၾကျပန္ဘူးလို႔ ဆိုပါတယ္။ ဒါေၾကာင့္ သန္႔ရွင္းသပ္ရပ္စြာ ေနထိုင္တတ္တာကို မိန္းမေတြက လိုလားၾကပါတယ္။ သန္႔ရွင္းသပ္ရပ္မႈက မိန္းကေလးေတြကို ဆြဲေဆာင္ႏိုင္ပါသတဲ့။

အႏွစ္ခ်ဳပ္ၿပီး ေျပာရရင္ေတာ့ အမ်ိဳးသမီးေတြဟာ ေယာက္်ားေတြဆီက အေလးအနက္ထားၿပီး တန္ဖိုးထား ဆက္ဆံတာလည္း လိုလားသလို ဟာသေျပာ ရယ္ေမာရတာလည္း လိုလားၾကတယ္ဆိုတာ everydayhealth.com မွာ ေဖာ္ျပထားတာကို မွ်ေ၀ေပးလိုက္ပါတယ္။

Credit : ဧရာ၀တီ
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ရှေးပဝေသဏီကတည်းက ကမ္ဘာပေါ်မှာ လူသားတို့ အသိချင်ဆုံး မေးခွန်းတခုကို ယနေ့ခေတ် သုတေသနသမားတွေက ဖွင့်ချ ဖြေဆိုလိုက်ပါပြီ။ အဲဒီ မေးခွန်းကတော့ မိန်းမတွေ ယောက်ျားတွေဆီက ဘာတွေ လိုချင်လဲ ဆိုတာပါပဲ။

မီဒီယာ ကုမ္ပဏီသစ်တခုဖြစ်တဲ့ Broad Lit ဦးစီးပြီး ပြုလုပ်တဲ့ သုတေသနပြု လေ့လာမှု တခုမှာတော့ ချစ်ခြင်းနဲ့ ဆက်နွယ် ဆက်စပ်နေလေ့ရှိတဲ့ ယနေ့ခေတ် အမျိုးသမီးရော၊ အရင်ရှေးခေတ် အမျိုးသမီးရော အယောက် ၂၀၀ ကျော်ကို တွေ့ဆုံပြီး စစ်တမ်းကောက်ယူခဲ့ပါတယ်။

စစ်တမ်းအရ အမျိုးသမီးတွေဟာ သူတို့ရဲ့ သမီးရည်းစား၊ ခင်ပွန်း ယောက်ျားတွေဆီက ရယ်ရွှင်ပျော်ရွှင်တဲ့ ဟာသဉာဏ်တို့ ရရှိဖို့ လိုလားပါသတဲ့။ ဒါကြောင့် ယောက်ျားတယောက်ဟာ ဟာသဉာဏ်ရှိဖို့က အရေးအကြီးဆုံး ဖြစ်ပါတယ်။ TruLoveStories.com မှာ ဖော်ပြထားတာကတော့ အမျိုးသမီး ၇၅ ရာခိုင်နှုန်းဟာ သူတို့ရဲ့ ခင်ပွန်း၊ ရည်းစား၊ ချစ်သူ ယောက်ျားက ရယ်မောအောင် ပြောဆိုလုပ်ဆောင်တာက အမျိုးသမီးရဲ့ နှလုံးသားကို ဆုပ်ကိုင်ဖို့ တကယ့်သော့ချက်ပဲ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါကြောင့် ယောက်ျားတဦးဟာ တောင့်တင်းသန်မာ အားကောင်းတာတွေ၊ ငွေကြေး ချမ်းသာ ပြည့်စုံတာတွေ မေ့ထားလိုက်၊ အရေးကြီးတာက သင့်မှာ ဟာသဉာဏ်ရှိဖို့ပဲ လိုပါတယ်။ မိန်းမတွေ ယောက်ျားတွေဆီက လိုလားတဲ့ ဒုတိယ အချက်လည်း အံ့သြစရာပါ။ သူတို့ရဲ့ ချစ်သူရည်းစား၊ ခင်ပွန်း ယောက်ျားဟာ တခြားအမျိုးသမီးတွေနဲ့ ပရောပရည် လုပ်၊ မျက်နှာများတာထက် သူတို့ကို မေ့လျှော့တာက ပိုပြီး ခံစားရစေတယ်လို့ ဆိုပါတယ်။ အမျိုးသမီး ၃၃ ရာခိုင်နှုန်းရဲ့ ဖွင့်ဟပြောဆိုတာကတော့ တခြား မိန်းမတွေနဲ့ ဘယ်လိုပဲနေနေ၊ သူတို့ပြောခဲ့တဲ့ စကားတွေ မမေ့ရင် မိန်းကလေးတွေက ကျေနပ်ပြီးသားလို့ ဆိုတယ်။ ဒါကြောင့် ယောက်ျားတို့အနေနဲ့ ကိုယ့်ရဲ့ လက်တွဲဖော်၊ သမီးရည်းစား၊ ဇနီးသည် ပြောတဲ့ စကားတွေ၊ သူတို့နဲ့ ပတ်သက်တဲ့ အကြောင်းအရာ အသေးစိတ်ကစ မှတ်မိနေဖို့ လိုပါတယ်။

ဒါကြောင့် မိန်းကလေးတွေဟာ ယောက်ျာတွေဆီက မေ့လျော့တာကို မလိုလား၊ အသိအမှတ်ပြု အလေးထားတာကို လိုလားတယ်ဆိုတာ သိနိုင်ပါတယ်။

နောက် တတိယ တချက်ကလည်း အမျိုးသားများ သတိပြု ဆင်ခြင်စရာပါ။ ဖိုသီဖတ်သီ နေထိုင်တတ်သူတွေကို မိန်းမတွေက သဘောမကျကြပါဘူး။ အဲဒီလို လူနဲ့လည်း သူတို့ဟာ တွဲသွားတွဲလာ မလုပ်ချင်ကြပြန်ဘူးလို့ ဆိုပါတယ်။ ဒါကြောင့် သန့်ရှင်းသပ်ရပ်စွာ နေထိုင်တတ်တာကို မိန်းမတွေက လိုလားကြပါတယ်။ သန့်ရှင်းသပ်ရပ်မှုက မိန်းကလေးတွေကို ဆွဲဆောင်နိုင်ပါသတဲ့။

အနှစ်ချုပ်ပြီး ပြောရရင်တော့ အမျိုးသမီးတွေဟာ ယောက်ျားတွေဆီက အလေးအနက်ထားပြီး တန်ဖိုးထား ဆက်ဆံတာလည်း လိုလားသလို ဟာသပြော ရယ်မောရတာလည်း လိုလားကြတယ်ဆိုတာ everydayhealth.com မှာ ဖော်ပြထားတာကို မျှဝေပေးလိုက်ပါတယ်။

Credit : ဧရာဝတီ

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top