မိတ္ကပ္လံုးဝမလိမ္းဘူး။ Mouristurizer ေလးပဲလိမ္းတာေတာင္ အရမ္းသိသာတယ္။
တစ္လတစ္လ မိတ္ကပ္ပစၥည္းဖုိးေတြနဲ႔ မြဲပါၿပီလို႔ အၿမဲတမ္း ညည္းညဴေနရတဲ့ ပ်ိဳေမေလးတုိ႔ကို မဒီက မိတ္ကပ္မလိမ္းဘဲေနၾကည့္ပါလားလို႔ေတာ့ မေျပာပါဘူး။ မဒီ တကယ္လုပ္ျဖစ္ခဲ့တဲ့ အေၾကာင္းေလးကို ျပန္မွ်ေဝခ်င္လို႔ပါ။ အျပင္သြားတဲ့အခါ မိတ္ကပ္ေတြျပင္ဆင္ျခယ္သတာကို ရပ္လိုက္ၿပီး တစ္ပတ္တိတိ မိတ္ကပ္မလိမ္းဘဲ ေနၾကည့္ခဲ့တယ္။ အဲ့ဒီလိုေနၾကည့္လိုက္ေတာ့ ဘာေတြထူးလာသလဲဆုိရင္....
၁။ အစပိုင္းမွာ ကိုယ့္ကိုယ္ကိုယ္ယံုၾကည္မႈမရွိဘူး
မ်က္ကြင္းေတြကညိဳေနတယ္။ မ်က္ႏွာအသားအေရာင္ကလည္း မညီသလို အျပစ္အနာအဆာေတြကို ျမင္ေနရေတာ့ ကိုယ့္ကိုယ္ကိုယ္ စိတ္တုိင္းမက်ေတာ့ဘူး။ လူေတြနဲ႔ေတာင္ မေတြ႕ခ်င္ဘူး။ အစပိုင္း ၂ ရက္ေလာက္ကေတာ့ အဲ့လိုပဲ ခံစားရတယ္။
၂။ စိတ္ဖိစီးမႈေလ်ာ့လာတယ္
၃ ရက္ေျမာက္ေန႔က်ေတာ့ မိတ္ကပ္မလိမ္းဘဲ ေနရတာကို ဘာမွမျဖစ္ေတာ့ဘူး။ အခ်ိန္ကုန္သက္သာလို႔ သေဘာက်သလိုလို ျဖစ္လာၿပီ။ လွလွ မလွလွ ဂ႐ုမစိုက္ေတာ့ဘူး။
၃။ အသားအေရၾကည္လာတယ္
တကယ္ပါပဲ .... မိတ္ကပ္မလိမ္းေတာ့ သိသာလိုက္တာ။ အသားအေရာင္က ညီလာတယ္။ အသားအေရၾကည္လင္ တင္းရင္းလာတယ္ေလ။ ကိုယ္က မိတ္ကပ္မလိမ္းဘူးဆုိေပမဲ့ skincare ေတာ့ သံုးတာကိုး။
၄။ အသားအေရကိုပိုဦးစားေပးဖုိ႔နားလည္သြားၿပီ
Skincare ပစၥည္းေတြကို သံုးတဲ့အခါ ထိေရာက္မႈကို ပိုသိသိသာသာ ခံစားလာရတယ္ေလ။ အဲ့ဒီေတာ့ မိတ္ကပ္လိမ္းမွ လွတာထက္ အသားအေရေလး ေကာင္းမြန္ေနတာကိုပဲ သေဘာက်မိလာၿပီ။ အသားအေရေကာင္းေနရင္ မိတ္ကပ္မလိမ္းလည္း ၾကည့္ေကာင္းေနတာကိုး။
၅။ ယံုၾကည္မႈပိုရလာတယ္
၇ ရက္ေျမာက္ ေန႔မွာေတာ့ မိတ္ကပ္မလိမ္းဘဲနဲ႔လည္း ကိုယ္က ၾကည့္ေကာင္းေအာင္ ေနတတ္လာပါၿပီ။ မ်က္ႏွာသန္႔စင္တာကို ေသေသခ်ာခ်ာလုပ္တယ္။ Mouristurizer ကို ေန႔ေရာညပါလူးတယ္။ ေနေရာင္ကာလူးေဆးကိုလည္း မေမ့မေလ်ာ့လူးတယ္။ မ်က္ႏွာေပါင္းတင္တာေတြ၊ အဆိပ္ထုတ္တာေတြနဲ႔ဆုိေတာ့ ပင္ကိုယ္အသားအေရေလးက ၾကည္လင္စိုေျပေနတာကိုပဲ ေက်နပ္လာပါေတာ့တယ္။ မ်က္ခံုးေမြးေလးဆြဲၿပီး ႏႈတ္ခမ္းနီေလး ဆိုးလိုက္ရံုနဲ႔ မိတ္ကပ္မပါဘဲ ႏုပ်ိဳေနတာမို႔ မွန္ၾကည့္တုိင္းလည္း စိတ္ခ်မ္းသာရတယ္။ မိတ္ကပ္မပါဘဲ ၾကည့္ေကာင္းတဲ့လူလို႔ ကိုယ့္ကိုယ္ကိုယ္ လက္ခံလာေစခဲ့ပါတယ္။
Credit : Duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
မိတ်ကပ်လုံးဝမလိမ်းဘူး။ Mouristurizer လေးပဲလိမ်းတာတောင် အရမ်းသိသာတယ်။
တစ်လတစ်လ မိတ်ကပ်ပစ္စည်းဖိုးတွေနဲ့ မွဲပါပြီလို့ အမြဲတမ်း ညည်းညူနေရတဲ့ ပျိုမေလေးတို့ကို မဒီက မိတ်ကပ်မလိမ်းဘဲနေကြည့်ပါလားလို့တော့ မပြောပါဘူး။ မဒီ တကယ်လုပ်ဖြစ်ခဲ့တဲ့ အကြောင်းလေးကို ပြန်မျှဝေချင်လို့ပါ။ အပြင်သွားတဲ့အခါ မိတ်ကပ်တွေပြင်ဆင်ခြယ်သတာကို ရပ်လိုက်ပြီး တစ်ပတ်တိတိ မိတ်ကပ်မလိမ်းဘဲ နေကြည့်ခဲ့တယ်။ အဲ့ဒီလိုနေကြည့်လိုက်တော့ ဘာတွေထူးလာသလဲဆိုရင်....
၁။ အစပိုင်းမှာ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုမရှိဘူး
မျက်ကွင်းတွေကညိုနေတယ်။ မျက်နှာအသားအရောင်ကလည်း မညီသလို အပြစ်အနာအဆာတွေကို မြင်နေရတော့ ကိုယ့်ကိုယ်ကိုယ် စိတ်တိုင်းမကျတော့ဘူး။ လူတွေနဲ့တောင် မတွေ့ချင်ဘူး။ အစပိုင်း ၂ ရက်လောက်ကတော့ အဲ့လိုပဲ ခံစားရတယ်။
၂။ စိတ်ဖိစီးမှုလျော့လာတယ်
၃ ရက်မြောက်နေ့ကျတော့ မိတ်ကပ်မလိမ်းဘဲ နေရတာကို ဘာမှမဖြစ်တော့ဘူး။ အချိန်ကုန်သက်သာလို့ သဘောကျသလိုလို ဖြစ်လာပြီ။ လှလှ မလှလှ ဂရုမစိုက်တော့ဘူး။
၃။ အသားအရေကြည်လာတယ်
တကယ်ပါပဲ .... မိတ်ကပ်မလိမ်းတော့ သိသာလိုက်တာ။ အသားအရောင်က ညီလာတယ်။ အသားအရေကြည်လင် တင်းရင်းလာတယ်လေ။ ကိုယ်က မိတ်ကပ်မလိမ်းဘူးဆိုပေမဲ့ skincare တော့ သုံးတာကိုး။
၄။ အသားအရေကိုပိုဦးစားပေးဖို့နားလည်သွားပြီ
Skincare ပစ္စည်းတွေကို သုံးတဲ့အခါ ထိရောက်မှုကို ပိုသိသိသာသာ ခံစားလာရတယ်လေ။ အဲ့ဒီတော့ မိတ်ကပ်လိမ်းမှ လှတာထက် အသားအရေလေး ကောင်းမွန်နေတာကိုပဲ သဘောကျမိလာပြီ။ အသားအရေကောင်းနေရင် မိတ်ကပ်မလိမ်းလည်း ကြည့်ကောင်းနေတာကိုး။
၅။ ယုံကြည်မှုပိုရလာတယ်
၇ ရက်မြောက် နေ့မှာတော့ မိတ်ကပ်မလိမ်းဘဲနဲ့လည်း ကိုယ်က ကြည့်ကောင်းအောင် နေတတ်လာပါပြီ။ မျက်နှာသန့်စင်တာကို သေသေချာချာလုပ်တယ်။ Mouristurizer ကို နေ့ရောညပါလူးတယ်။ နေရောင်ကာလူးဆေးကိုလည်း မမေ့မလျော့လူးတယ်။ မျက်နှာပေါင်းတင်တာတွေ၊ အဆိပ်ထုတ်တာတွေနဲ့ဆိုတော့ ပင်ကိုယ်အသားအရေလေးက ကြည်လင်စိုပြေနေတာကိုပဲ ကျေနပ်လာပါတော့တယ်။ မျက်ခုံးမွေးလေးဆွဲပြီး နှုတ်ခမ်းနီလေး ဆိုးလိုက်ရုံနဲ့ မိတ်ကပ်မပါဘဲ နုပျိုနေတာမို့ မှန်ကြည့်တိုင်းလည်း စိတ်ချမ်းသာရတယ်။ မိတ်ကပ်မပါဘဲ ကြည့်ကောင်းတဲ့လူလို့ ကိုယ့်ကိုယ်ကိုယ် လက်ခံလာစေခဲ့ပါတယ်။
Credit : Duwun
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
မိတ္ကပ္မလိမ္းဘဲ ေနၾကည့္တဲ့အခါ ရလာတဲ့ေကာင္းက်ိဳးေတြ
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။