iMyanmarHouse.com - Best Property Website for Myanmar
×

( ၁ ) ကုိယ္ခံအားကုိေကာင္းမြန္ေစျခင္း

လိေမၼာ္သီးဟာ အျခားေသာေရွာက္သီးအႏြယ္ဝင္ သစ္သီးေတြလုိမ်ိဳး ဗီတာမင္စီဓါတ္ အျပည့္အဝပါဝင္တဲ႔ အသီးတစ္မ်ိဳးျဖစ္ပါတယ္။ ဗီတာမင္စီဓါတ္ကေတာ့ ေသြးျဖဴဥထုတ္လုပ္မႈေတြကုိ အားေကာင္းေစႏုိင္တာေၾကာင့္ ကုိယ္ခံအားကုိေကာင္းမြန္ေစကာ ျပင္ပမွလာတဲ႔ ေရာဂါဆုိးမ်ားကုိ တုိက္ထုတ္ႏုိင္ပါတယ္။ ဒါ့အျပင္ လိေမၼာ္သီးမွာ ဗီတာမင္စီလုိ ကုိယ္ခံအားကုိ ေကာင္းမြန္ေစႏုိင္တဲ႔ ဗီတာမင္ေအ ၊ ေၾကးနီနဲ႔ Folate ဓါတ္မ်ားလည္း ပါဝင္လုိ႔ေနပါတယ္။

( ၂ ) ကုိလက္စေရာကုိ က်ဆင္းေစျခင္း

လိေမၼာ္သီးတစ္လုံးကုိ ေဖ်ာ္ရည္အျဖစ္ ေသာက္သုံးလုိက္တဲ႔အခါ ကုိယ္အတြင္းမွာရွိတဲ႔ မေကာင္းတဲ႔ကုိလက္စေရာေတြကုိ က်ဆင္းသြားေစႏုိင္တဲ႔ ခႏၶာကုိယ္အတြက္ လုိအပ္တဲ႔ကုိလက္စေရာနဲ႔ မလုိအပ္တဲ႔ကုိလက္စေရာတုိ႔ကုိ အခ်ိဳးညီသြားေစႏုိင္ပါတယ္။ ဒါေတြတင္မကေသးပဲ မေကာင္းတဲ႔ကုိလက္စေရာေတြကုိ တုိက္ထုပ္ေပးႏုိင္တဲ႔ Pectin ဆုိတဲ႔ဓါတ္တစ္မ်ိဳးလည္း လိေမၼာ္သီးမွာ ပါဝင္ေနပါေသးတယ္။

( ၃ ) အုိမင္းမႈမွ ကာကြယ္ေပးျခင္း

Antioxidants ေတြ ၾကြယ္ဝစြာပါဝင္ေနတဲ႔ လိေမၼာ္သီးေတြကုိ ႏုပ်ိဳေစႏုိင္တဲ႔ အစားအစာလုိ႔ေတာင္ တင္စားတတ္ၾကပါတယ္။ အေၾကာင္းကေတာ့ လိေမၼာ္သီးမွာ ပ်က္ဆီးသြားတဲ႔ အသားအေရေတြကုိ ျပန္လည္ေကာင္းမြန္ေစႏုိင္တဲ႔ Beta-Carotene ဓါတ္ေတြ ပါဝင္ေနတာေၾကာင့္ အသားအေရကုိ အၿမဲတမ္းႏုပ်ိဳေစႏုိင္ပါတယ္။

( ၄ ) ကင္ဆာေရာဂါမွ ကာကြယ္ေပးႏုိင္ျခင္း

အသားအေရကို ႏုပ်ိဳေစႏုိင္တဲ႔ Antioxidants ဓါတ္ဟာ ေၾကာက္မက္ဖြယ္ရာ ေရာဂါဆုိးႀကီးတစ္ခုကုိ ကာကြယ္ႏုိင္ပါတယ္။ အသက္ႏွစ္ႏွစ္သားကတည္းကေန ဘဝတေလွ်ာက္လုံးအထိ လိေမၼာ္ေဖ်ာ္ရည္ကုိ ေသာက္သုံးသြားသူမ်ားဟာ ေသြးကင္ဆာေရာဂါကုိ ကာကြယ္ၿပီးသားျဖစ္သလုိ ေမြးရာပါေရာဂါဆုိရင္လည္း တျဖည္းျဖည္းသက္သာလာႏုိင္ပါတယ္။

( ၅ ) မ်က္စိကုိ က်န္းမာေစျခင္း

လိေမၼာ္သီးမွာပါဝင္တဲ႔ Beta-Carotene ဓါတ္ေတြဟာ မ်က္စိက်န္းမာေစဖုိ႔အတြက္ မရွိမျဖစ္လုိအပ္တဲ႔ ဗီတာမင္ေအအျဖစ္ ေျပာင္းလဲသြားတတ္ပါတယ္။ ဒါ့အျပင္ လိေမၼာ္သီးမွာ Carotenoid ပါဝင္ေနတဲ႔ နာတာရွည္မ်က္စိေရာဂါမ်ားအတြက္ အထူးေကာင္းမြန္ေစႏုိင္ပါတယ္။

Credit : Zeekwat
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
( ၁ ) ကိုယ်ခံအားကိုကောင်းမွန်စေခြင်း

လိမ္မော်သီးဟာ အခြားသောရှောက်သီးအနွယ်ဝင် သစ်သီးတွေလိုမျိုး ဗီတာမင်စီဓါတ် အပြည့်အဝပါဝင်တဲ့ အသီးတစ်မျိုးဖြစ်ပါတယ်။ ဗီတာမင်စီဓါတ်ကတော့ သွေးဖြူဥထုတ်လုပ်မှုတွေကို အားကောင်းစေနိုင်တာကြောင့် ကိုယ်ခံအားကိုကောင်းမွန်စေကာ ပြင်ပမှလာတဲ့ ရောဂါဆိုးများကို တိုက်ထုတ်နိုင်ပါတယ်။ ဒါ့အပြင် လိမ္မော်သီးမှာ ဗီတာမင်စီလို ကိုယ်ခံအားကို ကောင်းမွန်စေနိုင်တဲ့ ဗီတာမင်အေ ၊ ကြေးနီနဲ့ Folate ဓါတ်များလည်း ပါဝင်လို့နေပါတယ်။

( ၂ ) ကိုလက်စရောကို ကျဆင်းစေခြင်း

လိမ္မော်သီးတစ်လုံးကို ဖျော်ရည်အဖြစ် သောက်သုံးလိုက်တဲ့အခါ ကိုယ်အတွင်းမှာရှိတဲ့ မကောင်းတဲ့ကိုလက်စရောတွေကို ကျဆင်းသွားစေနိုင်တဲ့ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ကိုလက်စရောနဲ့ မလိုအပ်တဲ့ကိုလက်စရောတို့ကို အချိုးညီသွားစေနိုင်ပါတယ်။ ဒါတွေတင်မကသေးပဲ မကောင်းတဲ့ကိုလက်စရောတွေကို တိုက်ထုပ်ပေးနိုင်တဲ့ Pectin ဆိုတဲ့ဓါတ်တစ်မျိုးလည်း လိမ္မော်သီးမှာ ပါဝင်နေပါသေးတယ်။

( ၃ ) အိုမင်းမှုမှ ကာကွယ်ပေးခြင်း

Antioxidants တွေ ကြွယ်ဝစွာပါဝင်နေတဲ့ လိမ္မော်သီးတွေကို နုပျိုစေနိုင်တဲ့ အစားအစာလို့တောင် တင်စားတတ်ကြပါတယ်။ အကြောင်းကတော့ လိမ္မော်သီးမှာ ပျက်ဆီးသွားတဲ့ အသားအရေတွေကို ပြန်လည်ကောင်းမွန်စေနိုင်တဲ့ Beta-Carotene ဓါတ်တွေ ပါဝင်နေတာကြောင့် အသားအရေကို အမြဲတမ်းနုပျိုစေနိုင်ပါတယ်။

( ၄ ) ကင်ဆာရောဂါမှ ကာကွယ်ပေးနိုင်ခြင်း

အသားအရေကို နုပျိုစေနိုင်တဲ့ Antioxidants ဓါတ်ဟာ ကြောက်မက်ဖွယ်ရာ ရောဂါဆိုးကြီးတစ်ခုကို ကာကွယ်နိုင်ပါတယ်။ အသက်နှစ်နှစ်သားကတည်းကနေ ဘဝတလျှောက်လုံးအထိ လိမ္မော်ဖျော်ရည်ကို သောက်သုံးသွားသူများဟာ သွေးကင်ဆာရောဂါကို ကာကွယ်ပြီးသားဖြစ်သလို မွေးရာပါရောဂါဆိုရင်လည်း တဖြည်းဖြည်းသက်သာလာနိုင်ပါတယ်။

( ၅ ) မျက်စိကို ကျန်းမာစေခြင်း

လိမ္မော်သီးမှာပါဝင်တဲ့ Beta-Carotene ဓါတ်တွေဟာ မျက်စိကျန်းမာစေဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင်အေအဖြစ် ပြောင်းလဲသွားတတ်ပါတယ်။ ဒါ့အပြင် လိမ္မော်သီးမှာ Carotenoid ပါဝင်နေတဲ့ နာတာရှည်မျက်စိရောဂါများအတွက် အထူးကောင်းမွန်စေနိုင်ပါတယ်။

Credit : Zeekwat

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top