iMyanmarHouse.com - Best Property Website for Myanmar
×

ခ်ိဳင္းႀကားမည္းညစ္ေနျခင္းေႀကာင့္ မိမိႀကိဳက္ႏွစ္သက္တဲ့ လက္ျပတ္အက်ႌေတြနဲ႕ ေရကူး၀တ္စံု၀တ္ဖုိ႕ကို လံုး၀၀တ္ဆင္ခြင့္မရျဖစ္ေနပါသလား။ ျပႆနာရွိရင္ အေျဖရွိတယ္ဆိုတဲ့အတုိင္း ေျဖရွင္းေပးႏိုင္တဲ့ နည္းလမ္းေလးေတြကို မသိေသးတာပဲရွိပါတယ္။ ဒါေႀကာင့္ ထိုခ်ိဳင္းမည္းတဲ့ျပႆနာေတြကို အိမ္တြင္ပင္အလြယ္တကူရွာေတြ႕ႏုိင္တဲ့ အိမ္သံုးပစၥည္းမ်ားျဖင့္ပင္ ေျဖရွင္းႏိုင္တာေႀကာင့္ ေသခ်ာသိမွတ္ကာ လိုက္လံလုပ္ေဆာင္ႀကည့္ႏိုင္ပါတယ္။

၁။ သံပရာရည္

ေရမခ်ိဳးခင္အခ်ိန္မွာ သံပရာသီးကုိအသံုးျပဳၿပီး ခ်ိဳင္းကို ၁၅ မိနစ္ခန္႕ပြတ္လိမ္းေပးပါ။ တေန႕လွ်င္အနည္းဆံုးႏွစ္ႀကိမ္လုပ္ေဆာင္ေပးပါက အေကာင္းဆံုးရလဒ္ေတြကို အခ်ိန္တို္အတြင္း ျမင္ေတြ႕ႏုိင္ပါတယ္။

၂။ ခရမ္းခ်ဥ္သီးရည္

လွီးျဖတ္ထားသည့္ ခရမ္းခ်ဥ္သီးကို ေန႕စဥ္ေန႕တုိင္း လက္ေအာက္တြင္ပြတ္ေပးၿပီး တညထားေပးျခင္းျဖင့္လည္း သက္သာရာရေစမွာျဖစ္ပါတယ္။

၃။ နႏြင္း

နႏြင္းမႈန္႕ကို သံပရာရည္ျဖင့္ေရာစပ္ကာ သမေအာင္ေမႊေပးပါ။ ၿပီးလွ်င္ အမည္းေရာင္ျဖစ္ေပၚေနသည့္ ေနရာတစ္၀ိုက္တြင္ လိမ္းေပးၿပီးေနာက္ ၁၂-၁၅ မိနစ္ခန္႕ထားေပးကာ ေရျဖင့္ေဆးခ်ေပးႏိုင္ပါတယ္။

၄။ ဗီတာမင္အီးအဆီ

အုန္းဆီတြင္ အသားအေရကို၀င္းလက္ေစသည့္ ဗီတာမင္အီးပါ၀င္ပါတယ္။ အဆီကိုအသံုးျပဳၿပီး ေန႕စဥ္ေန႕တိုင္း မိနစ္ ၂၀ ခန္႕ အသားအေရကိုႏွိပ္နယ္ေပးပါက ရက္ပိုင္းအနည္းငယ္အတြင္း ေျပာင္းလဲလာသည့္အသားအေရအေရာင္ကို ေတြ႕ျမင္ႏိုင္ပါတယ္။

၅။ ႏို႕

ခ်ိဳင္းကို ႏို႕ျဖင့္ႏွိပ္နယ္သန္႕စင္ေပးျခင္းသည္ အသားအေရအေရာင္ကို ၀င္းလက္လာေစႏုိင္ပါတယ္။ သဘာ၀အသားအေရထိန္းသိမ္းမႈပစၥည္းတစ္ခုျဖစ္တာေႀကာင့္ အသားအေရကို ႏူးညံ့ေစရံုသာမက ေတာက္ပလာေစမွာျဖစ္ပါတယ္။

Credit : MyStyle
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ချိုင်းကြားမည်းညစ်နေခြင်းကြောင့် မိမိကြိုက်နှစ်သက်တဲ့ လက်ပြတ်အကျႌတွေနဲ့ ရေကူးဝတ်စုံဝတ်ဖို့ကို လုံး၀၀တ်ဆင်ခွင့်မရဖြစ်နေပါသလား။ ပြဿနာရှိရင် အဖြေရှိတယ်ဆိုတဲ့အတိုင်း ဖြေရှင်းပေးနိုင်တဲ့ နည်းလမ်းလေးတွေကို မသိသေးတာပဲရှိပါတယ်။ ဒါကြောင့် ထိုချိုင်းမည်းတဲ့ပြဿနာတွေကို အိမ်တွင်ပင်အလွယ်တကူရှာတွေ့နိုင်တဲ့ အိမ်သုံးပစ္စည်းများဖြင့်ပင် ဖြေရှင်းနိုင်တာကြောင့် သေချာသိမှတ်ကာ လိုက်လံလုပ်ဆောင်ကြည့်နိုင်ပါတယ်။

၁။ သံပရာရည်

ရေမချိုးခင်အချိန်မှာ သံပရာသီးကိုအသုံးပြုပြီး ချိုင်းကို ၁၅ မိနစ်ခန့်ပွတ်လိမ်းပေးပါ။ တနေ့လျှင်အနည်းဆုံးနှစ်ကြိမ်လုပ်ဆောင်ပေးပါက အကောင်းဆုံးရလဒ်တွေကို အချိန်တိုအတွင်း မြင်တွေ့နိုင်ပါတယ်။

၂။ ခရမ်းချဉ်သီးရည်

လှီးဖြတ်ထားသည့် ခရမ်းချဉ်သီးကို နေ့စဉ်နေ့တိုင်း လက်အောက်တွင်ပွတ်ပေးပြီး တညထားပေးခြင်းဖြင့်လည်း သက်သာရာရစေမှာဖြစ်ပါတယ်။

၃။ နနွင်း

နနွင်းမှုန့်ကို သံပရာရည်ဖြင့်ရောစပ်ကာ သမအောင်မွှေပေးပါ။ ပြီးလျှင် အမည်းရောင်ဖြစ်ပေါ်နေသည့် နေရာတစ်ဝိုက်တွင် လိမ်းပေးပြီးနောက် ၁၂-၁၅ မိနစ်ခန့်ထားပေးကာ ရေဖြင့်ဆေးချပေးနိုင်ပါတယ်။

၄။ ဗီတာမင်အီးအဆီ

အုန်းဆီတွင် အသားအရေကိုဝင်းလက်စေသည့် ဗီတာမင်အီးပါဝင်ပါတယ်။ အဆီကိုအသုံးပြုပြီး နေ့စဉ်နေ့တိုင်း မိနစ် ၂၀ ခန့် အသားအရေကိုနှိပ်နယ်ပေးပါက ရက်ပိုင်းအနည်းငယ်အတွင်း ပြောင်းလဲလာသည့်အသားအရေအရောင်ကို တွေ့မြင်နိုင်ပါတယ်။

၅။ နို့

ချိုင်းကို နို့ဖြင့်နှိပ်နယ်သန့်စင်ပေးခြင်းသည် အသားအရေအရောင်ကို ဝင်းလက်လာစေနိုင်ပါတယ်။ သဘာဝအသားအရေထိန်းသိမ်းမှုပစ္စည်းတစ်ခုဖြစ်တာကြောင့် အသားအရေကို နူးညံ့စေရုံသာမက တောက်ပလာစေမှာဖြစ်ပါတယ်။

Credit : MyStyle

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top