iMyanmarHouse.com - Best Property Website for Myanmar
×

ေဆာင္းရာသီရဲ႕ အေအးဓာတ္ကုိ တိုက္ထုတ္ဖို႔အတြက္ လက္ဖက္ရည္ပူပူေလးတစ္ခြက္ထက္ ပိုေကာင္းတဲ့အရာ ဘယ္႐ွိဦးမလဲ။ သမ႐ိုးက်လက္ဖက္ရည္ေတြ ေသာက္ရတာ ႐ိုးေနၿပီဆိုရင္ က်န္းမာေရး အက်ိဳးေက်းဇူး အမ်ိဳးမ်ိဳး႐ွိတဲ့ လက္ဖက္ရည္ ေဖ်ာ္စပ္ပံုေလးေတြကို စမ္းသပ္ၾကည့္လို႔ရပါတယ္။ အဲဒီထဲမွာ ပန္းသီး သစ္ၾကံပိုးေခါက္မႈန္႔ လက္ဖက္ရည္လည္း အပါအဝင္ပါပဲ။

ပန္းသီး သစ္ၾကံပိုးေခါက္မႈန္႔ လက္ဖက္ရည္ဆိုတာ ပန္းသီးအခြံေတြရယ္၊ လက္ဖက္ေျခာက္ရယ္၊ သစ္ၾကံပိုးေခါက္မႈန္႔ရယ္ကို ေရေႏြးပူပူနဲ႔ ေရာထားတဲ့ လက္ဖက္ရည္ေလးတစ္ခြက္ပါ။ ပန္းသီးနဲ႔ သစ္ၾကံပိုးေခါက္မႈန္႔ဟာ က်န္းမာေရးအတြက္ အေထာက္အကူျဖစ္ေစတဲ့ အစားအစာေတြအျဖစ္ ထင္႐ွားပါတယ္။

ႏွစ္မ်ိဳးေပါင္းစပ္လိုက္ခ်ိန္မွာေတာ့ က်န္းမာေရး အက်ိဳးေက်းဇူးေတြဟာ ႏွစ္ဆတိုးလာ ရပါတယ္။ ပန္းသီး သစ္ၾကံပိုးေခါက္မႈန္႔ လက္ဖက္ရည္ရဲ႕ က်န္းမာေရး အက်ိဳးေက်းဇူး ေတြကေတာ့...

၁။ ဆီးခ်ိဳေပ်ာက္ေစတယ္

သစ္ၾကံပိုးေခါက္မႈန္႔က ေသြးတြင္းသၾကားဓာတ္ကို ေလ်ာ့နည္းေစၿပီး ခႏၶာကိုယ္ထဲက ကိုလက္စ္ထေရာ လယ္ဗယ္ကို ထိန္းညွိေပးႏိုင္တယ္လို႔ နာမည္ႀကီးပါတယ္။ ထိုနည္းတူ ပန္းသီးကလည္း အဲဒီအာနိသင္ေတြ ပိုမိုအားေကာင္းေအာင္ အေထာက္အကူ ျပဳႏိုင္ပါတယ္။ ပန္းသီး သစ္ၾကံပိုးမႈန္႔ လက္ဖက္ရည္ေသာက္ေပးရင္ ဝိတ္က်ေစေတာ့ Type 2 ဆီးခ်ိဳေရာဂါသည္ေတြအတြက္လည္း ေကာင္းပါတယ္။

၂။ ကိုလက္စ္ထေရာက်ေစတယ္

ဒီလက္ဖက္ရည္ေလးထဲမွာ ပါဝင္တဲ့ အဓိကပါဝင္ပစၥည္း (၂) မ်ိဳးျဖစ္တဲ့ ပန္းသီးနဲ႔ သစ္ၾကံပိုးေခါက္မႈန္႔ဟာ ခႏၶာကိုယ္ထဲက trigleceride ဆိုတဲ့ ဓာတ္တစ္မ်ိဳးကို ေလ်ာ့က်ေစၿပီး အက်ိဳးဆက္အေနနဲ႔ ခႏၶာကိုယ္တစ္ခုလံုးမွာ႐ွိတဲ့ ကိုလက္စ္ထေရာလယ္ဗယ္ကိုပါ ေလ်ာ့က်ေစႏိုင္ပါတယ္။ ဥမာေပးရရင္ ပန္းသီးခြံေတြထဲမွာ ခႏၶာကိုယ္တြင္းက ကိုလက္စ္ထေရာေတြရဲ႕ ဇီဝကမၼလုပ္ေဆာင္မႈကို ျမန္ဆန္ေစတဲ့ ျဒပ္ေပါင္းေတြလည္း ပါဝင္ပါတယ္။

၃။ အစာေၾကလြယ္ေစတယ္

ပန္းသီးနဲ႔ သစ္ၾကံပိုးေခါက္မႈန္႔ထဲမွာ ေတြ႕ရတဲ့ အမွ်င္ဓာတ္၊ antioxidant နဲ႔ ဗိုက္တာမင္တို႔ဟာ အစာေျချခင္းလုပ္ငန္းစဥ္ကို ပုိမိုတိုးတက္ေကာင္းမြန္ေစပါတယ္။ ဒါတင္မကေသးပါဘူး။ ခႏၶာကိုယ္တြင္းက အဆီပိုေတြနဲ႔ အစာေဟာင္းေတြကိုလည္း ဘာမွမက်န္ေအာင္ ႐ွင္းေပးႏိုင္တဲ့အတြက္ ဝမ္းခ်ဳပ္ျခင္းနဲ႔ ဗိုက္ေအာင့္ဗိုက္နာျခင္းတို႔ကို ေလ်ာ့နည္းေစပါတယ္။

၄။ ဝိတ္က်ေစတယ္

ပန္းသီး သစ္ၾကံပိုးေခါက္မႈန္႔ လက္ဖက္ရည္ဟာ အစာစားခ်င္စိတ္ကို ထိန္းခ်ဳပ္ျခင္းနဲ႔လည္း ဆက္ႏြယ္ေနပါေသးတယ္။ အဲဒီလို အစာစားခ်င္စိတ္ကို ထိန္းခ်ဳပ္ထားေပမဲ့ ခႏၶာကိုယ္အတြက္ ေန႔စဥ္လိုအပ္တဲ့ အာဟာရဓာတ္ေတြကို ျဖည့္ဆည္းေပးႏိုင္သလို ခြန္အားလည္း တိုးေစႏိုင္ပါတယ္။

၅။ ကိုယ္ဝန္ေဆာင္ေတြနဲ႔ တည့္တယ္

ကိုယ္ဝန္ေဆာင္အမ်ိဳးသမီးေတြ ကိုယ္ဝန္ေဆာင္ေနခ်ိန္မွာ ေဟာ္မုန္းအတက္အက်ျဖစ္ျခင္းကို ထိန္းညွိေပးတဲ့ေနရာမွာလည္း ပန္းသီးသစ္ၾကံပိုးေခါက္မႈန္႔ လက္ဖက္ရည္က အသံုးဝင္ပါေသးတယ္။ ေနာက္ၿပီး ကဖင္းဓာတ္ နည္းပါးတဲ့အတြက္ ကိုယ္ဝန္ေဆာင္အမ်ိဳးသမီးေတြအတြက္ ေဘးထြက္ဆိုးက်ိဳး နည္းေစႏိုင္ပါတယ္။

ျပဳလုပ္နည္း

အရင္ဆံုး ပန္းသီး (၆) လံုးခန္႔ကို အခြံခြာပါ။ အခြံခြာတဲ့ေနရာမွာ ပန္းသီးအသားပါမလာေအာင္ တတ္ႏိုင္သမွ် ေ႐ွာင္႐ွားပါ။ ၿပီးရင္ေတာ့ ပန္းသီးအခြံရယ္၊ ေရ (၄) ခြက္ရယ္၊ သစ္ၾကံပိုးေခါက္တစ္ေခ်ာင္းရယ္၊ လက္ဖက္ေျခာက္ထုပ္ (၂) ထုပ္ရယ္ကို ေရေႏြးၾကမ္းအိုး တစ္လံုးထဲကို ထည့္လိုက္ပါ။ ၿပီးရင္ ေရေႏြးၾကမ္းအိုးကို မီးဖိုေပၚမွာ ဆူပြက္ေအာင္တည္လိုက္ၿပီး (၅) မိနစ္ေလာက္ ေနရင္ေတာ့ မီးဖိုေပၚကျပန္ခ်ေပးလို႔ ရပါၿပီ။ ၿပီးရင္ မိမိေသာက္ေနက် မတ္ခြက္ေလးထဲထည့္ၿပီး ပူပူေႏြးေႏြး သံုးေဆာင္ႏိုင္ပါၿပီ။

Source: Organicfacts

Credit : Duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ဆောင်းရာသီရဲ့ အအေးဓာတ်ကို တိုက်ထုတ်ဖို့အတွက် လက်ဖက်ရည်ပူပူလေးတစ်ခွက်ထက် ပိုကောင်းတဲ့အရာ ဘယ်ရှိဦးမလဲ။ သမရိုးကျလက်ဖက်ရည်တွေ သောက်ရတာ ရိုးနေပြီဆိုရင် ကျန်းမာရေး အကျိုးကျေးဇူး အမျိုးမျိုးရှိတဲ့ လက်ဖက်ရည် ဖျော်စပ်ပုံလေးတွေကို စမ်းသပ်ကြည့်လို့ရပါတယ်။ အဲဒီထဲမှာ ပန်းသီး သစ်ကြံပိုးခေါက်မှုန့် လက်ဖက်ရည်လည်း အပါအဝင်ပါပဲ။

ပန်းသီး သစ်ကြံပိုးခေါက်မှုန့် လက်ဖက်ရည်ဆိုတာ ပန်းသီးအခွံတွေရယ်၊ လက်ဖက်ခြောက်ရယ်၊ သစ်ကြံပိုးခေါက်မှုန့်ရယ်ကို ရေနွေးပူပူနဲ့ ရောထားတဲ့ လက်ဖက်ရည်လေးတစ်ခွက်ပါ။ ပန်းသီးနဲ့ သစ်ကြံပိုးခေါက်မှုန့်ဟာ ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေတဲ့ အစားအစာတွေအဖြစ် ထင်ရှားပါတယ်။

နှစ်မျိုးပေါင်းစပ်လိုက်ချိန်မှာတော့ ကျန်းမာရေး အကျိုးကျေးဇူးတွေဟာ နှစ်ဆတိုးလာ ရပါတယ်။ ပန်းသီး သစ်ကြံပိုးခေါက်မှုန့် လက်ဖက်ရည်ရဲ့ ကျန်းမာရေး အကျိုးကျေးဇူး တွေကတော့...

၁။ ဆီးချိုပျောက်စေတယ်

သစ်ကြံပိုးခေါက်မှုန့်က သွေးတွင်းသကြားဓာတ်ကို လျော့နည်းစေပြီး ခန္ဓာကိုယ်ထဲက ကိုလက်စ်ထရော လယ်ဗယ်ကို ထိန်းညှိပေးနိုင်တယ်လို့ နာမည်ကြီးပါတယ်။ ထိုနည်းတူ ပန်းသီးကလည်း အဲဒီအာနိသင်တွေ ပိုမိုအားကောင်းအောင် အထောက်အကူ ပြုနိုင်ပါတယ်။ ပန်းသီး သစ်ကြံပိုးမှုန့် လက်ဖက်ရည်သောက်ပေးရင် ဝိတ်ကျစေတော့ Type 2 ဆီးချိုရောဂါသည်တွေအတွက်လည်း ကောင်းပါတယ်။

၂။ ကိုလက်စ်ထရောကျစေတယ်

ဒီလက်ဖက်ရည်လေးထဲမှာ ပါဝင်တဲ့ အဓိကပါဝင်ပစ္စည်း (၂) မျိုးဖြစ်တဲ့ ပန်းသီးနဲ့ သစ်ကြံပိုးခေါက်မှုန့်ဟာ ခန္ဓာကိုယ်ထဲက trigleceride ဆိုတဲ့ ဓာတ်တစ်မျိုးကို လျော့ကျစေပြီး အကျိုးဆက်အနေနဲ့ ခန္ဓာကိုယ်တစ်ခုလုံးမှာရှိတဲ့ ကိုလက်စ်ထရောလယ်ဗယ်ကိုပါ လျော့ကျစေနိုင်ပါတယ်။ ဥမာပေးရရင် ပန်းသီးခွံတွေထဲမှာ ခန္ဓာကိုယ်တွင်းက ကိုလက်စ်ထရောတွေရဲ့ ဇီဝကမ္မလုပ်ဆောင်မှုကို မြန်ဆန်စေတဲ့ ဒြပ်ပေါင်းတွေလည်း ပါဝင်ပါတယ်။

၃။ အစာကြေလွယ်စေတယ်

ပန်းသီးနဲ့ သစ်ကြံပိုးခေါက်မှုန့်ထဲမှာ တွေ့ရတဲ့ အမျှင်ဓာတ်၊ antioxidant နဲ့ ဗိုက်တာမင်တို့ဟာ အစာခြေခြင်းလုပ်ငန်းစဉ်ကို ပိုမိုတိုးတက်ကောင်းမွန်စေပါတယ်။ ဒါတင်မကသေးပါဘူး။ ခန္ဓာကိုယ်တွင်းက အဆီပိုတွေနဲ့ အစာဟောင်းတွေကိုလည်း ဘာမှမကျန်အောင် ရှင်းပေးနိုင်တဲ့အတွက် ဝမ်းချုပ်ခြင်းနဲ့ ဗိုက်အောင့်ဗိုက်နာခြင်းတို့ကို လျော့နည်းစေပါတယ်။

၄။ ဝိတ်ကျစေတယ်

ပန်းသီး သစ်ကြံပိုးခေါက်မှုန့် လက်ဖက်ရည်ဟာ အစာစားချင်စိတ်ကို ထိန်းချုပ်ခြင်းနဲ့လည်း ဆက်နွယ်နေပါသေးတယ်။ အဲဒီလို အစာစားချင်စိတ်ကို ထိန်းချုပ်ထားပေမဲ့ ခန္ဓာကိုယ်အတွက် နေ့စဉ်လိုအပ်တဲ့ အာဟာရဓာတ်တွေကို ဖြည့်ဆည်းပေးနိုင်သလို ခွန်အားလည်း တိုးစေနိုင်ပါတယ်။

၅။ ကိုယ်ဝန်ဆောင်တွေနဲ့ တည့်တယ်

ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ ကိုယ်ဝန်ဆောင်နေချိန်မှာ ဟော်မုန်းအတက်အကျဖြစ်ခြင်းကို ထိန်းညှိပေးတဲ့နေရာမှာလည်း ပန်းသီးသစ်ကြံပိုးခေါက်မှုန့် လက်ဖက်ရည်က အသုံးဝင်ပါသေးတယ်။ နောက်ပြီး ကဖင်းဓာတ် နည်းပါးတဲ့အတွက် ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအတွက် ဘေးထွက်ဆိုးကျိုး နည်းစေနိုင်ပါတယ်။

ပြုလုပ်နည်း

အရင်ဆုံး ပန်းသီး (၆) လုံးခန့်ကို အခွံခွာပါ။ အခွံခွာတဲ့နေရာမှာ ပန်းသီးအသားပါမလာအောင် တတ်နိုင်သမျှ ရှောင်ရှားပါ။ ပြီးရင်တော့ ပန်းသီးအခွံရယ်၊ ရေ (၄) ခွက်ရယ်၊ သစ်ကြံပိုးခေါက်တစ်ချောင်းရယ်၊ လက်ဖက်ခြောက်ထုပ် (၂) ထုပ်ရယ်ကို ရေနွေးကြမ်းအိုး တစ်လုံးထဲကို ထည့်လိုက်ပါ။ ပြီးရင် ရေနွေးကြမ်းအိုးကို မီးဖိုပေါ်မှာ ဆူပွက်အောင်တည်လိုက်ပြီး (၅) မိနစ်လောက် နေရင်တော့ မီးဖိုပေါ်ကပြန်ချပေးလို့ ရပါပြီ။ ပြီးရင် မိမိသောက်နေကျ မတ်ခွက်လေးထဲထည့်ပြီး ပူပူနွေးနွေး သုံးဆောင်နိုင်ပါပြီ။

Source: Organicfacts

Credit : Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top