iMyanmarHouse.com - Best Property Website for Myanmar
×

ခ်စ္သူေတြ တစ္ဦးနဲ႔တစ္ဦး ေပြ့ဖက္လိုက္ရင္ ဘယ္လိုအက်ိဳးေက်းဇူးေတြ ရရွိနိုင္တယ္ဆိုတာ ေဖာ္ျပ ေပးသြားမွာ ျဖစ္ပါတယ္။

၁။ ယံုၾကည္မႈ ရွိေစပါတယ္ ။

ခ်စ္သူစံုတြဲေတြ ၾကားထဲမွာ ေႏြးေထြးမႈ ၊ လံုျခံဳမႈ ၊ ထပ္တူက်မႈ ႏွင့္ ယံုႀကည္စိတ္ခ်ရမႈ ေတြဟာ အေရးပါလွတ့ဲ အခ်က္ေတြပါပဲ။ မႀကာခဏ ခ်စ္သူႏွင့္ေပြ႕ဖက္ျခင္းက သင့္အတြက္ စိတ္ဓာတ္ခြန္အားႏွင့္ ခ်စ္သူႏွစ္ဦး သံေယာဇဥ္ ပိုမိုခိုင္မာလာေစတ့ဲ အခ်က္ပါပဲ။

၂။ ေႏြးေထြးမႈကို ရရွိေစပါတယ္။

ဒီအခ်က္က အဓိကရိုးရွင္းျပီး လူတိုင္း ေပြ႕ဖက္ခါနီး ေျပာႀကပါတယ္။ အထူးသျဖင့္ ပတ္ဝန္းက်င္ အေအးဓာတ္ပိုလာတ့ဲ အခါမ်ိဳးမွာ အနားမွာ ရိွေနတ့ဲခ်စ္သူကို ေထြးဖက္ထားမိမွာ အေသအခ်ာပါပဲ။ အေႀကာင္းျပခ်က္က ရွင္းပါတယ္ သင္တို႕ႏွစ္ဦးစလံုး ေႏြးေထြးမႈ ရရိွေစဖို႕ ျဖစ္ပါတယ္။

၃။ စိတ္ဆိုး စိတ္ေကာက္ေျပေစပါတယ္ ။

ခ်စ္သူေတြ တစ္ဦးႏွင့္တစ္ဦး အရမ္းခ်စ္ေနေပမ့ဲ စကားမ်ားရန္ျဖစ္ေနပါသလား။ စကားမ်ားတ့ဲ ကိစၥျပႆနာကို ဆက္ရွင္းေနရင္ စကားထက္မ်ားေနရဦးမွာပါပဲ။ ဒီေတာ့ ဘာမွမေျပာပဲ ၅မိနစ္ေလာက္ ေပြ႕ဖက္ထားလိုက္ပါ။ စိတ္ဆိုး စိတ္ေကာက္ျခင္းေတြ တျဖည္းျဖည္း ေပ်ာက္ကြယ္သြားပါလိမ့္မယ္။ ေပြ့ဖက္ျပီးေတာ့မွ ခ်စ္သူကို ဆက္ျပီး ေခ်ာ့ပါ။

၄။ အထီးက်န္ျခင္းကို ေျပေပ်ာက္ေစပါတယ္။

တစ္ေယာက္တည္း ျဖစ္ေနခ်ိန္ေတြမွာ အထီးက်န္တယ္လို႔ သင္ခံစားဖူးမွာပါ။ ဒီအခ်ိန္မ်ိဳးဆို သင္ေထြးေပြ႕ထားခ်င္တ့ဲ ရင္ခြင္ႏွင့္ လက္တစ္စံုကို တမ္းတေနမိမွာ အမွန္ပါပဲ။ အခ်ိန္ေတြခြဲခြာျပီး ျပန္ေတြ႕ဆံုတ့ဲအခါ ေထြးေပြ႕ ဖက္တြယ္ထားျခင္းက အထီးက်န္မႈကို ေျပေပ်ာက္ေစပါတယ္။

၅။ ပိုမို စိတ္လႈပ္ရွားေစပါတယ္ ။

ဘယ္လိုအခ်ိန္ေတြမွာ စိတ္လႈပ္ရွားတတ္တယ္ဆိုတာ သင္သတိထားမိမွာပါ။ သင့္ခ်စ္သူက Surprise တစ္ခုခုလုပ္ရင္း သင့္ကို ေပြ႕ဖက္ထားမယ္။ တစ္ေယာက္နဲ့ တစ္ေယာက္ ေပြ႕ဖက္ထားျပီး စားႀကမယ္၊ သြားႀကမယ္လို႕ သေဘာတူစကားေျပာထြက္လာတ့ဲ အခ်ိန္ေတြဆို သင္ အရမ္းစိတ္လႈပ္ရွားျပီးေပ်ာ္ရႊင္ေနမွာ ေသခ်ာဆံုးေပါ့။

၆။ အေပ်ာ္ေတြ တိုးပြားလာေစပါတယ္ ။

သင္ေပ်ာ္ရႊင္ ေနတ့ဲအခ်ိန္မွာ သင္ခ်စ္သူကို ဖက္ထားျခင္းက အခ်စ္တန္ခိုးနဲ႕ အေပ်ာ္ေတြ ႏွစ္ဆတိုးေစမွာပါ။ ဥပမာေျပာရရင္ ေအာင္စာရင္းႀကည့္ျပီး ေအာင္တယ္လို႔ သိလိုက္ရခ်ိန္ ေဘးမွာရွိတဲ႔ ခ်စ္သူကို ေပြ႕ဖက္လိုက္ရရင္ အေပ်ာ္ေတြ ဆက္တိုက္တိုးပြားလာမွာပါ။ ေအာင္ျမင္မႈတစ္ခုတစ္ခု ရတိုင္း ခ်စ္သူကို ေျပးဖက္ထားဖို႕ မေမ့ပါနဲ႕။

၇။ ေပြ႕ဖက္ထားျခင္းက ဖ်ားနာျခင္းပင္ ေပ်ာက္ကင္းေစနိုင္ ။

က်န္းမာေရးအရေျပာရရင္ တစ္ဦးႏွင့္တစ္ဦး ဖက္ထားခ်ိန္မွာ ကုိယ္တြင္းလံႈေဆာ္မႈမ်ားစြာျဖစ္ေစျပီး ေသြးျဖဴဆဲလ္မ်ား (white blood cells) ထုတ္လြတ္မႈအား ေကာင္းေစပါတယ္။ ေသြးျဖဴဆဲလ္မ်ားဟာ ေရာဂါ ႏွင့္ အျခား ဗိုင္းရက္စ္ ( viruses) ေတြကို တိုက္ဖ်က္ေပးနိုင္ပါတယ္။


၈။ စိတ္ဓာတ္ခြန္အား တိုးလာေစပါတယ္ ။


ကေလးဘဝတည္းက အားငယ္ခ်ိန္တိုင္း အေဖနဲ႕အေမကို ဖက္ထားမိႀကတယ္။ စိတ္ဓာတ္ခြန္အားက်ဆင္းခ်ိန္မွာ တစ္ေယာက္ေယာက္ကို ဖက္ထားျပီး ငိုေကြ်းလိုက္တာမ်ိဳး ၊ စိတ္ေျပတ့ဲအထိ ဖက္ထားမိတာမ်ိဳးေပါ့။

တကယ္လဲဟုတ္ပါတယ္။ အဲလိုအခ်ိန္မ်ိဳးဆို ခ်စ္တ့ဲသူတစ္ေယာက္ကို ေပြ႕ဖက္ထားျခင္းက ေလ်ာ့က်ေနတ့ဲ စိတ္ခြန္အားကို အေကာင္းဆံုးျပန္လည္ ျမွင့္တင္နိုင္ပါလိမ့္မယ္။ ခ်စ္သူ အားငယ္ခ်ိန္တိုင္းလဲ ဖက္ထားေပးဖို႕ မေမ့ပါနဲ႕ မိတ္ေဆြ။

Kissing အနမ္းေပးျခင္းဆိုတာ သင့္အခ်စ္ေတြကို ေဖာ္ျပရာမွာ အေကာင္းဆံုးနဲ႔  အနူးညံ့ဆံုးပါပဲ။ အဲတာေႀကာင့္လဲ ခ်စ္တယ္ဆိုတ့ဲအေျဖနဲ႕ kiss ေပးျခင္းက တထပ္တည္းက်ေနတာပါပဲ။

ဒီတစ္ခါမွာေတာ့ Kissing ရဲ႕ အက်ိဳးဆက္ေတြကို Love Shop ကေဖာ္ျပေပးခ်င္ပါတယ္။

၁။ စိတ္ဖိစီးမႈကို ေလ်ာ့က်ေစပါတယ္ ။
အနမ္းေပးျခင္းဟာ stress hormone ကို ေလ်ာ့က် ေစပါတယ္။ စိတ္လႈပ္႐ွားမႈေတြကိုလည္း ေလ်ာ့က်ေစၿပီး တရားထိုင္ျခင္းနဲ႔ တူညီတဲ့ အက်ိဳးရလဒ္ေတြရႏိုင္ပါတယ္။

၂။ က်န္းမာေရး ပိုမိုေကာင္းမြန္ေစတယ္ ။

Kiss ေပးျခင္းဟာ သင္နဲ႔ သင့္ခ်စ္သူကို က်န္းမာေရးေကာင္းမြန္ေစပါတယ္။ Kiss ေပးျခင္းေၾကာင့္ ေသြးလည္ပတ္မႈ ေကာင္းမြန္ေစျပီး ၊ ေခါင္းကိုက္ေဝဒနာကိုလည္း သက္သာေစပါတယ္ ။ ေခါင္းကိုက္ေနရင္ ေခါင္းကိုက္ေပ်ာက္ေဆးေသာက္မယ့္ အစား ခ်စ္သူကို Kiss ေပးလိုက္ပါ။
၃။ Gym ေဆာ့ေနစရာမလို ။

၃ စကၠန့္မွ် Kiss ေပးျခင္းက ၅ ကယ္လိုရီ ( Calories ) ေလာင္ကြ်မ္းေစပါတယ္။ ၁ မိနစ္ Kiss ေပးမယ္ဆိုရင္ ၂၆ကယ္လိုရီ (Calories ) နဲ႔ ၁ နာရီ သာ Kiss ေပးမယ္ဆို သင္တို႕ ႏွစ္ဦးစလံုး Gym သြားေဆာ့ေနစရာမလိုပဲ ကယ္လိုရီတစ္ေထာင္ေက်ာ္မွ် ေလာင္ကြ်မ္းသြားပါလိမ့္မယ္။

၄။ ဗီဇ ကူးေျပာင္းျခင္း ။

Kiss ေပးေနစဥ္ ဗီဇဆဲလ္ အေကာင္ေရ 278 မွ် တစ္ဦးႏွင့္တစ္ဦး ကူးေျပာင္းနိင္တယ္ဆိုတာ သင္ သိပါသလား ။ အႀကိမ္ႀကိမ္ Kiss ေပးျခင္းေၾကာင့္ သင္နဲ႔ သင့္ခ်စ္သူ ၾကားမွာ ဗီဇဆဲလ္ ၁၀ သန္းေက်ာ္မွ် ကူးေျပာင္းျပီးျဖစ္မွာပါ။ ဒါ့အျပင္ သြားေတြကို သန္႔စင္ေပးတဲ့ တံေတြးထြက္ႏႈန္းကို အားေကာင္းေစၿပီး ခံတြင္းသန္႔စင္မႈကို ကူညီေပးပါတယ္။

၅။ ေဆးဝါးတစ္ခု ။

Kiss အႀကိမ္ေရ 200 က အဖ်ားေပ်ာက္ေဆးထက္ ပိုျပီး အားေကာင္းပါတယ္။ ကို္ယ္အေလးခ်ိန္ကိုလဲ ေလ်ာ့က်ေစပါတယ္။ ေန့စဥ္ေန႕တိုင္း Kiss ေပးျခင္းက ေဆးဝါးေတြ ေသာက္ေနရျခင္းမွ ကင္းေဝးေစပါလိမ့္မယ္။ ယခုေဆာငး္ပါးကို Love Shop မွ ေရးသားတင္ဆက္ပါသည္။

၆။ ေပ်ာ္ရႊင္မႈကိုျဖစ္ေစတယ္ ။

Kiss ေပးျခင္းဟာ ခႏၶာကိုယ္ကေန endorphins လို႔ေခၚတဲ့ ေဟာမုန္းကို အထြက္တိုးေစလို႔ စိတ္ခံစားမႈကို ေကာင္းေစၿပီး ေပ်ာ္ရႊင္မႈေတြျဖစ္ေစပါတယ္။

၇။ ေနာက္ဆံုးအခ်က္ကေတာ့ Relationship ကို ပိုခိုင္ျမဲေစပါတယ္ ။

Kiss ေပးျခင္းကေန ခ်စ္သူေတြမွာ အတူ႐ွိေနခ်င္စိတ္ကို တိုးေစပါတယ္။ ခ်စ္သူေတြအၾကား သံေယာဇဥ္ပိုတိုးေစၿပီး ခိုင္ျမဲတဲ့ Relationship ကို တည္ေဆာက္ဖို႔လည္း အေထာက္အကူ ျပဳေစပါတယ္တဲ့။

ဒါကေတာ့ အနမ္းေပးျခင္းျဖင့္ ဘာေတြျဖစ္ႏိုင္လဲဆိုတာကို ပညာ႐ွင္ေတြရဲ႕ ေတြ႔႐ွိခ်က္ကေန ဘာသာျပန္ ေဖာ္ျပ ထားတာျဖစ္ပါတယ္။

အႀကံေပးခ်င္တာကေတာ့ သင္ေရာ သင့္ခ်စ္သူပါ သြားမႀကာခဏတိုက္ျပီး မႀကာခဏဆိုသလို Kiss ေပးႀကပါ။ ဒါမွလဲ က်န္းမာေရး ေကာင္းက်ိဳးေတြကို ရရွိမွာ ျဖစ္ပါတယ္။


သင့္ကို ယုယုယယ ေပြ့ဖက္ျပီး နမ္းေပးမယ့္ ခ်စ္သူတစ္ေယာက္ ပိုင္ဆိုင္ထားျပီလား ?

Credit : Modern Cupid ( Love Shop )
 ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ချစ်သူတွေ တစ်ဦးနဲ့တစ်ဦး ပွေ့ဖက်လိုက်ရင် ဘယ်လိုအကျိုးကျေးဇူးတွေ ရရှိနိုင်တယ်ဆိုတာ ဖော်ပြ ပေးသွားမှာ ဖြစ်ပါတယ်။

၁။ ယုံကြည်မှု ရှိစေပါတယ် ။

ချစ်သူစုံတွဲတွေ ကြားထဲမှာ နွေးထွေးမှု ၊ လုံခြုံမှု ၊ ထပ်တူကျမှု နှင့် ယုံကြည်စိတ်ချရမှု တွေဟာ အရေးပါလှတဲ့ အချက်တွေပါပဲ။ မကြာခဏ ချစ်သူနှင့်ပွေ့ဖက်ခြင်းက သင့်အတွက် စိတ်ဓာတ်ခွန်အားနှင့် ချစ်သူနှစ်ဦး သံယောဇဉ် ပိုမိုခိုင်မာလာစေတဲ့ အချက်ပါပဲ။

၂။ နွေးထွေးမှုကို ရရှိစေပါတယ်။

ဒီအချက်က အဓိကရိုးရှင်းပြီး လူတိုင်း ပွေ့ဖက်ခါနီး ပြောကြပါတယ်။ အထူးသဖြင့် ပတ်ဝန်းကျင် အအေးဓာတ်ပိုလာတဲ့ အခါမျိုးမှာ အနားမှာ ရှိနေတဲ့ချစ်သူကို ထွေးဖက်ထားမိမှာ အသေအချာပါပဲ။ အကြောင်းပြချက်က ရှင်းပါတယ် သင်တို့နှစ်ဦးစလုံး နွေးထွေးမှု ရရှိစေဖို့ ဖြစ်ပါတယ်။

၃။ စိတ်ဆိုး စိတ်ကောက်ပြေစေပါတယ် ။

ချစ်သူတွေ တစ်ဦးနှင့်တစ်ဦး အရမ်းချစ်နေပေမဲ့ စကားများရန်ဖြစ်နေပါသလား။ စကားများတဲ့ ကိစ္စပြဿနာကို ဆက်ရှင်းနေရင် စကားထက်များနေရဦးမှာပါပဲ။ ဒီတော့ ဘာမှမပြောပဲ ၅မိနစ်လောက် ပွေ့ဖက်ထားလိုက်ပါ။ စိတ်ဆိုး စိတ်ကောက်ခြင်းတွေ တဖြည်းဖြည်း ပျောက်ကွယ်သွားပါလိမ့်မယ်။ ပွေ့ဖက်ပြီးတော့မှ ချစ်သူကို ဆက်ပြီး ချော့ပါ။

၄။ အထီးကျန်ခြင်းကို ပြေပျောက်စေပါတယ်။

တစ်ယောက်တည်း ဖြစ်နေချိန်တွေမှာ အထီးကျန်တယ်လို့ သင်ခံစားဖူးမှာပါ။ ဒီအချိန်မျိုးဆို သင်ထွေးပွေ့ထားချင်တဲ့ ရင်ခွင်နှင့် လက်တစ်စုံကို တမ်းတနေမိမှာ အမှန်ပါပဲ။ အချိန်တွေခွဲခွာပြီး ပြန်တွေ့ဆုံတဲ့အခါ ထွေးပွေ့ ဖက်တွယ်ထားခြင်းက အထီးကျန်မှုကို ပြေပျောက်စေပါတယ်။

၅။ ပိုမို စိတ်လှုပ်ရှားစေပါတယ် ။

ဘယ်လိုအချိန်တွေမှာ စိတ်လှုပ်ရှားတတ်တယ်ဆိုတာ သင်သတိထားမိမှာပါ။ သင့်ချစ်သူက Surprise တစ်ခုခုလုပ်ရင်း သင့်ကို ပွေ့ဖက်ထားမယ်။ တစ်ယောက်နဲ့ တစ်ယောက် ပွေ့ဖက်ထားပြီး စားကြမယ်၊ သွားကြမယ်လို့ သဘောတူစကားပြောထွက်လာတဲ့ အချိန်တွေဆို သင် အရမ်းစိတ်လှုပ်ရှားပြီးပျော်ရွှင်နေမှာ သေချာဆုံးပေါ့။

၆။ အပျော်တွေ တိုးပွားလာစေပါတယ် ။

သင်ပျော်ရွှင် နေတဲ့အချိန်မှာ သင်ချစ်သူကို ဖက်ထားခြင်းက အချစ်တန်ခိုးနဲ့ အပျော်တွေ နှစ်ဆတိုးစေမှာပါ။ ဥပမာပြောရရင် အောင်စာရင်းကြည့်ပြီး အောင်တယ်လို့ သိလိုက်ရချိန် ဘေးမှာရှိတဲ့ ချစ်သူကို ပွေ့ဖက်လိုက်ရရင် အပျော်တွေ ဆက်တိုက်တိုးပွားလာမှာပါ။ အောင်မြင်မှုတစ်ခုတစ်ခု ရတိုင်း ချစ်သူကို ပြေးဖက်ထားဖို့ မမေ့ပါနဲ့။

၇။ ပွေ့ဖက်ထားခြင်းက ဖျားနာခြင်းပင် ပျောက်ကင်းစေနိုင် ။

ကျန်းမာရေးအရပြောရရင် တစ်ဦးနှင့်တစ်ဦး ဖက်ထားချိန်မှာ ကိုယ်တွင်းလှုံဆော်မှုများစွာဖြစ်စေပြီး သွေးဖြူဆဲလ်များ (white blood cells) ထုတ်လွတ်မှုအား ကောင်းစေပါတယ်။ သွေးဖြူဆဲလ်များဟာ ရောဂါ နှင့် အခြား ဗိုင်းရက်စ် ( viruses) တွေကို တိုက်ဖျက်ပေးနိုင်ပါတယ်။


၈။ စိတ်ဓာတ်ခွန်အား တိုးလာစေပါတယ် ။


ကလေးဘဝတည်းက အားငယ်ချိန်တိုင်း အဖေနဲ့အမေကို ဖက်ထားမိကြတယ်။ စိတ်ဓာတ်ခွန်အားကျဆင်းချိန်မှာ တစ်ယောက်ယောက်ကို ဖက်ထားပြီး ငိုကျွေးလိုက်တာမျိုး ၊ စိတ်ပြေတဲ့အထိ ဖက်ထားမိတာမျိုးပေါ့။

တကယ်လဲဟုတ်ပါတယ်။ အဲလိုအချိန်မျိုးဆို ချစ်တဲ့သူတစ်ယောက်ကို ပွေ့ဖက်ထားခြင်းက လျော့ကျနေတဲ့ စိတ်ခွန်အားကို အကောင်းဆုံးပြန်လည် မြှင့်တင်နိုင်ပါလိမ့်မယ်။ ချစ်သူ အားငယ်ချိန်တိုင်းလဲ ဖက်ထားပေးဖို့ မမေ့ပါနဲ့ မိတ်ဆွေ။

Kissing အနမ်းပေးခြင်းဆိုတာ သင့်အချစ်တွေကို ဖော်ပြရာမှာ အကောင်းဆုံးနဲ့  အနူးညံ့ဆုံးပါပဲ။ အဲတာကြောင့်လဲ ချစ်တယ်ဆိုတဲ့အဖြေနဲ့ kiss ပေးခြင်းက တထပ်တည်းကျနေတာပါပဲ။

ဒီတစ်ခါမှာတော့ Kissing ရဲ့ အကျိုးဆက်တွေကို Love Shop ကဖော်ပြပေးချင်ပါတယ်။

၁။ စိတ်ဖိစီးမှုကို လျော့ကျစေပါတယ် ။
အနမ်းပေးခြင်းဟာ stress hormone ကို လျော့ကျ စေပါတယ်။ စိတ်လှုပ်ရှားမှုတွေကိုလည်း လျော့ကျစေပြီး တရားထိုင်ခြင်းနဲ့ တူညီတဲ့ အကျိုးရလဒ်တွေရနိုင်ပါတယ်။

၂။ ကျန်းမာရေး ပိုမိုကောင်းမွန်စေတယ် ။

Kiss ပေးခြင်းဟာ သင်နဲ့ သင့်ချစ်သူကို ကျန်းမာရေးကောင်းမွန်စေပါတယ်။ Kiss ပေးခြင်းကြောင့် သွေးလည်ပတ်မှု ကောင်းမွန်စေပြီး ၊ ခေါင်းကိုက်ဝေဒနာကိုလည်း သက်သာစေပါတယ် ။ ခေါင်းကိုက်နေရင် ခေါင်းကိုက်ပျောက်ဆေးသောက်မယ့် အစား ချစ်သူကို Kiss ပေးလိုက်ပါ။
၃။ Gym ဆော့နေစရာမလို ။

၃ စက္ကန့်မျှ Kiss ပေးခြင်းက ၅ ကယ်လိုရီ ( Calories ) လောင်ကျွမ်းစေပါတယ်။ ၁ မိနစ် Kiss ပေးမယ်ဆိုရင် ၂၆ကယ်လိုရီ (Calories ) နဲ့ ၁ နာရီ သာ Kiss ပေးမယ်ဆို သင်တို့ နှစ်ဦးစလုံး Gym သွားဆော့နေစရာမလိုပဲ ကယ်လိုရီတစ်ထောင်ကျော်မျှ လောင်ကျွမ်းသွားပါလိမ့်မယ်။

၄။ ဗီဇ ကူးပြောင်းခြင်း ။

Kiss ပေးနေစဉ် ဗီဇဆဲလ် အကောင်ရေ 278 မျှ တစ်ဦးနှင့်တစ်ဦး ကူးပြောင်းနိင်တယ်ဆိုတာ သင် သိပါသလား ။ အကြိမ်ကြိမ် Kiss ပေးခြင်းကြောင့် သင်နဲ့ သင့်ချစ်သူ ကြားမှာ ဗီဇဆဲလ် ၁၀ သန်းကျော်မျှ ကူးပြောင်းပြီးဖြစ်မှာပါ။ ဒါ့အပြင် သွားတွေကို သန့်စင်ပေးတဲ့ တံတွေးထွက်နှုန်းကို အားကောင်းစေပြီး ခံတွင်းသန့်စင်မှုကို ကူညီပေးပါတယ်။

၅။ ဆေးဝါးတစ်ခု ။

Kiss အကြိမ်ရေ 200 က အဖျားပျောက်ဆေးထက် ပိုပြီး အားကောင်းပါတယ်။ ကိုယ်အလေးချိန်ကိုလဲ လျော့ကျစေပါတယ်။ နေ့စဉ်နေ့တိုင်း Kiss ပေးခြင်းက ဆေးဝါးတွေ သောက်နေရခြင်းမှ ကင်းဝေးစေပါလိမ့်မယ်။ ယခုဆောင်းပါးကို Love Shop မှ ရေးသားတင်ဆက်ပါသည်။

၆။ ပျော်ရွှင်မှုကိုဖြစ်စေတယ် ။

Kiss ပေးခြင်းဟာ ခန္ဓာကိုယ်ကနေ endorphins လို့ခေါ်တဲ့ ဟောမုန်းကို အထွက်တိုးစေလို့ စိတ်ခံစားမှုကို ကောင်းစေပြီး ပျော်ရွှင်မှုတွေဖြစ်စေပါတယ်။

၇။ နောက်ဆုံးအချက်ကတော့ Relationship ကို ပိုခိုင်မြဲစေပါတယ် ။

Kiss ပေးခြင်းကနေ ချစ်သူတွေမှာ အတူရှိနေချင်စိတ်ကို တိုးစေပါတယ်။ ချစ်သူတွေအကြား သံယောဇဉ်ပိုတိုးစေပြီး ခိုင်မြဲတဲ့ Relationship ကို တည်ဆောက်ဖို့လည်း အထောက်အကူ ပြုစေပါတယ်တဲ့။

ဒါကတော့ အနမ်းပေးခြင်းဖြင့် ဘာတွေဖြစ်နိုင်လဲဆိုတာကို ပညာရှင်တွေရဲ့ တွေ့ရှိချက်ကနေ ဘာသာပြန် ဖော်ပြ ထားတာဖြစ်ပါတယ်။

အကြံပေးချင်တာကတော့ သင်ရော သင့်ချစ်သူပါ သွားမကြာခဏတိုက်ပြီး မကြာခဏဆိုသလို Kiss ပေးကြပါ။ ဒါမှလဲ ကျန်းမာရေး ကောင်းကျိုးတွေကို ရရှိမှာ ဖြစ်ပါတယ်။


သင့်ကို ယုယုယယ ပွေ့ဖက်ပြီး နမ်းပေးမယ့် ချစ်သူတစ်ယောက် ပိုင်ဆိုင်ထားပြီလား ?

Credit : Modern Cupid ( Love Shop )

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top