iMyanmarHouse.com - Best Property Website for Myanmar
×

လူအမ်ားစုသည္ ေသးသြယ္က်စ္လ်စ္လိုႀကသည့္ ဆႏၵအျပည့္အ၀ရွိႀကေသာေႀကာင့္ ေျမာက္ျမားစြာေသာ ကိုယ္အေလးခ်ိန္ေလ်ာ့ခ်နည္းလမ္းေတြကို လိုက္လံျပဳလုပ္ႀကပါတယ္။ ဒါေပမယ့္လည္း အခ်ိဳ႕မွာအလြန္ျပင္းထန္ၿပီး ယခင္ရွိခဲ့တဲ့သက္ေရာက္မႈေတြမွာလည္း အစာစားသံုးမႈပံုစံေျပာင္းလဲသြားသည္ႏွင့္ ေပ်ာက္ရွသြားႀကပါတယ္။ သည့္အျပင္ တေန႕တာဘ၀ကို အမ်ိဳးမ်ိဳးရုန္းကန္ေနရေသာေႀကာင့္ ေလ့က်င့္ခန္းအေႀကာင္းကို စဥ္းစားဖုိ႕အင္မတန္ခက္ခဲသြားပါတယ္။

ဒါေပမယ့္လည္း ထုိအေႀကာင္းအရာမ်ားေႀကာင့္ စိတ္ဓာတ္က်ေနစရာမလိုပါဘူး။ ယခုေဖာ္ျပမယ့္ နည္းလမ္းေလးေတြကို ေသခ်ာမွတ္သားထားမယ္ဆိုရင္ မည္သည့္အားစိုက္ထုတ္မႈ၊ အစာေလ်ာ့စားမႈႏွင့္ ေလ့က်င့္ခန္းေတြကိုမွ လုပ္စရာမလုိဘဲ ကိုယ္အေလးခ်ိန္ကို ေလ်ာ့ခ်ႏုိင္မွာျဖစ္ပါတယ္။

၁။ ေရေသာက္ဖို႕မေမ့ပါနဲ႕။

ထမင္းမစားခင္ နာရီ၀က္အလိုမွာ ေရ တစ္ခြက္မွႏွစ္ခြက္ေသာက္ေပးျခင္းက အေကာင္းဆံုးပါပဲ။ ထုိသို႕ေသာက္သံုးေပးျခင္းက ကိုယ္ခႏၶာဇီ၀ျဖစ္စဥ္အတြက္ ေကာင္းမြန္ျပီး ဗုိက္ၿပည့္သြားေစေသာေႀကာင့္ အစားနည္းနည္းပဲ စားမိေစမွာျဖစ္ပါတယ္။

၂။ မိမိ၏အစားအေသာက္ႏွင့္ပတ္သက္ၿပီး အာရံုထားပါ။

စားပြဲတြင္ထုိင္လိုက္သည္ႏွင့္ အလ်င္မလိုဘဲ၊ ျပႆနာေတြမေတြးဘဲ၊ တီဗြီမႀကည့္ဘဲ၊ ဖုန္းမေျပာဘဲ အစာစားသည္ကိုသာ ဂရုစိုက္ေပးပါ။ ဘာကိုဘယ္လိုစားသည္ကို အာရံုထားပါ။ ထိုနည္းလမ္းက အစားအရသာကို ရွင္းရွင္းလင္းလင္းျမည္းစမ္းႏုိင္ရန္ ကူညီေပးၿပီး အစာနည္းနည္းစားေအာင္ ကူညီေပးႏိုင္ပါတယ္။ သည့္အျပင္ တတ္ႏုိင္သမွ် ေႏွးေႏွးစားပါ။

၃။ ပန္းကန္အေသးႏွင့္စားပါ။

အစားအစာပမာဏကို ေတြးေတာမိျခင္းမွ ေရွာင္ရွားရန္အတြက္ ပန္းကန္အေသးတြင္ဆံ့၀င္သည့္ပမာဏကို စားသံုးျခင္းအက်င့္ကို ရယူပါ။

၄။ ပိုအိပ္ပါ။

အိပ္ေနသည့္အခါ အစာစားမိျခင္းမွလည္း ေရွာင္ရွားႏိုင္ကာ ခႏၶာကိုယ္ဇီ၀ျဖစ္စဥ္အေပၚ ေကာင္းက်ိဳးသက္ေရာက္ႏိုင္ကာ ကိုယ္ခႏၶာကို က်စ္က်စ္လ်စ္လ်စ္ရွိေစပါတယ္။ သည့္အျပင္ အိပ္ေနစဥ္အတြင္း တစ္နာရီလွ်င္ ကယ္လိုရီေပါင္း ၅၀ မွ ၁၀၀ အထိကို ေလာင္ကၽြမ္းေပးပါတယ္။

၅။ သြားတိုက္ေပးပါ။

ထမင္းစားၿပီးတိုင္း သြားတုိက္သည့္အက်င့္ကို လုပ္ေဆာင္ေပးျခင္းသည္ အစာထပ္စားျခင္းမွ ကာကြယ္ေပးကာ ပါးစပ္အတြင္းစြဲက်န္ေနသည့္ သြားတိုက္ေဆးအရသာေႀကာင့္ အစားအစာမ်ားကို အရသာပ်က္သြားေစႏိုင္ပါတယ္။

၆။ ရယ္ေမာပါ။

သုေတသီမ်ား၏ေဖာ္ျပခ်က္အရ ရယ္ေမာခ်ိန္တြင္ သံုးစြဲသည့္စြမ္းအင္ပမာဏသည္ အနားယူခ်ိန္ထက္ ၂၀ ရာခိုင္ႏႈန္း ပိုမိုတိုးတက္ေစႏုိင္ၿပီး ၀မ္းဗိုက္ပိုင္းႀကြက္သားမ်ားကို အလုပ္လုပ္ေစေသာေႀကာင့္ ရယ္ေမာျခင္းျဖင့္ ေလ့က်င့္ခန္းလုပ္ေပးပါ။

Credit : MyStyle
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
လူအများစုသည် သေးသွယ်ကျစ်လျစ်လိုကြသည့် ဆန္ဒအပြည့်အဝရှိကြသောကြောင့် မြောက်မြားစွာသော ကိုယ်အလေးချိန်လျော့ချနည်းလမ်းတွေကို လိုက်လံပြုလုပ်ကြပါတယ်။ ဒါပေမယ့်လည်း အချို့မှာအလွန်ပြင်းထန်ပြီး ယခင်ရှိခဲ့တဲ့သက်ရောက်မှုတွေမှာလည်း အစာစားသုံးမှုပုံစံပြောင်းလဲသွားသည်နှင့် ပျောက်ရှသွားကြပါတယ်။ သည့်အပြင် တနေ့တာဘဝကို အမျိုးမျိုးရုန်းကန်နေရသောကြောင့် လေ့ကျင့်ခန်းအကြောင်းကို စဉ်းစားဖို့အင်မတန်ခက်ခဲသွားပါတယ်။

ဒါပေမယ့်လည်း ထိုအကြောင်းအရာများကြောင့် စိတ်ဓာတ်ကျနေစရာမလိုပါဘူး။ ယခုဖော်ပြမယ့် နည်းလမ်းလေးတွေကို သေချာမှတ်သားထားမယ်ဆိုရင် မည်သည့်အားစိုက်ထုတ်မှု၊ အစာလျော့စားမှုနှင့် လေ့ကျင့်ခန်းတွေကိုမှ လုပ်စရာမလိုဘဲ ကိုယ်အလေးချိန်ကို လျော့ချနိုင်မှာဖြစ်ပါတယ်။

၁။ ရေသောက်ဖို့မမေ့ပါနဲ့။

ထမင်းမစားခင် နာရီဝက်အလိုမှာ ရေ တစ်ခွက်မှနှစ်ခွက်သောက်ပေးခြင်းက အကောင်းဆုံးပါပဲ။ ထိုသို့သောက်သုံးပေးခြင်းက ကိုယ်ခန္ဓာဇီဝဖြစ်စဉ်အတွက် ကောင်းမွန်ပြီး ဗိုက်ပြည့်သွားစေသောကြောင့် အစားနည်းနည်းပဲ စားမိစေမှာဖြစ်ပါတယ်။

၂။ မိမိ၏အစားအသောက်နှင့်ပတ်သက်ပြီး အာရုံထားပါ။

စားပွဲတွင်ထိုင်လိုက်သည်နှင့် အလျင်မလိုဘဲ၊ ပြဿနာတွေမတွေးဘဲ၊ တီဗွီမကြည့်ဘဲ၊ ဖုန်းမပြောဘဲ အစာစားသည်ကိုသာ ဂရုစိုက်ပေးပါ။ ဘာကိုဘယ်လိုစားသည်ကို အာရုံထားပါ။ ထိုနည်းလမ်းက အစားအရသာကို ရှင်းရှင်းလင်းလင်းမြည်းစမ်းနိုင်ရန် ကူညီပေးပြီး အစာနည်းနည်းစားအောင် ကူညီပေးနိုင်ပါတယ်။ သည့်အပြင် တတ်နိုင်သမျှ နှေးနှေးစားပါ။

၃။ ပန်းကန်အသေးနှင့်စားပါ။

အစားအစာပမာဏကို တွေးတောမိခြင်းမှ ရှောင်ရှားရန်အတွက် ပန်းကန်အသေးတွင်ဆံ့ဝင်သည့်ပမာဏကို စားသုံးခြင်းအကျင့်ကို ရယူပါ။

၄။ ပိုအိပ်ပါ။

အိပ်နေသည့်အခါ အစာစားမိခြင်းမှလည်း ရှောင်ရှားနိုင်ကာ ခန္ဓာကိုယ်ဇီဝဖြစ်စဉ်အပေါ် ကောင်းကျိုးသက်ရောက်နိုင်ကာ ကိုယ်ခန္ဓာကို ကျစ်ကျစ်လျစ်လျစ်ရှိစေပါတယ်။ သည့်အပြင် အိပ်နေစဉ်အတွင်း တစ်နာရီလျှင် ကယ်လိုရီပေါင်း ၅၀ မှ ၁၀၀ အထိကို လောင်ကျွမ်းပေးပါတယ်။

၅။ သွားတိုက်ပေးပါ။

ထမင်းစားပြီးတိုင်း သွားတိုက်သည့်အကျင့်ကို လုပ်ဆောင်ပေးခြင်းသည် အစာထပ်စားခြင်းမှ ကာကွယ်ပေးကာ ပါးစပ်အတွင်းစွဲကျန်နေသည့် သွားတိုက်ဆေးအရသာကြောင့် အစားအစာများကို အရသာပျက်သွားစေနိုင်ပါတယ်။

၆။ ရယ်မောပါ။

သုတေသီများ၏ဖော်ပြချက်အရ ရယ်မောချိန်တွင် သုံးစွဲသည့်စွမ်းအင်ပမာဏသည် အနားယူချိန်ထက် ၂၀ ရာခိုင်နှုန်း ပိုမိုတိုးတက်စေနိုင်ပြီး ဝမ်းဗိုက်ပိုင်းကြွက်သားများကို အလုပ်လုပ်စေသောကြောင့် ရယ်မောခြင်းဖြင့် လေ့ကျင့်ခန်းလုပ်ပေးပါ။

Credit : MyStyle

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top