iMyanmarHouse.com - Best Property Website for Myanmar
×

 အပူပိုင္းေဒသေတြမွာ ေပါက္ေရာက္တတ္တဲ႔ အသီးအႏွံတစ္မ်ိဳးျဖစ္တဲ႔ ဆီးျဖဴသီးထဲဲမွာ ခႏၶာကိုယ္အတြက္ လိုအပ္တဲ႔ က်န္းမာေရးအက်ိဳးေက်းဇူးေတြ အမ်ားႀကီးပါရွိပါတယ္။

ဆီးျဖဴသီးဟာ ခႏၶာကုိယ္အတြက္ မရွိမျဖစ္ ဗိုက္တာမင္၊ ကယ္လ္ဆီယမ္နဲ႔ သံဓာတ္ေတြ အမ်ားႀကီးပါဝင္တဲ႔ အသီးအႏွံတစ္မ်ိဳး ျဖစ္ပါတယ္။ အပူပိုင္းေဒသေတြမွာ ေပါက္ေရာက္တတ္တဲ႔ အသီးအႏွံတစ္မ်ိဳးျဖစ္တဲ႔ ဆီးျဖဴသီးထဲဲမွာ ခႏၶာကိုယ္အတြက္ လိုအပ္တဲ႔ က်န္းမာေရးအက်ိဳးေက်းဇူးေတြ အမ်ားႀကီးပါရွိပါတယ္။

က်န္းမာေရးအက်ိဳးေက်းဇူးမ်ား

ဆီးျဖဴသီးရဲ႕ က်န္းမာေရးအက်ိဳးေက်းဇူးေတြကေတာ႔ ပံုမွန္စားေပးမယ္ဆိုရင္ ဝိတ္က်ေစတယ္။ ဝမ္းခ်ဳပ္ေရာဂါကို ေပ်ာက္ကင္းသက္သာေစတယ္။ လည္ေခ်ာင္းထဲက ခြ်ဲသလိပ္ေတြကို ရွင္းလင္းေပးသလို လည္ေခ်ာင္းယားျခင္း၊ လည္ေခ်ာင္းနာျခင္းေတြကိုလည္း သက္သာေစတယ္။ ေသြးေၾကာထဲက ေသြးေတြကိုလည္း သန္႕စင္ေပးတယ္။ ေနာက္ၿပီး ဆီးျဖဴသီးဟာ ျဖဴစင္ေခ်ာေမြ႕တဲ႔ အသားအေရေလးကို ပိုင္ဆိုင္ႏိုင္ဖို႔အတြက္ သဘာဝသန္႔စင္ေဆးတစ္မ်ိဳးလည္း ျဖစ္ပါတယ္။

ဆံသားက်န္းမာေရးအတြက္

ပိုးသားေလးလို လွပေခ်ာေမြ႕တဲ႔ ဆံေကသာေလးကို မႏွစ္သက္တဲ႔လူ မရွိပါဘူး။ ဆံသားက်န္းမာေရးအတြက္ ဆီးျဖဴသီးရဲ႕ ေကာင္းက်ိဳးေတြအမ်ားႀကီးရွိပါတယ္။ ဆီးျဖဴသီးနဲ႔ ျပဳလုပ္ထားတဲ႔ အဆီဟာ ဆံပင္ေလးေတြကို အျမစ္ကေန အရင္းထိ သန္စြမ္းေစပါတယ္။ ေနာက္ၿပီး ဆံသားေလးေတြေပၚမွာ ကပ္ညိေနတဲ႔ ေဗာက္ျဖဴျဖဴေလးေတြကို တိုက္ဖ်က္ေပးႏိုင္ပါတယ္။ ဒါ႔အျပင္ ဆံပင္ျဖဴတဲ႔ ပုဂၢိဳလ္ေတြ ရွိရင္လည္း ဆီးျဖဴသီးအဆီကို လိမ္းေပးမယ္ဆိုရင္ အရင္အတိုင္း ဆံသားေလးေတြ ျပန္လည္မဲနက္လာမွာပါ။

အသားအေရအတြက္

ဆီးျဖဴသီးစားေပးျခင္းဟာ ေသြးသားကို သန္႔စင္ေစႏိုင္တဲ႔အတြက္ အေရျပားအေပၚက အေရျပားဆဲလ္ေသေတြကိုလည္း ဖယ္ရွားေပးႏိုင္တာ အမွန္ပါပဲ။ အေရျပားေပၚက ဆဲလ္ေသ၊ ဆဲလ္ေဟာင္းေတြကို ဖယ္ရွားေပးၿပီး သန္႔စင္တဲ႔ ဆဲလ္သစ္ေတြကို ျဖစ္ေပၚလာေစပါတယ္။ ဆီးျဖဴသီးမွာ ပါဝင္တဲ႔ အာဟာရဓာတ္ေတြဟာ အေရျပားေနေလာင္ဒဏ္ကိုလည္း ဖယ္ရွားေပးႏိုင္ၿပီး အသားအေရကို မူလအတိုင္း ျပန္လည္ျဖဴစင္လာေစႏိုင္ပါတယ္။

ဆီးျဖဴသီးရဲ႕ ေကာင္းက်ိဳးေနာက္တစ္ခုကေတာ႔ အေရျပားအိုမင္းရင္႔ေရာ္ျခင္းကို ေႏွးေကြးေစႏိုင္တာပါပဲ။ ဒါ႕အျပင္ ေဟာ္မုန္း ေျပာင္းလဲမႈေၾကာင္႔ ဝက္ျခံေတြ အေပါက္မ်ားေနတဲ႔ သူေတြဆိုရင္လည္း ဆီးျဖဴသီးစားေပးရင္ ဝက္ျခံကင္းစင္လာေစႏိုင္မွာပါ။

ခႏၶာကုိယ္အတြက္

ခႏၶာကိုယ္ထဲကို ထိုးေဖာက္ဝင္ေရာက္ဖို႔ ႀကိဳးစားေနတဲ႔ ကူးစက္ေရာဂါပိုးေတြနဲ႔ ဗိုင္းရပ္စ္ပိုးမႊားေတြကို တိုက္ဖ်က္ရာမွာ အေရးပါတာကေတာ႔ ကိုယ္ခံအားစနစ္ပါ။ အဲဒီကိုယ္ခံအားစနစ္ ေကာင္းမြန္ေအာင္ ကူညီေပးရာမွာလည္း ဆီးျဖဴသီးက ေတာ္ေတာ္ေလး အသံုးဝင္ပါတယ္။

ဒါ႔အျပင္ ဆီးျဖဴသီးကို ေဖ်ာ္ရည္လုပ္ၿပီး ရံဖန္ရံခါ ေသာက္သံုးေပးမယ္ဆိုရင္လည္း စိတ္ဖိစီးမႈေတြကို ေလ်ာ႔ပါးသက္သာ ေစႏိုင္ပါတယ္။ ဒါတင္မကေသးပါဘူး။ ဆီးျဖဴသီးေဖ်ာ္ရည္က အစာေျခစနစ္ ပိုမိုေကာင္းမြန္ေအာင္လည္း ကူညီေပးႏိုင္ပါေသးတယ္။ ေနာက္တစ္ခုကေတာ႔ ဆီးျဖဴသီးဟာ အသက္ရွဴလမ္းေၾကာင္းဆိုင္ရာ ေဝဒနာရွင္ေတြနဲ႔လည္း တည္႔ပါတယ္။

Source: Youngisthan

Credit : Duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
 အပူပိုင်းဒေသတွေမှာ ပေါက်ရောက်တတ်တဲ့ အသီးအနှံတစ်မျိုးဖြစ်တဲ့ ဆီးဖြူသီးထဲမှာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေ အများကြီးပါရှိပါတယ်။

ဆီးဖြူသီးဟာ ခန္ဓာကိုယ်အတွက် မရှိမဖြစ် ဗိုက်တာမင်၊ ကယ်လ်ဆီယမ်နဲ့ သံဓာတ်တွေ အများကြီးပါဝင်တဲ့ အသီးအနှံတစ်မျိုး ဖြစ်ပါတယ်။ အပူပိုင်းဒေသတွေမှာ ပေါက်ရောက်တတ်တဲ့ အသီးအနှံတစ်မျိုးဖြစ်တဲ့ ဆီးဖြူသီးထဲမှာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေ အများကြီးပါရှိပါတယ်။

ကျန်းမာရေးအကျိုးကျေးဇူးများ

ဆီးဖြူသီးရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကတော့ ပုံမှန်စားပေးမယ်ဆိုရင် ဝိတ်ကျစေတယ်။ ဝမ်းချုပ်ရောဂါကို ပျောက်ကင်းသက်သာစေတယ်။ လည်ချောင်းထဲက ချွဲသလိပ်တွေကို ရှင်းလင်းပေးသလို လည်ချောင်းယားခြင်း၊ လည်ချောင်းနာခြင်းတွေကိုလည်း သက်သာစေတယ်။ သွေးကြောထဲက သွေးတွေကိုလည်း သန့်စင်ပေးတယ်။ နောက်ပြီး ဆီးဖြူသီးဟာ ဖြူစင်ချောမွေ့တဲ့ အသားအရေလေးကို ပိုင်ဆိုင်နိုင်ဖို့အတွက် သဘာဝသန့်စင်ဆေးတစ်မျိုးလည်း ဖြစ်ပါတယ်။

ဆံသားကျန်းမာရေးအတွက်

ပိုးသားလေးလို လှပချောမွေ့တဲ့ ဆံကေသာလေးကို မနှစ်သက်တဲ့လူ မရှိပါဘူး။ ဆံသားကျန်းမာရေးအတွက် ဆီးဖြူသီးရဲ့ ကောင်းကျိုးတွေအများကြီးရှိပါတယ်။ ဆီးဖြူသီးနဲ့ ပြုလုပ်ထားတဲ့ အဆီဟာ ဆံပင်လေးတွေကို အမြစ်ကနေ အရင်းထိ သန်စွမ်းစေပါတယ်။ နောက်ပြီး ဆံသားလေးတွေပေါ်မှာ ကပ်ညိနေတဲ့ ဗောက်ဖြူဖြူလေးတွေကို တိုက်ဖျက်ပေးနိုင်ပါတယ်။ ဒါ့အပြင် ဆံပင်ဖြူတဲ့ ပုဂ္ဂိုလ်တွေ ရှိရင်လည်း ဆီးဖြူသီးအဆီကို လိမ်းပေးမယ်ဆိုရင် အရင်အတိုင်း ဆံသားလေးတွေ ပြန်လည်မဲနက်လာမှာပါ။

အသားအရေအတွက်

ဆီးဖြူသီးစားပေးခြင်းဟာ သွေးသားကို သန့်စင်စေနိုင်တဲ့အတွက် အရေပြားအပေါ်က အရေပြားဆဲလ်သေတွေကိုလည်း ဖယ်ရှားပေးနိုင်တာ အမှန်ပါပဲ။ အရေပြားပေါ်က ဆဲလ်သေ၊ ဆဲလ်ဟောင်းတွေကို ဖယ်ရှားပေးပြီး သန့်စင်တဲ့ ဆဲလ်သစ်တွေကို ဖြစ်ပေါ်လာစေပါတယ်။ ဆီးဖြူသီးမှာ ပါဝင်တဲ့ အာဟာရဓာတ်တွေဟာ အရေပြားနေလောင်ဒဏ်ကိုလည်း ဖယ်ရှားပေးနိုင်ပြီး အသားအရေကို မူလအတိုင်း ပြန်လည်ဖြူစင်လာစေနိုင်ပါတယ်။

ဆီးဖြူသီးရဲ့ ကောင်းကျိုးနောက်တစ်ခုကတော့ အရေပြားအိုမင်းရင့်ရော်ခြင်းကို နှေးကွေးစေနိုင်တာပါပဲ။ ဒါ့အပြင် ဟော်မုန်း ပြောင်းလဲမှုကြောင့် ဝက်ခြံတွေ အပေါက်များနေတဲ့ သူတွေဆိုရင်လည်း ဆီးဖြူသီးစားပေးရင် ဝက်ခြံကင်းစင်လာစေနိုင်မှာပါ။

ခန္ဓာကိုယ်အတွက်

ခန္ဓာကိုယ်ထဲကို ထိုးဖောက်ဝင်ရောက်ဖို့ ကြိုးစားနေတဲ့ ကူးစက်ရောဂါပိုးတွေနဲ့ ဗိုင်းရပ်စ်ပိုးမွှားတွေကို တိုက်ဖျက်ရာမှာ အရေးပါတာကတော့ ကိုယ်ခံအားစနစ်ပါ။ အဲဒီကိုယ်ခံအားစနစ် ကောင်းမွန်အောင် ကူညီပေးရာမှာလည်း ဆီးဖြူသီးက တော်တော်လေး အသုံးဝင်ပါတယ်။

ဒါ့အပြင် ဆီးဖြူသီးကို ဖျော်ရည်လုပ်ပြီး ရံဖန်ရံခါ သောက်သုံးပေးမယ်ဆိုရင်လည်း စိတ်ဖိစီးမှုတွေကို လျော့ပါးသက်သာ စေနိုင်ပါတယ်။ ဒါတင်မကသေးပါဘူး။ ဆီးဖြူသီးဖျော်ရည်က အစာခြေစနစ် ပိုမိုကောင်းမွန်အောင်လည်း ကူညီပေးနိုင်ပါသေးတယ်။ နောက်တစ်ခုကတော့ ဆီးဖြူသီးဟာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ဝေဒနာရှင်တွေနဲ့လည်း တည့်ပါတယ်။

Source: Youngisthan

Credit : Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top