iMyanmarHouse.com - Best Property Website for Myanmar
×
၂။ ရေနွေးအသုံးပြုပါ။
Credit : MyStyle
ယခင်အချိန်များက အဖြူရောင်ကို ဝတ်ဆင်ရသည့်ရက်သတ်မှတ်ချက်များရှိသော်လည်း ယနေ့အချိန်တွင် ဝမ်းဆက်ဖက်ရှင်အနေဖြင့် အဖြူရောင်ကို လွတ်လွတ်လပ်လပ် ဝတ်ဆင်နိုင်နေပါပြီ။ သို့ရာတွင် အဖြူရောင်အဝတ်အစားများသည် အခြားအရောင်အသွေးရှိ အဝတ်အထည်များနှင့် မတူဘဲ အင်မတန်ဂရုတစိုက် လျှော်ဖွပ်သိမ်းဆည်းရပါတယ်။ သို့သော်လည်း ယနေ့အထိအဖြူရောင်အဝတ်အစားများကို မည်သို့မည်ပုံလျှော်ဖွပ်ရသည်ကို မသိသေးသောသူများအတွက် ယခုဖော်ပြမည့် အဆင့်လေးဆင့်ကိုအသုံးပြုပြီး လွယ်ကူစွာလျှော်ဖွပ်နိုင်မှာဖြစ်ပါတယ်။
၁။ အဝတ်အစားများကိုခွဲထုတ်ပါ။
လွယ်ကူမြန်ဆန်စေရန်အတွက် အဝတ်လျှော်သည့်အခါ အဝတ်အစားအကုန်လုံးကို စုပြုံပြီးပေါင်းထည့်လိုက်နိုင်သော်လည်း အဖြူရောင်အထည်များကို သီးသန့်ခွဲထုတ်ပြီး သန့်စင်လျှော်ဖွပ်ပေးခြင်းက တမူထူး၍ သန့်ရှင်းတောက်ပြောင်လာစေမှာဖြစ်ပါတယ်။
၂။ ရေနွေးအသုံးပြုပါ။
အဖြူရောင်အဝတ်အစားများကို လျှော်ဖွပ်ခြင်းသည် အရောင်ကျွတ်ခြင်း၊ အရောင်ပြယ်ခြင်းတို့ မဖြစ်ပေါ်လာစေသောကြောင့် ရေပူလေ အစွန်းအထင်းများကို ပိုမိုဖယ်ရှားနိုင်လေပဲဖြစ်ပါတယ်။ သို့ရာတွင်လည်း အညွှန်းများကို ကြိုတင်ဖတ်ထားခြင်းက မမှားပါဘူး။
၃။ အရောင်တက်စေသောဆပ်ပြာမှုန့်ကိုသုံးစွဲပါ။
ထိုဆပ်ပြာမှုန့်များတွင် ဓာတုပစ္စည်းများပိုမိုပါဝင်သောကြောင့် ညစ်ပေနေသော အစွန်းအထင်းများကို ထိထိရောက်ရောက်ဖယ်ရှားပေးနိုင်ကာ အဝတ်အထည်များကို ဝင်းလက်တောက်ပလာစေမှာဖြစ်ပါတယ်။
၄။ သဘာဝအတိုင်းအခြောက်ခံပါ။
နေပူထဲတွင် ထုတ်လှန်းထားခြင်းသည် ခရမ်းလွန်ရောင်ခြည်များမှ အဝတ်အထည်များကို သဘာဝအတိုင်း အရောင်တက်စေရုံသာမက နူးညံ့သောအသားရှိသည့် အဝတ်အစားများကိုလည်း အညှင်သာဆုံးဖြင့် ခြောက်သွေ့စေသော နည်းလမ်းတစ်ခုပဲဖြစ်ပါတယ်။
Credit : MyStyle
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top