iMyanmarHouse.com - Best Property Website for Myanmar
×

ေသြးတိုးတယ္ဆိုတာက ႏွလံုးကိုထိခိုက္ေစႏိုင္တဲ့ အႏၱရာယ္ရွိတဲ့အေျခအေနတစ္ရပ္ျဖစ္ပါတယ္။ ကမာၻတလႊားမွာ ေသြးတိုးေရာဂါခံစားေနရသူ ဦးေရက ၁ ဘီလ်ံေလာက္ရွိေနျပီး ေသြးတိုးေရာဂါကို ဂရုတစိုက္ထိန္သိမ္းမႈမရွိဘူးဆိုရင္ ႏွလံုးေရာဂါနဲ႔ ေလျဖတ္ေဝဒနာခံစားရႏိုင္ေျခကို တိုးေစႏိုင္ပါတယ္။

ေသြးေပါင္ခ်ိန္က ရက္သတၱပတ္ေတာ္ေတာ္ၾကာတဲ့အထိ အေပၚေသြး ၁၄၀ နဲ႔ ေအာက္ေသြး ၉၀ မွာတန္႔ေနမယ္ဆိုရင္ ေသြးတိုးေရာဂါျဖစ္ေနျပီဆိုရပါမယ္။

ဘဝေနထိုင္မႈပံုစံက ေသြးတိုးေရာဂါကို ကုသရာမွာ အေရးပါတဲ့အခန္းက႑ကေန ပါဝင္ေနပါတယ္။ ေသြးတိုးတာကို က်န္းမာတဲ့ဘဝေနထိုင္မႈပံုစံနဲ႔ ေကာင္းေကာင္းထိန္းခ်ဳပ္ႏိုင္မယ္ဆိုရင္ ေဆးကုသမႈခံယူရမယ့္ အေနအထားကို ေရွာင္ရွားေလွ်ာ့ခ်ႏိုင္မွာျဖစ္ပါတယ္။
ေသြးတိုးေစႏိုင္တဲ့အေၾကာင္းရင္းခံမ်ား

    ဆားအစားမ်ားတာ
    သစ္သီးနဲ႔ ဟင္းသီးဟင္းရြက္ေတြ စားသံုးမႈနည္းတာ
    လံုေလာက္တဲ့ကိုယ္လက္လႈပ္ရွားမႈ မရွိတာ
    အဝလြန္တာ
    အရက္အလြန္အကၽြံေသာက္သံုးတာ၊

ေသြးတိုးက်ေစႏိုင္မယ့္ ရိုးစင္းတဲ့ နည္းလမ္း ၅ မ်ိဳးကို ေဖာ္ျပေပးလိုပါတယ္။

(၁) လမ္းေလွ်ာက္ပါ၊ ေလ့က်င့္ခန္း မွန္မွန္လုပ္ပါ။

ကို္ယ္လက္ေလ့က်င့္ခန္းလုပ္တာက ေသြးတိုးက်ေစမယ့္ အေကာင္းဆံုးေသာ နည္းလမ္းေတြထဲက တစ္ခုပါ။  ေလ့က်င့္ခန္းမွန္မွန္လုပ္ေပးမႈက ႏွလံုးက်န္းမာသန္စြမ္းေစဖို႔ အေထာက္အကူျပဳေပးႏိုင္သလို ေသြးေၾကာေတြ ထဲကေသြးဖိအားကို က်ဆင္းေစႏိုင္ဖို႔အတြက္ ႏွလံုးေသြးညွစ္ထုတ္မႈကို ပိုမိုေကာင္းမြန္ေစပါတယ္။ ေသြးတိုးက်ေစဖို႔ နဲ႔ႏွလံုးက်န္းမာသန္စြမ္းေစဖို႔အတြက္ တစ္ပတ္ကို မိနစ္ ၁၅၀ ေလာက္ လမ္းေလွ်ာက္ေပးတာ၊ နဲ႔ ၇၅ မိနစ္ ေလာက္ ေျပးတာမ်ိဳး လုပ္ေဆာင္ေပးပါ။

(၂) က်န္းမာေရးနဲ႔ ညီညြတ္မွ်တစြာ စားသံုးေပးပါ။

ေကာက္ႏွံေတြ၊သစ္သီးေတြ၊ ဟင္းသီးဟင္းရြက္ေတြနဲ႔ အဆီပါဝင္မႈနည္းတဲ့ ႏို႔ထြက္ပစၥည္းေတြၾကြယ္ဝစြာ ပါဝင္ျပီး  ျပည့္ဝဆီနဲ႔ ကိုလက္စထေရာပါဝင္မႈနည္းတဲ့  က်န္းမာေရးနဲ႔ညီညြတ္တဲ့ အစားအစာေတြကို စားသံုးေပးတာက ေသြးတိုးက်ေအာင္ အေထာက္အကူျပဳပါတယ္။ ပိုတက္ဆီယမ္ကလည္း ေသြးတိုးက်ေစႏိုင္တာေၾကာင့္ ေန႔စဥ္ စားသံုးတဲ့အစားအေသာက္ေတြထဲမွာ ပိုတက္ဆီယမ္ဓာတ္ၾကြယ္ဝတဲ့ သစ္သီးေတြနဲ႔ဟင္းသီးဟင္းရြက္ေတြ ပါဝင္ေအာင္ ထည့္သြင္းစားသံုးေပးပါ။ ေခ်ာကလက္အနက္ေရာင္ စားသံုးေပးတာကလည္း ေသြးတိုးက်ေစႏိုင္ပါတယ္။

(၃) ဆိုဒီယမ္(ဆား) စားသံုးမႈ ေလွ်ာ့ပါ။

ဆား စားသံုးမႈက ေသြးတိုးတာ၊ႏွလံုးေရာဂါနဲ႔ေလျဖတ္တာလိုမ်ိဳး ေဝဒနာေတြနဲ႔ ဆက္စပ္ေနပါတယ္။  ေသြးတိုးရွိ ေနတယ္ဆိုရင္ ဆားေလွ်ာ့စားပါ။ သိသာတဲ့တိုးတက္မႈ ေတြ႔ရွိရပါလိမ့္မယ္။

(၄) ကိုယ္အေလးခ်ိန္ ေလွ်ာ့ပါ။

အရမ္းဝေနရင္ ကိုယ္အေလးခ်ိန္က်သြားေအာင္ လုပ္ေဆာင္ၾကည့္လိုက္ပါ။ ကိုယ္အေလးခ်ိန္က်သြားတဲ့အခါ  ႏွလံုးက်န္းမာေရးက သိသိသာသာ တိုးတက္ေကာင္းမြန္လာတာကို ေတြ႔ရွိရမွာျဖစ္ပါတယ္။ ကိုယ္အေလးခ်ိန္ ေလွ်ာ့ခ်မႈက ေသြးေၾကာေတြရဲ႕က်ဳံ႕မႈဆန္႔မႈကို ပိုမိုေကာင္းမြန္ေစမွာျဖစ္ျပီး ေသြးတိုးတာကိုလည္း သိသိသာသာ က်ဆင္းေစမွာျဖစ္ပါတယ္။

(၅) စိတ္ဖိစီးမႈကို ထိန္းခ်ဳပ္ေျဖရွင္းႏိုင္ဖို႔ လုပ္ေဆာင္ပါ။

စိတ္ဖိစီးတာက ေသြးတိုးေစတဲ့ အဓိကအေၾကာင္းရင္းခံ တစ္ရပ္ျဖစ္ပါတယ္။ စိတ္ဖိစီးမႈကို တာရွည္ခံစားလာရတဲ့အခါ ႏွလံုးခုန္ႏႈန္းက ျမန္လာျပီး ေသြးေၾကာေတြ တင္းက်ပ္လာပါတယ္။ စိတ္ဖိစီးမႈမ်ားလာတဲ့အခါ အရက္ အလြန္အကၽြံေသာက္သံုးတာ၊ က်န္းမာေရးနဲ႔ညီညြတ္မႈမရွိတဲ့ အစားအေသာက္ေတြကိုစားသံုးတာလိုမ်ိဳး  ေသြးတိုးေစႏိုင္တဲ့ အျပဳအမူေတြကို ပိုမိုလုပ္ေဆာင္မိလာႏိုင္ပါတယ္။

ေလ့လာမႈေတာ္ေတာ္မ်ားမ်ားမွာ စိတ္ဖိစီးမႈကိုေျဖေလ်ာ့တာက ေသြးတိုးက်ေစႏိုင္တယ္လို႔ ေတြ႔ရွိခဲ့ပါတယ္။ ေသြးတိုးက်ေစဖို႔အတြက္ စိတ္ဖိစီးမႈေျပေလ်ာ့သြားေအာင္လုပ္ေဆာင္ႏိုင္မယ့္ အေျခခံက်တဲ့ အခ်က္ ၂ ခ်က္  ကေတာ့ သီခ်င္းေအးေအးေလးေတြ နားေထာင္ေပးတာနဲ႔ အလုပ္လုပ္ရာမွာ မႏိုင္ဝန္ထမ္းတာမ်ိဳး မလုပ္မိဖို႔ပဲ  ျဖစ္ပါတယ္။

အထက္ပါအခ်က္ေတြကို လုပ္ေဆာင္ၾကည့္ျပီး ေသြးတိုးက်ေအာင္လုပ္ေဆာင္ႏိုင္ပါတယ္။

Credit : Mizzima
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
သွေးတိုးတယ်ဆိုတာက နှလုံးကိုထိခိုက်စေနိုင်တဲ့ အန္တရာယ်ရှိတဲ့အခြေအနေတစ်ရပ်ဖြစ်ပါတယ်။ ကမ္ဘာတလွှားမှာ သွေးတိုးရောဂါခံစားနေရသူ ဦးရေက ၁ ဘီလျံလောက်ရှိနေပြီး သွေးတိုးရောဂါကို ဂရုတစိုက်ထိန်သိမ်းမှုမရှိဘူးဆိုရင် နှလုံးရောဂါနဲ့ လေဖြတ်ဝေဒနာခံစားရနိုင်ခြေကို တိုးစေနိုင်ပါတယ်။

သွေးပေါင်ချိန်က ရက်သတ္တပတ်တော်တော်ကြာတဲ့အထိ အပေါ်သွေး ၁၄၀ နဲ့ အောက်သွေး ၉၀ မှာတန့်နေမယ်ဆိုရင် သွေးတိုးရောဂါဖြစ်နေပြီဆိုရပါမယ်။

ဘဝနေထိုင်မှုပုံစံက သွေးတိုးရောဂါကို ကုသရာမှာ အရေးပါတဲ့အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ သွေးတိုးတာကို ကျန်းမာတဲ့ဘဝနေထိုင်မှုပုံစံနဲ့ ကောင်းကောင်းထိန်းချုပ်နိုင်မယ်ဆိုရင် ဆေးကုသမှုခံယူရမယ့် အနေအထားကို ရှောင်ရှားလျှော့ချနိုင်မှာဖြစ်ပါတယ်။
သွေးတိုးစေနိုင်တဲ့အကြောင်းရင်းခံများ

    ဆားအစားများတာ
    သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေ စားသုံးမှုနည်းတာ
    လုံလောက်တဲ့ကိုယ်လက်လှုပ်ရှားမှု မရှိတာ
    အဝလွန်တာ
    အရက်အလွန်အကျွံသောက်သုံးတာ၊

သွေးတိုးကျစေနိုင်မယ့် ရိုးစင်းတဲ့ နည်းလမ်း ၅ မျိုးကို ဖော်ပြပေးလိုပါတယ်။

(၁) လမ်းလျှောက်ပါ၊ လေ့ကျင့်ခန်း မှန်မှန်လုပ်ပါ။

ကိုယ်လက်လေ့ကျင့်ခန်းလုပ်တာက သွေးတိုးကျစေမယ့် အကောင်းဆုံးသော နည်းလမ်းတွေထဲက တစ်ခုပါ။  လေ့ကျင့်ခန်းမှန်မှန်လုပ်ပေးမှုက နှလုံးကျန်းမာသန်စွမ်းစေဖို့ အထောက်အကူပြုပေးနိုင်သလို သွေးကြောတွေ ထဲကသွေးဖိအားကို ကျဆင်းစေနိုင်ဖို့အတွက် နှလုံးသွေးညှစ်ထုတ်မှုကို ပိုမိုကောင်းမွန်စေပါတယ်။ သွေးတိုးကျစေဖို့ နဲ့နှလုံးကျန်းမာသန်စွမ်းစေဖို့အတွက် တစ်ပတ်ကို မိနစ် ၁၅၀ လောက် လမ်းလျှောက်ပေးတာ၊ နဲ့ ၇၅ မိနစ် လောက် ပြေးတာမျိုး လုပ်ဆောင်ပေးပါ။

(၂) ကျန်းမာရေးနဲ့ ညီညွတ်မျှတစွာ စားသုံးပေးပါ။

ကောက်နှံတွေ၊သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေနဲ့ အဆီပါဝင်မှုနည်းတဲ့ နို့ထွက်ပစ္စည်းတွေကြွယ်ဝစွာ ပါဝင်ပြီး  ပြည့်ဝဆီနဲ့ ကိုလက်စထရောပါဝင်မှုနည်းတဲ့  ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတွေကို စားသုံးပေးတာက သွေးတိုးကျအောင် အထောက်အကူပြုပါတယ်။ ပိုတက်ဆီယမ်ကလည်း သွေးတိုးကျစေနိုင်တာကြောင့် နေ့စဉ် စားသုံးတဲ့အစားအသောက်တွေထဲမှာ ပိုတက်ဆီယမ်ဓာတ်ကြွယ်ဝတဲ့ သစ်သီးတွေနဲ့ဟင်းသီးဟင်းရွက်တွေ ပါဝင်အောင် ထည့်သွင်းစားသုံးပေးပါ။ ချောကလက်အနက်ရောင် စားသုံးပေးတာကလည်း သွေးတိုးကျစေနိုင်ပါတယ်။

(၃) ဆိုဒီယမ်(ဆား) စားသုံးမှု လျှော့ပါ။

ဆား စားသုံးမှုက သွေးတိုးတာ၊နှလုံးရောဂါနဲ့လေဖြတ်တာလိုမျိုး ဝေဒနာတွေနဲ့ ဆက်စပ်နေပါတယ်။  သွေးတိုးရှိ နေတယ်ဆိုရင် ဆားလျှော့စားပါ။ သိသာတဲ့တိုးတက်မှု တွေ့ရှိရပါလိမ့်မယ်။

(၄) ကိုယ်အလေးချိန် လျှော့ပါ။

အရမ်းဝနေရင် ကိုယ်အလေးချိန်ကျသွားအောင် လုပ်ဆောင်ကြည့်လိုက်ပါ။ ကိုယ်အလေးချိန်ကျသွားတဲ့အခါ  နှလုံးကျန်းမာရေးက သိသိသာသာ တိုးတက်ကောင်းမွန်လာတာကို တွေ့ရှိရမှာဖြစ်ပါတယ်။ ကိုယ်အလေးချိန် လျှော့ချမှုက သွေးကြောတွေရဲ့ကျုံ့မှုဆန့်မှုကို ပိုမိုကောင်းမွန်စေမှာဖြစ်ပြီး သွေးတိုးတာကိုလည်း သိသိသာသာ ကျဆင်းစေမှာဖြစ်ပါတယ်။

(၅) စိတ်ဖိစီးမှုကို ထိန်းချုပ်ဖြေရှင်းနိုင်ဖို့ လုပ်ဆောင်ပါ။

စိတ်ဖိစီးတာက သွေးတိုးစေတဲ့ အဓိကအကြောင်းရင်းခံ တစ်ရပ်ဖြစ်ပါတယ်။ စိတ်ဖိစီးမှုကို တာရှည်ခံစားလာရတဲ့အခါ နှလုံးခုန်နှုန်းက မြန်လာပြီး သွေးကြောတွေ တင်းကျပ်လာပါတယ်။ စိတ်ဖိစီးမှုများလာတဲ့အခါ အရက် အလွန်အကျွံသောက်သုံးတာ၊ ကျန်းမာရေးနဲ့ညီညွတ်မှုမရှိတဲ့ အစားအသောက်တွေကိုစားသုံးတာလိုမျိုး  သွေးတိုးစေနိုင်တဲ့ အပြုအမူတွေကို ပိုမိုလုပ်ဆောင်မိလာနိုင်ပါတယ်။

လေ့လာမှုတော်တော်များများမှာ စိတ်ဖိစီးမှုကိုဖြေလျော့တာက သွေးတိုးကျစေနိုင်တယ်လို့ တွေ့ရှိခဲ့ပါတယ်။ သွေးတိုးကျစေဖို့အတွက် စိတ်ဖိစီးမှုပြေလျော့သွားအောင်လုပ်ဆောင်နိုင်မယ့် အခြေခံကျတဲ့ အချက် ၂ ချက်  ကတော့ သီချင်းအေးအေးလေးတွေ နားထောင်ပေးတာနဲ့ အလုပ်လုပ်ရာမှာ မနိုင်ဝန်ထမ်းတာမျိုး မလုပ်မိဖို့ပဲ  ဖြစ်ပါတယ်။

အထက်ပါအချက်တွေကို လုပ်ဆောင်ကြည့်ပြီး သွေးတိုးကျအောင်လုပ်ဆောင်နိုင်ပါတယ်။

Credit : Mizzima

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top