iMyanmarHouse.com - Best Property Website for Myanmar
×













Credit : ဦးချေယာ

January မွေးဖွားသူတွေဟာ ရိုးသားဖြောင့်မတ် မှန်ကန်သူများဖြစ်ကြသည်
အစွဲလမ်းကြီးကျသလို အနစ်နာခံချစ်တတ်ကြသည် ၊ သစ္စာကြီးကြသည်
အမြင်ကျယ်သူများဖြစ်ကြပြီး မေတ္တာရေးတွင် လေးနက်သူများဖြစ်သည်

February မွေးဖွားသူတွေဟာ အေးအေးဆေးဆေးနေတတ်သူများ ဖြစ်ကြသည်
အလွန်နားလည်ခွင့်လွှတ်တတ်သော  မေတ္တာရှင်များဖြစ်ကြသည်
အေးလွန်းတဲ့သူများဖြစ်၍ မချစ်တတ်သူ…ရေခဲတုံးများဟု အထင်ခံကြရသည်
ရှက်တတ်သူများလည်း ဖြစ်သည်

March မွေးဖွားသူတွေဟာ သံယောဇဉ်ကြီးမားသူများဖြစ်ပြီး အချော့ကြိုက် အပျော့ကြိုက်သူများဖြစ်သည် မိသားစု သူငယ်ချင်းတွေပေါ် အရမ်းတွယ်တာသည်
သစ္စားတရားကြီးမားသူများဖြစ်ပြီး မိမိရဲ့စကားတစ်ခွန်းကို တန်ဖိုးထား တာဝန်ယူတတ်သူများဖြစ်ကြသည်

April မွေးဖွားသူတွေဟာ တဇွတ်ထိုးလုပ်တတ်ကြပြီး စိတ်ဒေါသကြီးတတ်ကြသည် သံယောဇဉ်ကြီးမားတတ်ကြပြီး လူရိုးလူဖြောင့်များ ဖြစ်သည် အလွန်ချစ်တတ်ကြပြီး သူတစ်ပါးပေါ် အရမ်းကောင်းသူများဖြစ်သည် မေတ္တာရေးမှာ အပေးသမားများဖြစ်ကြသည် အချစ်ဦးနှင့်လွဲကြသည်

May မွေးဖွားသူတွေဟာ သူတစ်ပါးကို ကူညီတတ်ကြပြီး လေးစားတန်ဖိုးထားကြသည် ရဲတင်းပြတ်သားကြပြီး ထက်မြက်ကြသည်
အလွန်စိတ်ကူးယဉ်တတ်ကြသည် မိမိလေးစားသူကို နှစ်သက်ကျပေမယ့်…ကိုယ့်ကိုယ်ကိုသာ ပိုချစ်တတ်သူများဖြစ်သည်

June မွေးဖွားသူတွေဟာ စိတ်ကြီးသည် ဆတ်ဆတ်အထိမခံတတ်ကြပေ သူများပေါ်အလွန်ကောင်းပြီး မိမိပေါ်ဆိုးသူဆိုရင်
လှည့်တောင်မကြည့်တတ်ကြပေ စိတ်ပြောင်းလဲလွယ်ကူကြပြီး မိဘကို အချစ်ရေးထက်ဦးစားပေးကြသည်

July မွေးဖွားသူတွေဟာ အလွန်မျက်နှာစန်းပွင့်သူများဖြစ်ပြီး ပေးဆပ်ခွင့်လွှတ်တတ်ကြသည် ခေါင်းမာတတ်ခြင်း မာနကြီးတတ်ခြင်းတို့ကြောင့်
ဘဝအဖော်ကောင်းများ ဆုံးရှုံးကြသည် နှလုံးသားနှင့် ဦးနှောက်ကို ချင့်ချိန်အသုံးပြုသူများဖြစ်သည်

August မွေးဖွားသူတွေဟာ စိတ်ခံစားလွယ် နူးညံ့ထိခိုက်လွယ်သူများဖြစ်သည်
လူချစ်လူခင်ပေါကြပြီး ရည်မှန်းချက်ကြီးတတ်ကြသည် မိမိဘဝကို အနစ်နာ၍ ချစ်တတ်ကြသည်…ယုံစားလွယ်၍ မေတ္တာလှည့်စားခံကြရသည်

September မွေးဖွားသူတွေဟာ တစ်ယောက်ထဲ အေးဆေးနေတတ်ကြသည်
အရမ်းချစ်တတ်ပေမယ့် ခံစားချက်ကို မဖော်ပြတတ်သူများဖြစ်၍ အချစ်ကံခေကြသည် မှတ်ညဏ်ကောင်းကြသည်
အပျင်းမတ်တတ်၍ အရေးကြီးကိစ္စများ လက်လွှတ်ရတတ်သည်

October မွေးဖွားသူတွေဟာ အေးဆေးနေတတ်သူများဖြစ်ကြပြီး လျို့ဝှက်သိုသိပ်သူများဖြစ်ကြသည် ပြန်မပြောနားမထောင်သူများဖြစ်သလို တဇွတ်ထိုး လုပ်တတ်ကြသည် ဥပေက္ခာပြုနှလုံးသားကို ပိုင်ဆိုင်ထားကြသည်

November မွေးဖွားသူတွေဟာ အလွန်စာနာ သနားကြတတ်သူများဖြစ်ကြသည်
နှလုံးသားကို ဦးစားပေးကြသူများဖြစ်ပြီး စူးစူးစိုက်စိုက်ချစ်တတ်ကြသည်
မျက်နှာပွင့်ပြီး လူချစ်လူခင်ပေါကြသည် သူတစ်ပါးအပါ် အနိုင်ယူလိုကြသည်

December မွေးဖွားသူတွေဟာ အပေးသမားဖြစ်ကြပြီး ကိုယ်ချစ်ကို ဦးစားပေးကြသည် လွတ်လပ်မှုကိုမြတ်နိုးကြပြီး လေနှင်ရာ ရွက်လွှင့်ချင်သူများဖြစ်ကြသည် မနာလို ဝန်သိုခြင်းကင်းကြသည်…အလွယ်ယုံတတ်ကြသူများ ဖြစ်ကြသည်

Credit : ဦးချေယာ

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top