iMyanmarHouse.com - Best Property Website for Myanmar
×

ေရခဲေသတၱာထဲမွာ ေရခဲခဲဖို႔အတြက္ အပူခ်ိန္ မိုင္းနပ္စ္ျပသည္အထိ ေလွ်ာ့ခ်ဖို႔အတြက္ အေအးခန္းတစ္ခန္း ပါဝင္တတ္ပါတယ္။ ေရခဲတံုးဗန္း (ice cube tray) ေလးေတြထဲကို ေရျဖည့္ၿပီး အဲဒီအေအးခန္းထဲမွာ ထားလိုက္ရင္ အသင့္သံုးေရခဲတံုးေလးေတြကို ရ႐ွိေစႏိုင္ပါတယ္။ ဒါေပမဲ့ အဲဒီေရခဲတံုးဗန္းေလးေတြကို ေရခဲ ခဲဖို႔တစ္ခုတည္းအတြက္ အသံုးခ်လို႔ရတာ မဟုတ္ပါဘူး။ ေရခဲတံုးဗန္းေလးေတြကို အထာက်က် အသံုးခ်နည္းကေတာ့...

၁။ ေရခဲေကာ္ဖီတံုး

ေကာ္ဖီေအးကို မႀကိဳက္တဲ့သူ ဘယ္သူ႐ွိမလဲ။ ေကာ္ဖီေအးတစ္ခြက္က ပူေလာင္တဲ့ေန႔တစ္ေန႔ကို အေကာင္းဆံုးျဖတ္လန္းဖို႔အတြက္ လန္းဆန္းမႈနဲ႔ ကဖင္းဓာတ္ကို ျဖည့္စြမ္းေပးႏိုင္ပါတယ္။ ေကာ္ဖီေအးတစ္ခြက္ကို အထာက်က် ဖန္တီးခ်င္ရင္ေတာ့ ေကာ္ဖီကို မိမိစိတ္ႀကိဳက္အရင္ ေဖ်ာ္ၿပီးမွ ေရခဲတံုးဗန္းေလးထဲမွာ ေလာင္းထည့္ၿပီး ေရခဲေသတၱာ အေအးခန္းထဲမွာ အေအးခံထားလိုက္တာပါပဲ။ ေကာ္ဖီေလးေတြ ေရခဲတံုးဘဝေရာက္သြားေတာ့မွ ခြက္ထဲျပန္ထည့္ၿပီး မိမိစိတ္တိုင္းက် ေကာ္ဖီေအးကို ေဖ်ာ္စပ္ေသာက္သံုးႏိုင္ပါၿပီ။

၂။ detox ေရခဲတံုး

Detox water ဆိုတာ သစ္သီးဝလံအမ်ိဳးမ်ိဳးကို လွီးသင္ျဖတ္ေတာက္ၿပီး ေရပုလင္းထဲမွာ ေရာထည့္ထားတဲ့ ခႏၶာကိုယ္ထဲက အဆိပ္အေတာက္ေတြကို ကင္းစင္ေစတဲ့ ေဖ်ာ္ရည္တစ္မ်ိဳးျဖစ္ပါတယ္။ Detox water ေတြကို ေရခဲတံုးဗန္းထဲ ေလာင္းထည့္ၿပီး အေအးခံလိုက္တဲ့အခါ လွပၿပီး ခ်စ္စရာ detox ေရခဲတံုးေလးေတြကို ရ႐ွိႏိုင္ၿပီး detox ကို အထာက်က် ေသာက္သံုးႏိုင္တဲ့ နည္းလမ္းသစ္တစ္ခုေပါ့။

၃။ Sugar scrub ေရခဲတံုး

Sugar scrub ဆိုတာ အေရျပားေပၚက ဆဲလ္ေသေတြကို ဖယ္႐ွားရာမွာ အသံုးျပဳတဲ့ သဘာဝလိမ္းေဆးတစ္မ်ိဳးပါ။ Sugar scrub ေတြကို သံုးခါနီးမွ ျပဳလုပ္လို႔ရသလို ေရခဲတံုးဗန္းထဲထည့္ အေအးခံၿပီး လိုေတာ့မွ တစ္တံုးခ်င္းထုတ္ၿပီး အသံုးျပဳလို႔လည္း ရပါတယ္။ ဒီနည္းလမ္းေလးက အထာက်ၿပီး ထိေရာက္တဲ့ ဆဲလ္ေသဖယ္႐ွားနည္းေလးပါပဲ။

၄။ Smoothie ေရခဲတံုး

Smoothie ေတြကိုေဖ်ာ္ၿပီး ပိုေနရင္ သြန္ပစ္ရမွာ ႏွေမ်ာစရာႀကီး။ အဲဒီအခ်ိန္မ်ိဳးမွာ ေရခဲတံုးဗန္းထဲေလာင္းထည့္ၿပီး Smoothie ေရခဲတံုးေလးေတြကို ဖန္တီးထားလို႔ရပါတယ္။ ေနာက္ေန႔က်ရင္ ဘူးတစ္ဘူးထဲမွာ Smoothie ေရခဲတံုးေလးေတြကို ထည့္သြားရင္ ႐ံုးေရာက္ၿပီဆိုတာနဲ႔ ေရခဲတံုးေလးေတြ အရည္ေပ်ာ္ၿပီး အသင့္ေသာက္သံုးႏိုင္တဲ့ smoothie တစ္ခြက္ကို ရ႐ွိၿပီေပါ့။

၅။ ဘယ္ရီသီး ေရခဲတံုး

ဘယ္ရီသီးေတြကို ေရခဲေသတၱာထဲမွာ ဒီတိုင္းေလွာင္ထားရင္ ေရခဲေလာင္ၿပီး အရသာေပါ့သြားတာမ်ိဳး ၾကံဳရတတ္ပါတယ္။ ဒီလိုအျဖစ္မ်ိဳးကို ေ႐ွာင္႐ွားဖို႔အတြက္ စေတာ္ဘယ္ရီသီး၊ ရက္စ္ဘယ္ရီသီး၊ ဘလူးဘယ္ရီသီးစတဲ့ ဘယ္ရီသီးေတြကို အပိုင္းေလးေတြပိုင္းၿပီး ေရခဲဗန္းထဲမွာ ေရအနည္းငယ္နဲ႔ေရာေႏွာၿပီး အေအးခံထားလိုက္ပါ။ သံုးဖို႔လိုတဲ့အခ်ိန္မွ ထုတ္ယူလိုက္မယ္ဆိုရင္ လတ္ဆတ္တဲ့ ဘယ္ရီသီးေလးေတြကို ရ႐ွိမွာပါ။

Source: Food.ndtv

Credit : Duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ရေခဲသေတ္တာထဲမှာ ရေခဲခဲဖို့အတွက် အပူချိန် မိုင်းနပ်စ်ပြသည်အထိ လျှော့ချဖို့အတွက် အအေးခန်းတစ်ခန်း ပါဝင်တတ်ပါတယ်။ ရေခဲတုံးဗန်း (ice cube tray) လေးတွေထဲကို ရေဖြည့်ပြီး အဲဒီအအေးခန်းထဲမှာ ထားလိုက်ရင် အသင့်သုံးရေခဲတုံးလေးတွေကို ရရှိစေနိုင်ပါတယ်။ ဒါပေမဲ့ အဲဒီရေခဲတုံးဗန်းလေးတွေကို ရေခဲ ခဲဖို့တစ်ခုတည်းအတွက် အသုံးချလို့ရတာ မဟုတ်ပါဘူး။ ရေခဲတုံးဗန်းလေးတွေကို အထာကျကျ အသုံးချနည်းကတော့...

၁။ ရေခဲကော်ဖီတုံး

ကော်ဖီအေးကို မကြိုက်တဲ့သူ ဘယ်သူရှိမလဲ။ ကော်ဖီအေးတစ်ခွက်က ပူလောင်တဲ့နေ့တစ်နေ့ကို အကောင်းဆုံးဖြတ်လန်းဖို့အတွက် လန်းဆန်းမှုနဲ့ ကဖင်းဓာတ်ကို ဖြည့်စွမ်းပေးနိုင်ပါတယ်။ ကော်ဖီအေးတစ်ခွက်ကို အထာကျကျ ဖန်တီးချင်ရင်တော့ ကော်ဖီကို မိမိစိတ်ကြိုက်အရင် ဖျော်ပြီးမှ ရေခဲတုံးဗန်းလေးထဲမှာ လောင်းထည့်ပြီး ရေခဲသေတ္တာ အအေးခန်းထဲမှာ အအေးခံထားလိုက်တာပါပဲ။ ကော်ဖီလေးတွေ ရေခဲတုံးဘဝရောက်သွားတော့မှ ခွက်ထဲပြန်ထည့်ပြီး မိမိစိတ်တိုင်းကျ ကော်ဖီအေးကို ဖျော်စပ်သောက်သုံးနိုင်ပါပြီ။

၂။ detox ရေခဲတုံး

Detox water ဆိုတာ သစ်သီးဝလံအမျိုးမျိုးကို လှီးသင်ဖြတ်တောက်ပြီး ရေပုလင်းထဲမှာ ရောထည့်ထားတဲ့ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ကင်းစင်စေတဲ့ ဖျော်ရည်တစ်မျိုးဖြစ်ပါတယ်။ Detox water တွေကို ရေခဲတုံးဗန်းထဲ လောင်းထည့်ပြီး အအေးခံလိုက်တဲ့အခါ လှပပြီး ချစ်စရာ detox ရေခဲတုံးလေးတွေကို ရရှိနိုင်ပြီး detox ကို အထာကျကျ သောက်သုံးနိုင်တဲ့ နည်းလမ်းသစ်တစ်ခုပေါ့။

၃။ Sugar scrub ရေခဲတုံး

Sugar scrub ဆိုတာ အရေပြားပေါ်က ဆဲလ်သေတွေကို ဖယ်ရှားရာမှာ အသုံးပြုတဲ့ သဘာဝလိမ်းဆေးတစ်မျိုးပါ။ Sugar scrub တွေကို သုံးခါနီးမှ ပြုလုပ်လို့ရသလို ရေခဲတုံးဗန်းထဲထည့် အအေးခံပြီး လိုတော့မှ တစ်တုံးချင်းထုတ်ပြီး အသုံးပြုလို့လည်း ရပါတယ်။ ဒီနည်းလမ်းလေးက အထာကျပြီး ထိရောက်တဲ့ ဆဲလ်သေဖယ်ရှားနည်းလေးပါပဲ။

၄။ Smoothie ရေခဲတုံး

Smoothie တွေကိုဖျော်ပြီး ပိုနေရင် သွန်ပစ်ရမှာ နှမျောစရာကြီး။ အဲဒီအချိန်မျိုးမှာ ရေခဲတုံးဗန်းထဲလောင်းထည့်ပြီး Smoothie ရေခဲတုံးလေးတွေကို ဖန်တီးထားလို့ရပါတယ်။ နောက်နေ့ကျရင် ဘူးတစ်ဘူးထဲမှာ Smoothie ရေခဲတုံးလေးတွေကို ထည့်သွားရင် ရုံးရောက်ပြီဆိုတာနဲ့ ရေခဲတုံးလေးတွေ အရည်ပျော်ပြီး အသင့်သောက်သုံးနိုင်တဲ့ smoothie တစ်ခွက်ကို ရရှိပြီပေါ့။

၅။ ဘယ်ရီသီး ရေခဲတုံး

ဘယ်ရီသီးတွေကို ရေခဲသေတ္တာထဲမှာ ဒီတိုင်းလှောင်ထားရင် ရေခဲလောင်ပြီး အရသာပေါ့သွားတာမျိုး ကြုံရတတ်ပါတယ်။ ဒီလိုအဖြစ်မျိုးကို ရှောင်ရှားဖို့အတွက် စတော်ဘယ်ရီသီး၊ ရက်စ်ဘယ်ရီသီး၊ ဘလူးဘယ်ရီသီးစတဲ့ ဘယ်ရီသီးတွေကို အပိုင်းလေးတွေပိုင်းပြီး ရေခဲဗန်းထဲမှာ ရေအနည်းငယ်နဲ့ရောနှောပြီး အအေးခံထားလိုက်ပါ။ သုံးဖို့လိုတဲ့အချိန်မှ ထုတ်ယူလိုက်မယ်ဆိုရင် လတ်ဆတ်တဲ့ ဘယ်ရီသီးလေးတွေကို ရရှိမှာပါ။

Source: Food.ndtv

Credit : Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top