iMyanmarHouse.com - Best Property Website for Myanmar
×

မိန္းကေလးေတြ ဆိုတာကလည္း အသက္ႏွစ္ဆယ့္ ငါးႏွစ္ေက်ာ္ၿပီ ဆိုတာနဲ႔  အသားအေရမွာ အေျပာင္းအလဲေတြ ျဖစ္ၿပီး အသက္အရြယ္ရလာျခင္းရဲ႕ လကၡဏာေလးေတြ တရိပ္ရိပ္ေပၚလာပါၿပီ

သတို႔သမီးေလးေတြရဲ႕ ေန႔စဥ္သံုး ပစၥည္းေတြ ထဲမွာ Marry အခုေျပာျပမယ့္ ပစၥည္းေလးေတြ ပါဖို႔ သတိျပဳေပးပါေနာ္

သတို႔သမီးေလးတို႔ ဆိုတာက ပ်မ္းမွ်အားျဖင့္ အသက္ (၂၅)ႏွစ္ကေန (၃၀) အတြင္း ရွိတတ္ ၾကပါတယ္ေနာ္။ မိန္းကေလးေတြ ဆိုတာကလည္း အသက္ႏွစ္ဆယ့္ ငါးႏွစ္ေက်ာ္ၿပီ ဆိုတာနဲ႔  အသားအေရမွာ အေျပာင္းအလဲေတြ ျဖစ္ၿပီး အသက္အရြယ္ရလာျခင္းရဲ႕ လကၡဏာေလးေတြ တရိပ္ရိပ္ေပၚလာပါၿပီ။ ၿပံဳးလိုက္၊ ရယ္တိုက္တိုင္း ႏႈတ္ခမ္းေထာင့္စြန္း၊ မ်က္လံုးေထာင့္စြန္းေတြမွာ က်ီးေျခရာေလးေတြ ေပၚစျပဳေနပါၿပီ။

အသက္ (၂၅) ႏွစ္ ေရာက္ၿပီ ဆိုကတည္းက အသားအေရကို ဂ႐ုစိုက္ ထိန္းသိမ္းရပါေတာ့မယ္

ဒါေၾကာင့္ အၿမဲ ႏုပ်ိဳလွပတဲ့ အလွတရားကို ပိုင္ဆိုင္ႏိုင္ဖို႔ အသက္ (၂၅) ႏွစ္ ေရာက္ၿပီ ဆိုကတည္းက အသားအေရကို ဂ႐ုစိုက္ ထိန္းသိမ္းရပါေတာ့မယ္။ အထူးသျဖင့္ သတို႔သမီးေလာင္းေလးေတြပါ။ အသားအေရေလးက ႏုပ်ိဳတင္းရင္းေနမွ မိတ္ကပ္လိမ္းတဲ့အခါ ပိုၿပီး အဆင္ေျပေခ်ာေမြ႔လွပမွာ ျဖစ္လို႔ပါ။ ဒီေတာ့ သတို႔သမီးေလးေတြရဲ႕ ေန႔စဥ္သံုး ပစၥည္းေတြ ထဲမွာ Marry အခုေျပာျပမယ့္ ပစၥည္းေလးေတြ ပါဖို႔ သတိျပဳေပးပါေနာ္။

မ်က္ႏွာအသားအေရကို အားျဖည့္ေပးမယ့္ Serum

မ်က္ႏွာလိမ္း Serum ေတြကေတာ့ အသားအေရအတြက္ လိုအပ္တဲ့ အာဟာရဓာတ္ေတြကို ျဖည့္တင္းေပးတဲ့အျပင္ ေရဓာတ္ကိုလည္း ျဖည့္တင္းေပးႏိုင္ပါတယ္။ ဝက္ၿခံေတြ မျဖစ္ေအာင္ တားဆီးေပးၿပီး အသားအေရကိုလည္း ၾကည္လင္ေတာက္ပေစႏိုင္တဲ့ အစြမ္း သတၱိေတြ ရွိပါတယ္။ အေရျပားဆဲလ္ေတြကို အားျဖည့္ေပးတဲ့အတြက္ အသားအေရ ျပႆနာေတြကို အလြယ္တကူ မျဖစ္ေစႏိုင္ပါဘူး။

မ်က္ဝန္းတစ္ဝိုက္ အေရးအေၾကာင္းေတြကို တားဆီးေပးမယ့္ Eye Cream

မ်က္ႏွာ တစ္ျပင္လံုးမွာ မ်က္လံုးတစ္ဝိုက္ အေရျပားက အႏူးညံ့ဆံုးပါ။ ဒါေၾကာင့္ အိုမင္းရင့္ေရာ္မႈကို အရင္ဆံုး ခံစားရတဲ့ ေနရာဆိုလည္း မမွားပါဘူး။ ဒါေၾကာင့္ အသက္ ႏွစ္ဆယ္ေက်ာ္ၿပီး ႏွစ္ဆယ့္ငါးႏွစ္ ေရာက္ခါနီးၿပီၤ ဆိုတာနဲ႔ Eye Cream ေလး ပံုမွန္လိမ္းေပးဖို႔ လိုၿပီေနာ္။

အၿမဲတမ္း စိုေျပေနဖို႔ Moisturizer

ႏုပ်ိဳတဲ့ အသားအေရက အၿမဲလို စိုေျပတင္းရင္းေနတာပါ။ အဲ့ဒိအတြက္ အသားအေရမွာ အစိုဓာတ္ မရွိဘဲ ေျခာက္ေသြ႔ေနမယ္ ဆိုရင္ အေရးေၾကာင္းေတြ ပိုမိုေပၚလြင္လာၿပီး ႏုပ်ိဳမႈေတြ ေပ်ာက္ဆံုးသြားမွာပါ။ ဒါေၾကာင့္ မ်က္ႏွာအသားအေရကို အၿမဲတမ္း စိုေျပေနေအာင္လို႔ အစိုဓာတ္ျဖည့္ေပးမယ့္ Moisturizer ကို မေမ့နဲ႔ေနာ္။

Credit : Marry
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
မိန်းကလေးတွေ ဆိုတာကလည်း အသက်နှစ်ဆယ့် ငါးနှစ်ကျော်ပြီ ဆိုတာနဲ့  အသားအရေမှာ အပြောင်းအလဲတွေ ဖြစ်ပြီး အသက်အရွယ်ရလာခြင်းရဲ့ လက္ခဏာလေးတွေ တရိပ်ရိပ်ပေါ်လာပါပြီ

သတို့သမီးလေးတွေရဲ့ နေ့စဉ်သုံး ပစ္စည်းတွေ ထဲမှာ Marry အခုပြောပြမယ့် ပစ္စည်းလေးတွေ ပါဖို့ သတိပြုပေးပါနော်

သတို့သမီးလေးတို့ ဆိုတာက ပျမ်းမျှအားဖြင့် အသက် (၂၅)နှစ်ကနေ (၃၀) အတွင်း ရှိတတ် ကြပါတယ်နော်။ မိန်းကလေးတွေ ဆိုတာကလည်း အသက်နှစ်ဆယ့် ငါးနှစ်ကျော်ပြီ ဆိုတာနဲ့  အသားအရေမှာ အပြောင်းအလဲတွေ ဖြစ်ပြီး အသက်အရွယ်ရလာခြင်းရဲ့ လက္ခဏာလေးတွေ တရိပ်ရိပ်ပေါ်လာပါပြီ။ ပြုံးလိုက်၊ ရယ်တိုက်တိုင်း နှုတ်ခမ်းထောင့်စွန်း၊ မျက်လုံးထောင့်စွန်းတွေမှာ ကျီးခြေရာလေးတွေ ပေါ်စပြုနေပါပြီ။

အသက် (၂၅) နှစ် ရောက်ပြီ ဆိုကတည်းက အသားအရေကို ဂရုစိုက် ထိန်းသိမ်းရပါတော့မယ်

ဒါကြောင့် အမြဲ နုပျိုလှပတဲ့ အလှတရားကို ပိုင်ဆိုင်နိုင်ဖို့ အသက် (၂၅) နှစ် ရောက်ပြီ ဆိုကတည်းက အသားအရေကို ဂရုစိုက် ထိန်းသိမ်းရပါတော့မယ်။ အထူးသဖြင့် သတို့သမီးလောင်းလေးတွေပါ။ အသားအရေလေးက နုပျိုတင်းရင်းနေမှ မိတ်ကပ်လိမ်းတဲ့အခါ ပိုပြီး အဆင်ပြေချောမွေ့လှပမှာ ဖြစ်လို့ပါ။ ဒီတော့ သတို့သမီးလေးတွေရဲ့ နေ့စဉ်သုံး ပစ္စည်းတွေ ထဲမှာ Marry အခုပြောပြမယ့် ပစ္စည်းလေးတွေ ပါဖို့ သတိပြုပေးပါနော်။

မျက်နှာအသားအရေကို အားဖြည့်ပေးမယ့် Serum

မျက်နှာလိမ်း Serum တွေကတော့ အသားအရေအတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေကို ဖြည့်တင်းပေးတဲ့အပြင် ရေဓာတ်ကိုလည်း ဖြည့်တင်းပေးနိုင်ပါတယ်။ ဝက်ခြံတွေ မဖြစ်အောင် တားဆီးပေးပြီး အသားအရေကိုလည်း ကြည်လင်တောက်ပစေနိုင်တဲ့ အစွမ်း သတ္တိတွေ ရှိပါတယ်။ အရေပြားဆဲလ်တွေကို အားဖြည့်ပေးတဲ့အတွက် အသားအရေ ပြဿနာတွေကို အလွယ်တကူ မဖြစ်စေနိုင်ပါဘူး။

မျက်ဝန်းတစ်ဝိုက် အရေးအကြောင်းတွေကို တားဆီးပေးမယ့် Eye Cream

မျက်နှာ တစ်ပြင်လုံးမှာ မျက်လုံးတစ်ဝိုက် အရေပြားက အနူးညံ့ဆုံးပါ။ ဒါကြောင့် အိုမင်းရင့်ရော်မှုကို အရင်ဆုံး ခံစားရတဲ့ နေရာဆိုလည်း မမှားပါဘူး။ ဒါကြောင့် အသက် နှစ်ဆယ်ကျော်ပြီး နှစ်ဆယ့်ငါးနှစ် ရောက်ခါနီးပြီၤ ဆိုတာနဲ့ Eye Cream လေး ပုံမှန်လိမ်းပေးဖို့ လိုပြီနော်။

အမြဲတမ်း စိုပြေနေဖို့ Moisturizer

နုပျိုတဲ့ အသားအရေက အမြဲလို စိုပြေတင်းရင်းနေတာပါ။ အဲ့ဒိအတွက် အသားအရေမှာ အစိုဓာတ် မရှိဘဲ ခြောက်သွေ့နေမယ် ဆိုရင် အရေးကြောင်းတွေ ပိုမိုပေါ်လွင်လာပြီး နုပျိုမှုတွေ ပျောက်ဆုံးသွားမှာပါ။ ဒါကြောင့် မျက်နှာအသားအရေကို အမြဲတမ်း စိုပြေနေအောင်လို့ အစိုဓာတ်ဖြည့်ပေးမယ့် Moisturizer ကို မမေ့နဲ့နော်။

Credit : Marry

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top