iMyanmarHouse.com - Best Property Website for Myanmar
×

အခုေဆာင္းပါးေလးကို ၾကည့္ၿပီး ၿပံဳးလုိက္ပါ ရယ္လိုက္ပါေနာ္။ ကဲစာဖတ္သူတို႔ေရ။ မ်ားမ်ားသာရယ္ေမာလိုက္ပါေနာ္။ ရယ္ေမာရတာ ပိုက္ဆံလည္းမေပးရသလို ဘယ္သူ႔ကိုမွလည္း အေႏွာင့္အယွက္မျဖစ္ေစပါဘူး။ ေန႔စဥ္ ၿပံဳးျခင္း ရယ္ေမာျခင္းက သင့္အတြက္ အက်ိဳးေက်းဇူးေတြမ်ားစြာရွိေနပါတယ္။

တိုးတက္မႈအရွိန္ႏႈန္းျမင့္မားတဲ့ ေခတ္ႀကီးမွာ ကမၻာႀကီးကို အမွီလိုက္ရင္း၊ ရုန္းကန္လႈပ္ရွားရင္းနဲ႔ ဘ၀မွာ ရယ္ေမာဖို႔ေတာင္ေမ့ေနၾကၿပီလား။ စိတ္ဖိစီးမႈေတြကိုရွင္းထုတ္ၿပီး ရယ္ေမာပစ္လိုက္ပါ။

ရယ္တယ္ဆိုတဲ့ေနရာမွာ ၿပံဳးၿပီးရယ္တာနဲ႔ တဟားဟားဆိုၿပီး အသံထြက္ရယ္တာဆိုၿပီး ၂ မ်ိဳးွရိတယ္ေနာ္။ ရယ္လိုက္ရင္ ကိုယ့္ပတ္၀န္းက်င္ကလူေတြကို အေပ်ာ္ေတြကူးစက္ေစပါတယ္။ ဒါ့အျပင္ က်န္းမာေရးအတြက္လည္း ေကာင္းမြန္ပါတယ္။

စိတ္ပညာအရ ရယ္ေမာလိုက္ရင္ သင့္ရဲ့ က်န္းမာေရးကိုေရာ တျခားသူေတြနဲ႔ ဆက္ဆံေရးကိုပါ တိုးတက္ေကာင္းမြန္ေစပါတယ္။ ဒါ့ေၾကာင့္ ရယ္ေမာလိုက္တာဟာ စိတ္ခံစားမႈနဲ႔လည္းဆက္စပ္ေနလို႔ ရယ္ေမာေပးဖို႔ သိပ္ကိုအေရးႀကီးလွ႔ါတယ္။

စိတ္ဓာတ္က်မႈကိုသက္သာေစပါတယ္။

ရယ္လိုက္တဲ့အခါမွာ ခႏၶာကိုယ္အတြင္းက ေသြးေၾကာေတြ၊ အာရံုေၾကာေတြ၊ ေဟာ္မုန္းဓာတ္ေတြ ပံုမွန္ျဖစ္ေအာင္ ထိန္းထားေပးႏိုင္ၿပီး စိတ္ခံစားခ်က္ကို ထိန္းခ်ဳပ္ေပးပါတယ္။ စိုးရိမ္စိတ္ေတြနဲ႔ စိတ္ဓာတ္က်တာေတြကို သက္သာေစပါတယ္။

စိတ္ဖိစီးမႈကို ေလွ်ာ့ခ်ေပးျခင္း။

စိတ္ဖိစီးတာဟာ က်န္းမာေရးအတြက္လည္း မေကာင္းသလို ကို္ယခံအားစနစ္အတြက္လည္းမေကာင္းပါဘူး။ စိတ္ဖိစီးမႈမ်ားရင္ ႏွလံုးက်န္းမာေရးဆိုင္ရာ ျပႆနာျဖစ္ႏိုင္သလို ေသြးဖိအားလည္းတက္လာေစပါတယ္။ ဒါ့ေၾကာင့္ ရယ္ေမာေပးပါ။

ရယ္တဲ့သူေတြဟာ တီထြင္မႈစြမ္းရည္ ပိုေကာင္းတယ္။

ရယ္လိုက္တဲ့အခါ Catecholamine ဆိုတဲ႔ဓာတ္ကိုထုတ္ေပးၿပီး အဲဒီဓယတ္က ဦးေႏွာက္တီထြင္မႈ စြမ္းရည္ကို ေကာင္းမြန္ေစပါတယ္။

အခုေဆာင္းပါးေလးကိုဖတ္ၿပီး စာဖတ္သူတို႔လည္း ဒီထက္ၿပံဳးႏိုင္ ေပ်ာ္ႏိုင္ၾကပါေစေနာ္။

Credit : MyStyle
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
အခုဆောင်းပါးလေးကို ကြည့်ပြီး ပြုံးလိုက်ပါ ရယ်လိုက်ပါနော်။ ကဲစာဖတ်သူတို့ရေ။ များများသာရယ်မောလိုက်ပါနော်။ ရယ်မောရတာ ပိုက်ဆံလည်းမပေးရသလို ဘယ်သူ့ကိုမှလည်း အနှောင့်အယှက်မဖြစ်စေပါဘူး။ နေ့စဉ် ပြုံးခြင်း ရယ်မောခြင်းက သင့်အတွက် အကျိုးကျေးဇူးတွေများစွာရှိနေပါတယ်။

တိုးတက်မှုအရှိန်နှုန်းမြင့်မားတဲ့ ခေတ်ကြီးမှာ ကမ္ဘာကြီးကို အမှီလိုက်ရင်း၊ ရုန်းကန်လှုပ်ရှားရင်းနဲ့ ဘဝမှာ ရယ်မောဖို့တောင်မေ့နေကြပြီလား။ စိတ်ဖိစီးမှုတွေကိုရှင်းထုတ်ပြီး ရယ်မောပစ်လိုက်ပါ။

ရယ်တယ်ဆိုတဲ့နေရာမှာ ပြုံးပြီးရယ်တာနဲ့ တဟားဟားဆိုပြီး အသံထွက်ရယ်တာဆိုပြီး ၂ မျိုးှရိတယ်နော်။ ရယ်လိုက်ရင် ကိုယ့်ပတ်ဝန်းကျင်ကလူတွေကို အပျော်တွေကူးစက်စေပါတယ်။ ဒါ့အပြင် ကျန်းမာရေးအတွက်လည်း ကောင်းမွန်ပါတယ်။

စိတ်ပညာအရ ရယ်မောလိုက်ရင် သင့်ရဲ့ ကျန်းမာရေးကိုရော တခြားသူတွေနဲ့ ဆက်ဆံရေးကိုပါ တိုးတက်ကောင်းမွန်စေပါတယ်။ ဒါ့ကြောင့် ရယ်မောလိုက်တာဟာ စိတ်ခံစားမှုနဲ့လည်းဆက်စပ်နေလို့ ရယ်မောပေးဖို့ သိပ်ကိုအရေးကြီးလှ့ါတယ်။

စိတ်ဓာတ်ကျမှုကိုသက်သာစေပါတယ်။

ရယ်လိုက်တဲ့အခါမှာ ခန္ဓာကိုယ်အတွင်းက သွေးကြောတွေ၊ အာရုံကြောတွေ၊ ဟော်မုန်းဓာတ်တွေ ပုံမှန်ဖြစ်အောင် ထိန်းထားပေးနိုင်ပြီး စိတ်ခံစားချက်ကို ထိန်းချုပ်ပေးပါတယ်။ စိုးရိမ်စိတ်တွေနဲ့ စိတ်ဓာတ်ကျတာတွေကို သက်သာစေပါတယ်။

စိတ်ဖိစီးမှုကို လျှော့ချပေးခြင်း။

စိတ်ဖိစီးတာဟာ ကျန်းမာရေးအတွက်လည်း မကောင်းသလို ကိုယခံအားစနစ်အတွက်လည်းမကောင်းပါဘူး။ စိတ်ဖိစီးမှုများရင် နှလုံးကျန်းမာရေးဆိုင်ရာ ပြဿနာဖြစ်နိုင်သလို သွေးဖိအားလည်းတက်လာစေပါတယ်။ ဒါ့ကြောင့် ရယ်မောပေးပါ။

ရယ်တဲ့သူတွေဟာ တီထွင်မှုစွမ်းရည် ပိုကောင်းတယ်။

ရယ်လိုက်တဲ့အခါ Catecholamine ဆိုတဲ့ဓာတ်ကိုထုတ်ပေးပြီး အဲဒီဓယတ်က ဦးနှောက်တီထွင်မှု စွမ်းရည်ကို ကောင်းမွန်စေပါတယ်။

အခုဆောင်းပါးလေးကိုဖတ်ပြီး စာဖတ်သူတို့လည်း ဒီထက်ပြုံးနိုင် ပျော်နိုင်ကြပါစေနော်။

Credit : MyStyle

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top