iMyanmarHouse.com - Best Property Website for Myanmar
×

အံံ့အားသင့္စရာေကာင္းတဲ့အခ်က္တစ္ခ်က္က လူေတာ္ေတာ္မ်ားမ်ားက သူတို႔ရဲ႕အရပ္နဲ႔ ပတ္သက္ျပီး စိတ္ေက်နပ္မႈ မရရွိၾကပါဘူး။ အခ်ိဳ႕က သူတို႔ကိုယ္သူတို႔ အရပ္အရမ္းျမင့္တယ္လို႔ ယူဆေနၾကျပီး အခ်ုိဳ႕က သူတို႔အရပ္ အရမ္းပုလို႔ အလိုမက်ျဖစ္ေနတာမ်ိဳးေတြလည္း ရွိပါတယ္။ အရပ္ရွည္ျခင္း၊ ပုျခင္းက မ်ားေသာအားျဖင့္ေတာ့ မ်ိဳးရိုးနဲ႔ ဆိုင္ပါတယ္။ ဘဝေနထိုင္မႈပံုစံနဲ႔ ေနထိုင္တဲ့ ပတ္ဝန္းက်င္ကလည္း အနည္အက်ဥ္းေလာက္ သက္ေရာက္မႈရွိေနပါတယ္။ ျဖစ္ရပ္ေတာ္ေတာ္မ်ားမ်ားမွာေတာ့ ကၽြန္ေတာ္တို႔က အရပ္ အတုိင္းအထြာကို မေျပာင္းလဲႏိုင္ပါဘူး။ ၾကိဳက္ၾကိဳက္ မၾကိဳက္ၾကိဳက္ ကိုယ္ ရွိတဲ့အရပ္အတိုင္းေနေနၾကရပါတယ္။ အရပ္နဲ႔ပတ္သက္ျပီး ေျဖရွင္းမႈေလးေတြ လုပ္ဖို႔လိုအပ္ပါလိမ့္မယ္။ အခ်က္အနည္းငယ္ ေျပာပါရေစ။

၁။ အရပ္အတိုင္းအတာက ျပႆနာတစ္ရပ္ မဟုတ္ဘူးဆိုတာကို သိထားဖို႔လိုပါတယ္။

အရပ္အေမာင္းေၾကာင့္ အႏိုင္က်င့္ဗိုလ္က်ခံရတဲ့ အေပၚမွာ ျပႆနာကအေျခတည္ပါတယ္။ အရပ္ေၾကာင့္ လူေတြက သင့္ကို မထီမဲ့ျမင္ ဆက္ဆံတာေၾကာင့္ ကိုယ့္အရပ္အေမာင္းကိုယ္ မုန္းေနသလား။ အေျဖကေတာ့ မျဖစ္သင့္ပါဘူးလို႔ ပဲဆိုပါရေစ။ သင့္ရဲ႕အေတြးအျမင္ကပဲ လူမႈေရးဆိုင္ရာ ဆံုးျဖတ္ခ်က္ေတြကို ထင္ဟပ္ပံုေဖာ္ေပးတာျဖစ္ပါတယ္။ တစ္ေန႔ေန႔ တစ္ခ်ိန္ခ်ိန္မွာ သင္ဟာ ဘယ္ေတ့ာမွ စိတ္အလိုက် ျပီးျပည့္စံုတယ္ရယ္လို႔ မရွိတာကို သတိထားမိလာပါလိမ့္မယ္။ အရပ္အရမ္းရွည္ေနရင္ပဲျဖစ္ျဖစ္ ပုေနရင္ပဲျဖစ္ျဖစ္ ေဝဖန္ေနရတာကို ႀကိဳက္တဲ့သူေတြက တစ္ခုမဟုတ္တစ္ခုေျပာဖို႔ အေၾကာင္းအရင္းရွာေနပါလိမ့္မယ္။ အျခားသူေတြရဲ႕ စိတ္ခံစားခ်က္အတိုင္း လုိက္လုပ္ေနစရာေတာ့ မလိုပါဘူး။ သင့္ကို တကယ္ခ်စ္တဲ့သူက သင္ဘာေတြပဲ ျဖစ္ေနျဖစ္ေနခ်စ္မွာပါပဲ။ သင့္ကို အႏိုင္က်င့္တဲ့သူေတြကို အေရးမစိုက္ေၾကာင္းေျပာရပါမယ္။ ကိုယ္ပံုစံကို ကိုယ္ႏွစ္ျခိဳက္သေဘာက်တဲ့အေၾကာင္း ျပသရပါမယ္။ ယံုၾကည္ခ်က္ရွိရွိ ေရွ႕ဆက္ပါ။ ေခါင္းေမာ့ ရင္ေကာ့ထားပါ။ မ်က္လံုးခ်င္းဆိုင္ပါ။ လူေတြကို ရွက္ေၾကာက္ေနစရာ မလိုပါဘူး။ သင္ၾကံဳေတြ႔ေနရတဲ့ အခက္အခဲေတြကို မိဘေတြ၊ဆရာ၊ ဆရာမေတြနဲ႔ ၾကီးၾကပ္သူေတြကို ေျပာျပဖို႔ တြန္႔ဆုတ္မေနပါနဲ႔ လိုအပ္ပါက ဥပေဒအရ အကာအကြယ္ရယူပါ။

၂။ အရပ္အေမာင္းေၾကာင့္ စိတ္မညစ္ပါနဲ႔။

အရပ္အနည္းငယ္ျမင့္ခ်င္ရင္ ဆရာဝန္နဲ႔ ေဆြးေႏြးပါ။ သင္က ၾကီးထြားေနဆဲအရြယ္လည္းျဖစ္မယ္။ သင့္တင့္တဲ့ အစားအေသာက္နဲ႔ေလ့က်င့္ခန္း ပံုမွန္လုပ္ေပးမယ္ဆိုရင္ အရပ္လက္မ အနည္းငယ္ေလာက္ ထြက္လာဖို႔ဆိုတာက ျဖစ္ႏိုင္ပါတယ္။ အရပ္ရွည္ျပီးသား ဆိုရင္ေတာ့လည္း ဆက္လက္မၾကီးထြားေအာင္ လုပ္ဖို႔ မလိုအပ္ပါဘူး။ အရပ္ရွည္ရွည္၊ ပုပု ကိုယ့္ကိုယ္ကို သေဘာက်ေနဖို႔ အေရးၾကီးပါတယ္။ ဖက္ရွင္မဂၢဇင္းေတြကို ၾကည့္ျပီး ကိုယ္နဲ႔လိုက္မယ့္ အဝတ္အစားေတြကို ေရြးခ်ယ္ပါ။ အရပ္ရွည္တာကို အက်ိဳးရွိရွိ အသံုးခ်ႏိုင္မယ့္ အားကစားကလပ္ေတြနဲ႔ ဆက္သြယ္ပါ။ ခႏၶာကိုယ္ ေသးတဲ့သူေတြအေနနဲ႔လည္း gym ေဆာ့တာ၊ ကတာေတြကို လုပ္ေဆာင္လို႔ ရပါတယ္။ အရပ္ျမင့္သူေတြအေနနဲ႔လည္း ဘတ္စကတ္ေဘာနဲ႔ ေဘာလီေဘာေတြကစားလို႔ ရပါတယ္။ က်န္းမာေပ်ာ္ရႊင္ေစမယ့္ သင့္ေတာ္မယ့္ နည္းလမ္းကိုရွာေဖြဖို႔ လိုအပ္ပါတယ္။

ရိုးသားရပါမယ္။ အခ်ိန္ယူျပီး ကိုယ့္ကိုယ္ကိုယ္ လက္ခံႏိုင္ဖို႔ ႀကိဳးစားရပါမယ္။ အရပ္အေမာင္းနဲ႔ပတ္သက္ျပီး ကိုယ့္ကိုယ္ကိုယ္ အားငယ္ဖုိ႔ မလိုေၾကာင္းသိထားရပါမယ္။ ကိုယ့္ကိုယ္ကိုယ္ အခ်ိ္န္ေပးလိုက္ပါ။ အေႏွးနဲ႔ အျမန္ဆိုသလို အေျဖထြက္လာပါလိမ့္မယ္။လူေတြက သင့္ကို စိတ္မသက္မသာျဖစ္ေအာင္ လုပ္ၾကပါလိမ့္မယ္။ ဒါေတြကို တံု႔ျပန္ႏိုင္မယ့္ တစ္ခုတည္းေသာ နည္းလမ္းက ကိုယ့္ကိုယ္ကိုယ္ယံုၾကည္မႈရွိျပီး အပ်က္သေဘာေဆာင္ေနသူေတြနဲ႔ ခပ္ေဝးေဝးေနဖို႔ပဲျဖစ္ပါတယ္။

Credit : Mizzima
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
အံံ့အားသင့်စရာကောင်းတဲ့အချက်တစ်ချက်က လူတော်တော်များများက သူတို့ရဲ့အရပ်နဲ့ ပတ်သက်ပြီး စိတ်ကျေနပ်မှု မရရှိကြပါဘူး။ အချို့က သူတို့ကိုယ်သူတို့ အရပ်အရမ်းမြင့်တယ်လို့ ယူဆနေကြပြီး အချို့က သူတို့အရပ် အရမ်းပုလို့ အလိုမကျဖြစ်နေတာမျိုးတွေလည်း ရှိပါတယ်။ အရပ်ရှည်ခြင်း၊ ပုခြင်းက များသောအားဖြင့်တော့ မျိုးရိုးနဲ့ ဆိုင်ပါတယ်။ ဘဝနေထိုင်မှုပုံစံနဲ့ နေထိုင်တဲ့ ပတ်ဝန်းကျင်ကလည်း အနည်အကျဉ်းလောက် သက်ရောက်မှုရှိနေပါတယ်။ ဖြစ်ရပ်တော်တော်များများမှာတော့ ကျွန်တော်တို့က အရပ် အတိုင်းအထွာကို မပြောင်းလဲနိုင်ပါဘူး။ ကြိုက်ကြိုက် မကြိုက်ကြိုက် ကိုယ် ရှိတဲ့အရပ်အတိုင်းနေနေကြရပါတယ်။ အရပ်နဲ့ပတ်သက်ပြီး ဖြေရှင်းမှုလေးတွေ လုပ်ဖို့လိုအပ်ပါလိမ့်မယ်။ အချက်အနည်းငယ် ပြောပါရစေ။

၁။ အရပ်အတိုင်းအတာက ပြဿနာတစ်ရပ် မဟုတ်ဘူးဆိုတာကို သိထားဖို့လိုပါတယ်။

အရပ်အမောင်းကြောင့် အနိုင်ကျင့်ဗိုလ်ကျခံရတဲ့ အပေါ်မှာ ပြဿနာကအခြေတည်ပါတယ်။ အရပ်ကြောင့် လူတွေက သင့်ကို မထီမဲ့မြင် ဆက်ဆံတာကြောင့် ကိုယ့်အရပ်အမောင်းကိုယ် မုန်းနေသလား။ အဖြေကတော့ မဖြစ်သင့်ပါဘူးလို့ ပဲဆိုပါရစေ။ သင့်ရဲ့အတွေးအမြင်ကပဲ လူမှုရေးဆိုင်ရာ ဆုံးဖြတ်ချက်တွေကို ထင်ဟပ်ပုံဖော်ပေးတာဖြစ်ပါတယ်။ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ သင်ဟာ ဘယ်တေ့ာမှ စိတ်အလိုကျ ပြီးပြည့်စုံတယ်ရယ်လို့ မရှိတာကို သတိထားမိလာပါလိမ့်မယ်။ အရပ်အရမ်းရှည်နေရင်ပဲဖြစ်ဖြစ် ပုနေရင်ပဲဖြစ်ဖြစ် ဝေဖန်နေရတာကို ကြိုက်တဲ့သူတွေက တစ်ခုမဟုတ်တစ်ခုပြောဖို့ အကြောင်းအရင်းရှာနေပါလိမ့်မယ်။ အခြားသူတွေရဲ့ စိတ်ခံစားချက်အတိုင်း လိုက်လုပ်နေစရာတော့ မလိုပါဘူး။ သင့်ကို တကယ်ချစ်တဲ့သူက သင်ဘာတွေပဲ ဖြစ်နေဖြစ်နေချစ်မှာပါပဲ။ သင့်ကို အနိုင်ကျင့်တဲ့သူတွေကို အရေးမစိုက်ကြောင်းပြောရပါမယ်။ ကိုယ်ပုံစံကို ကိုယ်နှစ်ခြိုက်သဘောကျတဲ့အကြောင်း ပြသရပါမယ်။ ယုံကြည်ချက်ရှိရှိ ရှေ့ဆက်ပါ။ ခေါင်းမော့ ရင်ကော့ထားပါ။ မျက်လုံးချင်းဆိုင်ပါ။ လူတွေကို ရှက်ကြောက်နေစရာ မလိုပါဘူး။ သင်ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို မိဘတွေ၊ဆရာ၊ ဆရာမတွေနဲ့ ကြီးကြပ်သူတွေကို ပြောပြဖို့ တွန့်ဆုတ်မနေပါနဲ့ လိုအပ်ပါက ဥပဒေအရ အကာအကွယ်ရယူပါ။

၂။ အရပ်အမောင်းကြောင့် စိတ်မညစ်ပါနဲ့။

အရပ်အနည်းငယ်မြင့်ချင်ရင် ဆရာဝန်နဲ့ ဆွေးနွေးပါ။ သင်က ကြီးထွားနေဆဲအရွယ်လည်းဖြစ်မယ်။ သင့်တင့်တဲ့ အစားအသောက်နဲ့လေ့ကျင့်ခန်း ပုံမှန်လုပ်ပေးမယ်ဆိုရင် အရပ်လက်မ အနည်းငယ်လောက် ထွက်လာဖို့ဆိုတာက ဖြစ်နိုင်ပါတယ်။ အရပ်ရှည်ပြီးသား ဆိုရင်တော့လည်း ဆက်လက်မကြီးထွားအောင် လုပ်ဖို့ မလိုအပ်ပါဘူး။ အရပ်ရှည်ရှည်၊ ပုပု ကိုယ့်ကိုယ်ကို သဘောကျနေဖို့ အရေးကြီးပါတယ်။ ဖက်ရှင်မဂ္ဂဇင်းတွေကို ကြည့်ပြီး ကိုယ်နဲ့လိုက်မယ့် အဝတ်အစားတွေကို ရွေးချယ်ပါ။ အရပ်ရှည်တာကို အကျိုးရှိရှိ အသုံးချနိုင်မယ့် အားကစားကလပ်တွေနဲ့ ဆက်သွယ်ပါ။ ခန္ဓာကိုယ် သေးတဲ့သူတွေအနေနဲ့လည်း gym ဆော့တာ၊ ကတာတွေကို လုပ်ဆောင်လို့ ရပါတယ်။ အရပ်မြင့်သူတွေအနေနဲ့လည်း ဘတ်စကတ်ဘောနဲ့ ဘောလီဘောတွေကစားလို့ ရပါတယ်။ ကျန်းမာပျော်ရွှင်စေမယ့် သင့်တော်မယ့် နည်းလမ်းကိုရှာဖွေဖို့ လိုအပ်ပါတယ်။

ရိုးသားရပါမယ်။ အချိန်ယူပြီး ကိုယ့်ကိုယ်ကိုယ် လက်ခံနိုင်ဖို့ ကြိုးစားရပါမယ်။ အရပ်အမောင်းနဲ့ပတ်သက်ပြီး ကိုယ့်ကိုယ်ကိုယ် အားငယ်ဖို့ မလိုကြောင်းသိထားရပါမယ်။ ကိုယ့်ကိုယ်ကိုယ် အချိန်ပေးလိုက်ပါ။ အနှေးနဲ့ အမြန်ဆိုသလို အဖြေထွက်လာပါလိမ့်မယ်။လူတွေက သင့်ကို စိတ်မသက်မသာဖြစ်အောင် လုပ်ကြပါလိမ့်မယ်။ ဒါတွေကို တုံ့ပြန်နိုင်မယ့် တစ်ခုတည်းသော နည်းလမ်းက ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိပြီး အပျက်သဘောဆောင်နေသူတွေနဲ့ ခပ်ဝေးဝေးနေဖို့ပဲဖြစ်ပါတယ်။

Credit : Mizzima

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top