iMyanmarHouse.com - Best Property Website for Myanmar
×

ဝက္ျခံကုသမႈဟာ ႐ႈပ္ေထြးပါတယ္။ဒါေၾကာင့္ ဝက္ျခံကုသနည္းေတြကို ရွင္းလင္းေသခ်ာစြာ သိရွိျပီး မွန္မွန္ကန္ကန္ ျပဳလုပ္ႏိုင္ဖို႔ အေရးၾကီးလွပါတယ္။ သင့္မွာ အေရျပားဆရာဝန္ေကာင္းေကာင္း ရွိသည့္တိုင္ ဝက္ျခံကို မိမိဖာသာ အိမ္မွာ ကုသတဲ့အခါ အခ်ိဳ႕ေသာ အမွားေလးေတြကို က်ဴးလြန္မိေလ့ ရွိပါတယ္။

ဟုတ္ျပီ။ ဒါျဖင့္ သင္ျပဳလုပ္မိႏိုင္တဲ့ အမွား (၇)ခ်က္နဲ႔ ဒီအမွားေတြကို ဘယ္လိုေရွာင္ရွားရမလဲဆိုတာကို ေလ့လာၾကည့္ၾကစို႔။
၁။အလြန္အကြၽံလုပ္ျခင္း

သင့္အေနနဲ႕ ကုသမႈတခုကို ျပဳလုပ္လိုက္လို႕ အက်ိဳးသက္ေရာက္မႈ ေကာင္းတယ္ဆိုရင္ ဒါကို တတ္ႏိုင္သမွ် မ်ားမ်ားလုပ္ေတာ့မယ္ ဒါမွမဟုတ္ နည္းလမ္း ႏွစ္မ်ိဳး၊သံုးမ်ိဳးေပါင္းျပီး ကုသမယ္ဆိုရင္ ျမန္ျမန္ေပ်ာက္မယ္ စသျဖင့္ ထင္ျမင္ယူဆတတ္ပါတယ္။ဒါဟာ မွားပါတယ္။တန္ေဆးလြန္ေဘးဆိုတဲ့ စကားပံုဟာ အလကားမဟုတ္ပါဘူး။အလြန္အကြၽံကုသျခင္းဟာ သင့္အေရျပားအတြက္ မေကာင္းပါဘူး။ဆရာဝန္က အထူးတလည္ ညႊန္ၾကားထားတဲ့ အေျခအေနမ်ိဳးမွတပါး ေယဘုယ်အားျဖင့္ ကုသနည္းတမ်ိဳးတည္းကိုပဲ အသုံးျပဳရမွာ ျဖစ္ပါတယ္။
၂။ကုသမႈနည္းလမ္းတမ်ိဳးတည္းကို စြဲစြဲျမဲျမဲ အသုံးမျပဳျခင္း

ကုသမႈအမ်ားစုဟာ သင့္အေရျပားအေပၚ သိသာထင္ရွားတဲ့ အာနိသင္ျပသဖို႕အတြက္ အခ်ိန္ယူရေလ့ ရွိပါတယ္။သင့္အေရျပား မူလအတိုင္းျပန္လည္ေကာင္းမြန္ဖို႕အတြက္ အခ်ိန္အတိုင္းအတာတခုေတာ့ ၾကာမွာျဖစ္တဲ့အတြက္ အေျပာင္းအလဲကို ျမင္ရဖို႕ အခ်ိန္ၾကာပါမယ္။တခ်ိဳ႕ကုသမႈနည္းလမ္းေတြဟာ ကနဦးမွာ ေဘးထြက္ဆိုးက်ိဳးေလးေတြ ဒါမွမဟုတ္ ဓာတ္မတည့္တာေလးေတြ ျဖစ္ေလ့ရွိပါတယ္။မစိုးရိမ္ပါနဲ႕။ေဘးထြက္ဆိုးက်ိဳးအမ်ားစုဟာ မၾကာခင္သက္သာသြားမွာျဖစ္ျပီး ဒီလိုသက္သာသြားတဲ့အခါ သိသာထင္ရွားတဲ့ အက်ိဳးရလဒ္ကို ျမင္ေတြ႕ရမွာ ျဖစ္ပါတယ္။
၃။အေရျပားကို အလြန္အကြၽံ ပြတ္တိုက္သန္႕စင္ျခင္း

သင့္အေနနဲ႕ ဂ်ီးမ်ားမ်ား တြန္းေပး၊သန္႔စင္ေပးမယ္ဆိုရင္ ဝက္ျခံေတြ ေပ်ာက္သြားမယ္လို႕ ထင္ေကာင္းထင္ေနပါလိမ့္မယ္။ ဝက္ျခံေတြဟာ အေရျပား ညစ္ပတ္လို႕ ျဖစ္လာတာ မဟုတ္တဲ့အတြက္ အလြန္အကြၽံပြတ္တိုက္သန္႔စင္လိုက္လို႕လည္း ဘာမွထူးလာမွာ မဟုတ္တဲ့အျပင္ သင့္အေရျပားအစိုဓာတ္ကို ထိန္းေပးတဲ့ အဆီေတြကိုပါ ဖယ္ရွားပစ္မွာ ျဖစ္ပါတယ္။ဝက္ျခံေပါက္တဲ့အခါ သင့္အေရျပားဟာ ထိရွလြယ္ေနတဲ့အတြက္ အလြန္အကြၽံပြတ္တိုက္သန့္စင္ျခင္းဟာ အေရျပားကို ပိုလို႕သာ ထိခိုက္ေစပါတယ္။ဒါေၾကာင့္ ေရနဲ႕ ဆပ္ျပာကို သုံးျပီး
သင့္အေရျပားကို တေန႕ႏွစ္ၾကိမ္ အသာအယာ ေဆးေၾကာသန္႕စင္ေပးပါ။
၄။မွားယြင္းတဲ့ အလွကုန္ပစၥည္းကို သုံးစြဲမိျခင္း

ဝက္ျခံစေပါက္တဲ့အခ်ိန္မွာ သင့္အေနနဲ႕ ဆပ္ျပာ အျပင္းစားကို သုံးျပီး အလြယ္တကူ ဖယ္ရွားပစ္ႏိုင္ပါတယ္။ဒါေပမယ့္ အဆိုပါ ဆပ္ျပာ အျပင္းစားေတြဟာ အယ္လ္ကိုေဟာပါဝင္တဲ့အတြက္ သင့္ဝက္ျခံေတြကို ပိုဆိုးေစပါလိမ့္မယ္။ဒါေၾကာင့္ သင့္အေနနဲ႕ ေမြးညွင္းေပါက္ေတြကို မပိတ္ဆို႕ေစတဲ့ ဆပ္ျပာ ဒါမွမဟုတ္ မ်က္ႏွာသစ္ေဆးေတြကို အသုံးျပဳသင့္ပါတယ္။အဆီပါတဲ့ အလွကုန္ေတြနဲ႕ ေနေလာင္ခံခရင္မ္ေတြဟာ ေမြးညင္းေပါက္ေတြကို ပိတ္ေစႏိုင္တဲ့အတြက္ ဝက္ျခံျဖစ္ေစပါတယ္။ဒါ့အျပင္ အခ်ိဳ႕ေသာ အလွကုန္အေကာင္းစားေတြဟာ ေစ်းလည္းၾကီးတဲ့အတြက္ သင့္အေနနဲ႕ လက္တြန္႕ျပီး ေစ်းေပါတာေတြကို ေရြးခ်ယ္မိတတ္ပါတယ္။ဒီလို ေစ်းေပါတာေတြကို သုံးတာဟာ စီးပြါးေရးအရ တြက္ေခ်ကိုက္တာ မွန္ေပမယ့္ အေပါစားပစၥည္းကေန အေပါစားအာနိသင္ပဲ ရပါလိမ့္မယ္။
၅။ဝက္ျခံကို ဆိတ္ဆြျခင္း သို႕မဟုတ္ ညွစ္ျခင္း

သင့္အေနနဲ႕ လက္ေဆာ့ျပီး ဝက္ျခံကို ဆိတ္ဆြေနမယ္ဆိုရင္ ဝက္ျခံေတြေပ်ာက္ဖို႕ အခ်ိန္ပိုၾကာသြားပါလိမ့္မယ္။ညွစ္ျပီးတဲ့အခါ၊လက္နဲ႕ဖဲ့ျပီးတဲ့အခါ ဝက္ျခံဟာ ပိုျပီးနီရဲေရာင္ရမ္းလာတာကို ေတြ႕ရမွာ ျဖစ္ပါတယ္။ဘက္တီးရီးယားေတြဟာ ဝက္ျခံအနာထဲဝင္ျပီး သင့္မ်က္ႏွာေပၚမွာ ေပ်ာ္ပြဲရႊင္ပြဲၾကီး က်င္းပေတာ့မွာ ျဖစ္ပါတယ္။
၆။ေဆးဝါးသုံးစြဲတာ နည္းလြန္း/မ်ားလြန္းျခင္း

ဆရာဝန္ညႊန္ၾကားခ်က္ေတြအကုန္လုံးကို သင့္အေနနဲ႕ မမွတ္မိတာမ်ိဳး ဒါမွမဟုတ္ ညႊန္ၾကားတဲ့အတိုင္း သုံးစြဲတဲ့အခါ ဝက္ျခံကပိုဆိုးလာတာမ်ိဳး ျဖစ္တတ္ပါတယ္။ဒါေပမယ့္ အေရျပားဆရာဝန္ဟာ သင့္အတြက္ အသင့္ေတာ္ဆုံးျဖစ္မယ့္ ကုသမႈကို လမ္းညႊန္ေပးလိုက္တာ ျဖစ္တဲ့အတြက္ အဆိုပါ လမ္းညႊန္ကုသမႈကို တေသြမတိမ္း လိုက္နာဖို႕ လိုအပ္ပါတယ္။တကယ္လို႕ ပံုမမွန္တာ တခုခုကို ေတြ႔မယ္ ဒါမွမဟုတ္ ေဆးညႊန္းနဲ႕ ပတ္သက္ျပီး ေျပာင္းလဲခ်င္တာ တခုခုရွိတယ္ဆိုရင္ သင့္အေရျပားဆရာဝန္နဲ႕ ဦးစြာတိုင္ပင္ေဆြးေႏြးရမွာ ျဖစ္ပါတယ္။
၇။အေရျပားဆရာဝန္နဲ႕ ပံုမွန္မျပသျခင္း

သင့္အေရျပားဆရာဝန္က ရက္ခ်ိန္းေပးတဲ့အခါ သင့္အေနနဲ႕ မပ်က္မကြက္ သြားေရာက္ျပသသင့္ပါတယ္။ဆရာဝန္အေနနဲ႕ သင့္ကို အၾကံဉာဏ္ေပးတာ ဒါမွမဟုတ္ အေျခအေနေပၚမူတည္ျပီး ကုသမႈကို ေျပာင္းလဲတာေတြကို ျပဳလုပ္ပါလိမ့္မယ္။ေဆးပမာဏကိုလည္း သင္နဲ႕သင့္ေတာ္ေအာင္ ေျပာင္းလဲေကာင္း ေျပာင္းလဲပါလိမ့္မယ္။တခ်ိဳ႕လူနာေတြဟာ အေျခအေန အေတာ္ဆိုးလာေတာ့မွပဲ အေရျပားဆရာဝန္ဆီ ေရာက္လာတတ္ၾကတဲ့အတြက္ ကုသမႈဟာ ပိုျပီး႐ႈပ္ေထြးခက္ခဲလာရပါတယ္။

အထက္မွာ ေဖာ္ျပခဲ့တဲ့ အမွား၇ခ်က္ဟာ ဝက္ျခံကုသရင္း ၾကံဳေတြ႕ရေလ့ရွိတဲ့ အမွားေတြပဲ ျဖစ္ပါတယ္။မွားတတ္တာ လူ႕သဘာဝပါ။ဒါေပမယ့္ ဒီအမွားေတြကို အခ်ိန္မီ သိရွိျပီး အျမန္ဆုံး ျပဳျပင္ေျပာင္းလဲပစ္ဖို႕က အေရးၾကီးပါတယ္။

Credit : Mizzima
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ဝက်ခြံကုသမှုဟာ ရှုပ်ထွေးပါတယ်။ဒါကြောင့် ဝက်ခြံကုသနည်းတွေကို ရှင်းလင်းသေချာစွာ သိရှိပြီး မှန်မှန်ကန်ကန် ပြုလုပ်နိုင်ဖို့ အရေးကြီးလှပါတယ်။ သင့်မှာ အရေပြားဆရာဝန်ကောင်းကောင်း ရှိသည့်တိုင် ဝက်ခြံကို မိမိဖာသာ အိမ်မှာ ကုသတဲ့အခါ အချို့သော အမှားလေးတွေကို ကျူးလွန်မိလေ့ ရှိပါတယ်။

ဟုတ်ပြီ။ ဒါဖြင့် သင်ပြုလုပ်မိနိုင်တဲ့ အမှား (၇)ချက်နဲ့ ဒီအမှားတွေကို ဘယ်လိုရှောင်ရှားရမလဲဆိုတာကို လေ့လာကြည့်ကြစို့။
၁။အလွန်အကျွံလုပ်ခြင်း

သင့်အနေနဲ့ ကုသမှုတခုကို ပြုလုပ်လိုက်လို့ အကျိုးသက်ရောက်မှု ကောင်းတယ်ဆိုရင် ဒါကို တတ်နိုင်သမျှ များများလုပ်တော့မယ် ဒါမှမဟုတ် နည်းလမ်း နှစ်မျိုး၊သုံးမျိုးပေါင်းပြီး ကုသမယ်ဆိုရင် မြန်မြန်ပျောက်မယ် စသဖြင့် ထင်မြင်ယူဆတတ်ပါတယ်။ဒါဟာ မှားပါတယ်။တန်ဆေးလွန်ဘေးဆိုတဲ့ စကားပုံဟာ အလကားမဟုတ်ပါဘူး။အလွန်အကျွံကုသခြင်းဟာ သင့်အရေပြားအတွက် မကောင်းပါဘူး။ဆရာဝန်က အထူးတလည် ညွှန်ကြားထားတဲ့ အခြေအနေမျိုးမှတပါး ယေဘုယျအားဖြင့် ကုသနည်းတမျိုးတည်းကိုပဲ အသုံးပြုရမှာ ဖြစ်ပါတယ်။
၂။ကုသမှုနည်းလမ်းတမျိုးတည်းကို စွဲစွဲမြဲမြဲ အသုံးမပြုခြင်း

ကုသမှုအများစုဟာ သင့်အရေပြားအပေါ် သိသာထင်ရှားတဲ့ အာနိသင်ပြသဖို့အတွက် အချိန်ယူရလေ့ ရှိပါတယ်။သင့်အရေပြား မူလအတိုင်းပြန်လည်ကောင်းမွန်ဖို့အတွက် အချိန်အတိုင်းအတာတခုတော့ ကြာမှာဖြစ်တဲ့အတွက် အပြောင်းအလဲကို မြင်ရဖို့ အချိန်ကြာပါမယ်။တချို့ကုသမှုနည်းလမ်းတွေဟာ ကနဦးမှာ ဘေးထွက်ဆိုးကျိုးလေးတွေ ဒါမှမဟုတ် ဓာတ်မတည့်တာလေးတွေ ဖြစ်လေ့ရှိပါတယ်။မစိုးရိမ်ပါနဲ့။ဘေးထွက်ဆိုးကျိုးအများစုဟာ မကြာခင်သက်သာသွားမှာဖြစ်ပြီး ဒီလိုသက်သာသွားတဲ့အခါ သိသာထင်ရှားတဲ့ အကျိုးရလဒ်ကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။
၃။အရေပြားကို အလွန်အကျွံ ပွတ်တိုက်သန့်စင်ခြင်း

သင့်အနေနဲ့ ဂျီးများများ တွန်းပေး၊သန့်စင်ပေးမယ်ဆိုရင် ဝက်ခြံတွေ ပျောက်သွားမယ်လို့ ထင်ကောင်းထင်နေပါလိမ့်မယ်။ ဝက်ခြံတွေဟာ အရေပြား ညစ်ပတ်လို့ ဖြစ်လာတာ မဟုတ်တဲ့အတွက် အလွန်အကျွံပွတ်တိုက်သန့်စင်လိုက်လို့လည်း ဘာမှထူးလာမှာ မဟုတ်တဲ့အပြင် သင့်အရေပြားအစိုဓာတ်ကို ထိန်းပေးတဲ့ အဆီတွေကိုပါ ဖယ်ရှားပစ်မှာ ဖြစ်ပါတယ်။ဝက်ခြံပေါက်တဲ့အခါ သင့်အရေပြားဟာ ထိရှလွယ်နေတဲ့အတွက် အလွန်အကျွံပွတ်တိုက်သန့်စင်ခြင်းဟာ အရေပြားကို ပိုလို့သာ ထိခိုက်စေပါတယ်။ဒါကြောင့် ရေနဲ့ ဆပ်ပြာကို သုံးပြီး
သင့်အရေပြားကို တနေ့နှစ်ကြိမ် အသာအယာ ဆေးကြောသန့်စင်ပေးပါ။
၄။မှားယွင်းတဲ့ အလှကုန်ပစ္စည်းကို သုံးစွဲမိခြင်း

ဝက်ခြံစပေါက်တဲ့အချိန်မှာ သင့်အနေနဲ့ ဆပ်ပြာ အပြင်းစားကို သုံးပြီး အလွယ်တကူ ဖယ်ရှားပစ်နိုင်ပါတယ်။ဒါပေမယ့် အဆိုပါ ဆပ်ပြာ အပြင်းစားတွေဟာ အယ်လ်ကိုဟောပါဝင်တဲ့အတွက် သင့်ဝက်ခြံတွေကို ပိုဆိုးစေပါလိမ့်မယ်။ဒါကြောင့် သင့်အနေနဲ့ မွေးညှင်းပေါက်တွေကို မပိတ်ဆို့စေတဲ့ ဆပ်ပြာ ဒါမှမဟုတ် မျက်နှာသစ်ဆေးတွေကို အသုံးပြုသင့်ပါတယ်။အဆီပါတဲ့ အလှကုန်တွေနဲ့ နေလောင်ခံခရင်မ်တွေဟာ မွေးညင်းပေါက်တွေကို ပိတ်စေနိုင်တဲ့အတွက် ဝက်ခြံဖြစ်စေပါတယ်။ဒါ့အပြင် အချို့သော အလှကုန်အကောင်းစားတွေဟာ ဈေးလည်းကြီးတဲ့အတွက် သင့်အနေနဲ့ လက်တွန့်ပြီး ဈေးပေါတာတွေကို ရွေးချယ်မိတတ်ပါတယ်။ဒီလို ဈေးပေါတာတွေကို သုံးတာဟာ စီးပွါးရေးအရ တွက်ချေကိုက်တာ မှန်ပေမယ့် အပေါစားပစ္စည်းကနေ အပေါစားအာနိသင်ပဲ ရပါလိမ့်မယ်။
၅။ဝက်ခြံကို ဆိတ်ဆွခြင်း သို့မဟုတ် ညှစ်ခြင်း

သင့်အနေနဲ့ လက်ဆော့ပြီး ဝက်ခြံကို ဆိတ်ဆွနေမယ်ဆိုရင် ဝက်ခြံတွေပျောက်ဖို့ အချိန်ပိုကြာသွားပါလိမ့်မယ်။ညှစ်ပြီးတဲ့အခါ၊လက်နဲ့ဖဲ့ပြီးတဲ့အခါ ဝက်ခြံဟာ ပိုပြီးနီရဲရောင်ရမ်းလာတာကို တွေ့ရမှာ ဖြစ်ပါတယ်။ဘက်တီးရီးယားတွေဟာ ဝက်ခြံအနာထဲဝင်ပြီး သင့်မျက်နှာပေါ်မှာ ပျော်ပွဲရွှင်ပွဲကြီး ကျင်းပတော့မှာ ဖြစ်ပါတယ်။
၆။ဆေးဝါးသုံးစွဲတာ နည်းလွန်း/များလွန်းခြင်း

ဆရာဝန်ညွှန်ကြားချက်တွေအကုန်လုံးကို သင့်အနေနဲ့ မမှတ်မိတာမျိုး ဒါမှမဟုတ် ညွှန်ကြားတဲ့အတိုင်း သုံးစွဲတဲ့အခါ ဝက်ခြံကပိုဆိုးလာတာမျိုး ဖြစ်တတ်ပါတယ်။ဒါပေမယ့် အရေပြားဆရာဝန်ဟာ သင့်အတွက် အသင့်တော်ဆုံးဖြစ်မယ့် ကုသမှုကို လမ်းညွှန်ပေးလိုက်တာ ဖြစ်တဲ့အတွက် အဆိုပါ လမ်းညွှန်ကုသမှုကို တသွေမတိမ်း လိုက်နာဖို့ လိုအပ်ပါတယ်။တကယ်လို့ ပုံမမှန်တာ တခုခုကို တွေ့မယ် ဒါမှမဟုတ် ဆေးညွှန်းနဲ့ ပတ်သက်ပြီး ပြောင်းလဲချင်တာ တခုခုရှိတယ်ဆိုရင် သင့်အရေပြားဆရာဝန်နဲ့ ဦးစွာတိုင်ပင်ဆွေးနွေးရမှာ ဖြစ်ပါတယ်။
၇။အရေပြားဆရာဝန်နဲ့ ပုံမှန်မပြသခြင်း

သင့်အရေပြားဆရာဝန်က ရက်ချိန်းပေးတဲ့အခါ သင့်အနေနဲ့ မပျက်မကွက် သွားရောက်ပြသသင့်ပါတယ်။ဆရာဝန်အနေနဲ့ သင့်ကို အကြံဉာဏ်ပေးတာ ဒါမှမဟုတ် အခြေအနေပေါ်မူတည်ပြီး ကုသမှုကို ပြောင်းလဲတာတွေကို ပြုလုပ်ပါလိမ့်မယ်။ဆေးပမာဏကိုလည်း သင်နဲ့သင့်တော်အောင် ပြောင်းလဲကောင်း ပြောင်းလဲပါလိမ့်မယ်။တချို့လူနာတွေဟာ အခြေအနေ အတော်ဆိုးလာတော့မှပဲ အရေပြားဆရာဝန်ဆီ ရောက်လာတတ်ကြတဲ့အတွက် ကုသမှုဟာ ပိုပြီးရှုပ်ထွေးခက်ခဲလာရပါတယ်။

အထက်မှာ ဖော်ပြခဲ့တဲ့ အမှား၇ချက်ဟာ ဝက်ခြံကုသရင်း ကြုံတွေ့ရလေ့ရှိတဲ့ အမှားတွေပဲ ဖြစ်ပါတယ်။မှားတတ်တာ လူ့သဘာဝပါ။ဒါပေမယ့် ဒီအမှားတွေကို အချိန်မီ သိရှိပြီး အမြန်ဆုံး ပြုပြင်ပြောင်းလဲပစ်ဖို့က အရေးကြီးပါတယ်။

Credit : Mizzima

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top